မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×


အပူပုိင္းမုန္တုိင္း ယာဂီ တိုက္ခတ္အၿပီး ျမင္ကြင္းတစ္ခု (Photo: AFP)
စက္တင္ဘာ ၁၅ ရက္မွာ ဖိလစ္ပုိင္ကုန္းတြင္းပုိင္းကုိ ဝင္ေရာက္တုိက္ခတ္မယ္လုိ႕ ခန္႕မွန္းထားပါတယ္။
ယခု သီတင္းပတ္ကုန္မွာ ဖိလစ္ပုိင္ႏုိင္ငံေျမာက္ပုိင္းကုိ အလြန္အားေကာင္းတဲ့ စူပါတုိင္ဖြန္းမုန္တုိင္း ဝင္ေရာက္တုိက္ခတ္မွာျဖစ္ၿပီး လူေပါင္း ၁၀ သန္း မုန္တုိင္းအႏၱရာယ္႐ွိေနေၾကာင္း သိရပါတယ္။

မုန္တုိင္းေၾကာင့္ သဘာဝေဘးအႏၱရာယ္ေတြ ႀကဳံေတြ႕ရေလ့႐ွိတဲ့ ဖိလစ္ပုိင္မွာ ေရႀကီးမႈ၊ ေျမၿပဳိမႈနဲ႕ ပင္လယ္ေရလႈိင္းမ်ား ျမင့္တက္႐ုိက္ခတ္မႈတုိ႕ ျဖစ္ေပၚႏုိင္ေၾကာင္း အေရးေပၚ ကယ္ဆယ္ေရးသမားေတြက စက္တင္ဘာ ၁၂ ရက္မွာ ေျပာပါတယ္။

စူပါတုိင္ဖြန္းမန္ဂြတ္ (Super Typhoon Mangkhut) ဟာ လာမယ့္ စေနေန႕ (စက္တင္ဘာ ၁၅ ရက္) မွာ ဖိလစ္ပုိင္ေျမာက္ဘက္စြန္း႐ွိ လူဇြန္ကၽြန္း ကုန္းတြင္းပုိင္းကုိ ဝင္ေရာက္မယ္လုိ႕ ခန္႕မွန္းထားၿပီး အေရးေပၚ ကယ္ဆယ္ေရးသမားေတြကုိ အသင့္ခ်ထားေၾကာင္း သိရပါတယ္။

တုိင္ဖြန္းမန္ဂြတ္ဟာ လက္႐ွိမွာ ပစိဖိတ္သမုဒၵရာအတြင္း ပုိမုိအားေကာင္းလာၿပီး စူပါတုိင္ဖြန္းျဖစ္လာကာ ေလတုိက္ႏႈန္း တစ္နာရီလွ်င္ ၁၅၈ မုိင္ျဖင့္ တုိက္ခတ္ေနတယ္လို႕ ဆုိပါတယ္။


Map: Weather Underground
"အဖ်က္စြမ္းအားႀကီးတဲ့ ဒီမုန္တုိင္းႀကီး ျဖတ္သန္းတုိက္ခတ္ရာ လမ္းေၾကာင္းတစ္ေလွ်ာက္ ဖိလစ္ပုိင္ေဒသေတြမွာ႐ွိတဲ့ လူဦးေရ ၁၀ သန္းအတြက္ ကၽြန္ေတာ္တုိ႕ စုိးရိမ္ေနပါတယ္" လုိ႕ ဖိလစ္ပုိင္ၾကက္ေျခအနီအသင္းဥကၠ႒ ရစ္ခ်တ္ေဂၚဒန္က ေျပာပါတယ္။

ဖိလစ္ပုိင္ မုိးေလဝသဌာနရဲ႕ အဆုိအရ တုိင္ဖြန္းမန္ဂြတ္ဟာ ယခုႏွစ္အတြင္း အားအေကာင္းဆုံး တုိင္ဖြန္းမုန္တုိင္း ျဖစ္လာမွာျဖစ္ၿပီး ၾကာသပေတးေန႕ (စက္တင္ဘာ ၁၄ ရက္) မွာ အျမင့္ဆုံးေလတိုက္ႏႈန္း တစ္နာရီလွ်င္ ၁၆၇ မုိင္ျဖင့္ တုိက္ခတ္ၿပီးေနာက္ အနည္းငယ္အားေလ်ာ့ကာ ကုန္းတြင္းပုိင္းကုိ အႏၱရာယ္႐ွိတဲ့ ေလတုိက္ႏႈန္းျဖင့္ ခ်ဥ္းကပ္လာႏုိင္ေၾကာင္း သိရပါတယ္။


ဖိလစ္ပုိင္မွာ ေရႀကီးေနမႈ (Photo: Sky News)
တုိင္ဖြန္းမုန္တုိင္းမန္ဂြတ္ ျဖတ္သန္းတုိက္ခတ္ရာ လမ္းေၾကာင္းတစ္ေလွ်ာက္မွာ လူဦးေရသုံးသန္း ေနထုိင္လ်က္႐ွိတယ္လို႕ ဖိလစ္ပုိင္ၾကက္ေျခနီအသင္းက ခန္႕မွန္းထားေၾကာင္း ဆက္သြယ္ေရးအရာ႐ွိ ေမရီဂၽြဳိင္း အီဗယ္လာ႐ိုဆာက AFP သတင္းဌာနကုိ ေျပာပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ဖိလစ္ပုိင္လူဦးေရ ခုနစ္သန္းဟာလည္း တုိင္ဖြန္းမုန္တုိင္း အႏၱရာယ္႐ွိေနေၾကာင္းနဲ႕ မုိးသည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးမႈေတြ ႀကဳံေတြ႕ရႏုိင္ေၾကာင္း ၎ကဆုိပါတယ္။

လက္႐ွိမွာလည္း မနီလာၿမဳိ႕ေတာ္ ေျမာက္ဘက္႐ွိ စုိက္ပ်ဳိးေရးလုပ္ငန္းမ်ား အဓိက လုပ္ကုိင္ၾကတဲ့ လူဇြန္ကၽြန္း အလယ္ပုိင္းတစ္ေလွ်ာက္ ေရႀကီးမႈေတြ ျဖစ္ေပၚေနေၾကာင္း သိရပါတယ္။


၂၀၁၃ ခုႏွစ္က စူပါတုိင္ဖြန္းဟုိင္ယန္ တုိက္ခတ္အၿပီး ျမင္ကြင္း (Photo: AFP)


ဖိလစ္ပုိင္ကုိ ႏွစ္စဥ္ တုိင္ဖြန္းနဲ႕ အပူပုိင္းမုန္တုိင္း ပ်မ္းမွ်အေရအတြက္ ၂၀ ဝင္ေရာက္တုိက္ခတ္ေလ့႐ွိရာ ေသဆုံးသူအေရအတြက္ ရာနဲ႕ခ်ီၿပီး လူဦးေရသန္းနဲ႕ခ်ီကာ ဆင္းရဲမြဲေတမႈျဖစ္ေစပါတယ္။

ၿပီးခဲ့တဲ့လအတြင္းကလည္း အပူပုိင္းမုန္တုိင္းယာဂီနဲ႕ မုတ္သုန္မုိးေတြေၾကာင့္ လူဇြန္ကၽြန္း အလယ္ပုိင္းေဒသအျပင္ မနီလာၿမဳိ႕ေတာ္မွာလည္း ေရႀကီးမႈေတြ အႀကီးအက်ယ္ ျဖစ္ေပၚခဲ့ပါတယ္။

ဖိလစ္ပုိင္မွာ လူေသဆုံးမႈအမ်ားဆုံး မုန္တုိင္းမွာ ၂၀၁၃ ခုႏွစ္ ႏုိဝင္ဘာအတြင္း တုိက္ခတ္ခဲ့တဲ့ စူပါတုိင္ဖြန္းဟုိင္ယန္ ျဖစ္ပါတယ္။ အဆုိပါ စူပါတုိင္ဖြန္းေၾကာင့္ ဖိလစ္ပုိင္အလယ္ပုိင္းမွာ လူဦးေရ ၇,၃၅၀ ေက်ာ္ ေသဆုံး သုိ႕မဟုတ္ ေပ်ာက္ဆုံးခဲ့ေၾကာင္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 စက်တင်ဘာ ၁၅ ရက်မှာ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။
ယခု သီတင်းပတ်ကုန်မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို အလွန်အားကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှာဖြစ်ပြီး လူပေါင်း ၁၀ သန်း မုန်တိုင်းအန္တရာယ်ရှိနေကြောင်း သိရပါတယ်။

အပူပိုင်းမုန်တိုင်း ယာဂီ တိုက်ခတ်အပြီး မြင်ကွင်းတစ်ခု (Photo: AFP)
မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရလေ့ရှိတဲ့ ဖိလစ်ပိုင်မှာ ရေကြီးမှု၊ မြေပြိုမှုနဲ့ ပင်လယ်ရေလှိုင်းများ မြင့်တက်ရိုက်ခတ်မှုတို့ ဖြစ်ပေါ်နိုင်ကြောင်း အရေးပေါ် ကယ်ဆယ်ရေးသမားတွေက စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

စူပါတိုင်ဖွန်းမန်ဂွတ် (Super Typhoon Mangkhut) ဟာ လာမယ့် စနေနေ့ (စက်တင်ဘာ ၁၅ ရက်) မှာ ဖိလစ်ပိုင်မြောက်ဘက်စွန်းရှိ လူဇွန်ကျွန်း ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး အရေးပေါ် ကယ်ဆယ်ရေးသမားတွေကို အသင့်ချထားကြောင်း သိရပါတယ်။

တိုင်ဖွန်းမန်ဂွတ်ဟာ လက်ရှိမှာ ပစိဖိတ်သမုဒ္ဒရာအတွင်း ပိုမိုအားကောင်းလာပြီး စူပါတိုင်ဖွန်းဖြစ်လာကာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၈ မိုင်ဖြင့် တိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

Map: Weather Underground
"အဖျက်စွမ်းအားကြီးတဲ့ ဒီမုန်တိုင်းကြီး ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက် ဖိလစ်ပိုင်ဒေသတွေမှာရှိတဲ့ လူဦးရေ ၁၀ သန်းအတွက် ကျွန်တော်တို့ စိုးရိမ်နေပါတယ်" လို့ ဖိလစ်ပိုင်ကြက်ခြေအနီအသင်းဥက္ကဋ္ဌ ရစ်ချတ်ဂေါ်ဒန်က ပြောပါတယ်။

ဖိလစ်ပိုင် မိုးလေဝသဌာနရဲ့ အဆိုအရ တိုင်ဖွန်းမန်ဂွတ်ဟာ ယခုနှစ်အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဖြစ်လာမှာဖြစ်ပြီး ကြာသပတေးနေ့ (စက်တင်ဘာ ၁၄ ရက်) မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၆၇ မိုင်ဖြင့် တိုက်ခတ်ပြီးနောက် အနည်းငယ်အားလျော့ကာ ကုန်းတွင်းပိုင်းကို အန္တရာယ်ရှိတဲ့ လေတိုက်နှုန်းဖြင့် ချဉ်းကပ်လာနိုင်ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်မှာ ရေကြီးနေမှု (Photo: Sky News)
တိုင်ဖွန်းမုန်တိုင်းမန်ဂွတ် ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းတစ်လျှောက်မှာ လူဦးရေသုံးသန်း နေထိုင်လျက်ရှိတယ်လို့ ဖိလစ်ပိုင်ကြက်ခြေနီအသင်းက ခန့်မှန်းထားကြောင်း ဆက်သွယ်ရေးအရာရှိ မေရီဂျွိုင်း အီဗယ်လာရိုဆာက AFP သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် ဖိလစ်ပိုင်လူဦးရေ ခုနစ်သန်းဟာလည်း တိုင်ဖွန်းမုန်တိုင်း အန္တရာယ်ရှိနေကြောင်းနဲ့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေ ကြုံတွေ့ရနိုင်ကြောင်း ၎င်းကဆိုပါတယ်။

လက်ရှိမှာလည်း မနီလာမြို့တော် မြောက်ဘက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ အဓိက လုပ်ကိုင်ကြတဲ့ လူဇွန်ကျွန်း အလယ်ပိုင်းတစ်လျှောက် ရေကြီးမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

၂၀၁၃ ခုနှစ်က စူပါတိုင်ဖွန်းဟိုင်ယန် တိုက်ခတ်အပြီး မြင်ကွင်း (Photo: AFP)


ဖိလစ်ပိုင်ကို နှစ်စဉ် တိုင်ဖွန်းနဲ့ အပူပိုင်းမုန်တိုင်း ပျမ်းမျှအရေအတွက် ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိရာ သေဆုံးသူအရေအတွက် ရာနဲ့ချီပြီး လူဦးရေသန်းနဲ့ချီကာ ဆင်းရဲမွဲတေမှုဖြစ်စေပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း အပူပိုင်းမုန်တိုင်းယာဂီနဲ့ မုတ်သုန်မိုးတွေကြောင့် လူဇွန်ကျွန်း အလယ်ပိုင်းဒေသအပြင် မနီလာမြို့တော်မှာလည်း ရေကြီးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ လူသေဆုံးမှုအများဆုံး မုန်တိုင်းမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာအတွင်း တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းဟိုင်ယန် ဖြစ်ပါတယ်။ အဆိုပါ စူပါတိုင်ဖွန်းကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းမှာ လူဦးရေ ၇,၃၅၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top