×

ျမင့္ျမတ္သည့္ရဟန္းဘဝကုိ စြန္႔လႊတ္ကာ လူထြက္ၿပီး မိန္းမယူခဲ့သည့္ ေမတၱာရွင္(ေရႊျပည္သာ)သည္ ယခုအခါဇနီးျဖစ္သူႏွင့္ ပုိင္ဆုိင္မႈကိစၥျပႆနာ ျဖစ္ေနသည္။ ဇနီးျဖစ္သူက ေျမကြက္မ်ားႏွင့္ တုိက္ခန္းအပါအဝင္ ပစၥည္း ၁ဝ မ်ဳိး ကုိ ပရဟိတအဖြဲ႕အစည္း ၁ဝ ဖြဲ႕အား ေမတၱာရွင္(ေရြျပည္သာ) သေဘာတူပါက လွဴဒါန္းသြားမည္ဟု သတင္းစာတြင္ ေၾကညာခဲ့သည္။

အဆုိပါကိစၥႏွင့္ပတ္သက္၍ ေမတၱာရွင္(ေရႊျပည္သာ)က သေဘာမတူဟု သိရသည္။ မည္သည့္အတြက္ေၾကာင့္ သေဘာမတူသနည္း။ ထုိ႔ျပင္ လင္မယားႏွစ္ဦး၏ ပုိင္ဆုိင္မႈခြဲေဝျခင္းကုိ မည္ကဲ့သုိ႔ ဆက္လက္ေဆာင္ရြက္သြားမည္မ်ားႏွင့္ပတ္သက္၍ ဦးစုိးျမင့္(ခ) ေမတၱာရွင္ (ေရႊျပည္သာ)ႏွင့္ ေတြ႕ဆုံေမးျမန္းခဲ့မႈမ်ားကုိ ေဖာ္ျပလုိက္ပါသည္။

Speaker ။ ။ ေဒၚဆက္မီလြင္က ေျမကြက္နဲ႔တုိက္ခန္း ၁ဝ ခုကုိ ပရဟိတအဖြဲ႕ ၁ဝ ဖြဲ႕ကုိ ဆရာသေဘာတူရင္ လွဴမယ္လုိ႔ သတင္းစာမွာ ေၾကညာတယ္။ အဲဒီပစၥည္း ၁ဝ ခုက ဆရာတုိ႔ အိမ္ေထာင္မက်ခင္လား၊ အိမ္ ေထာင္က်ၿပီးမွ ပုိင္ဆုိင္ၾကတာလား။
ေမတၱာရွင္ (ေရႊျပည္သာ)

MTS ။ ။ ဆရာစာအုပ္ထုတ္ေဝေရး လုပ္လာတာ ႏွစ္ေပါင္း ႏွစ္ဆယ္နီးပါး ရွိပါၿပီ။ ဆရာ့စာအုပ္ေတြက အရင္တုန္းက တစ္အုပ္ကုိ ႏွစ္ေသာင္း၊ သုံးေသာင္း ႐ုိက္ရတာ။ ဒါ့အျပင္ ဆရာ့ညီ ဦးစုိးတင့္ (ညီေမတၱာ)က အားကုိးရတယ္။ စာအုပ္ထုတ္ေဝေရးလုပ္ငန္းကုိ သူဦးေဆာင္ၿပီးေတာ့ လုပ္တယ္။ ၿပီးေတာ့သူက အဲဒီစာအုပ္ေရာင္းလုိ႔ ရတဲ့ေငြနဲ႔ ေျမကြက္ေတြ အေရာင္းအဝယ္လုပ္တယ္။ ကားေတြ အေရာင္းအဝယ္လုပ္တယ္။ အဲဒီကရတဲ့ ဟာေတြနဲ႔ ဝယ္ထားတာပါ။ ဆရာက ရဟန္းဘဝဆုိေတာ့ ေငြမကုိင္ပါဘူး။ သူပဲ စီမံခန္႔ခြဲေပးခဲ့တာပါ။ ဆရာ လူ႔ဘဝေရာက္ေတာ့ ဆရာ့ကုိ ျပန္လႊဲေပးခဲ့တာပါ။ ဒီပစၥည္း ေတြကုိ ဆရာလွဴဖုိ႔မ်ားပါတယ္။ အခုသူေျပာတဲ့ ေျမကြက္နဲ႔ တုိက္ခန္းက ၁ဝ မ်ဳိးေနာ္။ ဆရာက မအူပင္က အမ်ဳိးသမီး ပရဟိတ ေဂဟာအတြက္ ေျမကြက္ ၁၃ ဧကေလာက္ လွဴခဲ့ဖူးတယ္။ လွဴတဲ့ ကိစၥကေတာ့ သူေျပာစရာေတာင္ မလုိပါဘူး။ စိတ္ထဲမွာ ဘယ္လုိျဖစ္ေနလဲဆုိေတာ့ ဓမၼက ထိကဆရာေတာ္က တရားေဟာၿပီးရင္ သူရတဲ့ ဓမၼပူဇာကုိ သူ႔စိတ္ႀကိဳက္ လွဴခ်င္တာေပါ့။ တခ်ဳိ႕က ဓမၼကထိကကုိ မေျပာဘဲနဲ႔ ဥပမာ ဓမၼပူဇာ ၁ဝ သိန္း ရရင္ ခုနစ္သိန္း ေလာက္ပဲေပးၿပီး က်န္တာေတြ တပည့္ေတာ္ ဘယ္ေနရာ လွဴလုိက္တယ္ဆုိရင္ ဘယ္လက္ခံႏုိင္မလဲ။ အခုလဲ အဲဒီလုိ ျဖစ္ေန တာေပါ့။ တကယ္ေတာ့ ဒီပစၥည္းေတြက သူနဲ႔ ဘာမွမဆုိင္ဘူး။ မယားျဖစ္လုိ႔သာ ေျပာေနတာ။ ဒီပစၥည္းေတြက ဆရာ့နာမည္နဲ႔ပါ။ လင္မယားႏွစ္ေယာက္ ပုိင္ဆုိင္မႈခြဲၿပီးရင္ သူရတာ သူလွဴေပါ့။ အခုကိစၥ ဆရာ သေဘာမတူတဲ့အေၾကာင္း သူ႔ဆီကုိ စာတုိက္ကေန စာပုိ႔ဖုိ႔လုပ္ေနတာ။ သတင္းစာထဲေတာ့ မထည့္ေတာ့ပါဘူး။

Speaker ။ ။ ကြာရွင္းဖုိ႔ တရား႐ုံးကုိ ကြာရွင္းခြင့္တင္ထားတယ္လုိ႔ ၾကားတယ္။ ဘယ္အေျခအေန ေရာက္ေနၿပီလဲ။

MTS ။ ။ တရားဝင္ ကြာရွင္းၿပီးရင္ေတာ့ ပစၥည္းေတြ ျပန္ခြဲရမွာေပါ့။ သူ႔ဘက္ကေတာ့ ကြာရွင္းခြင့္ေတာင္းတာကုိ ေရွာင္ေနတယ္။ ဆရာ့ကုိ သူက တရားစြဲထားေသးတယ္။ ရဲတင္းနဲ႔ ဗီ႐ုိေတြခြဲတဲ့ကိစၥ။ ဆရာက လူကုိ မလုပ္ပါဘူး။ ပစၥည္းပဲ ခြဲတာပါ။ သူက ဆရာ့ကုိ ႐ုိက္လုိက္ေတာ့ လက္ေမာင္းမွာ ဒဏ္ရာေတာင္ ရသြားေသးတယ္။ သူကက်ေတာ့ ထိခုိက္နာက်င္ေအာင္ လုပ္မႈ၊ အက်ဳိးစီးပြား ဖ်က္ဆီးမႈ၊ ထိခုိက္နာက်င္ေအာင္ လုပ္မႈေတြနဲ႔ ေထာင္ ႏွစ္ႏွစ္ က်ေအာင္ စြဲတာ။ အခု ရင္ဆုိင္ေနရတာ ေလးလေလာက္ရွိၿပီ။ သူက ႐ုိက္ၿပီး သူက စြဲထားတာ။ ကုိယ့္ဝဋ္ေၾကြးေပါ့ေလ။

Speaker ။ ။ ရဟန္းဘဝကေန လူထြက္ၿပီးေတာ့ မိန္းမ ယူတယ္။ အခုျပႆနာေတြ ျဖစ္တယ္။ ရဟန္းဘဝကုိ စြန္႔ၿပီးေတာ့ အခုလုိ ျဖစ္ပ်က္ေနတာေတြအတြက္ ေနာင္တရမိလား။

MTS ။ ။ ကုိရင္ဘဝနဲ႔ ခုနစ္ဝါ၊ ရဟန္းဝါနဲ႔ ၃ဝ။ အားလုံး ဆုိ ၃၇ ႏွစ္ေလာက္ေနခဲ့တဲ့ ဘဝႀကီးဆုိေတာ့ လူထြက္တဲ့ေန႔မွာဆုိ ေအာ္ငုိပစ္ခ်င္စိတ္ေပါက္တာ လူေတြက တစ္ေယာက္တစ္မ်ဳိးဆီ ႐ူးေနၾကတာေလ။ ဆရာက အ႐ူး။ သူ ဆရာ့ကုိ စာေပနဲ႔ခ်ဥ္းကပ္လုိ႔ ဆရာပါသြားတာ။ စင္ကာပူႏုိင္ငံသားတစ္ေယာက္နဲ႔ အဂၤလန္ႏုိင္ငံ သားတစ္ေယာက္နဲ႔ေရာ Living together ေနခဲ့ဖူးတာ ဆရာ့ကုိ သူေျပာျပတယ္။ ဆရာက မလိမ္တတ္ဘူး။ သူက လိမ္တယ္။

Speaker ။ ။ ကေလးႏွစ္ေယာက္အတြက္ ဆရာဘာေတြ ျပင္ဆင္ထားလဲ။
ေမတၱာရွင္ (ေရႊျပည္သာ)

MTS ။ ။ မပူပါဘူး စာေရးမယ္။ စာအုပ္ထုတ္ေဝေရး လုပ္မယ္။ စာအုပ္ေရာင္းမယ္။ သားအဖ သုံးေယာက္ ေအးေအးေဆးေဆး ေနလုိ႔ထုိင္လုိ႔ ရမယ္ထင္ပါတယ္။ သူကေတာ့ အရင္တုန္းက အိမ္ေထာင္ႏွစ္ဆက္ က်ဖူးတယ္။ သူ႔ကုိယ္သူပဲ အာ႐ုံစုိက္တယ္။ အဂၤလန္ႏုိင္ငံသား ခံယူထားေတာ့ အခ်ိန္တန္ရင္ အဂၤလန္ျပန္မယ္ ထင္တယ္။

Speaker ။ ။ အခု ဘာစာအုပ္ေတြ ေရးေနလဲ။

MTS ။ ။ အခု အသာခံျခင္းနဲ႔ အနာခံျခင္း (တတိယတြဲ) ေရးေနတယ္။ ဆ႒မတြဲအထိ ထြက္ဖုိ႔ရွိတယ္။ ျမန္မာျပည္ အတြက္ လုိအပ္လုိ႔ေရးေနတာ။ စီးပြားေရး၊ လူမႈေရး၊ ဘာသာေရး အားလုံးကုိ ၾကည့္လုိက္ရင္ အမ်ားစုက အသာစံဖုိ႔ အနာခံဖုိ႔ဆုိ အသာပဲ ခံခ်င္ၾကတယ္။ ကုိယ့္ဘက္က အနစ္နာခံတဲ့စိတ္ နည္းတယ္။ အဲဒါဆုိ ဒီႏုိင္ငံ မတုိးတက္ဘူး။ အနာခံတဲ့ ပုဂၢိဳလ္ေတြ ေပၚလာဖုိ႔လုိတယ္။ ၿပီးခဲ့တဲ့ ၁ဝ ႏွစ္ထဲက ဒီစာအုပ္ေရးဖုိ႔အတြက္ အခ်က္အ လက္ေတြ စုခဲ့တာ။ လူထြက္ၿပီး ခါစတုန္းက ဆရာ့စာ အုပ္ေတြ ေရာင္းအားက်သြားတယ္။ အခုေတာ္ေတာ္ ျပန္ ဖတ္လာၾကပါတယ္။ ျမန္မာျပည္မွာ အေရာင္းရဆုံး စာေရးဆရာ စာရင္းထဲမွာ ဆရာပါပါတယ္။

Speaker ။ ။ ဆရာလူထြက္ျဖစ္ခဲ့တဲ့ အေၾကာင္းရင္းထဲ မွာ ကမၻာသိ ဂႏၳဝင္ဝတၴဳစာအုပ္ႀကီးတစ္အုပ္ ေရးခ်င္လုိ႔ ဆုိၿပီး အရင္က ေျပာခဲ့ဖူးတယ္။ အခု ဘယ္အေျခအေန ေရာက္ေနၿပီလဲ။ စၿပီးေတာ့ ေရးေနၿပီလား။

MTS ။ ။ တခ်ဳိ႕ေတြကလည္း ဒီစာအုပ္ေရးခ်င္တာမ်ား ဘုန္းႀကီး ဘဝနဲ႔ ေရးလည္း ရတာပဲဆုိၿပီး ေျပာၾကတာေတြ ရွိပါတယ္။ သူတုိ႔ လည္း သူတုိ႔ျမင္သေလာက္ ေျပာၾကတာေလ။ ႐ုိး႐ုိးဘာသာေရး စာအုပ္ဆုိရင္ေတာ့ ဟုတ္ပါတယ္။ သူတုိ႔ေျပာသလုိ ေရးလုိ႔ရပါတယ္။ ဘာမွမခက္ခဲပါဘူး။ ဆရာေရးမွာက ဘာသာေရးစာအုပ္မဟုတ္ဘူး။ ဘာသာေရး စာအုပ္က ေဘာင္က်ဥ္းတယ္။ ေျပာခ်င္တာက ဘာသာေရး စာအုပ္အေန နဲ႔ေရးရင္ ဗုဒၶဘာသာေလာက္ပဲ ဖတ္မယ္။ ဝတၴဳအေနနဲ႔ေရးမွာ ဆရာျမသန္းတင့္ ဘာသာျပန္တဲ့ စစ္ႏွင့္ၿငိမ္းခ်မ္းေရးလုိ ဝတၴဳမ်ဳိးေရးမွာ။ ေတာ္စတြိဳင္းက အဲဒီစာအုပ္ေရးတာ ငါးႏွစ္ေက်ာ္ ၾကာတာ။ ဘာသာျပန္တဲ့ ဆရာျမသန္းတင့္က ရွစ္ႏွစ္ေက်ာ္ ၾကာတယ္။ အဲဒီလုိ စာအုပ္မ်ဳိးေရးမွာ။ အဲဒီအတြက္ အခ်ိန္ေပး ရမယ္။ ဆရာကုိယ္တုိင္ ဂႏၳဝင္ဝတၴဳႀကီးေတြကုိ ျပန္ဖတ္ရတယ္။ အရင္တုန္းက ဖတ္ခဲ့တာက အရသာခံၿပီး ဖတ္ခဲ့တာ။ အခုဖတ္တာၾကေတာ့ ေရးဖုိ႔ဖတ္တာဆုိေတာ့ ေရးပုံေရးနည္းပါ သိေအာင္ တစ္ေခါက္ျပန္ဖတ္ရမယ္။ ဖတ္တဲ့အခ်ိန္ကုိက ေလး၊ ငါးႏွစ္ေလာက္ ယူရမယ္။ ေရးတဲ့အခ်ိန္က ငါးႏွစ္ေလာက္ယူရမယ္။ အနည္းဆုံး စာ အုပ္ၿပီးဖုိ႔ ၁ဝ ႏွစ္ေလာက္ ၾကာဦးမယ္။ ဆရာက ၁၆-၂-၆၅ မွာ ေမြးတယ္။ ၆၅ ခုႏွစ္ကေန ၂ဝ၁၈ ခုႏွစ္အထိ ႏုိင္ငံေရးေတြ အကုန္ပါမယ္။ ဆုိးတဲ့ေကာင္ေတြ အ ေၾကာင္း ဆုိးသလုိ ေရးမယ္။ ေကာင္းတဲ့သူေတြအေၾကာင္း ေကာင္းသလုိေရးမယ္။ ဆရာ့ဝတၴဳကုိ ဖတ္လုိက္ရင္ ျမန္ မာျပည္အေၾကာင္း အကုန္သိသြားမယ္။ ၿပီးရင္ ျမန္မာလုိ အရင္ထုတ္မယ္။ ၿပီးရင္ အဂၤလိပ္လုိေရာ၊ ျမန္မာလုိေရာ ကြၽမ္းက်င္တဲ့သူကုိ ဘာသာျပန္ခုိင္းၿပီးေတာ့ တစ္ကမၻာလုံးကုိ ျဖန္႔မယ္လုိ႔ စဥ္းစားထားတယ္။

Speaker ။ ။ ဆရာ ရဟန္းဘဝတုန္းက ရတဲ့အလွဴေငြေတြနဲ႔ ေရႊျပည္သာစာေပကုိ တည္ေထာင္ခဲ့တာလား။ တခ်ဳိ႕က ရဟန္း ဘဝက ရွာထားတဲ့ ပုိက္ဆံေတြနဲ႔ မိန္းမ ယူလုိက္တယ္ဆုိၿပီး ေျပာေနၾကတာ ရွိေတာ့ ရွင္းေအာင္ ေမးရတာပါ။

MTS ။ ။ ဆရာ ရဟန္းဘဝတုန္းက ဝင္ေငြႏွစ္ခုရွိတယ္။ တရားေဟာလုိ႔ရတဲ့ ဝင္ေငြနဲ႔ စာအုပ္ေရာင္းလုိ႔ရတဲ့ ဝင္ေငြေပါ့။ စာအုပ္ေရာင္းလုိ႔ရတဲ့ ေငြအမ်ားစုကုိ လူ႔ဘဝမွာ ျပန္သုံးပါတယ္။ ဟုိကေတာ့ နည္းနည္းကပ္ပါရင္လည္း ပါမွာေပါ့ေလ။ စာအုပ္ေရာင္းလုိ႔ရတဲ့ ေငြနဲ႔ပဲ စာေပတုိက္ တည္ေထာင္တယ္။ ပုံႏွိပ္စက္ေတြ ဝယ္တယ္။ အလွဴအတန္းေတြ လုပ္ျဖစ္တယ္။ ေဒၚျဖဴျဖဴသင္းရဲ႕ HIV ေဂဟာ အတြက္ ေပ ၄ဝx၆ဝ ေျမကြက္ ေလးကြက္ လွဴျဖစ္တယ္။ မွတ္မွတ္ရရရွိတာ ေျပာျပတာပါ။ လွဴတာေတြကေတာ့ အမ်ားႀကီးပဲ။ အဲဒီေျမကြက္ဆုိ တစ္ကြက္ကုိ အဲဒီတုန္းက ေစ်းနဲ႔သိန္း ၄ဝဝ ေက်ာ္ေလာက္တန္တယ္။

Speaker ။ ။ ေနာက္ထပ္ အိမ္ေထာင္ျပဳဖုိ႔ စဥ္းစားထားေသးလား။

MTS ။ ။ ေတာ္ပါၿပီ။ အိမ္ေထာင္ျပဳဖို႔ အစီအစဥ္မရွိေတာ့ပါဘူး။ တစ္ေယာက္တည္းနဲ႔ ေၾကာက္သြားပါၿပီ။

Speaker ။ ။ ကေလးေတြနဲ႔ ေတြ႕ျဖစ္ေသးလား။

MTS ။ ။ ျပႆနာျဖစ္ၿပီးကတည္းက တစ္ခါမွ မေတြ႕ ေတာ့ဘူး။ ဖုန္းလည္း မေျပာရဘူး။ အခုေရွ႕ေနနဲ႔ေတာ့ တုိင္ပင္ထားတယ္။ ကေလးေတြ စိတ္ဒဏ္ရာမရေအာင္ တစ္ပတ္တစ္ခါေလာက္ ေတြ႕ခြင့္ရဖုိ႔ လုပ္ေနတယ္။
ေက်းဇူးတင္ပါတယ္။

နႏၵမ်ဳိးေဆာင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Speaker သတင္းဂ်ာနယ္

#Unicode Version#

မြင့်မြတ်သည့်ရဟန်းဘဝကို စွန့်လွှတ်ကာ လူထွက်ပြီး မိန်းမယူခဲ့သည့် မေတ္တာရှင်(ရွှေပြည်သာ)သည် ယခုအခါဇနီးဖြစ်သူနှင့် ပိုင်ဆိုင်မှုကိစ္စပြဿနာ ဖြစ်နေသည်။ ဇနီးဖြစ်သူက မြေကွက်များနှင့် တိုက်ခန်းအပါအဝင် ပစ္စည်း ၁ဝ မျိုး ကို ပရဟိတအဖွဲ့အစည်း ၁ဝ ဖွဲ့အား မေတ္တာရှင်(ရွေပြည်သာ) သဘောတူပါက လှူဒါန်းသွားမည်ဟု သတင်းစာတွင် ကြေညာခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မေတ္တာရှင်(ရွှေပြည်သာ)က သဘောမတူဟု သိရသည်။ မည်သည့်အတွက်ကြောင့် သဘောမတူသနည်း။ ထို့ပြင် လင်မယားနှစ်ဦး၏ ပိုင်ဆိုင်မှုခွဲဝေခြင်းကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်များနှင့်ပတ်သက်၍ ဦးစိုးမြင့်(ခ) မေတ္တာရှင် (ရွှေပြည်သာ)နှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။

Speaker ။ ။ ဒေါ်ဆက်မီလွင်က မြေကွက်နဲ့တိုက်ခန်း ၁ဝ ခုကို ပရဟိတအဖွဲ့ ၁ဝ ဖွဲ့ကို ဆရာသဘောတူရင် လှူမယ်လို့ သတင်းစာမှာ ကြေညာတယ်။ အဲဒီပစ္စည်း ၁ဝ ခုက ဆရာတို့ အိမ်ထောင်မကျခင်လား၊ အိမ် ထောင်ကျပြီးမှ ပိုင်ဆိုင်ကြတာလား။
မေတ္တာရှင် (ရွှေပြည်သာ)

MTS ။ ။ ဆရာစာအုပ်ထုတ်ဝေရေး လုပ်လာတာ နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိပါပြီ။ ဆရာ့စာအုပ်တွေက အရင်တုန်းက တစ်အုပ်ကို နှစ်သောင်း၊ သုံးသောင်း ရိုက်ရတာ။ ဒါ့အပြင် ဆရာ့ညီ ဦးစိုးတင့် (ညီမေတ္တာ)က အားကိုးရတယ်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို သူဦးဆောင်ပြီးတော့ လုပ်တယ်။ ပြီးတော့သူက အဲဒီစာအုပ်ရောင်းလို့ ရတဲ့ငွေနဲ့ မြေကွက်တွေ အရောင်းအဝယ်လုပ်တယ်။ ကားတွေ အရောင်းအဝယ်လုပ်တယ်။ အဲဒီကရတဲ့ ဟာတွေနဲ့ ဝယ်ထားတာပါ။ ဆရာက ရဟန်းဘဝဆိုတော့ ငွေမကိုင်ပါဘူး။ သူပဲ စီမံခန့်ခွဲပေးခဲ့တာပါ။ ဆရာ လူ့ဘဝရောက်တော့ ဆရာ့ကို ပြန်လွှဲပေးခဲ့တာပါ။ ဒီပစ္စည်း တွေကို ဆရာလှူဖို့များပါတယ်။ အခုသူပြောတဲ့ မြေကွက်နဲ့ တိုက်ခန်းက ၁ဝ မျိုးနော်။ ဆရာက မအူပင်က အမျိုးသမီး ပရဟိတ ဂေဟာအတွက် မြေကွက် ၁၃ ဧကလောက် လှူခဲ့ဖူးတယ်။ လှူတဲ့ ကိစ္စကတော့ သူပြောစရာတောင် မလိုပါဘူး။ စိတ်ထဲမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ ဓမ္မက ထိကဆရာတော်က တရားဟောပြီးရင် သူရတဲ့ ဓမ္မပူဇာကို သူ့စိတ်ကြိုက် လှူချင်တာပေါ့။ တချို့က ဓမ္မကထိကကို မပြောဘဲနဲ့ ဥပမာ ဓမ္မပူဇာ ၁ဝ သိန်း ရရင် ခုနစ်သိန်း လောက်ပဲပေးပြီး ကျန်တာတွေ တပည့်တော် ဘယ်နေရာ လှူလိုက်တယ်ဆိုရင် ဘယ်လက်ခံနိုင်မလဲ။ အခုလဲ အဲဒီလို ဖြစ်နေ တာပေါ့။ တကယ်တော့ ဒီပစ္စည်းတွေက သူနဲ့ ဘာမှမဆိုင်ဘူး။ မယားဖြစ်လို့သာ ပြောနေတာ။ ဒီပစ္စည်းတွေက ဆရာ့နာမည်နဲ့ပါ။ လင်မယားနှစ်ယောက် ပိုင်ဆိုင်မှုခွဲပြီးရင် သူရတာ သူလှူပေါ့။ အခုကိစ္စ ဆရာ သဘောမတူတဲ့အကြောင်း သူ့ဆီကို စာတိုက်ကနေ စာပို့ဖို့လုပ်နေတာ။ သတင်းစာထဲတော့ မထည့်တော့ပါဘူး။

Speaker ။ ။ ကွာရှင်းဖို့ တရားရုံးကို ကွာရှင်းခွင့်တင်ထားတယ်လို့ ကြားတယ်။ ဘယ်အခြေအနေ ရောက်နေပြီလဲ။

MTS ။ ။ တရားဝင် ကွာရှင်းပြီးရင်တော့ ပစ္စည်းတွေ ပြန်ခွဲရမှာပေါ့။ သူ့ဘက်ကတော့ ကွာရှင်းခွင့်တောင်းတာကို ရှောင်နေတယ်။ ဆရာ့ကို သူက တရားစွဲထားသေးတယ်။ ရဲတင်းနဲ့ ဗီရိုတွေခွဲတဲ့ကိစ္စ။ ဆရာက လူကို မလုပ်ပါဘူး။ ပစ္စည်းပဲ ခွဲတာပါ။ သူက ဆရာ့ကို ရိုက်လိုက်တော့ လက်မောင်းမှာ ဒဏ်ရာတောင် ရသွားသေးတယ်။ သူကကျတော့ ထိခိုက်နာကျင်အောင် လုပ်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှု၊ ထိခိုက်နာကျင်အောင် လုပ်မှုတွေနဲ့ ထောင် နှစ်နှစ် ကျအောင် စွဲတာ။ အခု ရင်ဆိုင်နေရတာ လေးလလောက်ရှိပြီ။ သူက ရိုက်ပြီး သူက စွဲထားတာ။ ကိုယ့်ဝဋ်ကြွေးပေါ့လေ။

Speaker ။ ။ ရဟန်းဘဝကနေ လူထွက်ပြီးတော့ မိန်းမ ယူတယ်။ အခုပြဿနာတွေ ဖြစ်တယ်။ ရဟန်းဘဝကို စွန့်ပြီးတော့ အခုလို ဖြစ်ပျက်နေတာတွေအတွက် နောင်တရမိလား။

MTS ။ ။ ကိုရင်ဘဝနဲ့ ခုနစ်ဝါ၊ ရဟန်းဝါနဲ့ ၃ဝ။ အားလုံး ဆို ၃၇ နှစ်လောက်နေခဲ့တဲ့ ဘဝကြီးဆိုတော့ လူထွက်တဲ့နေ့မှာဆို အော်ငိုပစ်ချင်စိတ်ပေါက်တာ လူတွေက တစ်ယောက်တစ်မျိုးဆီ ရူးနေကြတာလေ။ ဆရာက အရူး။ သူ ဆရာ့ကို စာပေနဲ့ချဉ်းကပ်လို့ ဆရာပါသွားတာ။ စင်ကာပူနိုင်ငံသားတစ်ယောက်နဲ့ အင်္ဂလန်နိုင်ငံ သားတစ်ယောက်နဲ့ရော Living together နေခဲ့ဖူးတာ ဆရာ့ကို သူပြောပြတယ်။ ဆရာက မလိမ်တတ်ဘူး။ သူက လိမ်တယ်။

Speaker ။ ။ ကလေးနှစ်ယောက်အတွက် ဆရာဘာတွေ ပြင်ဆင်ထားလဲ။
မေတ္တာရှင် (ရွှေပြည်သာ)

MTS ။ ။ မပူပါဘူး စာရေးမယ်။ စာအုပ်ထုတ်ဝေရေး လုပ်မယ်။ စာအုပ်ရောင်းမယ်။ သားအဖ သုံးယောက် အေးအေးဆေးဆေး နေလို့ထိုင်လို့ ရမယ်ထင်ပါတယ်။ သူကတော့ အရင်တုန်းက အိမ်ထောင်နှစ်ဆက် ကျဖူးတယ်။ သူ့ကိုယ်သူပဲ အာရုံစိုက်တယ်။ အင်္ဂလန်နိုင်ငံသား ခံယူထားတော့ အချိန်တန်ရင် အင်္ဂလန်ပြန်မယ် ထင်တယ်။

Speaker ။ ။ အခု ဘာစာအုပ်တွေ ရေးနေလဲ။

MTS ။ ။ အခု အသာခံခြင်းနဲ့ အနာခံခြင်း (တတိယတွဲ) ရေးနေတယ်။ ဆဋ္ဌမတွဲအထိ ထွက်ဖို့ရှိတယ်။ မြန်မာပြည် အတွက် လိုအပ်လို့ရေးနေတာ။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အားလုံးကို ကြည့်လိုက်ရင် အများစုက အသာစံဖို့ အနာခံဖို့ဆို အသာပဲ ခံချင်ကြတယ်။ ကိုယ့်ဘက်က အနစ်နာခံတဲ့စိတ် နည်းတယ်။ အဲဒါဆို ဒီနိုင်ငံ မတိုးတက်ဘူး။ အနာခံတဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာဖို့လိုတယ်။ ပြီးခဲ့တဲ့ ၁ဝ နှစ်ထဲက ဒီစာအုပ်ရေးဖို့အတွက် အချက်အ လက်တွေ စုခဲ့တာ။ လူထွက်ပြီး ခါစတုန်းက ဆရာ့စာ အုပ်တွေ ရောင်းအားကျသွားတယ်။ အခုတော်တော် ပြန် ဖတ်လာကြပါတယ်။ မြန်မာပြည်မှာ အရောင်းရဆုံး စာရေးဆရာ စာရင်းထဲမှာ ဆရာပါပါတယ်။

Speaker ။ ။ ဆရာလူထွက်ဖြစ်ခဲ့တဲ့ အကြောင်းရင်းထဲ မှာ ကမ္ဘာသိ ဂန္ထဝင်ဝတ္ထုစာအုပ်ကြီးတစ်အုပ် ရေးချင်လို့ ဆိုပြီး အရင်က ပြောခဲ့ဖူးတယ်။ အခု ဘယ်အခြေအနေ ရောက်နေပြီလဲ။ စပြီးတော့ ရေးနေပြီလား။

MTS ။ ။ တချို့တွေကလည်း ဒီစာအုပ်ရေးချင်တာများ ဘုန်းကြီး ဘဝနဲ့ ရေးလည်း ရတာပဲဆိုပြီး ပြောကြတာတွေ ရှိပါတယ်။ သူတို့ လည်း သူတို့မြင်သလောက် ပြောကြတာလေ။ ရိုးရိုးဘာသာရေး စာအုပ်ဆိုရင်တော့ ဟုတ်ပါတယ်။ သူတို့ပြောသလို ရေးလို့ရပါတယ်။ ဘာမှမခက်ခဲပါဘူး။ ဆရာရေးမှာက ဘာသာရေးစာအုပ်မဟုတ်ဘူး။ ဘာသာရေး စာအုပ်က ဘောင်ကျဉ်းတယ်။ ပြောချင်တာက ဘာသာရေး စာအုပ်အနေ နဲ့ရေးရင် ဗုဒ္ဓဘာသာလောက်ပဲ ဖတ်မယ်။ ဝတ္ထုအနေနဲ့ရေးမှာ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နှင့်ငြိမ်းချမ်းရေးလို ဝတ္ထုမျိုးရေးမှာ။ တော်စတွိုင်းက အဲဒီစာအုပ်ရေးတာ ငါးနှစ်ကျော် ကြာတာ။ ဘာသာပြန်တဲ့ ဆရာမြသန်းတင့်က ရှစ်နှစ်ကျော် ကြာတယ်။ အဲဒီလို စာအုပ်မျိုးရေးမှာ။ အဲဒီအတွက် အချိန်ပေး ရမယ်။ ဆရာကိုယ်တိုင် ဂန္ထဝင်ဝတ္ထုကြီးတွေကို ပြန်ဖတ်ရတယ်။ အရင်တုန်းက ဖတ်ခဲ့တာက အရသာခံပြီး ဖတ်ခဲ့တာ။ အခုဖတ်တာကြတော့ ရေးဖို့ဖတ်တာဆိုတော့ ရေးပုံရေးနည်းပါ သိအောင် တစ်ခေါက်ပြန်ဖတ်ရမယ်။ ဖတ်တဲ့အချိန်ကိုက လေး၊ ငါးနှစ်လောက် ယူရမယ်။ ရေးတဲ့အချိန်က ငါးနှစ်လောက်ယူရမယ်။ အနည်းဆုံး စာ အုပ်ပြီးဖို့ ၁ဝ နှစ်လောက် ကြာဦးမယ်။ ဆရာက ၁၆-၂-၆၅ မှာ မွေးတယ်။ ၆၅ ခုနှစ်ကနေ ၂ဝ၁၈ ခုနှစ်အထိ နိုင်ငံရေးတွေ အကုန်ပါမယ်။ ဆိုးတဲ့ကောင်တွေ အ ကြောင်း ဆိုးသလို ရေးမယ်။ ကောင်းတဲ့သူတွေအကြောင်း ကောင်းသလိုရေးမယ်။ ဆရာ့ဝတ္ထုကို ဖတ်လိုက်ရင် မြန် မာပြည်အကြောင်း အကုန်သိသွားမယ်။ ပြီးရင် မြန်မာလို အရင်ထုတ်မယ်။ ပြီးရင် အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ကျွမ်းကျင်တဲ့သူကို ဘာသာပြန်ခိုင်းပြီးတော့ တစ်ကမ္ဘာလုံးကို ဖြန့်မယ်လို့ စဉ်းစားထားတယ်။

Speaker ။ ။ ဆရာ ရဟန်းဘဝတုန်းက ရတဲ့အလှူငွေတွေနဲ့ ရွှေပြည်သာစာပေကို တည်ထောင်ခဲ့တာလား။ တချို့က ရဟန်း ဘဝက ရှာထားတဲ့ ပိုက်ဆံတွေနဲ့ မိန်းမ ယူလိုက်တယ်ဆိုပြီး ပြောနေကြတာ ရှိတော့ ရှင်းအောင် မေးရတာပါ။

MTS ။ ။ ဆရာ ရဟန်းဘဝတုန်းက ဝင်ငွေနှစ်ခုရှိတယ်။ တရားဟောလို့ရတဲ့ ဝင်ငွေနဲ့ စာအုပ်ရောင်းလို့ရတဲ့ ဝင်ငွေပေါ့။ စာအုပ်ရောင်းလို့ရတဲ့ ငွေအများစုကို လူ့ဘဝမှာ ပြန်သုံးပါတယ်။ ဟိုကတော့ နည်းနည်းကပ်ပါရင်လည်း ပါမှာပေါ့လေ။ စာအုပ်ရောင်းလို့ရတဲ့ ငွေနဲ့ပဲ စာပေတိုက် တည်ထောင်တယ်။ ပုံနှိပ်စက်တွေ ဝယ်တယ်။ အလှူအတန်းတွေ လုပ်ဖြစ်တယ်။ ဒေါ်ဖြူဖြူသင်းရဲ့ HIV ဂေဟာ အတွက် ပေ ၄ဝx၆ဝ မြေကွက် လေးကွက် လှူဖြစ်တယ်။ မှတ်မှတ်ရရရှိတာ ပြောပြတာပါ။ လှူတာတွေကတော့ အများကြီးပဲ။ အဲဒီမြေကွက်ဆို တစ်ကွက်ကို အဲဒီတုန်းက စျေးနဲ့သိန်း ၄ဝဝ ကျော်လောက်တန်တယ်။

Speaker ။ ။ နောက်ထပ် အိမ်ထောင်ပြုဖို့ စဉ်းစားထားသေးလား။

MTS ။ ။ တော်ပါပြီ။ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိတော့ပါဘူး။ တစ်ယောက်တည်းနဲ့ ကြောက်သွားပါပြီ။

Speaker ။ ။ ကလေးတွေနဲ့ တွေ့ဖြစ်သေးလား။

MTS ။ ။ ပြဿနာဖြစ်ပြီးကတည်းက တစ်ခါမှ မတွေ့ တော့ဘူး။ ဖုန်းလည်း မပြောရဘူး။ အခုရှေ့နေနဲ့တော့ တိုင်ပင်ထားတယ်။ ကလေးတွေ စိတ်ဒဏ်ရာမရအောင် တစ်ပတ်တစ်ခါလောက် တွေ့ခွင့်ရဖို့ လုပ်နေတယ်။
ကျေးဇူးတင်ပါတယ်။

နန္ဒမျိုးဆောင်

ဖိုးသူတော် (www.phothutaw.com)
Credit: The Speaker သတင်းဂျာနယ်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top