ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စကၠဴတီထြင္တာမ်ား ဘယ္ေလာက္အေရးႀကီးလို႔လဲဟု ထင္ၾကလိမ့္မည္။ စကၠဴသည္ ေခတ္မ်ားစနစ္မ်ား ပညာရပ္မ်ား တိုးတက္ျပန႔္ပြားခဲ့ရာတြင္ အဓိကပါဝင္ေနသည့္အရာပင္ျဖစ္သည္။ စကၠဴမေပၚခင္က ပိတ္ ၊ ဖ်င္ ၊ ေပ ၊ ပုရပိုဒ္ စသည္ျဖင့္ အျခားေရးစရာအရာမ်ားစြာ ေပၚေပါက္ခဲ့ေသာ္လည္း စကၠဴေလာက္အသုံးဝင္မႈ မရွိပါေခ်။ ထို႔ေၾကာင့္လည္း ပညာရွင္စာရင္းတြင္ ပုံႏွိပ္စက္တီထြင္သူ ဂုတင္ဘတ္၏ ေရွ႕တြင္ စကၠဴတီထြင္သူကိုေနရာေပးၾကျခင္းျဖစ္သည္။ စကၠဴကို တီထြင္သူမွာ တ႐ုတ္မင္းဆက္ အမႈထမ္းအရာရွိ တစ္ဦးျဖစ္သည့္ ခ်ိဳက္လြန္ (ခ) ဆိုင္လန္ ျဖစ္သည္။

ခ်ိဳက္လြန္ (ခ) ဆိုင္လန္ (Cai Lun) (ေအဒီ ၁၀၅ ဝန္းက်င္)သည္ တ႐ုတ္လူမ်ိဳး မိန္းမစိုးတစ္ဦးျဖစ္သည္။ ေနာင္လာေနာက္သားမ်ားက ၎အား စကၠဴကို စတင္တီထြင္သူအျဖစ္ အသိအမွတ္ျပဳၾကသည္။ သူတီထြင္သည့္ စကၠဴေၾကာင့္ ကမာၻ႔ယဥ္ေက်းမႈ ထင္ထင္ရွားရွား ေျပာင္းလဲတိုးတက္ေသာ္လည္း ၎ကိုမူ လူသိမမ်ားလွေပ။ မည္သည့္အခ်ိန္၊ မည္သည့္ေဒသတြင္ ေမြးဖြားသည္၊ ကြယ္လြန္သည္ကို လည္းမသိရေပ။

ေရွးကလူတို႔သည္ စကၠဴမေပၚမွီက တိရိစာၦန္တို႔၏ အ႐ိုးမ်ား၊ သစ္ေခါက္မ်ား၊ လိပ္ခြံမ်ားႏွင့္ ဝါးျခမ္းျပားမ်ားေပၚတြင္ ဗ်ည္းအကၡရာမ်ားကို ေရးထြင္းမွတ္တမ္းတင္ သယ္ေဆာင္သြားလာၾကရရာမွ စကၠဴတီထြင္ေပၚေပါက္လာသည့္အတြက္ မ်ားစြာပင္ အဆင္ေျပလာၿပီး အသိပညာ၊ စာေပဗဟုသုတတို႔ကိုလည္း လြယ္ကူစြာ ျပန႔္ပြားေအာင္ ေဆာင္႐ြက္ႏိုင္လာသည္။ ထို႔ေၾကာင့္ စကၠဴေက်းဇူးမွာ မေသးလွဟုဆိုရမည္။ ေရွးအီဂ်စ္လူမ်ိဳးတို႔က ပက္ပီရပ္စ္ (papyrus) က်ဴပင္မွ တဆင့္ စကၠဴၾကမ္းအဆင့္ကို ထုတ္လုပ္သုံးစြဲႏိုင္ေသာ္လည္း ကုန္က်စရိတ္ ႀကီးျမင့္ေသာေၾကာင့္ သုံးစြဲမႈ မတြင္က်ယ္လွေပ။

တ႐ုတ္သမိုင္းမွတ္တမ္းမ်ားအရ ေအဒီ ၁၀၅ ႏွစ္ တ႐ုတ္ဟန္မင္းဆက္လက္ထက္ ဧကရာဇ္ ဟြန္တိလက္ထက္ မိန္းမစိုးျဖစ္သူ ခ်ိဳက္လြန္က စကၠဴကို တီထြင္သည္ဟု သိရွိရသည္။ ထိုတီထြင္မႈေၾကာင့္ ရာထူးတိုးကာ ဘြဲ႕ထူးဂုဏ္ထူး ခ်ီးေျမႇာက္ခံရၿပီး ခ်မ္းသာသူတစ္ဦး ျဖစ္လာခဲ့သည္။ သို႔ေသာ္ နန္းတြင္းလုပ္ႀကံမႈ တစ္ခုတြင္ပါဝင္သည့္အျပစ္ျဖင့္ ရာထူးခ်ခံရကာ မထင္မရွား တိမ္ျမႇဳပ္ေပ်ာက္ကြယ္ ရရွာသည္။ သို႔ေသာ္ အခ်ိဳ႕ေသာ မွတ္တမ္းမ်ားအရ ခ်ိဳက္လြန္သည္ မိမိ၏ ဂုဏ္သိကၡာကို ကာကြယ္သည့္ အေနျဖင့္ ေရခ်ိဳး၊ အဝတ္ေကာင္းဝတ္ၿပီး အဆိပ္ေသာက္ကာ အဆုံးစီရင္ခဲ့သည္ ဟုလည္းဆိုသည္။

သို႔ျဖင့္ စကၠဴမွာ အေရးႀကီး၊ ထိပ္တန္း တ႐ုတ္ႏိုင္ငံတြင္းျဖစ္ ကုန္ပစၥည္းအမယ္တစ္မ်ိဳး အေနျဖင့္ ျပည္ပသို႔ တင္ပို႔ေရာင္းခ်ျခင္း စတင္လာေတာ့သည္။ အစက တ႐ုတ္နန္းတြင္းက တိုက္႐ိုက္ခ်ဳပ္ကိုင္ၿပီး ျပဳလုပ္နည္းကို အမ်ားမသိႏိုင္ရန္ လွ်ိဳ႕ဝွက္ထိန္းခ်ဳပ္ခဲ့သည္။ သို႔ေသာ္ ၇၅၁ တြင္စကၠဴျပဳလုပ္သည့္ တ႐ုတ္အခ်ိဳ႕ကို အာရပ္တို႔ ဖမ္းမိသျဖင့္ အာရပ္တို႔လည္း စကၠဴလုပ္နည္း ရရွိသြားခဲ့သည္။ မၾကာမွီပင္ ဘကၠဒက္ၿမိဳ႕မွ စကၠဴမ်ား ေဈးကြက္သို႔ စတင္ဝင္ေရာက္လာသည္။ အာရပ္မ်ားထံမွ ထိုပညာကို ဥေရာပသားတို႔ ရရွိသည္မွာမူ ၁၂ ရာစုေရာက္မွျဖစ္သည္။

တီထြင္မႈေၾကာင့္ ကြာဟသြားေသာ ယဥ္ေက်းမႈ

စကၠဴလုပ္နည္းသည္ အာရပ္ေလာက၌ ပ်ံ႕ႏွံ႔သြားၿပီး၊ ၁၂ ရာစုတြင္ ဥေရာပက အာရပ္မ်ားမွ တဆင့္ ရရွိသည္။ စကၠဴသုံးစြဲမႈ တျဖည္းျဖည္း ပ်ံ႕ႏွံ႔လာၿပီး ဂူတင္ဘတ္က ပုံႏွိပ္စက္ကို တီထြင္ၿပီးသည့္အခါ၌ အေနာက္ႏိုင္ငံမ်ားသည္ ေပကညစ္အစား ‌စာေရးရာ၌ စကၠဴကို အစားထိုး သုံးစြဲလာရသည္အထိ တီထြင္မႈသည္ ေအာင္ျမင္ ႀကီးက်ယ္သည္။ တ႐ုတ္ျပည္၌ ခ်ိဳက္လြိမ္ မတိုင္မီအခ်ိန္က စာအုပ္အေတာ္ မ်ားမ်ားကို ဝါးႏွင့္ ျပဳလုပ္သည္။ စာအုပ္မ်ားသည္ ေလးလံ၍ သယ္ရပင္ပန္းသည္။ အခ်ိဳ႕စာအုပ္မ်ားကို ပိုးခ်ည္ေပၚ၌လည္း ေရးသားေသာ္လည္း အမ်ား သုံးရန္အတြက္မူ အလြန္ ေဈးႀကီးသည္။

အေနာက္ႏိုင္ငံမ်ားသည္ စကၠဴမေပၚမီက သိုးသားေရေခ်ာ၊ ႏြားငယ္ အေရေခ်ာမ်ားျဖင့္ ျပဳလုပ္ထားေသာ သားေရေခ်ာေပၚ၌ စာေရးရသည္။ ဂရိ၊ ဥေရာပႏွင့္ အီဂ်စ္လူမ်ိဳးမ်ားက က်ဴစကၠဴမ်ိဳးကို အသုံးျပဳသည္။ သားေရေခ်ာတင္မက က်ဴစကၠဴမ်ားပါ စာေရးႏိုင္သည့္ အဆင့္ ျဖစ္လာေအာင္ ျပဳျပင္မႈမွာလည္း ကုန္က်စရိတ္ အလြန္ေထာင္း‌သည္။ ခ်ိဳက္လြိမ္က စတီထြင္လိုက္ေသာ စကၠဴသည္ စာေရးသည့္အခါ၌ သာမဏ အဘက္ဘက္၌လည္း အသုံးဝင္သည္။ ခ်ိဳက္လြမ္သည္ ဂူတင္ဘတ္ အလ်င္ ေပၚေပါက္ခဲ့သူ ျဖစ္ၿပီး စကၠဴကို မတီထြင္ခဲ့ပါက ဂူတင္ဘတ္သည္ ပုံႏွိပ္စက္ကို တီထြင္ႏိုင္ရန္ အေၾကာင္း မရွိႏိုင္ဟု ယူဆၾကသည္။

ေအဒီ ၂ ရာစုမတိုင္မီ တ႐ုတ္တို႔ ယဥ္ေက်းမႈသည္ အေနာက္တိုင္းယဥ္ေက်းမႈေလာက္ တိုး‌တက္ျခင္း မရွိဘဲ၊ ေအဒီ ၁ ရာစုမွ ၁၀ ရာစုထိ ႏွစ္ေပါင္း ၇၀၀၊ ၈၀၀ ေလာက္အထိ တ႐ုတ္ယဥ္ေက်းမႈသည္ အေနာက္တိုင္းထက္ ပို၍ တိုးတက္မႈ ရွိသည္။ ၁၅ ရာစု ေနာက္ပိုင္း၌မူ အေနာက္ဥေရာပက တ႐ုတ္ထက္ ပိုတိုးတက္လာသည္။ အေၾကာင္းရင္းမွာ အလြန္ပင္ ရွင္းလင္းသည္။ စိုက္ပ်ိဳးေရးႏွင့္ ေပထက္အကၡရာတင္ စာေရးသားမႈ၌ တ႐ုတ္ျပည္ထက္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားက တီထြင္သည္။ ခ်ိဳက္လြိမ္ မတိုင္မီက တ႐ုတ္ျပည္၌ စာေရးရန္ ပစၥည္းကိရိယာ အလြယ္တကူ မရွိေခ်။

အေနာက္ႏိုင္ငံ၌ အရည္အေသြးမေကာင္းလွေသာ္လည္း သစ္သား၊ ဝါးျဖင့္ ျပဳလုပ္သည့္ စာေရးပစၥည္းထက္ သာသည့္ က်ဴစကၠဴ ရွိသည္။ စာမ်ားကို မွတ္တမ္းတင္ရန္ သင့္တင့္ေလ်ာက္ပတ္ေသာ ပစၥည္း မရွိျခင္းသည္ တ႐ုတ္ယဥ္ေက်းမႈ ဖြံ႕ၿဖိဳး တိုးတက္ရာ၌ ႀကီးမားေသာ အဟန႔္အတား ျဖစ္ေနခဲ့သည္။ တ႐ုတ္စာေပပညာရွင္ တေယာက္သည္ စာအုပ္အနည္းငယ္မွ်ကို သယ္ယူရန္ပင္ ေဝါယာဥ္ တခု လိုသည္ ျဖစ္ရာ၊ ဤနည္းျဖင့္ အစိုးရ ယႏၲရားမ်ားကို အုပ္ခ်ဳပ္ရန္ အလြန္ပင္ ခဲယဥ္းမည္ကို ခန႔္မွန္း ၾကည့္ႏိုင္ခဲ့သည္။

ခ်ိဳက္လြိမ္၏ စကၠဴ တီထြင္မႈေၾကာင့္ အေျခအေန အရပ္ရပ္ လုံးဝ ေျပာင္းလဲသြားကာ၊ စာေရးရန္ႏွင့္ မွတ္တမ္းတင္ရန္ စကၠဴတီထြင္ၿပီး ရာစုႏွစ္ အနည္းငယ္အတြင္း၌ အေနာက္ႏိုင္ငံကို အမီလိုက္ႏိုင္သြားသည္။ အေနာက္ႏိုင္ငံ၏ ယဥ္ေက်းမႈ ေႏွးေကြးစြာ ဖြံ႕ၿဖိဳးေနစဥ္ ေရေၾကာင္းျပ လမ္းၫႊန္အိမ္ေျမႇာင္၊ ယမ္းမႈန႔္ႏွင့္ ဘေလာက္ ပုံႏွိပ္ျခင္းကို တီထြင္ၿပီးေသာ တ႐ုတ္တို႔သည္ စကၠဴကို တီထြင္လိုက္သည့္ အခါတြင္မူ သားေရေခ်ာထက္ ပို၍ ေပါမ်ားသည္ ျဖစ္၍ တ႐ုတ္က အေနာက္ႏိုင္ငံထက္ တိုးတက္သြားျခင္း ျဖစ္သည္။ အေနာက္ႏိုင္ငံမ်ားက စကၠဴကို စသုံးလာၿပီးေနာက္၊ တ႐ုတ္ယဥ္ေက်းမႈႏွင့္ ကြာဟခ်က္ကို ေလ်ာ့နည္းေအာင္ လုပ္ႏိုင္ၿပီး တ႐ုတ္ႏွင့္ ယွဥ္ႏိုင္လာသည္။

သို႔ေသာ္ျငား မာကိုပိုလို၏ ေရးသားခ်က္မ်ားအရ၊ ၁၃ ရာစုတုန္းက တ႐ုတ္ျပည္သည္ ဥေရာပထက္ ပို၍ ခ်မ္းသာႂကြယ္ဝသည္ဟု ေဖာ္ျပသည္။ တ႐ုတ္ျပည္သည္ ေနာက္ပိုင္း အေနာက္ႏိုင္ငံမ်ား ေနာက္ေကာက္သို႔ က်သြားသည့္ အေၾကာင္းရင္းမွာ ၁၅ ရာစုႏွစ္တြင္ ဂူတင္ဘတ္ဟု ေခၚေသာ ဉာဏ္ႀကီးရွင္ တဦးက စာအုပ္မ်ား အေျမာက္အမ်ား စုၿပဳံထုတ္ႏိုင္မည့္ နည္းလမ္းသစ္ တရပ္ကို ထုတ္ေဖာ္ႏိုင္ခဲ့သည္မွ စေလသည္။ ထို႔ေနာက္ ဥေရာပတိုက္၏ ယဥ္ေက်းမႈသည္ တဟုန္ထိုး တိုးတက္လာၿပီး၊ ထိုစဥ္ တ႐ုတ္ျပည္၌ ဂူတင္ဘတ္မရွိသည္ ျဖစ္ရာ တ႐ုတ္တို႔သည္ ဘေလာက္ပုံႏွိပ္ျခင္းျဖင့္သာ ေက်နပ္ေနသည္ ျဖစ္၍ ယဥ္ေက်းမႈ တိုးတက္ႏႈန္းသည္ ႏႈိင္းယွဥ္ ေျပာသည္ ရွိေသာ္ ေႏွးေကြးသြားသည္ ဆိုသည္။

မည္သို႔ပင္ ဆိုေစ၊ စကၠဴသည္ ခ်ိဳက္လြိမ္ တီထြင္ၿပီး ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္မွသာ ဥေရာပတိုက္သားမ်ား အသုံးျပဳႏိုင္ျခင္း ျဖစ္ၿပီး၊ အာရပ္မ်ား ထံမွ တဆင့္ ရရွိျခင္းလည္း ျဖစ္သည္။ စကၠဴ ထုတ္လုပ္နည္းသည္ အလြန္ ဉာဏ္ႀကီးေသာ ပါရမီရွင္ တဦး၏ တီထြင္မႈ မ်ိဳးပင္ ျဖစ္ၿပီး၊ သူတီထြင္ခဲ့ေသာ စကၠဴလုပ္နည္းကို ယေန႔တိုင္ ဆက္လက္ အသုံးျပဳေနၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမင့္ဇံ (ဒီဇင္ဘာလ၊ ၂၀၀၄). သမိုင္းတြင္ အလြမ္းမိုးဆုံး ပုဂၢိဳလ္ ၅၀

#Unicode Version#
စက္ကူတီထွင်တာများ ဘယ်လောက်အရေးကြီးလို့လဲဟု ထင်ကြလိမ့်မည်။ စက္ကူသည် ခေတ်များစနစ်များ ပညာရပ်များ တိုးတက်ပြန့်ပွားခဲ့ရာတွင် အဓိကပါဝင်နေသည့်အရာပင်ဖြစ်သည်။ စက္ကူမပေါ်ခင်က ပိတ် ၊ ဖျင် ၊ ပေ ၊ ပုရပိုဒ် စသည်ဖြင့် အခြားရေးစရာအရာများစွာ ပေါ်ပေါက်ခဲ့သော်လည်း စက္ကူလောက်အသုံးဝင်မှု မရှိပါချေ။ ထို့ကြောင့်လည်း ပညာရှင်စာရင်းတွင် ပုံနှိပ်စက်တီထွင်သူ ဂုတင်ဘတ်၏ ရှေ့တွင် စက္ကူတီထွင်သူကိုနေရာပေးကြခြင်းဖြစ်သည်။ စက္ကူကို တီထွင်သူမှာ တရုတ်မင်းဆက် အမှုထမ်းအရာရှိ တစ်ဦးဖြစ်သည့် ချိုက်လွန် (ခ) ဆိုင်လန် ဖြစ်သည်။

ချိုက်လွန် (ခ) ဆိုင်လန် (Cai Lun) (အေဒီ ၁၀၅ ဝန်းကျင်)သည် တရုတ်လူမျိုး မိန်းမစိုးတစ်ဦးဖြစ်သည်။ နောင်လာနောက်သားများက ၎င်းအား စက္ကူကို စတင်တီထွင်သူအဖြစ် အသိအမှတ်ပြုကြသည်။ သူတီထွင်သည့် စက္ကူကြောင့် ကမ္ဘာ့ယဉ်ကျေးမှု ထင်ထင်ရှားရှား ပြောင်းလဲတိုးတက်သော်လည်း ၎င်းကိုမူ လူသိမများလှပေ။ မည်သည့်အချိန်၊ မည်သည့်ဒေသတွင် မွေးဖွားသည်၊ ကွယ်လွန်သည်ကို လည်းမသိရပေ။

ရှေးကလူတို့သည် စက္ကူမပေါ်မှီက တိရိစ္ဆာန်တို့၏ အရိုးများ၊ သစ်ခေါက်များ၊ လိပ်ခွံများနှင့် ဝါးခြမ်းပြားများပေါ်တွင် ဗျည်းအက္ခရာများကို ရေးထွင်းမှတ်တမ်းတင် သယ်ဆောင်သွားလာကြရရာမှ စက္ကူတီထွင်ပေါ်ပေါက်လာသည့်အတွက် များစွာပင် အဆင်ပြေလာပြီး အသိပညာ၊ စာပေဗဟုသုတတို့ကိုလည်း လွယ်ကူစွာ ပြန့်ပွားအောင် ဆောင်ရွက်နိုင်လာသည်။ ထို့ကြောင့် စက္ကူကျေးဇူးမှာ မသေးလှဟုဆိုရမည်။ ရှေးအီဂျစ်လူမျိုးတို့က ပက်ပီရပ်စ် (papyrus) ကျူပင်မှ တဆင့် စက္ကူကြမ်းအဆင့်ကို ထုတ်လုပ်သုံးစွဲနိုင်သော်လည်း ကုန်ကျစရိတ် ကြီးမြင့်သောကြောင့် သုံးစွဲမှု မတွင်ကျယ်လှပေ။

တရုတ်သမိုင်းမှတ်တမ်းများအရ အေဒီ ၁၀၅ နှစ် တရုတ်ဟန်မင်းဆက်လက်ထက် ဧကရာဇ် ဟွန်တိလက်ထက် မိန်းမစိုးဖြစ်သူ ချိုက်လွန်က စက္ကူကို တီထွင်သည်ဟု သိရှိရသည်။ ထိုတီထွင်မှုကြောင့် ရာထူးတိုးကာ ဘွဲ့ထူးဂုဏ်ထူး ချီးမြှောက်ခံရပြီး ချမ်းသာသူတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် နန်းတွင်းလုပ်ကြံမှု တစ်ခုတွင်ပါဝင်သည့်အပြစ်ဖြင့် ရာထူးချခံရကာ မထင်မရှား တိမ်မြှုပ်ပျောက်ကွယ် ရရှာသည်။ သို့သော် အချို့သော မှတ်တမ်းများအရ ချိုက်လွန်သည် မိမိ၏ ဂုဏ်သိက္ခာကို ကာကွယ်သည့် အနေဖြင့် ရေချိုး၊ အဝတ်ကောင်းဝတ်ပြီး အဆိပ်သောက်ကာ အဆုံးစီရင်ခဲ့သည် ဟုလည်းဆိုသည်။

သို့ဖြင့် စက္ကူမှာ အရေးကြီး၊ ထိပ်တန်း တရုတ်နိုင်ငံတွင်းဖြစ် ကုန်ပစ္စည်းအမယ်တစ်မျိုး အနေဖြင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်း စတင်လာတော့သည်။ အစက တရုတ်နန်းတွင်းက တိုက်ရိုက်ချုပ်ကိုင်ပြီး ပြုလုပ်နည်းကို အများမသိနိုင်ရန် လျှို့ဝှက်ထိန်းချုပ်ခဲ့သည်။ သို့သော် ၇၅၁ တွင်စက္ကူပြုလုပ်သည့် တရုတ်အချို့ကို အာရပ်တို့ ဖမ်းမိသဖြင့် အာရပ်တို့လည်း စက္ကူလုပ်နည်း ရရှိသွားခဲ့သည်။ မကြာမှီပင် ဘက္ကဒက်မြို့မှ စက္ကူများ ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။ အာရပ်များထံမှ ထိုပညာကို ဥရောပသားတို့ ရရှိသည်မှာမူ ၁၂ ရာစုရောက်မှဖြစ်သည်။

တီထွင်မှုကြောင့် ကွာဟသွားသော ယဉ်ကျေးမှု

စက္ကူလုပ်နည်းသည် အာရပ်လောက၌ ပျံ့နှံ့သွားပြီး၊ ၁၂ ရာစုတွင် ဥရောပက အာရပ်များမှ တဆင့် ရရှိသည်။ စက္ကူသုံးစွဲမှု တဖြည်းဖြည်း ပျံ့နှံ့လာပြီး ဂူတင်ဘတ်က ပုံနှိပ်စက်ကို တီထွင်ပြီးသည့်အခါ၌ အနောက်နိုင်ငံများသည် ပေကညစ်အစား ‌စာရေးရာ၌ စက္ကူကို အစားထိုး သုံးစွဲလာရသည်အထိ တီထွင်မှုသည် အောင်မြင် ကြီးကျယ်သည်။ တရုတ်ပြည်၌ ချိုက်လွိမ် မတိုင်မီအချိန်က စာအုပ်အတော် များများကို ဝါးနှင့် ပြုလုပ်သည်။ စာအုပ်များသည် လေးလံ၍ သယ်ရပင်ပန်းသည်။ အချို့စာအုပ်များကို ပိုးချည်ပေါ်၌လည်း ရေးသားသော်လည်း အများ သုံးရန်အတွက်မူ အလွန် ဈေးကြီးသည်။

အနောက်နိုင်ငံများသည် စက္ကူမပေါ်မီက သိုးသားရေချော၊ နွားငယ် အရေချောများဖြင့် ပြုလုပ်ထားသော သားရေချောပေါ်၌ စာရေးရသည်။ ဂရိ၊ ဥရောပနှင့် အီဂျစ်လူမျိုးများက ကျူစက္ကူမျိုးကို အသုံးပြုသည်။ သားရေချောတင်မက ကျူစက္ကူများပါ စာရေးနိုင်သည့် အဆင့် ဖြစ်လာအောင် ပြုပြင်မှုမှာလည်း ကုန်ကျစရိတ် အလွန်ထောင်း‌သည်။ ချိုက်လွိမ်က စတီထွင်လိုက်သော စက္ကူသည် စာရေးသည့်အခါ၌ သာမဏ အဘက်ဘက်၌လည်း အသုံးဝင်သည်။ ချိုက်လွမ်သည် ဂူတင်ဘတ် အလျင် ပေါ်ပေါက်ခဲ့သူ ဖြစ်ပြီး စက္ကူကို မတီထွင်ခဲ့ပါက ဂူတင်ဘတ်သည် ပုံနှိပ်စက်ကို တီထွင်နိုင်ရန် အကြောင်း မရှိနိုင်ဟု ယူဆကြသည်။

အေဒီ ၂ ရာစုမတိုင်မီ တရုတ်တို့ ယဉ်ကျေးမှုသည် အနောက်တိုင်းယဉ်ကျေးမှုလောက် တိုး‌တက်ခြင်း မရှိဘဲ၊ အေဒီ ၁ ရာစုမှ ၁၀ ရာစုထိ နှစ်ပေါင်း ၇၀၀၊ ၈၀၀ လောက်အထိ တရုတ်ယဉ်ကျေးမှုသည် အနောက်တိုင်းထက် ပို၍ တိုးတက်မှု ရှိသည်။ ၁၅ ရာစု နောက်ပိုင်း၌မူ အနောက်ဥရောပက တရုတ်ထက် ပိုတိုးတက်လာသည်။ အကြောင်းရင်းမှာ အလွန်ပင် ရှင်းလင်းသည်။ စိုက်ပျိုးရေးနှင့် ပေထက်အက္ခရာတင် စာရေးသားမှု၌ တရုတ်ပြည်ထက် အရှေ့အလယ်ပိုင်းနိုင်ငံများက တီထွင်သည်။ ချိုက်လွိမ် မတိုင်မီက တရုတ်ပြည်၌ စာရေးရန် ပစ္စည်းကိရိယာ အလွယ်တကူ မရှိချေ။

အနောက်နိုင်ငံ၌ အရည်အသွေးမကောင်းလှသော်လည်း သစ်သား၊ ဝါးဖြင့် ပြုလုပ်သည့် စာရေးပစ္စည်းထက် သာသည့် ကျူစက္ကူ ရှိသည်။ စာများကို မှတ်တမ်းတင်ရန် သင့်တင့်လျောက်ပတ်သော ပစ္စည်း မရှိခြင်းသည် တရုတ်ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်ရာ၌ ကြီးမားသော အဟန့်အတား ဖြစ်နေခဲ့သည်။ တရုတ်စာပေပညာရှင် တယောက်သည် စာအုပ်အနည်းငယ်မျှကို သယ်ယူရန်ပင် ဝေါယာဉ် တခု လိုသည် ဖြစ်ရာ၊ ဤနည်းဖြင့် အစိုးရ ယန္တရားများကို အုပ်ချုပ်ရန် အလွန်ပင် ခဲယဉ်းမည်ကို ခန့်မှန်း ကြည့်နိုင်ခဲ့သည်။

ချိုက်လွိမ်၏ စက္ကူ တီထွင်မှုကြောင့် အခြေအနေ အရပ်ရပ် လုံးဝ ပြောင်းလဲသွားကာ၊ စာရေးရန်နှင့် မှတ်တမ်းတင်ရန် စက္ကူတီထွင်ပြီး ရာစုနှစ် အနည်းငယ်အတွင်း၌ အနောက်နိုင်ငံကို အမီလိုက်နိုင်သွားသည်။ အနောက်နိုင်ငံ၏ ယဉ်ကျေးမှု နှေးကွေးစွာ ဖွံ့ဖြိုးနေစဉ် ရေကြောင်းပြ လမ်းညွှန်အိမ်မြှောင်၊ ယမ်းမှုန့်နှင့် ဘလောက် ပုံနှိပ်ခြင်းကို တီထွင်ပြီးသော တရုတ်တို့သည် စက္ကူကို တီထွင်လိုက်သည့် အခါတွင်မူ သားရေချောထက် ပို၍ ပေါများသည် ဖြစ်၍ တရုတ်က အနောက်နိုင်ငံထက် တိုးတက်သွားခြင်း ဖြစ်သည်။ အနောက်နိုင်ငံများက စက္ကူကို စသုံးလာပြီးနောက်၊ တရုတ်ယဉ်ကျေးမှုနှင့် ကွာဟချက်ကို လျော့နည်းအောင် လုပ်နိုင်ပြီး တရုတ်နှင့် ယှဉ်နိုင်လာသည်။

သို့သော်ငြား မာကိုပိုလို၏ ရေးသားချက်များအရ၊ ၁၃ ရာစုတုန်းက တရုတ်ပြည်သည် ဥရောပထက် ပို၍ ချမ်းသာကြွယ်ဝသည်ဟု ဖော်ပြသည်။ တရုတ်ပြည်သည် နောက်ပိုင်း အနောက်နိုင်ငံများ နောက်ကောက်သို့ ကျသွားသည့် အကြောင်းရင်းမှာ ၁၅ ရာစုနှစ်တွင် ဂူတင်ဘတ်ဟု ခေါ်သော ဉာဏ်ကြီးရှင် တဦးက စာအုပ်များ အမြောက်အများ စုပြုံထုတ်နိုင်မည့် နည်းလမ်းသစ် တရပ်ကို ထုတ်ဖော်နိုင်ခဲ့သည်မှ စလေသည်။ ထို့နောက် ဥရောပတိုက်၏ ယဉ်ကျေးမှုသည် တဟုန်ထိုး တိုးတက်လာပြီး၊ ထိုစဉ် တရုတ်ပြည်၌ ဂူတင်ဘတ်မရှိသည် ဖြစ်ရာ တရုတ်တို့သည် ဘလောက်ပုံနှိပ်ခြင်းဖြင့်သာ ကျေနပ်နေသည် ဖြစ်၍ ယဉ်ကျေးမှု တိုးတက်နှုန်းသည် နှိုင်းယှဉ် ပြောသည် ရှိသော် နှေးကွေးသွားသည် ဆိုသည်။

မည်သို့ပင် ဆိုစေ၊ စက္ကူသည် ချိုက်လွိမ် တီထွင်ပြီး နှစ်ပေါင်း ၁၀၀၀ ကျော်မှသာ ဥရောပတိုက်သားများ အသုံးပြုနိုင်ခြင်း ဖြစ်ပြီး၊ အာရပ်များ ထံမှ တဆင့် ရရှိခြင်းလည်း ဖြစ်သည်။ စက္ကူ ထုတ်လုပ်နည်းသည် အလွန် ဉာဏ်ကြီးသော ပါရမီရှင် တဦး၏ တီထွင်မှု မျိုးပင် ဖြစ်ပြီး၊ သူတီထွင်ခဲ့သော စက္ကူလုပ်နည်းကို ယနေ့တိုင် ဆက်လက် အသုံးပြုနေကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြင့်ဇံ (ဒီဇင်ဘာလ၊ ၂၀၀၄). သမိုင်းတွင် အလွမ်းမိုးဆုံး ပုဂ္ဂိုလ် ၅၀
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top