iMyanmarHouse.com - Best Property Website for Myanmar
×

 ဆရာေတာ္ဘုရား တပည့္ေတာ္ ေနာင္ေနာင္ပါ၊ အေမရိကားမွာေနပါသည္ဘုရားအေနာက္တုိင္းသား ဗုဒၵဘာသာကုိယံုၾကည့္ေသာသူမ်ားနွင့္ ဘာသာေရးအေၾကာင္းေျပာရင္
ျမန္မာျပည္မွ တန္ခုိးၾကီးဘုရားေတြမွာ မိန္းကေလးေတြမ၀င္ရ ဥပမာက်ိဳက္ထီးရုိးတုိ႔လို ဆံေတာ္ရွင္ ေစတီေတာ္ေတာ္မ်ားမ်ားမွာမိန္းကေလးေတြမ၀င္ရဘူးဆုိျပီး ေျပာၾကပါသည္ဘုရား အဲဒါနဲ႔စပ္ျပိးသူတုိ႔နဲ႔စကားေျပာျဖစ္ေတာ့ မိန္းကေလးေတြ ဘာလို႔မ၀င္ရတာလဲလုိ႔ ေမးေတာ့တပည့္ေတာ္မ်ားလဲ လြယ္လြယ္ပဲေျဖလိုက္ ပါတယ္ဘုရား။
မိန္းကေလးေတြက ေယာက်ၤားေတြေလာက္ မျမတ္လို႔ပဲ ေျဖလိုက္ေတာ့အေနာက္တုိင္းသားေတြက အဲဒါကိုလက္မခံပါဘူးဘုရား။ သူတုိ႔က ေယာက္်ားမိန္းမ ဆုိတာအတူတူပဲ မိန္းကေလးေတြကေတာင္ ဒီနိဳင္ငံမွာ အခြင့္ေရးပိုျပီးေပးထားေတာ့ သူတုိ႔က မိန္းမက သာေတာင္သာသလိုေျပာပါသည္ဆုိေတာ့ တပည့္ေတာ္သိလိုသည္မွာေယာက္်ားေတြကမိန္းမေတြထက္ ဘုန္းကံၾကီးတယ္ ျမင့္ျမတ္တယ္ဆုိတာကိုဘယ္လိုတုိင္းတာရမလဲဘုရား။
ေယာက်္ားေတြက ဘာလုိ႔မိန္းမေတြထက္ ဘုန္းကံၾကီးတယ္ ျမင့္ျမတ္တယ္လို႔ ယူဆပါသလဲ အေၾကာင္းျပခ်က္ထုတ္ျပေတာ္မူပါဘုရား။ျမန္မာနိဳင္ငံကဘုရားေတြမွာ မိန္းကေလးေတြ မ၀င္ရဆုိတဲ့ေနရာမွာ မ၀င္ရမတက္ရဆိုတဲ့ေနရာမွာ ၀င္ရင္ တက္ရင္ တကယ္ပဲ မိုးၾကိဳးပစ္ပါသလားဘုရား။ အဲဒါဘာ့ေၾကာင့္ပါလဲ မိန္းကေလးေတြကို ဘာလို႔ယုတ္ညံ့တယ္လို႔ယူဆၾကပါသလဲဘုရား ဥပမာမ်ားနွင့္တကြ ေက်နပ္ေလာက္ပါေသာအေျဖကိုေျဖေပးေတာ္မူပါဘုရား။
ဆရာေတာ္ရဲ့ သီလ သမာဓိ ပညာကို ရိုေသစြာ ရွိခိုးပါသည္ဘုရား။

ထုိေမးခြန္း၏အာေဘာ္
အထက္ပါ ေမးခြန္းက စာေရးသူထံ အီးေမးလ္ကေန ေရာက္လာတဲ့ေမးခြန္းတစ္ခုျဖစ္ပါတယ္။ ဒီလုိေမးခြန္းေတြကလဲ မၾကာမၾကာ ၾကံဳရဖူးပါတယ္။

နံပါတ္ (၁) အေနနဲ႔ အမ်ိဳးသမီးမ်ား မတက္ရ မ၀င္ မျဖတ္ရဆုိတဲ့ ဘုရားေတြဘုရားရင္ျပင္ေတြ သိမ္ေတြမွ ဆုိင္းဘုတ္ေတြ ေတြ႕ေနရေသာေၾကာင့္ ဗုဒၶဘာသာလူအမ်ားစုမွာ ေယာင္၀ါး၀ါးေတြ ျဖစ္သြားရတယ္။ ဗုဒၶစာေပကိုလုံး၀ဆုပ္ကုိင္ထားသူမ်ားသာ ဒီအယူဆေတြကုိ လက္မခံေပမဲ့ ေယာင္၀ါး၀ါးေတြကေတာ့ လက္ခံေနၾကတယ္။

နံပါတ္ (၂) ကေတာ့ အမ်ိဳးသမီးမ်ားသည္ ေယာက္်ားမ်ားထက္ဘုန္းကံနိမ့္တယ္ဆိုတဲ့ အယူအဆပဲ ျဖစ္ပါသည္။ ဒီ ၂ ခုကိုပဲေဆြးေႏြးၾကည့္ၾကရေအာင္။
စာေရးသူအျမင္မ်ား
နံပါတ္ (၁) ဘုရား ေက်ာင္း သိမ္စတဲ့ ေနရာေတြမွာ အမ်ိဳးသမီးမ်ား မတက္ရမ၀င္ရဆုိတာနဲ႕ပတ္သက္ျပီး စာေရးသူ၏ အျမင္ကိုပဲ ေျပာျပရမွာျဖစ္ပါသည္။
ေထရ၀ါဒဗုဒၶဘာသာလုိ႔ ယုံၾကည္ထားတဲ့ ျမန္မာႏုိင္ငံမွာ ဒီလုိအယူအဆေတြရွိေနပါတယ္။ ဘုရားေဟာမဟုတ္၍ ေထရ၀ါဒလမ္းစဥ္မဟုတ္ေသာ အယူအဆေတြျဖစ္ပါတယ္။ သုိ႔ေသာ္လည္း ဘာလုိ႔ ျမန္မာႏုိင္ငံမွာ ဒီအယူအဆေတြ ရွိေနပါသလဲလုိ႔ ေမးရင္ tradition ရုိးရာအစဥ္အလာ လက္ခံမႈလုိ႔ပဲ ေျပာရမွာ ျဖစ္ပါတယ္။ အစဥ္အဆက္လက္ခံလာၾကသည့္အယူအဆျဖစ္သည္။ တခ်ိဳ႕ေနရာေတြမွာ ဘုရား သို႔မဟုတ္ ေက်ာင္း သိမ္မ်ား၏အဦးဆုံး ဒါယကာမ်ားကပဲ သူတုိ႔၏ ဘုရား ေက်ာင္း သိမ္မ်ားအေပၚအမ်ိဳးသမီးမ်ား မတက္ရဟု သတ္မွတ္ခဲ့သလား၊ ဒါမွ မဟုတ္ ေဂါပကမ်ား၏ ဘုရားကုိ သို႔မဟုတ္ ဘုရားရွင္၏ ေက်ာင္းေတာ္မ်ားကို ၾကည္ညိဳလြန္း၍ဒီစည္းကမ္းသက္မွတ္ခဲ့ေလေရာ့လား၊ ဗုဒၶဘာသာလူမ်ိဳးမ်ားက ေက်ာငး္ထဲတြင္အျမတ္ဆုံး သိမ္တုိ႔ကို အလြန္အေလးထားၾကသည္၊ ဘုရားရွင္၏သားေတာ္မ်ားေမြးဖြားေပးရာ ေက်ာင္းျဖစ္ေနေသာေၾကာင့္ ျဖစ္ဟန္တူပါသည္။

ျမန္မာျပည္ တခ်ိဳ႕ နာမည္ၾကီး ဘုရားရင္ျပင္တုိ႔၌ အမ်ိဳးသမီးမ်ား မတက္ရမ၀င္ရဟု ေျပာေနၾကေပမဲ့ ဘုရားလက္ထက္ေတာ္က သက္ေတာ္ထင္ရွား ဘုရားရွင္၏ ဂႏၶကုဋီေက်ာင္းေဆာင္ထဲအတြင္း ၀ိသာခါ ေခမာ စတဲ့ အမ်ိဳးသမီးမ်ား ၀င္ထြက္ သြားလာေနသည္တုိ႔ကို ေထာက္ဆလွ်င္ ထိုရုိးရာအစဥ္အလာလက္ခံမႈသည္ စဥ္းစားစရာျဖစ္လာသည္။သက္ေတာ္ထင္ရွားဘုရားရွင္၏ ေက်ာင္းအတြင္းေတာင္ အမ်ိဳးသမီးမ်ား ၀င္ထြက္ သြားလာခြင့္ျပဳရေသးတာပဲဘုရားရွင္အားရည္စူးၿပီးကုိးကြယ္ထားတဲ့ ထုိေစတီ ပုထုိး ေက်ာင္းမ်ားကုိကဘာလုိ႔ အမ်ိဳးသမီးမ်ား၀င္ခြင့္ မျပဳရမွာလဲ။ ၀င္ရင္ တက္ရင္မိုးၾကိဳးျပစ္သည္တဲ့၊ တကယ္ ၀င္ တကယ္တက္ၾကည့္ေတာ့ မိုးၾကိဳးမျပစ္ရင္ဘယ့္ႏွယ္လုပ္မလဲ၊ တခ်ိဳ႕ေနရာေတြမွာ နာမည္ၾကီးေအာင္ လူအထင္ၾကီးေအာင္ထြင္ၾကတဲ့သူေတြရဲ့ ေျပာစကားေတြေၾကာင့္ ဗုဒၶဘာသာမွာ ရႈပ္ေထြးကုန္တယ္။
အမ်ိဳးသမီးႏွင့္သိမ္
တခ်ိဳ႕နယ္ေတြမွာ သိမ္ထဲကို အမ်ိဳးသမီးမ်ား မ၀င္ရဟု ဆုိၾကတယ္၊ လူေတြကလဲအမ်ိဳးသမီးမ်ားကို သိမ္ထဲမ၀င္ရဟု ထင္ေနၾကသည္၊ ၀င္ရင္ ဘာျဖစ္မယ္ညာျဖစ္မယ္ေပါ့၊ စာေရးသူ ရဟန္းခံစဥ္က အမရပူရျမိဳ႕မဟာဂႏၶာရုံေက်ာင္းတုိက္အတြင္းက သိမ္ၾကီးထဲမွာ ရဟန္းျပဳခံပါတယ္၊ ယခုလက္ရွိ နာယကခ်ဳပ္ဆရာေတာ္ ဘဒၵႏၱကု႑လာဘိ၀ံသကို ဥပဇၥ်ာယ္ျပဳျပီး ရဟန္းျပဳခဲ့တာပါ၊ ထုိရဟန္းခံစဥ္က သိမ္ထဲထြင္ ဒကာေရာ ဒကာမေရာ ကေလးေရာ မ်ားစြာရွိေနပါတယ္၊ စာေရးသူကို ေခတ္ပညာမ်ား သင္ေပးရာသီတဂူကမၻာ့ဗုဒၶတကၠသိုလ္ ေဇာတိကာမဟာသိမ္ေတာ္ၾကီးအတြင္းမွာလဲအမ်ိဳးသမီးမ်ား ၀င္ခြင့္ျပဳသည္။ ၂၀၀၈ ခုႏွစ္က ထုိသိမ္ေတာ္ၾကီးအတြင္းမွာပဲႏိုင္ငံတကာ ေထရ၀ါဒတကၠသိုလ္မ်ား အစည္းအေ၀းၾကီးကို က်င္းပခဲ့သည္။ႏုိင္ငံေပါင္း ၃၀ ေက်ာ္က အမ်ိဳးသား အမ်ိဳးသမီးမ်ားစြာ တက္ေရာက္ခဲ့ၾကသည္။
ရာဇျဂိဳဟ္ျမိဳ႕သိမ္
ဘုရားလက္ထက္က ရာဇျဂိဳဟ္ျမိဳ႕ၾကီးသည္ လူဦး ၁၈ ကုေဋရွိသည္။ ငယ္ငယ္က ထုိ ရာဇဂဟ ပုဒ္ကို ေတာင္ ၅ လုံးက ပတ္ပတ္လည္ ကားရံထားလုိ႔ ေတာင္ငါးလုံးရန္ ႏြားျခံတုိ႕လုိ ရာဇျဂိဟ္ျမိဳ႕သို႔ဟု နိႆ်ဆုိခဲ့ၾကသည္။ထုိမွ်ေလာက္ လူဦးေရ ထူထပ္ေသာ ရာဇျဂိဳဟ္ျမိဳ႕ၾကီး တစ္ျမိဳ႕လုံးကို သိမ္သမုတ္ထားသည္။ ထိုျမိဳ႕ၾကီးသည္ပင္ သိမ္မည္ပါသည္။ ထုိသိမ္ၾကီးထဲမွာ အမ်ိဳးသမီးေတြ အိပ္ၾကသည္၊ ေနၾကသည္၊က်င့္ၾကီးက်င္ငယ္အမႈ ျပဳၾကသည္၊ ဇနီးခင္ပြန္းတုိ႔ျပဳၾကသည့္အမႈေတြျပဳၾကသည္။ ထုိဘုရားလက္ထက္ကေတာင္ အမ်ိဳးသမီးမ်ား သိမ္ထဲမွေနခြင့္ျပဳေသးတယ္ဆုိရင္ ဒီေခတ္မွာ သိမ္ထဲ အမ်ိဳးသမီးမ်ားမ၀င္ရဟုေသာတားျမစ္ခ်က္သည္ ပုဂၢဳိလ္ေရးဆန္ေသာ ဆက္ဆံမႈသာျဖစ္သည္။ သိမ္ထဲ၀င္ျခင္းေၾကာင့္ ဘာမွ မျဖစ္ပါဟု ယူဆပါသည္။ သိမ္မွာပဲျဖစ္ျဖစ္ ေက်ာင္းမွာပဲ ျဖစ္ျဖစ္ ဘုရားမွာပဲျဖစ္ျဖစ္ အမ်ိဳးသမီးျဖစ္ေစ အမ်ိဳးသားျဖစ္ေစ ရဟန္းပဲျဖစ္ေစ အကုသုိလ္စိတ္ႏွင့္ ၀င္ရင္ သြားရင္ေတာ့ အျပစ္ရွိသလုိ ေကာင္းတဲ့စိတ္နဲ႔သြားရင္ေတာ့ ကုသိုလ္ေတြ ရမွာအမွန္ပင္ ျဖစ္ပါသည္။

တခ်ိဳ႕က ဘုရားေက်ာင္းသိမ္ေတြမွာ အမ်ိဳးသမီးမ်ား မ၀င္ရျခင္းသည္အမ်ိဳးသမီးမ်ားက ဘုန္းကံ မရွိေသာေၾကာင့္ဟု ယူဆထားၾကသည္။တကယ္ေတာ့ ထုိအယူအဆ မမွန္ကန္ဟုဆုိရပါမည္။ အမ်ိဳးသမီးရဟန္းမမ်ားထြန္းကားသည့္အခ်ိန္အခါက အမ်ိဳးသမီးမ်ားကိုယ္တုိင္ သိမ္ထဲ၀င္ျပီးရဟန္းျပဳၾကသည္၊ ကံၾကီးကံငယ္ျပဳၾကသည္၊ သူတုိ႔ကိုယ္တုိင္ရဟန္းမ်ားျပဳလုပ္ႏုိင္သည့္ ကံၾကီးကံငယ္မ်ားကို ျပဳလုပ္ႏိုင္သည္မွာ ရဟန္းမဟုတ္ေသာ အမ်ိဳးသားမ်ားထက္ ဘုန္းကံရွိေနသည္ဟု ဆုိရေပမည္။အမ်ိဳးသမီးမ်ားႏွင့္ဘုန္းကံအေၾကာင္း ဆက္လက္ ေဆြးေႏြးၾကမည္။
အမ်ိဳးသမီးမ်ားႏွင့္ဘုန္းကံ
အမ်ိဳးသမီးမ်ားသည္ ေယာက္်ားမ်ားထက္ ဘုန္းကံနိမ့္တယ္ဆိုတဲ့အယူအဆႏွင့္ပတ္သက္ျပီး ေျပာရရင္ သူမ်ားအတင္းေျပာသလုိ ျဖစ္ေနမယ္၊ တကယ္ေတာ့ အမ်ိဳးသားလဲ လူသား အမ်ိဳးသမီးလဲ လူသားဆုိေတာ့ လူျဖစ္ဖုိ႔ရန္ဘုန္းကံအတူပါလာတာျခင္း အတူတူပဲျဖစ္သည္။ သုိ႔ေသာ္လည္း ဘုန္းကံအနဲအမ်ားအေပၚ မူတည္ျပီး အမ်ိဳးသား အမ်ိဳးသမီး ကြဲျပားေပမဲ့ သာသနာအတြက္ေရာ လူမႈေရးအတြက္ ႏုိင္ငံေရးအတြက္ေတြပါအက်ိဳးျပဳေပးႏိုင္တာကေတာ့ တန္းတူ လုပ္ႏုိင္ၾကသည္ဟု ယူဆမိပါသည္။ အေကာင္း (positive view) အျမင္ကိုသာ ေရးခ်င္ေပမဲ့ ေမးလာတဲ့သူရွိလာေတာ့ ေမးခြန္းအရ ဘုန္းကံနိမ့္ျခင္းအေၾကာင္းကုိ စာေပမွာ ျပဆုိထားတဲ့ စကားအခ်ိဳ႕နဲ႕တင္ျပရပါလိမ့္မည္။

အဘိဓမၼာ ၇ က်မ္းတြင္ အပါအ၀င္ျဖစ္သည့္ ဓမၼသဂၤဏီပါဠိေတာ္ အ႒ကထာ (အ႒သာလိနီ) စာမ်က္ႏွာ ၃၅၈-၃၅၉ တုိ႔၌ ဣတၳိလိဂၤံ ဣတၳိနိမိတၱံအဖြင့္မွာအမ်ိဳးသမီးမ်ားႏွင့္ အမ်ိဳးသားမ်ား ခႏၶာကိုယ္တည္ေဆာက္ ဖြဲ႔စည္းပုံ အသြင္အျပင္ မတူပုံႏွင့္ ထုိအသြင္အျပင္ျဖစ္ေပၚလာရျခင္း၏အေၾကာင္းမ်ားကို ျပဆုိထားသည္။သရက္မ်ိဳးေစ့ဗီဇေၾကာင့္ သရက္ပင္အသြင္သဏၭာန္ျဖစ္လာရသလုိအမ်ိဳးသမီးပုံသဏၭာန္ ျဖစ္လာရျခင္းကလည္း ထုိအသြင္သဏၭာန္ကို ျဖစ္ေစပဋိသေႏၶမ်ိဳးေစ့ေၾကာင့္ျဖစ္သည္။ ဒါကို စာက ကမၼဇ (ကံေၾကာင့္) ဟု ေခၚသည္။ အမ်ိဳးသားမ်ားကိုလည္း ထုိနည္းအတူမွတ္ေလ။
တခါက ေသာေရယ်အမ်ိဳးသား အလြန္ေခ်ာေမာလွပေသာ အရွင္မဟာကစၥာယန ရဟႏၱာမေထရ္ကို ျမင္ျပီး အေယာနိေသာမနသိကာရ (မေကာင္းတဲ့စိတ္ကူး) ျဖစ္မိသည္၊ ဒီေလာက္လွတဲ့သူ ငါ့မိန္းမျဖစ္ရင္ ဘယ္ေလာက္ေကာင္းမလဲဟု အေတြးစိတ္၀င္လာတဲ့အမွ် ထုိေသာေရယ်သူေ႒းသား သူ၏အမ်ိဳးသားအဂၤါမ်ားေပ်ာက္ကြယ္သြားျပီးအမ်ိဳးသမီးအဂၤါေပၚေပါက္လာခဲ့သည္၊ (ဓမၼပဒအ႒ကထာ ေသာေရယ်၀တၳဳ)။ တခါက ရဟန္းမတစ္ေယာက္သည္လည္း အမ်ိဳးသမီးအဂၤါမ်ားေပ်ာက္ကြယ္သြားျပီး အမ်ိဳးအဂၤါမ်ားေပၚေပါက္လာသည္၊ဘုရားရွင္အားေလွ်ာက္ထားေသာအေခါ ဘုရားရွင္က ရဟန္းေတာ္မ်ား ေနေသာေက်ာင္းသုိ႔ ေရႊ႕ထားေပးခဲ့ရဖူးသည္။ (ပါရာဇိကဏ္ပါဠိေတာ္-၄၃)။

ထုိကဲ့သုိ႔ အမ်ိဳးသမီးလိင္ (ဣတၳိလိဂၤ)ႏွင့္ အမ်ိဳးသားလိင္ (ပုရိသလိဂၤ)ႏွင့္ပတ္သက္ျပီး ဓမၼသဂၤဏီအ႒ကထာက ဤကဲ့သုိ႔ဆုိထားသည္၊ ‘‘အမ်ိဳးသားလိင္ သည္ ျမတ္၏ (ဥတၱမ)၊ အမ်ိဳးသမီးလိင္သည္ ညံ့၏ (ဟီန)ဟု ဆုိထားသည္။ေသာေရယ်သူေ႒းသားကဲ့သုိ႕ေသာ အမ်ိဳးသား လိင္အဂၤါ ေပ်ာက္ကြယ္သြားျခင္းသည္ အလြန္အားေကာင္းေသာ အကုသုိလ္ (ဗလ၀ အကုသလ) အစြမ္းေၾကာင့္ ျဖစ္သည္။ အမ်ိဳးသမီးလိင္အဂၤါ ရရွိျခင္းသည္ကား အနဲငယ္ေသာ ကုသိုလ္ (ဒုဗၺလ ကုသလ) အစြမ္းေၾကာင့္ ျဖစ္သည္ဟု ဆုိထားသည္။ တဖန္ အထက္ပါ ဘိကၡဴနီမကဲ့သုိ႔အမ်ိဳးသမီးလိင္အဂၤါ ေပ်ာက္ကြယ္သြားျခင္းသည္ အနဲငယ္ေသာ အကုသိုလ္ (ဒုဗၺလ အကုသလ) အစြမ္းေၾကာင့္ ျဖစ္သည္၊အမ်ိဳးသားလိင္အဂၤါေပၚေပါက္လာျခင္းသည္ အလြန္စြမ္းအားၾကီးေသာ ကုသုိလ္ (ဗလ၀ ကုသလ) ေၾကာင့္ ျဖစ္သည္ဟု ျပထာသည္။အက်ဥ္းခ်ဳပ္ေသာ္ ၂ မ်ိဳးလုံး ကြယ္ေပ်ာက္ျခင္းသည္ အကုသုိလ္ အနဲအမ်ားေၾကာင့္ ျဖစ္သလုိ ေပၚေပါက္လာရျခင္းကလဲ ကုသုိလ္ အနဲအမ်ားေၾကာင့္ ျဖစ္ရသည္။

ထိုအ႒ကထာဆရာ၏အဆုိမ်ားအရ- အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္အကုသိုလ္ၾကီးခဲ့သလုိ ကုသုိလ္ကံေတြ နဲခဲ့ေသာ ေၾကာင့္အမ်ိဳးသမီးျဖစ္ရသည္ဟုဆုိသည့္အတြက္ ဘုန္းကံလဲ နဲသည္ဟု ဆုိရေပမည္။ဘုန္းကံဆုိသည္မွာ ကုသုိလ္ကံကိုဆုိလုိပါသည္။
အမ်ိဳးသမီးမ်ား၏ ခႏၶာကိုယ္တည္ေဆာက္ပုံကုိက အမ်ိဳးသားမ်ားကဲ့သုိ႔ေပါ့ပါးမႈမရွိ၊ လြတ္လပ္မႈမရွိသည့္ အျပင္ ေယာက္်ားမ်ားထက္ သီးျခားကုိယ္၀န္ေဆာင္ရျခင္း၊ သားေမြးရျခင္း၊ ဥတုလာျခင္း စတဲ့ဒုကၡမ်ားသည္ေယာက္်ားမ်ားထက္ ဘုန္းကံနဲပါးျခင္းဆုိတဲ့ လကၡဏာမ်ားရွိေနသည့္အတြက္ စာနာေထာက္ထားသင့္သည္။
အမ်ိဳးသမီးမ်ားအခြင့္အေရး
ျမတ္ဗုဒၶသာသနာေတာ္မွာ အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားကဲ့သုိ႔သာသနာ့၀န္ထမ္းမ်ား ျဖစ္ခြင့္ရွိသည္၊ ဘုရားရွင္၏ လက်္ာလက္၀ဲမ်ားျဖစ္ခြင့္ရွိသည္၊ အရွင္သာရိပုတၱရာႏွင့္ အဆင့္တူ ပညာအရာ၀ယ္ေခမာေထရီ၊ အရွင္ေမာဂၢလာန္ႏွင့္အဆင့္တူ တန္ခုိးအရာ၀ယ္ ဥပၸလ၀ဏ္ေထရီႏွင့္ တျခား ဓမၼကထိကအရာ ဓမၼဒိႏၷာေထရီႏွင့္ ၀ိနည္းေဆာင္အရာမွာ ပဋာစာရီစေသာ အမ်ိဳးသမီးရဟန္းမမ်ားကဲ့သုိ႔ အမ်ိဳးသားမ်ားနည္းတူ ရာထူးမ်ား ရရွိၾကသည္။ မဂ္ ဖုိလ္ နိဗၺာန္၀င္ရာမွာလဲ အမ်ိဳးသားမ်ားကဲ့သုိ႔ အမ်ိဳးသမီးမ်ားလဲ ၀င္ေရာက္ႏုိင္သည္ ျဖစ္ရာကား သာသနာမွာ အမ်ိဳးသား အမ်ိဳးသမီးအဆင့္တူဟု ဆုိႏိုင္သည္။ သုိ႔ေသာ္လည္း အမ်ိဳးသမီးမ်ားအတြက္ ဂရုဓမ္ ၈ ပါးကား အမ်ိဳးသားမ်ားကဲ့သုိ႔ ခႏၶာကိုယ္ ဖြဲ႔စည္းတည္ေဆာက္ပုံ မတူရာကား အႏၱရာယ္မ်ားမွ ကာကြယ္ရန္ သတ္မွတ္ထားသည္က လြဲ၍ အားလုံး ခံစားခြင့္တူသည္ဟု ဆုိရမည္။ သာသနာေတာ္မွာ အခြင႔္တူခံစားမႈ ရွိေေသာ္လည္း အမ်ိဳးသားမ်ားကသာျဖစ္ခြင့္ရွိျပီး အမ်ိဳးသမီးမ်ား ျဖစ္ခြင့္မရွိေသာ အရာမ်ားကား ရွိေသးသည္။

ဘုရား၊ ျဗဟၼာ၊ စၾကာ၀ေတးမင္း၊ မာနတ္မင္း၊ သၾကားမင္းဟုေသာ ထုိေနရာမ်ားမွာ အမ်ိဳးသမီးမ်ား ျဖစ္ခြင့္မရွိ။ ‘‘ဘုရား ျဗဟၼာ မင္းစၾက္ာႏွင့္ မာရ သကၠံ မိန္းမမွန္ အမွန္ မျဖစ္ရာ’’ ဟု ငယ္ငယ္ သာမေဏေက်ာ္တန္း ၀င္စဥ္က ရဖူးသည္ ကဗ်ာေဆာင္ပုဒ္ျဖစ္သည္။ (အဂၤုတၱရနိကာယ္ ပထမအုပ္)။

အ႒သာလိနီတြင္ ဘုရားျဖစ္ဖုိ႔ရန္ ျပည့္စုံရမည့္အခ်က္ထဲမွာ လိဂၤသမၸတၱိဆုိတာပါသည္၊ ဆုိလုိသည္မွာ ေယာက္်ားလိင္အဂၤါရွိရမည္ဟု ဆုိသည္။ ‘‘မႏုႆတၱံ လိဂၤသမၸတၱိ၊ ေဟတု သတၳာရဒႆနံ’’။ ဗုဒၶ၀ံသ-၂-၅၉ ႏွင့္ အ႒သာလိနီ ဗုဒၶ၀င္အခန္းမွာ ေလ့လာႏုိင္ပါသည္။
အမ်ိဳးသမီးႏွင့္အကုသုိလ္
ကုသိုလ္ အကုသိုလ္တုိ႔သည္ လူတစ္ေယာက္၏ ဘုန္းကံမ်ားဟုေခၚသည္။ထို႕ေၾကာင့္ လူတစ္ေယာက္၏ ဘုန္းကံၾကီးျခင္း ဘုန္းကံနဲျခင္းကို ကုသိုလ္ အကုသုိလ္ကံတို႔၏ အနဲအမ်ားျဖင့္ ဆုံးျဖတ္ၾကသည္။ ဘုန္းကံၾကီးသူသည္ကုသုိလ္ကံၾကီးသူမ်ားျဖစ္ျပီး အကုသုိလ္ကံ နဲသူမ်ားျဖစ္သည္။ဘုန္းကံနဲျခင္းဆုိသည္မွာ ကုသုိလ္ကံနဲပါးျခင္းႏွင့္ အကုသုိလ္ကံမ်ားျပားျခင္းျဖစ္သည္။

ဗလ၀ အကုသလ ၀ေသန - မ်ားစြာေသာ အကုသုိလ္အစြမ္းေၾကာင့္အမ်ိဳးသမီးျဖစ္ရတယ္ဆုိေတာ့ အမ်ိဳးသမီးမ်ားက အမ်ိဳးသားမ်ားထက္အကုသုိလ္အျဖစ္မ်ားသလား? ေမးစရာရွိလာသည္။

တခါက အႏုရုဒၶါမေထရ္ၾကီး ဘုရားထံေရာက္လာျပီး ‘‘အရွင္ဘုရား-တပည့္ေတာ္နတ္မ်က္စိႏွင့္ အမ်ိဳးသမီးေတြ ငရဲက်ေရာက္ေနတာကို ေတြ႕ေနရပါတယ္ဘုရား၊ အဘယ့္ေၾကာင့္ ဒီလုိျဖစ္ရပါသလဲဘုရား’’ ေမးေလွ်ာက္ေသာ အခါ

ဘုရားရွင္က ‘‘အႏုရုဒၶါ အမ်ိဳးသမီးေတြ ငရဲေရာက္ေနၾကတယ္ဆုိတာ အခ်က္သုံးခ်က္ႏွင့္ တစ္ေနကုန္ ေနေနၾကလုိ႔ျဖစ္တယ္။ အဲဒီ ၃ ခ်က္က---
၁။ နံက္ပုိင္းမွာ- အမ်ိဳးသမီးေတြက မစၦရိယစိတ္ေတြနဲ႔ ေနၾကတယ္။
၂။ ေန႔လည္ပုိင္းမွာေတာ့- ဣႆာ စိတ္နဲ႕ ေနၾကတယ္။
၃။ ညေနပုိင္းမွာေတာ့- ရာဂစိတ္နဲ႕ ေနၾကတယ္။
‘‘နံနက္ မေစၦ ေန႔လည္ ဣႆာ ညေန ရာဂ’’ ဆုိတဲ့ ငယ္ငယ္က ရထားတဲ့ေဆာင္ပုဒ္တစ္ပုိင္းတစ္စေလး ျဖစ္ပါတယ္။
(အဂၤုတၱိဳရနိကာယ္၊ ပထမအႏုရုဒၶါသုတ္၊ ႏွာ ၂၈၅)။

ဤသုတ္ေတာ္က အမ်ိဳးသမီးမ်ားက အမ်ိဳးသားမ်ားထက္ အကုသုိလ္စိတ္ အျဖစ္မ်ားတယ္၊ ျဖစ္ခ်ိန္ ပိုမ်ားတယ္ဆုိတာ ျပဆုိျခင္းပဲ ျဖစ္သည္။ နံက္ အိပ္ယာထ မိုးလင္းတာနဲ႔ ကိုယ့္ပုိင္ဆုိင္မႈအေပၚမွာ မစၦရိယစိတ္ စျဖစ္တယ္လုိ႔ ဆုိတယ္၊ ေန႔လည္ပုိင္းေရာက္လာေတာ့ သူတစ္ပါးပုိင္ဆုိင္မႈ ေအာင္ျမင္မႈျပည့္စုံမႈအေပၚမွာ ဣႆာစိတ္ျဖစ္တတ္တယ္ဟုဆုိသည္၊ ထုိ ဣႆာအေၾကာင္းကို စာေရးသူ၏ဆုိက္တြင္ ေလာကအဖ်က္တရား အပုိင္း(၁)တြင္ အက်ယ္တ၀န္႔ျပဆုိထားျပီး မစၦရိယအေၾကာင္းကိုေတာ့ ေလာကအဖ်က္တရား အပုိင္း (၂) တြင္ ေဖာ္ျပီးျဖစ္ရကား ထုိပုိ႕စ္မ်ားကို ေလ့လာႏုိင္ပါသည္။ ညပုိင္းတြင္ အမ်ိဳးသမီး ရာဂစိတ္ပုိျဖစ္တယ္ဟု ဆုိသည္။

စာေရးသူ၏အယူအဆ မဟုတ္ပါ၊ ဘုရားေဟာမ်ားကိုသာ ထုတ္ေဖာ္ျပျခင္းပဲ ျဖစ္သည္။ သုိ႔ေသာ္လည္း ကုသုိလ္ေကာင္းမႈျပဳေနၾကသူမ်ားကလဲ အမ်ိဳးသမီးမ်ားပင္ျဖစ္သည္၊ စာေရးသူ၏ပညာေရးကို ေထာက္ပံ့သူမ်ားကားလဲ အမ်ိဳးသမီးက ခက္မ်ားမ်ားပင္ျဖစ္သည္။ ထုိ႔ေၾကာင့္ နတ္ျပည္မွာ နတ္သားတစ္ေယာက္ နတ္သမီး ၅၀၀ ဆုိေတာ့နတ္ျပည္အေရာက္မ်ားသူေတြကလဲ အမ်ိဳးသမီးမ်ားပင္ျဖစ္သည္။ ထုိသုတ္အဆုိအရ ထိုအဂၤါ၃ ရပ္ျဖင့္ အျဖစ္မ်ားသူမ်ားကို ရည္ရြယ္သည္၊ အမ်ိဳးသမီးအားလုံးကို မဆုိလုိ၊ ျဖစ္တတ္တဲ့သေဘာကို ဆုိလုိသည္၊ ငရဲက်ေရာက္ေနေသာ အမ်ိဳးသမီးမ်ားကိုသာ ဆုိလုိပါသည္။ ငရဲက်ေရာက္တတ္တယ္ဟုဆိုသည္။ ေတာ္ၾကာ အမ်ိဳးသမီးထုက ဒီလုိေျပာရမလားဆုိျပီး စာေရးသူ ပါးစပ္ေပါက္ ပိတ္သြားႏုိင္သည္။

နတ္ျပည္ေရာက္သူ အေရအတြက္ၾကည့္ျပန္ေတာ့ အမ်ိဳးသမီးမ်ားက ေကာင္းရာဘုံကို အျဖစ္မ်ားသလုိျဖစ္သည္အတြက္ ေကာင္းမႈျပဳသူမ်ားသည္ဟုလည္း ဆုိႏုိင္သည္။ သုိ႔ေသာ္လည္း အမ်ိဳးသမီးဘ၀ကေန တုိက္ရုိက္အေနနဲ႕ ဘုရားအျဖစ္ သၾကားမင္း လူမင္း နတ္မင္း ျဗဟၼာ အျဖစ္ကိုေတာ့ မရႏုိင္ အမ်ိဳးသားဘ၀ေရာက္ေအာင္ေကာင္းမႈျပဳ အမ်ိဳးသားဘ၀ျဖစ္ခ်င္သည့္ဆႏၵျဖင့္ ဆႏၵျပဳၾကရသည္။ ထုိအမ်ိဳးသားဘ၀ ရရွိျပီးမွသာ ဘုရား သၾကားစတဲ့ ဘ၀မ်ိဳးမ်ားကို ရႏုိင္မည္ျဖစ္ပါသည္။ ဘုရားရွင္၏ မယ္ေတာ္သည္ပင္ သႏၱဳသိတ နတ္သား ျဖစ္ခဲ့သည္ကို သတိျပဳသင့္ေပသည္။ အရွင္အာနႏၵာသည္ မိန္းမျဖစ္ခဲ့တဲ့ဘ၀ေတြ မ်ားစြာရွိခဲ့သည္။ ဘုရားရွင္ႏွင့္ အရွင္သာရိပုတၱရာစတဲ့ သာ၀ကၾကီးမ်ားသည္လည္း လူသားထက္ ဘုန္းကံနိမ့္သည့္ တိရစၦာန္ဘ၀တုိ႔ျဖင့္ မ်ားစြာက်င္ခဲ့ရသည္တုိ႔ကို ေထာက္ဆ၍ ဘုရားျဖစ္ဖုိ႔ သာ၀ကၾကီးမ်ားျဖစ္ဖုိ႔ ဘ၀အမ်ိဳးမ်ိဳး ဘုန္းကံအမ်ိဳးမ်ိဳးတုိ႔ျဖင့္ သံသရာကို ျဖတ္သန္းျပီးမွ ဘုရားအျဖစ္၊ သာ၀ကၾကီးမ်ားအျဖစ္ၾကရသည္ကို ေထာက္ဆလ်င္ အမ်ိဳးသမီးမ်ားလဲ ပစၥဳပၸန္ လက္ရွိဘ၀မွာ ဘုရားအျဖစ္ကို မရႏုိင္ေပမဲ့ ဘုရားေလာင္းႏွင့္ သာ၀ကေလာင္းၾကီးမ်ားနည္းတူ ပါရမီမ်ား ျဖည့္ျပီး ဘုရားအျဖစ္ သာ၀က (အမ်ိဳးသား)ၾကီးမ်ားအျဖစ္ကို ရႏုိင္ပါသည္။ ဤကား အမ်ိဳးသမီးမ်ားမျဖစ္ႏုိင္သည့္အရာမ်ားကို ရႏိုင္သည့္ အခြင့္လမ္းျဖစ္သည္။

ေဖ့ဘုတ္မွာတင္ထားတဲ့ ခ်စ္စရာအမ်ိဳးသမီးငယ္ေလးမ်ား၏ ဘုန္းကံ
ယေန႔ေခတ္အမ်ိဳးသမီးမ်ား
ခႏၶာကိုယ္ဖြဲ႔စည္းပုံသည္သာ သုိ႔မဟုတ္ ရုပ္ပုိင္းဆုိင္ရာသည္သာအမ်ိဳးသားမ်ားထက္ နိမ့္ေနသည္ဆုိေစကာမူ စိတ္ဓာတ္ေရးရာ အသိပညာပုိင္းဆုိင္ရာမွာကား အဆင့္တူဟု ဆိုႏုိင္သည္။ ထုိ႔ေၾကာင့္ သာသနာမွာအမ်ိဳးသားမ်ားကဲ့သုိ႔ ရာထူးမ်ားရသည္၊ မဂ္ ဖုိလ္ နိဗၺာန္၀င္ႏုိ္င္သည္။

ယေန႔ေခတ္မွာ ႏုိင္ငံ၏ ေခါင္းေဆာင္ပုိင္းေနရာမ်ားမွာ အမ်ိဳးသမီးမ်ားေနရာယူလာသည္၊ တုိင္းျပည္၏ေခါင္းေဆာင္မ်ားျဖစ္လာၾကသည့္အတြက္ ျပည္သူမ်ား အေလးေပးဆက္ဆံရမည့္ သူမ်ားျဖစ္လာၾကသည့္အတြက္ လုပ္ရည္္ကုိင္ရည္ ႏွလုံးရည္မ်ား တန္းတူ ရွိလာႏုိင္သည္ဟု ဆုိႏုိင္ပါသည္။
ဤသုိ႔အားျဖင့္ အမ်ိဳးသမီးမ်ား ဘုန္းကံနိမ့္သည္ဟု အထင္အျမင္ျဖင့္အမ်ိဳးသမီးမ်ားကို အထင္မေသးသင့္။
ဒကာေတာ္ ေနာင္ေနာင္ေရ--ေမာင္ရင္ရဲ့ အေမးကို ဘုန္းဘုန္းတတ္ႏုိင္သေလာက္ဤမွ်ေလာက္ျဖင့္စုစည္းတင္ျပလုိက္ရပါသည္။ ေက်နပ္မႈမရွိေသးပါက ေရွ႕ဆက္ျပီး ေလ့လာႏုိင္ပါသည္။
ရႊင္လန္းခ်မ္းေျမ့ပါေစ
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼရတနာ
# Unicode Version ျဖင့္ ဖတ္ပါ #
 ဆရာတော်ဘုရား တပည့်တော် နောင်နောင်ပါ၊ အမေရိကားမှာနေပါသည်ဘုရားအနောက်တိုင်းသား ဗုဒ္ဒဘာသာကိုယုံကြည့်သောသူများနှင့် ဘာသာရေးအကြောင်းပြောရင်
မြန်မာပြည်မှ တန်ခိုးကြီးဘုရားတွေမှာ မိန်းကလေးတွေမဝင်ရ ဥပမာကျိုက်ထီးရိုးတို့လို ဆံတော်ရှင် စေတီတော်တော်များများမှာမိန်းကလေးတွေမဝင်ရဘူးဆိုပြီး ပြောကြပါသည်ဘုရား အဲဒါနဲ့စပ်ပြိးသူတို့နဲ့စကားပြောဖြစ်တော့ မိန်းကလေးတွေ ဘာလို့မဝင်ရတာလဲလို့ မေးတော့တပည့်တော်များလဲ လွယ်လွယ်ပဲဖြေလိုက် ပါတယ်ဘုရား။
မိန်းကလေးတွေက ယောင်္ကျားတွေလောက် မမြတ်လို့ပဲ ဖြေလိုက်တော့အနောက်တိုင်းသားတွေက အဲဒါကိုလက်မခံပါဘူးဘုရား။ သူတို့က ယောက်ျားမိန်းမ ဆိုတာအတူတူပဲ မိန်းကလေးတွေကတောင် ဒီနိုင်ငံမှာ အခွင့်ရေးပိုပြီးပေးထားတော့ သူတို့က မိန်းမက သာတောင်သာသလိုပြောပါသည်ဆိုတော့ တပည့်တော်သိလိုသည်မှာယောက်ျားတွေကမိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်ဆိုတာကိုဘယ်လိုတိုင်းတာရမလဲဘုရား။
ယောကျ်ားတွေက ဘာလို့မိန်းမတွေထက် ဘုန်းကံကြီးတယ် မြင့်မြတ်တယ်လို့ ယူဆပါသလဲ အကြောင်းပြချက်ထုတ်ပြတော်မူပါဘုရား။မြန်မာနိုင်ငံကဘုရားတွေမှာ မိန်းကလေးတွေ မဝင်ရဆိုတဲ့နေရာမှာ မဝင်ရမတက်ရဆိုတဲ့နေရာမှာ ဝင်ရင် တက်ရင် တကယ်ပဲ မိုးကြိုးပစ်ပါသလားဘုရား။ အဲဒါဘာ့ကြောင့်ပါလဲ မိန်းကလေးတွေကို ဘာလို့ယုတ်ညံ့တယ်လို့ယူဆကြပါသလဲဘုရား ဥပမာများနှင့်တကွ ကျေနပ်လောက်ပါသောအဖြေကိုဖြေပေးတော်မူပါဘုရား။
ဆရာတော်ရဲ့ သီလ သမာဓိ ပညာကို ရိုသေစွာ ရှိခိုးပါသည်ဘုရား။

ထိုမေးခွန်း၏အာဘော်
အထက်ပါ မေးခွန်းက စာရေးသူထံ အီးမေးလ်ကနေ ရောက်လာတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေကလဲ မကြာမကြာ ကြုံရဖူးပါတယ်။

နံပါတ် (၁) အနေနဲ့ အမျိုးသမီးများ မတက်ရ မဝင် မဖြတ်ရဆိုတဲ့ ဘုရားတွေဘုရားရင်ပြင်တွေ သိမ်တွေမှ ဆိုင်းဘုတ်တွေ တွေ့နေရသောကြောင့် ဗုဒ္ဓဘာသာလူအများစုမှာ ယောင်ဝါးဝါးတွေ ဖြစ်သွားရတယ်။ ဗုဒ္ဓစာပေကိုလုံးဝဆုပ်ကိုင်ထားသူများသာ ဒီအယူဆတွေကို လက်မခံပေမဲ့ ယောင်ဝါးဝါးတွေကတော့ လက်ခံနေကြတယ်။

နံပါတ် (၂) ကတော့ အမျိုးသမီးများသည် ယောက်ျားများထက်ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါသည်။ ဒီ ၂ ခုကိုပဲဆွေးနွေးကြည့်ကြရအောင်။
စာရေးသူအမြင်များ
နံပါတ် (၁) ဘုရား ကျောင်း သိမ်စတဲ့ နေရာတွေမှာ အမျိုးသမီးများ မတက်ရမဝင်ရဆိုတာနဲ့ပတ်သက်ပြီး စာရေးသူ၏ အမြင်ကိုပဲ ပြောပြရမှာဖြစ်ပါသည်။
ထေရဝါဒဗုဒ္ဓဘာသာလို့ ယုံကြည်ထားတဲ့ မြန်မာနိုင်ငံမှာ ဒီလိုအယူအဆတွေရှိနေပါတယ်။ ဘုရားဟောမဟုတ်၍ ထေရဝါဒလမ်းစဉ်မဟုတ်သော အယူအဆတွေဖြစ်ပါတယ်။ သို့သော်လည်း ဘာလို့ မြန်မာနိုင်ငံမှာ ဒီအယူအဆတွေ ရှိနေပါသလဲလို့ မေးရင် tradition ရိုးရာအစဉ်အလာ လက်ခံမှုလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အစဉ်အဆက်လက်ခံလာကြသည့်အယူအဆဖြစ်သည်။ တချို့နေရာတွေမှာ ဘုရား သို့မဟုတ် ကျောင်း သိမ်များ၏အဦးဆုံး ဒါယကာများကပဲ သူတို့၏ ဘုရား ကျောင်း သိမ်များအပေါ်အမျိုးသမီးများ မတက်ရဟု သတ်မှတ်ခဲ့သလား၊ ဒါမှ မဟုတ် ဂေါပကများ၏ ဘုရားကို သို့မဟုတ် ဘုရားရှင်၏ ကျောင်းတော်များကို ကြည်ညိုလွန်း၍ဒီစည်းကမ်းသက်မှတ်ခဲ့လေရော့လား၊ ဗုဒ္ဓဘာသာလူမျိုးများက ကျောင်းထဲတွင်အမြတ်ဆုံး သိမ်တို့ကို အလွန်အလေးထားကြသည်၊ ဘုရားရှင်၏သားတော်များမွေးဖွားပေးရာ ကျောင်းဖြစ်နေသောကြောင့် ဖြစ်ဟန်တူပါသည်။

မြန်မာပြည် တချို့ နာမည်ကြီး ဘုရားရင်ပြင်တို့၌ အမျိုးသမီးများ မတက်ရမဝင်ရဟု ပြောနေကြပေမဲ့ ဘုရားလက်ထက်တော်က သက်တော်ထင်ရှား ဘုရားရှင်၏ ဂန္ဓကုဋီကျောင်းဆောင်ထဲအတွင်း ဝိသာခါ ခေမာ စတဲ့ အမျိုးသမီးများ ဝင်ထွက် သွားလာနေသည်တို့ကို ထောက်ဆလျှင် ထိုရိုးရာအစဉ်အလာလက်ခံမှုသည် စဉ်းစားစရာဖြစ်လာသည်။သက်တော်ထင်ရှားဘုရားရှင်၏ ကျောင်းအတွင်းတောင် အမျိုးသမီးများ ဝင်ထွက် သွားလာခွင့်ပြုရသေးတာပဲဘုရားရှင်အားရည်စူးပြီးကိုးကွယ်ထားတဲ့ ထိုစေတီ ပုထိုး ကျောင်းများကိုကဘာလို့ အမျိုးသမီးများဝင်ခွင့် မပြုရမှာလဲ။ ဝင်ရင် တက်ရင်မိုးကြိုးပြစ်သည်တဲ့၊ တကယ် ဝင် တကယ်တက်ကြည့်တော့ မိုးကြိုးမပြစ်ရင်ဘယ့်နှယ်လုပ်မလဲ၊ တချို့နေရာတွေမှာ နာမည်ကြီးအောင် လူအထင်ကြီးအောင်ထွင်ကြတဲ့သူတွေရဲ့ ပြောစကားတွေကြောင့် ဗုဒ္ဓဘာသာမှာ ရှုပ်ထွေးကုန်တယ်။
အမျိုးသမီးနှင့်သိမ်
တချို့နယ်တွေမှာ သိမ်ထဲကို အမျိုးသမီးများ မဝင်ရဟု ဆိုကြတယ်၊ လူတွေကလဲအမျိုးသမီးများကို သိမ်ထဲမဝင်ရဟု ထင်နေကြသည်၊ ဝင်ရင် ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့၊ စာရေးသူ ရဟန်းခံစဉ်က အမရပူရမြို့မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းက သိမ်ကြီးထဲမှာ ရဟန်းပြုခံပါတယ်၊ ယခုလက်ရှိ နာယကချုပ်ဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းပြုခဲ့တာပါ၊ ထိုရဟန်းခံစဉ်က သိမ်ထဲထွင် ဒကာရော ဒကာမရော ကလေးရော များစွာရှိနေပါတယ်၊ စာရေးသူကို ခေတ်ပညာများ သင်ပေးရာသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဇောတိကာမဟာသိမ်တော်ကြီးအတွင်းမှာလဲအမျိုးသမီးများ ဝင်ခွင့်ပြုသည်။ ၂၀၀၈ ခုနှစ်က ထိုသိမ်တော်ကြီးအတွင်းမှာပဲနိုင်ငံတကာ ထေရဝါဒတက္ကသိုလ်များ အစည်းအဝေးကြီးကို ကျင်းပခဲ့သည်။နိုင်ငံပေါင်း ၃၀ ကျော်က အမျိုးသား အမျိုးသမီးများစွာ တက်ရောက်ခဲ့ကြသည်။
ရာဇဂြိုဟ်မြို့သိမ်
ဘုရားလက်ထက်က ရာဇဂြိုဟ်မြို့ကြီးသည် လူဦး ၁၈ ကုဋေရှိသည်။ ငယ်ငယ်က ထို ရာဇဂဟ ပုဒ်ကို တောင် ၅ လုံးက ပတ်ပတ်လည် ကားရံထားလို့ တောင်ငါးလုံးရန် နွားခြံတို့လို ရာဇဂြိဟ်မြို့သို့ဟု နိဿျဆိုခဲ့ကြသည်။ထိုမျှလောက် လူဦးရေ ထူထပ်သော ရာဇဂြိုဟ်မြို့ကြီး တစ်မြို့လုံးကို သိမ်သမုတ်ထားသည်။ ထိုမြို့ကြီးသည်ပင် သိမ်မည်ပါသည်။ ထိုသိမ်ကြီးထဲမှာ အမျိုးသမီးတွေ အိပ်ကြသည်၊ နေကြသည်၊ကျင့်ကြီးကျင်ငယ်အမှု ပြုကြသည်၊ ဇနီးခင်ပွန်းတို့ပြုကြသည့်အမှုတွေပြုကြသည်။ ထိုဘုရားလက်ထက်ကတောင် အမျိုးသမီးများ သိမ်ထဲမှနေခွင့်ပြုသေးတယ်ဆိုရင် ဒီခေတ်မှာ သိမ်ထဲ အမျိုးသမီးများမဝင်ရဟုသောတားမြစ်ချက်သည် ပုဂ္ဂိုလ်ရေးဆန်သော ဆက်ဆံမှုသာဖြစ်သည်။ သိမ်ထဲဝင်ခြင်းကြောင့် ဘာမှ မဖြစ်ပါဟု ယူဆပါသည်။ သိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲ ဖြစ်ဖြစ် ဘုရားမှာပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရဟန်းပဲဖြစ်စေ အကုသိုလ်စိတ်နှင့် ဝင်ရင် သွားရင်တော့ အပြစ်ရှိသလို ကောင်းတဲ့စိတ်နဲ့သွားရင်တော့ ကုသိုလ်တွေ ရမှာအမှန်ပင် ဖြစ်ပါသည်။

တချို့က ဘုရားကျောင်းသိမ်တွေမှာ အမျိုးသမီးများ မဝင်ရခြင်းသည်အမျိုးသမီးများက ဘုန်းကံ မရှိသောကြောင့်ဟု ယူဆထားကြသည်။တကယ်တော့ ထိုအယူအဆ မမှန်ကန်ဟုဆိုရပါမည်။ အမျိုးသမီးရဟန်းမများထွန်းကားသည့်အချိန်အခါက အမျိုးသမီးများကိုယ်တိုင် သိမ်ထဲဝင်ပြီးရဟန်းပြုကြသည်၊ ကံကြီးကံငယ်ပြုကြသည်၊ သူတို့ကိုယ်တိုင်ရဟန်းများပြုလုပ်နိုင်သည့် ကံကြီးကံငယ်များကို ပြုလုပ်နိုင်သည်မှာ ရဟန်းမဟုတ်သော အမျိုးသားများထက် ဘုန်းကံရှိနေသည်ဟု ဆိုရပေမည်။အမျိုးသမီးများနှင့်ဘုန်းကံအကြောင်း ဆက်လက် ဆွေးနွေးကြမည်။
အမျိုးသမီးများနှင့်ဘုန်းကံ
အမျိုးသမီးများသည် ယောက်ျားများထက် ဘုန်းကံနိမ့်တယ်ဆိုတဲ့အယူအဆနှင့်ပတ်သက်ပြီး ပြောရရင် သူများအတင်းပြောသလို ဖြစ်နေမယ်၊ တကယ်တော့ အမျိုးသားလဲ လူသား အမျိုးသမီးလဲ လူသားဆိုတော့ လူဖြစ်ဖို့ရန်ဘုန်းကံအတူပါလာတာခြင်း အတူတူပဲဖြစ်သည်။ သို့သော်လည်း ဘုန်းကံအနဲအများအပေါ် မူတည်ပြီး အမျိုးသား အမျိုးသမီး ကွဲပြားပေမဲ့ သာသနာအတွက်ရော လူမှုရေးအတွက် နိုင်ငံရေးအတွက်တွေပါအကျိုးပြုပေးနိုင်တာကတော့ တန်းတူ လုပ်နိုင်ကြသည်ဟု ယူဆမိပါသည်။ အကောင်း (positive view) အမြင်ကိုသာ ရေးချင်ပေမဲ့ မေးလာတဲ့သူရှိလာတော့ မေးခွန်းအရ ဘုန်းကံနိမ့်ခြင်းအကြောင်းကို စာပေမှာ ပြဆိုထားတဲ့ စကားအချို့နဲ့တင်ပြရပါလိမ့်မည်။

အဘိဓမ္မာ ၇ ကျမ်းတွင် အပါအဝင်ဖြစ်သည့် ဓမ္မသင်္ဂဏီပါဠိတော် အဋ္ဌကထာ (အဋ္ဌသာလိနီ) စာမျက်နှာ ၃၅၈-၃၅၉ တို့၌ ဣတ္ထိလိင်္ဂံ ဣတ္ထိနိမိတ္တံအဖွင့်မှာအမျိုးသမီးများနှင့် အမျိုးသားများ ခန္ဓာကိုယ်တည်ဆောက် ဖွဲ့စည်းပုံ အသွင်အပြင် မတူပုံနှင့် ထိုအသွင်အပြင်ဖြစ်ပေါ်လာရခြင်း၏အကြောင်းများကို ပြဆိုထားသည်။သရက်မျိုးစေ့ဗီဇကြောင့် သရက်ပင်အသွင်သဏ္ဌာန်ဖြစ်လာရသလိုအမျိုးသမီးပုံသဏ္ဌာန် ဖြစ်လာရခြင်းကလည်း ထိုအသွင်သဏ္ဌာန်ကို ဖြစ်စေပဋိသန္ဓေမျိုးစေ့ကြောင့်ဖြစ်သည်။ ဒါကို စာက ကမ္မဇ (ကံကြောင့်) ဟု ခေါ်သည်။ အမျိုးသားများကိုလည်း ထိုနည်းအတူမှတ်လေ။
တခါက သောရေယျအမျိုးသား အလွန်ချောမောလှပသော အရှင်မဟာကစ္စာယန ရဟန္တာမထေရ်ကို မြင်ပြီး အယောနိသောမနသိကာရ (မကောင်းတဲ့စိတ်ကူး) ဖြစ်မိသည်၊ ဒီလောက်လှတဲ့သူ ငါ့မိန်းမဖြစ်ရင် ဘယ်လောက်ကောင်းမလဲဟု အတွေးစိတ်ဝင်လာတဲ့အမျှ ထိုသောရေယျသူဋ္ဌေးသား သူ၏အမျိုးသားအင်္ဂါများပျောက်ကွယ်သွားပြီးအမျိုးသမီးအင်္ဂါပေါ်ပေါက်လာခဲ့သည်၊ (ဓမ္မပဒအဋ္ဌကထာ သောရေယျဝတ္ထု)။ တခါက ရဟန်းမတစ်ယောက်သည်လည်း အမျိုးသမီးအင်္ဂါများပျောက်ကွယ်သွားပြီး အမျိုးအင်္ဂါများပေါ်ပေါက်လာသည်၊ဘုရားရှင်အားလျှောက်ထားသောအခေါ ဘုရားရှင်က ရဟန်းတော်များ နေသောကျောင်းသို့ ရွှေ့ထားပေးခဲ့ရဖူးသည်။ (ပါရာဇိကဏ်ပါဠိတော်-၄၃)။

ထိုကဲ့သို့ အမျိုးသမီးလိင် (ဣတ္ထိလိင်္ဂ)နှင့် အမျိုးသားလိင် (ပုရိသလိင်္ဂ)နှင့်ပတ်သက်ပြီး ဓမ္မသင်္ဂဏီအဋ္ဌကထာက ဤကဲ့သို့ဆိုထားသည်၊ ‘‘အမျိုးသားလိင် သည် မြတ်၏ (ဥတ္တမ)၊ အမျိုးသမီးလိင်သည် ညံ့၏ (ဟီန)ဟု ဆိုထားသည်။သောရေယျသူဋ္ဌေးသားကဲ့သို့သော အမျိုးသား လိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အလွန်အားကောင်းသော အကုသိုလ် (ဗလ၀ အကုသလ) အစွမ်းကြောင့် ဖြစ်သည်။ အမျိုးသမီးလိင်အင်္ဂါ ရရှိခြင်းသည်ကား အနဲငယ်သော ကုသိုလ် (ဒုဗ္ဗလ ကုသလ) အစွမ်းကြောင့် ဖြစ်သည်ဟု ဆိုထားသည်။ တဖန် အထက်ပါ ဘိက္ခူနီမကဲ့သို့အမျိုးသမီးလိင်အင်္ဂါ ပျောက်ကွယ်သွားခြင်းသည် အနဲငယ်သော အကုသိုလ် (ဒုဗ္ဗလ အကုသလ) အစွမ်းကြောင့် ဖြစ်သည်၊အမျိုးသားလိင်အင်္ဂါပေါ်ပေါက်လာခြင်းသည် အလွန်စွမ်းအားကြီးသော ကုသိုလ် (ဗလ၀ ကုသလ) ကြောင့် ဖြစ်သည်ဟု ပြထာသည်။အကျဉ်းချုပ်သော် ၂ မျိုးလုံး ကွယ်ပျောက်ခြင်းသည် အကုသိုလ် အနဲအများကြောင့် ဖြစ်သလို ပေါ်ပေါက်လာရခြင်းကလဲ ကုသိုလ် အနဲအများကြောင့် ဖြစ်ရသည်။

ထိုအဋ္ဌကထာဆရာ၏အဆိုများအရ- အမျိုးသမီးများသည် အမျိုးသားများထက်အကုသိုလ်ကြီးခဲ့သလို ကုသိုလ်ကံတွေ နဲခဲ့သော ကြောင့်အမျိုးသမီးဖြစ်ရသည်ဟုဆိုသည့်အတွက် ဘုန်းကံလဲ နဲသည်ဟု ဆိုရပေမည်။ဘုန်းကံဆိုသည်မှာ ကုသိုလ်ကံကိုဆိုလိုပါသည်။
အမျိုးသမီးများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကိုက အမျိုးသားများကဲ့သို့ပေါ့ပါးမှုမရှိ၊ လွတ်လပ်မှုမရှိသည့် အပြင် ယောက်ျားများထက် သီးခြားကိုယ်ဝန်ဆောင်ရခြင်း၊ သားမွေးရခြင်း၊ ဥတုလာခြင်း စတဲ့ဒုက္ခများသည်ယောက်ျားများထက် ဘုန်းကံနဲပါးခြင်းဆိုတဲ့ လက္ခဏာများရှိနေသည့်အတွက် စာနာထောက်ထားသင့်သည်။
အမျိုးသမီးများအခွင့်အရေး
မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့သာသနာ့ဝန်ထမ်းများ ဖြစ်ခွင့်ရှိသည်၊ ဘုရားရှင်၏ လကျ်ာလက်ဝဲများဖြစ်ခွင့်ရှိသည်၊ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ်ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ တန်ခိုးအရာဝယ် ဥပ္ပလဝဏ်ထေရီနှင့် တခြား ဓမ္မကထိကအရာ ဓမ္မဒိန္နာထေရီနှင့် ဝိနည်းဆောင်အရာမှာ ပဋာစာရီစသော အမျိုးသမီးရဟန်းမများကဲ့သို့ အမျိုးသားများနည်းတူ ရာထူးများ ရရှိကြသည်။ မဂ် ဖိုလ် နိဗ္ဗာန်ဝင်ရာမှာလဲ အမျိုးသားများကဲ့သို့ အမျိုးသမီးများလဲ ဝင်ရောက်နိုင်သည် ဖြစ်ရာကား သာသနာမှာ အမျိုးသား အမျိုးသမီးအဆင့်တူဟု ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးများအတွက် ဂရုဓမ် ၈ ပါးကား အမျိုးသားများကဲ့သို့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ မတူရာကား အန္တရာယ်များမှ ကာကွယ်ရန် သတ်မှတ်ထားသည်က လွဲ၍ အားလုံး ခံစားခွင့်တူသည်ဟု ဆိုရမည်။ သာသနာတော်မှာ အခွင့်တူခံစားမှု ရှိေသော်လည်း အမျိုးသားများကသာဖြစ်ခွင့်ရှိပြီး အမျိုးသမီးများ ဖြစ်ခွင့်မရှိသော အရာများကား ရှိသေးသည်။

ဘုရား၊ ဗြဟ္မာ၊ စကြာဝတေးမင်း၊ မာနတ်မင်း၊ သကြားမင်းဟုသော ထိုနေရာများမှာ အမျိုးသမီးများ ဖြစ်ခွင့်မရှိ။ ‘‘ဘုရား ဗြဟ္မာ မင်းစြက်ာနှင့် မာရ သက္ကံ မိန်းမမှန် အမှန် မဖြစ်ရာ’’ ဟု ငယ်ငယ် သာမဏေကျော်တန်း ဝင်စဉ်က ရဖူးသည် ကဗျာဆောင်ပုဒ်ဖြစ်သည်။ (အင်္ဂုတ္တရနိကာယ် ပထမအုပ်)။

အဋ္ဌသာလိနီတွင် ဘုရားဖြစ်ဖို့ရန် ပြည့်စုံရမည့်အချက်ထဲမှာ လိင်္ဂသမ္ပတ္တိဆိုတာပါသည်၊ ဆိုလိုသည်မှာ ယောက်ျားလိင်အင်္ဂါရှိရမည်ဟု ဆိုသည်။ ‘‘မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ’’။ ဗုဒ္ဓဝံသ-၂-၅၉ နှင့် အဋ္ဌသာလိနီ ဗုဒ္ဓဝင်အခန်းမှာ လေ့လာနိုင်ပါသည်။
အမျိုးသမီးနှင့်အကုသိုလ်
ကုသိုလ် အကုသိုလ်တို့သည် လူတစ်ယောက်၏ ဘုန်းကံများဟုခေါ်သည်။ထို့ကြောင့် လူတစ်ယောက်၏ ဘုန်းကံကြီးခြင်း ဘုန်းကံနဲခြင်းကို ကုသိုလ် အကုသိုလ်ကံတို့၏ အနဲအများဖြင့် ဆုံးဖြတ်ကြသည်။ ဘုန်းကံကြီးသူသည်ကုသိုလ်ကံကြီးသူများဖြစ်ပြီး အကုသိုလ်ကံ နဲသူများဖြစ်သည်။ဘုန်းကံနဲခြင်းဆိုသည်မှာ ကုသိုလ်ကံနဲပါးခြင်းနှင့် အကုသိုလ်ကံများပြားခြင်းဖြစ်သည်။

ဗလ၀ အကုသလ ဝသေန - များစွာသော အကုသိုလ်အစွမ်းကြောင့်အမျိုးသမီးဖြစ်ရတယ်ဆိုတော့ အမျိုးသမီးများက အမျိုးသားများထက်အကုသိုလ်အဖြစ်များသလား? မေးစရာရှိလာသည်။

တခါက အနုရုဒ္ဓါမထေရ်ကြီး ဘုရားထံရောက်လာပြီး ‘‘အရှင်ဘုရား-တပည့်တော်နတ်မျက်စိနှင့် အမျိုးသမီးတွေ ငရဲကျရောက်နေတာကို တွေ့နေရပါတယ်ဘုရား၊ အဘယ့်ကြောင့် ဒီလိုဖြစ်ရပါသလဲဘုရား’’ မေးလျှောက်သော အခါ

ဘုရားရှင်က ‘‘အနုရုဒ္ဓါ အမျိုးသမီးတွေ ငရဲရောက်နေကြတယ်ဆိုတာ အချက်သုံးချက်နှင့် တစ်နေကုန် နေနေကြလို့ဖြစ်တယ်။ အဲဒီ ၃ ချက်က---
၁။ နံက်ပိုင်းမှာ- အမျိုးသမီးတွေက မစ္ဆရိယစိတ်တွေနဲ့ နေကြတယ်။
၂။ နေ့လည်ပိုင်းမှာတော့- ဣဿာ စိတ်နဲ့ နေကြတယ်။
၃။ ညနေပိုင်းမှာတော့- ရာဂစိတ်နဲ့ နေကြတယ်။
‘‘နံနက် မစ္ဆေ နေ့လည် ဣဿာ ညနေ ရာဂ’’ ဆိုတဲ့ ငယ်ငယ်က ရထားတဲ့ဆောင်ပုဒ်တစ်ပိုင်းတစ်စလေး ဖြစ်ပါတယ်။
(အင်္ဂုတ္တိုရနိကာယ်၊ ပထမအနုရုဒ္ဓါသုတ်၊ နှာ ၂၈၅)။

ဤသုတ်တော်က အမျိုးသမီးများက အမျိုးသားများထက် အကုသိုလ်စိတ် အဖြစ်များတယ်၊ ဖြစ်ချိန် ပိုများတယ်ဆိုတာ ပြဆိုခြင်းပဲ ဖြစ်သည်။ နံက် အိပ်ယာထ မိုးလင်းတာနဲ့ ကိုယ့်ပိုင်ဆိုင်မှုအပေါ်မှာ မစ္ဆရိယစိတ် စဖြစ်တယ်လို့ ဆိုတယ်၊ နေ့လည်ပိုင်းရောက်လာတော့ သူတစ်ပါးပိုင်ဆိုင်မှု အောင်မြင်မှုပြည့်စုံမှုအပေါ်မှာ ဣဿာစိတ်ဖြစ်တတ်တယ်ဟုဆိုသည်၊ ထို ဣဿာအကြောင်းကို စာရေးသူ၏ဆိုက်တွင် လောကအဖျက်တရား အပိုင်း(၁)တွင် အကျယ်တဝန့်ပြဆိုထားပြီး မစ္ဆရိယအကြောင်းကိုတော့ လောကအဖျက်တရား အပိုင်း (၂) တွင် ဖော်ပြီးဖြစ်ရကား ထိုပို့စ်များကို လေ့လာနိုင်ပါသည်။ ညပိုင်းတွင် အမျိုးသမီး ရာဂစိတ်ပိုဖြစ်တယ်ဟု ဆိုသည်။

စာရေးသူ၏အယူအဆ မဟုတ်ပါ၊ ဘုရားဟောများကိုသာ ထုတ်ဖော်ပြခြင်းပဲ ဖြစ်သည်။ သို့သော်လည်း ကုသိုလ်ကောင်းမှုပြုနေကြသူများကလဲ အမျိုးသမီးများပင်ဖြစ်သည်၊ စာရေးသူ၏ပညာရေးကို ထောက်ပံ့သူများကားလဲ အမျိုးသမီးက ခက်များများပင်ဖြစ်သည်။ ထို့ကြောင့် နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး ၅၀၀ ဆိုတော့နတ်ပြည်အရောက်များသူတွေကလဲ အမျိုးသမီးများပင်ဖြစ်သည်။ ထိုသုတ်အဆိုအရ ထိုအင်္ဂါ၃ ရပ်ဖြင့် အဖြစ်များသူများကို ရည်ရွယ်သည်၊ အမျိုးသမီးအားလုံးကို မဆိုလို၊ ဖြစ်တတ်တဲ့သဘောကို ဆိုလိုသည်၊ ငရဲကျရောက်နေသော အမျိုးသမီးများကိုသာ ဆိုလိုပါသည်။ ငရဲကျရောက်တတ်တယ်ဟုဆိုသည်။ တော်ကြာ အမျိုးသမီးထုက ဒီလိုပြောရမလားဆိုပြီး စာရေးသူ ပါးစပ်ပေါက် ပိတ်သွားနိုင်သည်။

နတ်ပြည်ရောက်သူ အရေအတွက်ကြည့်ပြန်တော့ အမျိုးသမီးများက ကောင်းရာဘုံကို အဖြစ်များသလိုဖြစ်သည်အတွက် ကောင်းမှုပြုသူများသည်ဟုလည်း ဆိုနိုင်သည်။ သို့သော်လည်း အမျိုးသမီးဘဝကနေ တိုက်ရိုက်အနေနဲ့ ဘုရားအဖြစ် သကြားမင်း လူမင်း နတ်မင်း ဗြဟ္မာ အဖြစ်ကိုတော့ မရနိုင် အမျိုးသားဘဝရောက်အောင်ကောင်းမှုပြု အမျိုးသားဘဝဖြစ်ချင်သည့်ဆန္ဒဖြင့် ဆန္ဒပြုကြရသည်။ ထိုအမျိုးသားဘ၀ ရရှိပြီးမှသာ ဘုရား သကြားစတဲ့ ဘဝမျိုးများကို ရနိုင်မည်ဖြစ်ပါသည်။ ဘုရားရှင်၏ မယ်တော်သည်ပင် သန္တုသိတ နတ်သား ဖြစ်ခဲ့သည်ကို သတိပြုသင့်ပေသည်။ အရှင်အာနန္ဒာသည် မိန်းမဖြစ်ခဲ့တဲ့ဘဝတွေ များစွာရှိခဲ့သည်။ ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာစတဲ့ သာဝကကြီးများသည်လည်း လူသားထက် ဘုန်းကံနိမ့်သည့် တိရစ္ဆာန်ဘဝတို့ဖြင့် များစွာကျင်ခဲ့ရသည်တို့ကို ထောက်ဆ၍ ဘုရားဖြစ်ဖို့ သာဝကကြီးများဖြစ်ဖို့ ဘဝအမျိုးမျိုး ဘုန်းကံအမျိုးမျိုးတို့ဖြင့် သံသရာကို ဖြတ်သန်းပြီးမှ ဘုရားအဖြစ်၊ သာဝကကြီးများအဖြစ်ကြရသည်ကို ထောက်ဆလျင် အမျိုးသမီးများလဲ ပစ္စုပ္ပန် လက်ရှိဘဝမှာ ဘုရားအဖြစ်ကို မရနိုင်ပေမဲ့ ဘုရားလောင်းနှင့် သာဝကလောင်းကြီးများနည်းတူ ပါရမီများ ဖြည့်ပြီး ဘုရားအဖြစ် သာဝက (အမျိုးသား)ကြီးများအဖြစ်ကို ရနိုင်ပါသည်။ ဤကား အမျိုးသမီးများမဖြစ်နိုင်သည့်အရာများကို ရနိုင်သည့် အခွင့်လမ်းဖြစ်သည်။

ဖေ့ဘုတ်မှာတင်ထားတဲ့ ချစ်စရာအမျိုးသမီးငယ်လေးများ၏ ဘုန်းကံ
ယနေ့ခေတ်အမျိုးသမီးများ
ခန္ဓာကိုယ်ဖွဲ့စည်းပုံသည်သာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာသည်သာအမျိုးသားများထက် နိမ့်နေသည်ဆိုစေကာမူ စိတ်ဓာတ်ရေးရာ အသိပညာပိုင်းဆိုင်ရာမှာကား အဆင့်တူဟု ဆိုနိုင်သည်။ ထို့ကြောင့် သာသနာမှာအမျိုးသားများကဲ့သို့ ရာထူးများရသည်၊ မဂ် ဖိုလ် နိဗ္ဗာန်ဝင်နိုင်သည်။

ယနေ့ခေတ်မှာ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းနေရာများမှာ အမျိုးသမီးများနေရာယူလာသည်၊ တိုင်းပြည်၏ခေါင်းဆောင်များဖြစ်လာကြသည့်အတွက် ပြည်သူများ အလေးပေးဆက်ဆံရမည့် သူများဖြစ်လာကြသည့်အတွက် လုပ်ရည်ကိုင်ရည် နှလုံးရည်များ တန်းတူ ရှိလာနိုင်သည်ဟု ဆိုနိုင်ပါသည်။
ဤသို့အားဖြင့် အမျိုးသမီးများ ဘုန်းကံနိမ့်သည်ဟု အထင်အမြင်ဖြင့်အမျိုးသမီးများကို အထင်မသေးသင့်။
ဒကာတော် နောင်နောင်ရေ--မောင်ရင်ရဲ့ အမေးကို ဘုန်းဘုန်းတတ်နိုင်သလောက်ဤမျှလောက်ဖြင့်စုစည်းတင်ပြလိုက်ရပါသည်။ ကျေနပ်မှုမရှိသေးပါက ရှေ့ဆက်ပြီး လေ့လာနိုင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရတနာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top