ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မင္းသမီး ဒိုင္ယာနာရဲ႕ ေသဆုံးမႈကို စစ္ေဆးေပးခဲ့တဲ့ ေရာဂါရွာေဖြေရးပညာရွင္က ဒိုင္ယာနာတစ္ေယာက္ ထိုင္ခုံခါးပတ္သာ ပတ္ထားခဲ့ရင္ ဒီလိုမ်ိဳးထိ ျဖစ္ခဲ့စရာ အေၾကာင္းမရွိဘူးလို႔ ဆိုပါတယ္။ ၾကမၼာဆိုးငင္ခဲ့တဲ့ ညကေန လြတ္ေျမာက္ၿပီးသာ အသက္ရွင္ႏိုင္ခဲ့မယ္ဆိုရင္

သားႏွစ္ေယာက္ရဲ႕ လက္ထပ္ပြဲကို ျမင္ေတြ႕ခြင့္ရဦးမွာလို႔ ေဒါက္တာ ရစ္ခ်တ္ရွပ္ဟာ့ဒ္က ဆိုပါတယ္။


မင္းသမီး ဒိုင္ယာနာက ၁၉၉၇ ဩဂုတ္လ ၃၁ ရက္ေန႔မွာ ပဲရစ္ၿမိဳ႕ ၊ Pont de l’Alma ဥမင္လိုဏ္ေခါင္းထဲမွာ ကားတိုက္မႈျဖစ္ၿပီး ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ ကားထဲမွာေတာ့ ဒ႐ိုင္ဘာ ဟင္နရီေပါလ္၊ ကိုယ္ရံေတာ္ ထရီဗာ၊ ခ်စ္သူ ဒိုဒီေဖးဒ္ နဲ႔ ဒိုင္ယာနာတို႔ ၄ ေယာက္ လိုက္ပါလာၿပီး ေနာက္ကေန ထပ္ၾကပ္မကြာ လိုက္လာတဲ့ သတင္းေထာက္ကားကို လြတ္ေအာင္ေမာင္းရင္းနဲ႔ အရွိန္မထိန္းႏိုင္ဘဲ အုတ္တိုင္ေတြကို ဝင္တိုက္ရင္း ကားေမွာက္ခဲ့တာ ျဖစ္ပါတယ္။


ခ်စ္သူ ဒိုဒီနဲ႔ ဒ႐ိုင္ဘာ ဟင္နရီေပါလ္တို႔က ပြဲခ်င္းၿပီး ေသဆုံးခဲ့ေပမဲ့ ကိုယ္ရံေတာ္ ထရီဗာကေတာ့ အသက္ရွင္ခဲ့ပါတယ္။ မင္းသမီး ဒိုင္ယာနာကေတာ့ ပါရီၿမိဳ႕ေဆး႐ုံေရာက္ၿပီးေတာ့မွ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ ကားေမာင္းတဲ့ ႏႈန္းက အရွိန္မ်ားခဲ့သလို ဒ႐ိုင္ဘာက အမူးလြန္ၿပီး ေမာင္းခဲ့တယ္လို႔ ထြက္ဆိုထားခဲ့ေပမဲ့ ေဒါက္တာရစ္ခ်တ္ကေတာ့ ခုလို ေျပာၾကားခဲ့ပါတယ္။

“ ဘယ္လိုပဲ ျဖစ္ျဖစ္ ေသခဲ့ၿပီဆိုေပမဲ့ ထိုင္ခုံခါးပတ္ ပတ္ထားမယ္ ဆိုရင္ေတာ့ျဖင့္ အခုခ်ိန္ေလာက္ဆို သားႏွစ္ေယာက္ လက္ထပ္တာကို ျမင္ခြင့္ ရခ်င္ရသြားဦးမွာပါ။ မ်က္လုံးၫိုမည္းဖူးေရာင္ၿပီး လက္က်ိဳးတာေလာက္နဲ႔ ၿပီးသြားရမွာေပမဲ့ ကားအရွိန္ျပင္းျပင္းနဲ႔ ဝင္ေဆာင့္မိတဲ့ႏႈန္းေၾကာင့္ ေသဆုံးခဲ့ရတာပါ” လို႔ ဆိုပါတယ္။


ေဒါက္တာရစ္ခ်တ္က သူ႕ရဲ႕ အလုပ္သက္တမ္းတစ္ေလၽွာက္မွာ ဒိုင္ယာနာအပါအဝင္ လူေပါင္း ၂၃၀၀၀ ရဲ႕ အေလာင္းေတြကို ခြဲစိတ္စစ္ေဆးမႈေတြ လုပ္ရသူ ျဖစ္ပါတယ္။ ဒိုင္ယာနာ ေသဆုံးရတဲ့အေၾကာင္းရင္းနဲ႔ပတ္သက္ၿပီး သူ႕ေခါင္းထဲမွာ ေမးခြန္းေတြမ်ားစြာ ရွိေပမဲ့ အေသးစိပ္အေၾကာင္းကိုေတာ့ ေဒါက္တာရစ္ခ်တ္က ဖြင့္ဟေျပာၾကားျခင္း မျပဳခဲ့ပါဘူး။

“ လူေတြကေတာ့ သူလွလား၊ သူ႕႐ုပ္အဆင္းက ေအးခ်မ္းမႈရွိလား၊ ကိုယ္ဝန္လြယ္ထားရလား ဆိုၿပီး ေမးခြန္းေတြထုတ္ေနေပမဲ့ ဒီလိုမ်ိဳး ျပည္သူေတြ စိတ္ဝင္စားေနတဲ့ အတင္းအဖ်င္းထဲမွာ ကၽြန္ေတာ္ ဝင္ပတ္သက္မွာ မဟုတ္ဘူး” လို႔လည္း ေဒါက္တာက ဆိုပါတယ္။


တကယ္လို႔ ဒိုင္ယာနာသာ ထိုင္ခုံခါးပတ္ ပတ္ထားၿပီး ကားကလည္း ပုံမွန္အရွိန္နဲ႔ ေမာင္းခဲ့မယ္ဆိုရင္ အသက္ေသဖြယ္ရာ အေၾကာင္းရွိခဲ့မွာ မဟုတ္ဘူးဆိုတာကေတာ့ အခိုင္မာဆုံး အခ်က္ျဖစ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Alice May (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
မင်းသမီး ဒိုင်ယာနာရဲ့ သေဆုံးမှုကို စစ်ဆေးပေးခဲ့တဲ့ ရောဂါရှာဖွေရေးပညာရှင်က ဒိုင်ယာနာတစ်ယောက် ထိုင်ခုံခါးပတ်သာ ပတ်ထားခဲ့ရင် ဒီလိုမျိုးထိ ဖြစ်ခဲ့စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။ ကြမ္မာဆိုးငင်ခဲ့တဲ့ ညကနေ လွတ်မြောက်ပြီးသာ အသက်ရှင်နိုင်ခဲ့မယ်ဆိုရင်

သားနှစ်ယောက်ရဲ့ လက်ထပ်ပွဲကို မြင်တွေ့ခွင့်ရဦးမှာလို့ ဒေါက်တာ ရစ်ချတ်ရှပ်ဟာ့ဒ်က ဆိုပါတယ်။

မင်းသမီး ဒိုင်ယာနာက ၁၉၉၇ ဩဂုတ်လ ၃၁ ရက်နေ့မှာ ပဲရစ်မြို့ ၊ Pont de l’Alma ဥမင်လိုဏ်ခေါင်းထဲမှာ ကားတိုက်မှုဖြစ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကားထဲမှာတော့ ဒရိုင်ဘာ ဟင်နရီပေါလ်၊ ကိုယ်ရံတော် ထရီဗာ၊ ချစ်သူ ဒိုဒီဖေးဒ် နဲ့ ဒိုင်ယာနာတို့ ၄ ယောက် လိုက်ပါလာပြီး နောက်ကနေ ထပ်ကြပ်မကွာ လိုက်လာတဲ့ သတင်းထောက်ကားကို လွတ်အောင်မောင်းရင်းနဲ့ အရှိန်မထိန်းနိုင်ဘဲ အုတ်တိုင်တွေကို ဝင်တိုက်ရင်း ကားမှောက်ခဲ့တာ ဖြစ်ပါတယ်။

ချစ်သူ ဒိုဒီနဲ့ ဒရိုင်ဘာ ဟင်နရီပေါလ်တို့က ပွဲချင်းပြီး သေဆုံးခဲ့ပေမဲ့ ကိုယ်ရံတော် ထရီဗာကတော့ အသက်ရှင်ခဲ့ပါတယ်။ မင်းသမီး ဒိုင်ယာနာကတော့ ပါရီမြို့ဆေးရုံရောက်ပြီးတော့မှ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကားမောင်းတဲ့ နှုန်းက အရှိန်များခဲ့သလို ဒရိုင်ဘာက အမူးလွန်ပြီး မောင်းခဲ့တယ်လို့ ထွက်ဆိုထားခဲ့ပေမဲ့ ဒေါက်တာရစ်ချတ်ကတော့ ခုလို ပြောကြားခဲ့ပါတယ်။

“ ဘယ်လိုပဲ ဖြစ်ဖြစ် သေခဲ့ပြီဆိုပေမဲ့ ထိုင်ခုံခါးပတ် ပတ်ထားမယ် ဆိုရင်တော့ဖြင့် အခုချိန်လောက်ဆို သားနှစ်ယောက် လက်ထပ်တာကို မြင်ခွင့် ရချင်ရသွားဦးမှာပါ။ မျက်လုံးညိုမည်းဖူးရောင်ပြီး လက်ကျိုးတာလောက်နဲ့ ပြီးသွားရမှာပေမဲ့ ကားအရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်မိတဲ့နှုန်းကြောင့် သေဆုံးခဲ့ရတာပါ” လို့ ဆိုပါတယ်။

ဒေါက်တာရစ်ချတ်က သူ့ရဲ့ အလုပ်သက်တမ်းတစ်လျှောက်မှာ ဒိုင်ယာနာအပါအဝင် လူပေါင်း ၂၃၀၀၀ ရဲ့ အလောင်းတွေကို ခွဲစိတ်စစ်ဆေးမှုတွေ လုပ်ရသူ ဖြစ်ပါတယ်။ ဒိုင်ယာနာ သေဆုံးရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး သူ့ခေါင်းထဲမှာ မေးခွန်းတွေများစွာ ရှိပေမဲ့ အသေးစိပ်အကြောင်းကိုတော့ ဒေါက်တာရစ်ချတ်က ဖွင့်ဟပြောကြားခြင်း မပြုခဲ့ပါဘူး။

“ လူတွေကတော့ သူလှလား၊ သူ့ရုပ်အဆင်းက အေးချမ်းမှုရှိလား၊ ကိုယ်ဝန်လွယ်ထားရလား ဆိုပြီး မေးခွန်းတွေထုတ်နေပေမဲ့ ဒီလိုမျိုး ပြည်သူတွေ စိတ်ဝင်စားနေတဲ့ အတင်းအဖျင်းထဲမှာ ကျွန်တော် ဝင်ပတ်သက်မှာ မဟုတ်ဘူး” လို့လည်း ဒေါက်တာက ဆိုပါတယ်။

တကယ်လို့ ဒိုင်ယာနာသာ ထိုင်ခုံခါးပတ် ပတ်ထားပြီး ကားကလည်း ပုံမှန်အရှိန်နဲ့ မောင်းခဲ့မယ်ဆိုရင် အသက်သေဖွယ်ရာ အကြောင်းရှိခဲ့မှာ မဟုတ်ဘူးဆိုတာကတော့ အခိုင်မာဆုံး အချက်ဖြစ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Alice May (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top