ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဩစေၾတးလ်ႏုိင္ငံ၊ ဆစ္ဒနီၿမိဳ႕တြင္ ဟိုတယ္တစ္ခု၌ အဆိပ္ဓာတ္ေငြ႕ ပ်ံ႕ႏွံ႔မႈေၾကာင့္ အနည္းဆံုး လူ ၈ ဦးမွ် ေဆး႐ံု ေရာက္ခဲ့ေၾကာင္း သိရသည္။

စက္တင္ဘာ ၁၈ ရက္က ဟိုတယ္၏ ေလသန္႔စနစ္မွတဆင့္ ကလိုရင္းပါေသာ အဆိပ္အေတာက္ ဓာတ္ေငြ႕တစ္မ်ိဳး ပ်ံ႕ႏွံ႔လာရာ လာေရာက္တည္းခိုေသာ ဧည့္သည္မ်ား အသက္႐ွဴက်ပ္သည့္ ျပႆနာ ႀကံဳလာရသည္။ ဟိုတယ္ ဝန္ထမ္းတစ္ဦးက ေလသန္႔စက္ထဲသို႔ ကလိုရင္းပါေသာ ဓာတ္ပစၥည္းမ်ား မေတာ္တဆ ထည့္သြင္းမိရာမွ ယခုလို အေျခအေန ေပၚေပါက္လာျခင္းဟု ရဲမ်ားက ဆိုသည္။

Pullman ဟိုတယ္တြင္ ျဖစ္ပြားေသာ အဆိပ္အေတာက္ဓာတ္ေငြ႕ ပ်ံ႕ႏွံ႔မႈေၾကာင့္ လူ ၈ ဦး ေဆး႐ံု တင္ခဲ့ရသလို ဧည့္သည္ အမ်ားအျပားကို အေရးေပၚ ေ႐ႊ႕ေျပာင္းေပးခဲ့ရေၾကာင္း နယူးေဆာက္သ္ေဝးလ္စ္ ျပည္နယ္ လူနာတင္ယာဉ္ ဌာနက ေျပာၾကားခဲ့သည္။

ဟိုတယ္ ဝန္ထမ္းက ကလိုရင္းႏွင့္ ဟိုက္ဒ႐ိုကလိုရစ္ အက္ဆစ္ကို ေရာေႏွာခဲ့ရာမွာ ဟိုက္ဒ႐ို ကလို႐ိုက္ဒ္ ဓာတ္ေငြ႕မ်ား ပ်ံ႕ႏွံခဲ့ျခင္း ျဖစ္သည္။ ယင္းဓာတ္ေငြ႕သည္ ေလသန္႔စနစ္မွတဆင့္ ဟိုတယ္ အတြင္းပိုင္းသို႔ ေရာက္ရွိသြားခဲ့သည္။

အဆိပ္အေတာက္ ဓာတ္ေငြ႕ ႐ွဴ႐ိႈက္မိသူ ၃၀ ေက်ာ္မွ် ရွိခဲ့ၿပီး အသက္႐ွဴက်ပ္ျခင္း၊ မ်က္လံုးမ်ား ယားယံျခင္း၊ လည္ပင္းနာက်င္ျခင္းမ်ား ခံစားခဲ့ၾကရသည္။ လူ ၈ ဦး ေဆး႐ံုတက္ခဲ့ရေသာ္လည္း အသက္အႏၱရာယ္ စိုးရိမ္ရသည့္ အေျခအေန မရွိဟုလည္း သိရွိရသည္။

Ref: CNA
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ဟိုတယ်တစ်ခု၌ အဆိပ်ဓာတ်ငွေ့ ပျံ့နှံ့မှုကြောင့် အနည်းဆုံး လူ ၈ ဦးမျှ ဆေးရုံ ရောက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၈ ရက်က ဟိုတယ်၏ လေသန့်စနစ်မှတဆင့် ကလိုရင်းပါသော အဆိပ်အတောက် ဓာတ်ငွေ့တစ်မျိုး ပျံ့နှံ့လာရာ လာရောက်တည်းခိုသော ဧည့်သည်များ အသက်ရှူကျပ်သည့် ပြဿနာ ကြုံလာရသည်။ ဟိုတယ် ဝန်ထမ်းတစ်ဦးက လေသန့်စက်ထဲသို့ ကလိုရင်းပါသော ဓာတ်ပစ္စည်းများ မတော်တဆ ထည့်သွင်းမိရာမှ ယခုလို အခြေအနေ ပေါ်ပေါက်လာခြင်းဟု ရဲများက ဆိုသည်။

Pullman ဟိုတယ်တွင် ဖြစ်ပွားသော အဆိပ်အတောက်ဓာတ်ငွေ့ ပျံ့နှံ့မှုကြောင့် လူ ၈ ဦး ဆေးရုံ တင်ခဲ့ရသလို ဧည့်သည် အများအပြားကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် လူနာတင်ယာဉ် ဌာနက ပြောကြားခဲ့သည်။

ဟိုတယ် ဝန်ထမ်းက ကလိုရင်းနှင့် ဟိုက်ဒရိုကလိုရစ် အက်ဆစ်ကို ရောနှောခဲ့ရာမှာ ဟိုက်ဒရို ကလိုရိုက်ဒ် ဓာတ်ငွေ့များ ပျံ့နှံခဲ့ခြင်း ဖြစ်သည်။ ယင်းဓာတ်ငွေ့သည် လေသန့်စနစ်မှတဆင့် ဟိုတယ် အတွင်းပိုင်းသို့ ရောက်ရှိသွားခဲ့သည်။

အဆိပ်အတောက် ဓာတ်ငွေ့ ရှူရှိုက်မိသူ ၃၀ ကျော်မျှ ရှိခဲ့ပြီး အသက်ရှူကျပ်ခြင်း၊ မျက်လုံးများ ယားယံခြင်း၊ လည်ပင်းနာကျင်ခြင်းများ ခံစားခဲ့ကြရသည်။ လူ ၈ ဦး ဆေးရုံတက်ခဲ့ရသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိဟုလည်း သိရှိရသည်။

Ref: CNA
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top