(၁) မုန့်ဖုတ်ဆိုဒါ

Shutterstock


    ရေနွေး ၃ ဖန်ခွက်



အသုံးပြုနည်း


(၂) ပျားရည်

Shutterstock


    ရေ စတီးဇွန်း ၃ ဇွန်း

အသုံးပြုပုံ


(၃) သံပုယို

Shutterstock


    သခွားသီး (အသေး) ၁ လုံး

အသုံးပြုပုံ



# Unicode Version ဖြင့် ဖတ်ပါ #
သင့်ဆံပင်ဟာ ဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေ၊ ဖြောင့်ဆေးကောက်ဆေးတွေအပြင် အခြားသော အကြောင်းကြောင်းကြောင့် ပျက်စီးပြီး မသန်မစွမ်းဖြစ်နေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ အိမ်မှာနေရင်းနဲ့တင် ဆံပင်ထဲက ဓာတုပစ္စည်းတွေ၊ အဆိပ်တွေကိုထုတ်နိုင်မယ့် အဆိပ်ထုတ်နည်းတွေပဲဖြစ်ပါတယ်။
(၁) မုန့်ဖုတ်ဆိုဒါ
Shutterstock

လိုအပ်သောပစ္စည်းများ

    မုန့်ဖုတ်ဆိုဒါ ဖန်ခွက်တစ်ဝက်
    ရေနွေး ၃ ဖန်ခွက်



အသုံးပြုနည်း

    မုန့်ဖုတ်ဆိုဒါကို ရေနွေးထဲမှာဖျော်ပြီး အအေးခံလိုက်ပါ။
    သင့်ရဲ့ ဆံပင်ကို ရိုးရိုးရေနဲ့ တစ်ခေါင်းလုံး စိုအောင် လောင်းလိုက်ပါ။
    ပြီးရင်တော့ မုန့်ဖုတ်ဆိုဒါရည်နဲ့ ထပ်လောင်းလိုက်ပါ။
    သင့်ဆံပင်နဲ့ ဦးရေပြားကို နှိပ်နယ်ပေးပါ။
    မိနစ်အနည်းငယ် ကြာတဲ့အခါမှာ ရေစင်အောင်ဆေးပြီး ပျားရည်အနည်းငယ် ထည့်ကာ နှပ်လိုက်ပါ။
    ၁၅ မိနစ်အကြာမှာ ရေပြန်ဆေးလိုက်ပါ။
    ဒီနည်းလမ်းမှာ ဆပ်ပြာသုံးစရာ မလိုပါဘူး။ တစ်ပတ် ၁ ခါလောက် ပြုလုပ်ပေးပါ။

READ
အစက်အပျောက်ကင်းတဲ့မျက်နှာလေးပိုင်ဆိုင်ဖို့ ရှားစောင်းလက်ပတ်အဆီကိုအသုံးပြုနည်း
(၂) ပျားရည်
Shutterstock

လိုအပ်သောပစ္စည်းများ

    ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
    ရေ စတီးဇွန်း ၃ ဇွန်း
    ကြိုက်နှစ်သက်ရာဆီ အနည်းငယ်

အသုံးပြုပုံ

    ပါဝင်ပစ္စည်းအားလုံးကို သမသွားအောင် သေသေချာခ ောရောမွှေလိုက်ပါ။
    ပြီးရင်တော့ သင့်ဆံပင်ကို အရင်းကနေ အဖျားထိ သေသေချာချာ နှံ့စပ်အောင် လိမ်းပေးလိုက်ပါ။
    ၁၅ မိနစ်ခန့်အကြာမှာတော့ ရေကြက်သီးနွေးနဲ့ ဆေးပေးလိုက်ပါ။
    တစ်ပတ်ကို ၁ ကြိမ်ပြုလုပ်ပေးပါ။

(၃) သံပုယို
Shutterstock

လိုအပ်သောပစ္စည်းများ

    သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
    သခွားသီး (အသေး) ၁ လုံး
    ကြိုက်နှစ်သက်ရာဆီ အနည်းငယ်

အသုံးပြုပုံ

    သခွားသီးကိုချေပြီး ပါဝင်ပစ္စည်းအားလုံးနဲ့ သမသွားအောင်ရောမွှေလိုက်ပါ။
    ရလာတဲ့အနှစ်ကို ဆံပင်မှာလိမ်းပြီး ၁၅ မိနစ်အကြာမှာ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ဆေးပေးလိုက်ပါ။
    တစ်ပတ်ကို ၁ ကြိမ်ပုံမှန်လေးပြုလုပ်ပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:http://www.auntymay.com
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top