ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေဒၚေအာင္ဆန္းစုၾကည္ကို ယမန္ေန႔က ေတြ႕ရစဥ္ (ဓာတ္ပံု − ႏုိင္ငံေတာ္အတိုင္ပင္ခံ႐ုံး)
ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ စက္တင္ဘာ ၁၁ ရက္(ယေန႔)တြင္ ဗီယက္နမ္ႏုိင္ငံသို႔ ထြက္ခြာမည္ျဖစ္ေၾကာင္း ႏုိင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္း ဝန္ ဦးျမင့္သူက ေျပာသည္။
ေဒၚေအာင္ဆန္းစုၾကည္ သည္ က်န္းမာေရးအေျခအေန ေကာင္းမြန္ၿပီး ဗီယက္နမ္ဝန္ႀကီး ခ်ဳပ္၏ဖိတ္ၾကားခ်က္အရ ဟႏြိဳင္းၿမိဳ႕၌ က်င္းပမည့္ ကမၻာ႔စီးပြားေရး ဖိုရမ္သို႔ တက္ေရာက္မည္ျဖစ္ ေၾကာင္း ၎က ဆိုသည္။
‘‘ဓာတ္ပံုေတြမွာလည္း ေတြ႕ ရမွာပါ။ သူ(ေဒၚေအာင္ဆန္းစု ၾကည္) က်န္းက်န္းမာမာပါပဲ’’ဟု ဦးျမင့္သူက ရွင္းျပသည္။
စက္တင္ဘာ ၁၁ ရက္က စတင္ကာ သံုးရက္ၾကာ က်င္းပ မည့္ကမၻာ႔စီးပြားေရးဖိုရမ္သို႔ အာဆီယံႏုိင္ငံ့ေခါင္းေဆာင္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ပညာရွင္မ်ား၊ အရပ္ဘက္အဖြဲ႕အစည္း ေခါင္းေဆာင္မ်ား တက္ေရာက္ မည္ျဖစ္သည္။
ေဒၚေအာင္ဆန္းစုၾကည္သည္ စက္တင္ဘာ ၉ ရက္ညက မူး လဲကာ ေလျဖန္းသြားသည္ဟု ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္၌ ေကာ လာလဟထြက္ေပၚခဲ့ေသာ္လည္း ယင္းညတြင္ အစိုးရအဖြဲ႕ႏွင့္ နီး စပ္သူအခ်ိဳ႕၊ အာဏာရပါတီတာ ဝန္ရွိသူအခ်ိဳ႕က အတိုင္ပင္ခံ ပုဂၢိဳလ္၏က်န္းမာေရးေကာင္းမြန္ ေၾကာင္း၊ ေကာလာဟလမ်ား မွားယြင္းေၾကာင္း တံု႔ျပန္ေျဖရွင္းခဲ့ သည္။
က်န္းမာေရး ေကာလာဟလထြက္ၿပီး ေနာက္တစ္ေန႔ စက္တင္ဘာ ၁၀ ရက္တြင္ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္သည္ (၅၁) ႀကိမ္ေျမာက္ အာဆီယံေန႔အထိမ္းအမွတ္ အခမ္းအနားအျဖစ္ အာဆီယံအဖြဲ႕ဝင္ႏုိင္ငံ သံ႐ံုးမ်ားမွ သံအမတ္ႀကီးမ်ားႏွင့္ ဇနီး၊ ခင္ပြန္းမ်ားကို ေနျပည္ေတာ္ရွိ M Gallery ဟိုတယ္၌ ေန႔လယ္စာျဖင့္ တည္ခင္းဧည့္ခံခဲ့သည္။
ယင္းေန႔လယ္စာစားပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္သည္ အ ျပည္ျပည္ဆုိင္ရာပူးေပါင္းေဆာင္ ရြက္ေရးဝန္ႀကီး ဦးေက်ာ္တင္၊ အာဆီယံ သံအမတ္ႀကီးမ်ားႏွင့္ အတူ အာဆီယံ၏လုပ္ငန္းေဆာင္ ရြက္မႈမ်ား၊ အာဆီယံေရးရာကိစၥ ရပ္မ်ား၊ ျမန္မာႏိုင္ငံ၏ လက္ရွိ ႏိုင္ငံေရးအေျခအေန၊ ရခိုင္ျပည္ နယ္ကိစၥရပ္မ်ား ေဆြးေႏြးခဲ့ေၾကာင္း အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူက ရွင္းျပသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #

 ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − နိုင်ငံတော်အတိုင်ပင်ခံရုံး)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်(ယနေ့)တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးမြင့်သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ဗီယက်နမ်ဝန်ကြီး ချုပ်၏ဖိတ်ကြားချက်အရ ဟနွိုင်းမြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘ဓာတ်ပုံတွေမှာလည်း တွေ့ ရမှာပါ။ သူ(ဒေါ်အောင်ဆန်းစု ကြည်) ကျန်းကျန်းမာမာပါပဲ’’ဟု ဦးမြင့်သူက ရှင်းပြသည်။

စက်တင်ဘာ ၁၁ ရက်က စတင်ကာ သုံးရက်ကြာ ကျင်းပ မည့်ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်များ တက်ရောက် မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၉ ရက်ညက မူး လဲကာ လေဖြန်းသွားသည်ဟု ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ ကော လာလဟထွက်ပေါ်ခဲ့သော်လည်း ယင်းညတွင် အစိုးရအဖွဲ့နှင့် နီး စပ်သူအချို့၊ အာဏာရပါတီတာ ဝန်ရှိသူအချို့က အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ကျန်းမာရေးကောင်းမွန် ကြောင်း၊ ကောလာဟလများ မှားယွင်းကြောင်း တုံ့ပြန်ဖြေရှင်းခဲ့ သည်။

ကျန်းမာရေး ကောလာဟလထွက်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၁၀ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၅၁) ကြိမ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနားအဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီး၊ ခင်ပွန်းများကို နေပြည်တော်ရှိ M Gallery ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယင်းနေ့လယ်စာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် အ ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ အာဆီယံ သံအမတ်ကြီးများနှင့် အတူ အာဆီယံ၏လုပ်ငန်းဆောင် ရွက်မှုများ၊ အာဆီယံရေးရာကိစ္စ ရပ်များ၊ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေ၊ ရခိုင်ပြည် နယ်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ရှင်းပြသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top