ရန္ကုန္-ဘားအံခရီးသည္ယာဥ္တစ္စီးေပၚတြင္ဘားအံမွလိုက္ပါသြားသည့္ အမ်ိဳးသားတစ္ဦး ေငြဆယ္သိန္း ခိုးယူခံရမႈကို ေရႊျမန္မာခရီးသည္မွန္လံုယာဥ္ပိုင္ရွင္ေမာ္ေတာ္ယာဥ္ဂိတ္တာဝန္ခံႏွင့္ယာဥ္ေမာင္းမ်ား အားလံုးတာဝန္သိစြာျဖင္ ့ပူးေပါင္းေဆာင္ရြက္ခဲ့၍ ဘားအံခ႐ိုင္မႈခင္းခင္းႏွိမ္နင္းေရးအဖြဲ႔ေခါင္းေဆာင္ ရဲအုပ္သက္စိုးဦးႏွင့္ပူးေပါင္းအဖြဲ႔က ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူကို အမႈျဖင့္ဆက္လက္စစ္ေဆးလ်က္႐ွိေၾကာင္း သိရသည္။
" ဘားအံကေနရန္ကုန္ကို ေရႊျမန္မာခရီးသည္ ယာဥ္နဲ႔လိုက္ပါသြားတဲ့ ကိုေဇာ္မိုးဆိုသူရဲ႕ေက်ာပိုးအိတ္ထဲက ေငြက်ပ္ ဆယ္သိန္း ေပ်ာက္ဆံုးသြားလို႔ စက္တင္ဘာ ၅ရက္ ညေန ၄နာရီကခ႐ိုင္မႈခင္းႏိွမ္နင္းေရးအဖြဲ႔ကို လာေရာက္အကူအညီေတာင္းလို႔ စက္တင္ဘာ ၆ရက္ ညေန ၇နာရီမွာ သတင္းစတင္ရ႐ွိခဲ့ပါတယ္ ။
စက္တင္ဘာ ၇ရက္ မနက္ ၄နာရီမွာ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္၊ ေပ်ာက္ဆံုးသြားတဲ့ေငြဆယ္သိန္းကိုလည္း ျပန္လည္သိမ္းဆည္းႏိုင္ပါတယ္ဟု စက္တင္ဘာ ၁၁ရက္ နံနက္က ရဲအုပ္သက္စိုးဦးက ေျပာၾကားခဲ့သည္။
ျဖစ္စဥ္မွာ ေငြခိုးယူခံရမႈႏွင့္ပတ္သက္၍ ရဲတပ္ဖဲြ႕၀င္မ်ားက ေရႊျမန္မာမွန္လံုယာဥ္ ပိုင္႐ွင္ႏွင့္ေတြ႔ဆံု၍ CCTVမွတ္တမ္းကို ေတာင္းယူျကည့္ရႈျပီး ခိုးယူသူျဖစ္ႏိုင္သည့္အမ်ိဳးသားတစ္ဦး၏ ပံုကိုရယူႏိုင္ခဲ့ကာ အဆိုပါပံုအား ယာဥ္လိုင္းမ်ားသို႔ ျဖန္႔ေဝေပး၍ အဆိုပါ အမ်ိဳးသားယာဥ္ေပၚလိုက္ပါ လာပါက လ်ိဳ႕ဝွက္အေၾကာင္းေပးရန္ ခ်ိတ္ဆက္ေဆာင္ရြက္ခဲ့ရာ စက္တင္ဘာ ၆ရက္ ညေန ၇နာရီခန္႔ ရန္ကုန္မွဘားအံသို႔ထြက္လာသည့္ 7P/-----ေရႊျမန္မာမွန္လံုယာဥ္ေပၚ တြင္ အေၾကာင္းၾကားေပးပို႔ထားသည့္ပံုပါအမ်ိဳးသားမွာ ခံုအမွတ္ (၂၈)တြင္လိုက္ပါလာေၾကာင္း အေၾကာင္းၾကား၍ ရဲအုပ္သက္စိုးဦးႏွင့္အဖြဲ႔မွ လိုက္လံေစာင့္ၾကည့္ခဲ့ၿပီး ဘားအံၿမိဳ႕၊အမွတ္ ၉ရပ္ကြက္ မဲေဘာင္ဝိုင္းအေရာက္တြင္ အဆိုပါ အမ်ိဳးသားမွာအိတ္တစ္လံုးကိုင္၍ ယာဥ္ေပၚမွအဆင္းတြင္ အသင့္လိုက္ပါလာသည့္အဖြဲ႔က ဖမ္းဆီးခဲ့ေၾကာင္းသိရသည္။
၎အား စစ္ေဆး႐ွာေဖြရာ ထြန္းမင္းေအာင္၊ ၃၉-ႏွစ္ျဖစ္ေၾကာင္းသိရၿပီး စက္တင္ဘာ ၂ရက္ေန႔က ဘားအံမွရန္ကုန္သို ့ထြက္လာသည့္ မွန္လံုယာဥ္ေပၚတြင္ ေက်ာပိုးအိတ္တစ္လံုးအတြင္းထည့္ထားေသာ ေငြဆယ္သိန္းကို ခိုးယူခဲ့ေၾကာင္း၀င္ခံထြက္ဆိုၿပီး ထြန္းမင္းေအာင္၊ ၃၉-ႏွစ္၊ စိန္ခ်ယ္လမ္း၊ ၄ရပ္ကြက္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ရန္ကုန္တိုင္းေဒသႀကီးေနသူအား ဘားအံၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္အေရးယူထား ေၾကာင္းသိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
#Unicode Version#
ရန်ကုန်-ဘားအံခရီးသည်ယာဉ်တစ်စီးပေါ်တွင်ဘားအံမှလိုက်ပါသွားသည့် အမျိုးသားတစ်ဦး ငွေဆယ်သိန်း ခိုးယူခံရမှုကို ရွှေမြန်မာခရီးသည်မှန်လုံယာဉ်ပိုင်ရှင်မော်တော်ယာဉ်ဂိတ်တာဝန်ခံနှင့်ယာဉ်မောင်းများ အားလုံးတာဝန်သိစွာဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့၍ ဘားအံခရိုင်မှုခင်းခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦးနှင့်ပူးပေါင်းအဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
" ဘားအံကနေရန်ကုန်ကို ရွှေမြန်မာခရီးသည် ယာဉ်နဲ့လိုက်ပါသွားတဲ့ ကိုဇော်မိုးဆိုသူရဲ့ကျောပိုးအိတ်ထဲက ငွေကျပ် ဆယ်သိန်း ပျောက်ဆုံးသွားလို့ စက်တင်ဘာ ၅ရက် ညနေ ၄နာရီကခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ကို လာရောက်အကူအညီတောင်းလို့ စက်တင်ဘာ ၆ရက် ညနေ ၇နာရီမှာ သတင်းစတင်ရရှိခဲ့ပါတယ် ။
စက်တင်ဘာ ၇ရက် မနက် ၄နာရီမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်၊ ပျောက်ဆုံးသွားတဲ့ငွေဆယ်သိန်းကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ပါတယ်ဟု စက်တင်ဘာ ၁၁ရက် နံနက်က ရဲအုပ်သက်စိုးဦးက ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ ငွေခိုးယူခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ရွှေမြန်မာမှန်လုံယာဉ် ပိုင်ရှင်နှင့်တွေ့ဆုံ၍ CCTVမှတ်တမ်းကို တောင်းယူကြည့်ရှုပြီး ခိုးယူသူဖြစ်နိုင်သည့်အမျိုးသားတစ်ဦး၏ ပုံကိုရယူနိုင်ခဲ့ကာ အဆိုပါပုံအား ယာဉ်လိုင်းများသို့ ဖြန့်ဝေပေး၍ အဆိုပါ အမျိုးသားယာဉ်ပေါ်လိုက်ပါ လာပါက လျို့ဝှက်အကြောင်းပေးရန် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၆ရက် ညနေ ၇နာရီခန့် ရန်ကုန်မှဘားအံသို့ထွက်လာသည့် 7P/-----ရွှေမြန်မာမှန်လုံယာဉ်ပေါ် တွင် အကြောင်းကြားပေးပို့ထားသည့်ပုံပါအမျိုးသားမှာ ခုံအမှတ် (၂၈)တွင်လိုက်ပါလာကြောင်း အကြောင်းကြား၍ ရဲအုပ်သက်စိုးဦးနှင့်အဖွဲ့မှ လိုက်လံစောင့်ကြည့်ခဲ့ပြီး ဘားအံမြို့၊အမှတ် ၉ရပ်ကွက် မဲဘောင်ဝိုင်းအရောက်တွင် အဆိုပါ အမျိုးသားမှာအိတ်တစ်လုံးကိုင်၍ ယာဉ်ပေါ်မှအဆင်းတွင် အသင့်လိုက်ပါလာသည့်အဖွဲ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
၎င်းအား စစ်ဆေးရှာဖွေရာ ထွန်းမင်းအောင်၊ ၃၉-နှစ်ဖြစ်ကြောင်းသိရပြီး စက်တင်ဘာ ၂ရက်နေ့က ဘားအံမှရန်ကုန်သို့ထွက်လာသည့် မှန်လုံယာဉ်ပေါ်တွင် ကျောပိုးအိတ်တစ်လုံးအတွင်းထည့်ထားသော ငွေဆယ်သိန်းကို ခိုးယူခဲ့ကြောင်းဝင်ခံထွက်ဆိုပြီး ထွန်းမင်းအောင်၊ ၃၉-နှစ်၊ စိန်ချယ်လမ်း၊ ၄ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူအား ဘားအံမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူထား ကြောင်းသိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS