မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တခ်ိဳ႕အရာေတြက ဒီဘက္ေခတ္အျမင္နဲ႔ ၾကည့္ရင္ စိတ္မသက္မသာဖြယ္ရာ….

ဒီဘက္ေခတ္ေတြမွာ ဘာသာေရးနဲ႔ လူမႈေရးေရာယွက္မႈ နည္းလာသလို ေရာယွက္မႈနည္းလာသမွ်နည္းေအာင္လည္း ေခတ္ကာလက ေတာင္းဆိုမႈေတြ ႐ွိလာပါတယ္။ အထူးသျဖင့္
အိမ္ေထာင္ေရးကိစၥေတြမွာေပါ့။ ဟုိးေ႐ွးေခတ္ကာလမွာေတာ့ တရား႐ံုး၊ တရားသူႀကီးနဲ႔ တရားေရးစနစ္ေတြ မခုိင္မာေသးေတာ့ လူမႈေရးကိစၥေတြမွာ ဘာသာေရးဆုိင္ရာ တာဝန္႐ွိသူေတြက ဝင္ေရာက္ဆံုးျဖတ္ေပးရတာ႐ွိသလုိ ဘာသာေရးအေလ်ာက္ ခ်မွတ္ထားတဲ့ အိမ္ေထာင္ေရးရာ စည္းမ်ဥ္းစည္းကမ္းေတြ ႐ွိပါတယ္။

တခ်ိဳ႕ေတြက ဒီေခတ္မွာ အသံုးမဝင္ေတာ့ေပမဲ့ တခ်ိဳ႕ စည္းမ်ဥ္းစည္းကမ္းေတြကေတာ့ ယေန႔ေခတ္အထိတုိင္ေအာင္ က်င့္သုံးေနဆဲပါပဲ။ အဲဒီေတာ့ ဘာသာေရးအလုိက္ အိမ္ေထာင္ေရးဥပေဒေတြမွာမွ ကြာ႐ွင္းခြင့္နဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ဗဟုသုတအေနနဲ႔ ၾကည့္ၾကရေအာင္ေနာ္…

ဗုဒၶဘာသာ

ဗုဒၶဘာသာအတြက္ကိုေတာ့ အထူးေျပာစရာမလုိပါဘူးေနာ္။ေယာင္းတို႔လည္းသိမွာပါ။ ဒါေတြက ေလာကီေရးရာကိစၥမို႔ ဘာသာေရးက ဝင္ေရာက္စြက္ဖက္မႈမ႐ွိပါဘူး။ ဗုဒၶဘုရား႐ွင္အလိုအရဆို ဒါေတြက အပူေတြမို႔ မယူေလေကာင္းေလပါပဲ.. 😛 😛

ဟိႏၵဴဘာသာ

ဟိႏၵဴဘာသာမွာေတာ့ ကြာ႐ွင္းခြင့္ဆိုတာကို လံုးဝခြင့္ျပဳမထားပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ လင္မယားေပါင္းဖက္ျခင္းဟာ လူႏွစ္ဦးရဲ႕ ဆႏၵသက္သက္မဟုတ္ဘဲ နတ္ဘုရားေတြရဲ႕ အလိုဆႏၵအရျဖစ္ၿပီး လူသားေတြက ျငင္းဆန္ခြင့္မ႐ွိဘူးလုိ႔ ယူဆၾကပါတယ္။ ဒီလုိဆိုေပမဲ့ ႏွစ္ဦးသေဘာတူ ကြာ႐ွင္းခြင့္ ဒါမွမဟုတ္ ဇနီးမယားက ကြာ႐ွင္းခြင့္ကိုပဲ လက္မခံတာပါ။ လင္ေယာက်္ားျဖစ္သူကေတာ့ မိန္းမကို သူမေပါင္းခ်င္ရင္ မေပါင္းဖက္ဘဲ ေနလုိ႔ရပါတယ္။ တရားဝင္ ကြာရွင္းခြင့္ေတာ့ မရွိပါဘူး။

ဟိႏၵဴဘာသာေရးနဲ ႔ေရွးေခတ္ လူမႈေရးရာ စည္းကမ္းေတြအရ မိန္းမေတြမွာဘာအခြင့္အေရးမွမ႐ွိပါဘူး။ မိဘအိမ္ကေန ထြက္လာၿပီးတဲ့ေနာက္ လင္ေယာက်္ားရဲ႕ လက္ခုပ္ထဲကေရ ျဖစ္ပါၿပီ။ လင္ေယာက်္ားျဖစ္သူက သူ႔ကို အလိုမ႐ွိတဲ့အခ်ိန္မွာ အခ်ိန္မေရြးစြန္႔ပစ္ႏုိင္ၿပီး မိန္းမျဖစ္သူဘက္က ကာကြယ္ေပးမယ့္အရာ ဘာဆိုဘာမွမ႐ွိပါဘူး။

ဒါဟာ ဟိႏၵဴဘာသာေရး ဇာတ္ေတာ္ႀကီးျဖစ္တဲ့ ရာမာယဏ ဇာတ္ေတာ္ရဲ႕လႊမ္းမိုးမႈေတြမ်ားစြာပါတယ္လို႔လည္းဆုိပါတယ္။ ရာမဇာတ္ေတာ္ထဲမွာ အျပစ္ကင္းတဲ့ သီတာေဒဝီဟာ
ကိုယ္ဝန္ေဆာင္ျဖစ္ေနတာေတာင္ ရာမမင္းသားက သူ႔ကိုနန္းေတာ္ကေန ႏွင္လႊတ္ၿပီး ေတာတြင္းမွာ ေနေစပါတယ္။ သီတာေဒဝီလုိပဲ ဟိႏၵဴအမ်ိဳးသမီးေတြဟာ မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ လင္ေယာက်္ားရဲ႕အဆံုးအျဖတ္ကိုနာခံရပါတယ္။

အစၥလာမ္ဘာသာ

အစၥလာမ္ဘာသာေရးမွာလည္း ကြာ႐ွင္းတာကို အားမေပးသည့္တိုင္ေအာင္ ေနာက္ဆံုးအေျခအေနမ်ိဳးမွာ ကြာ႐ွင္းႏိုင္မယ့္အခြင့္အေရးကို ေပးထားပါတယ္။ အစၥလာမ္ဘာသာေရးအရ ကြာ႐ွင္းခြင့္မွာ သြာလာက္ သို႔ တြာလာက္ (Talaq) နဲ႔ ခူလာ (Khula) ဆိုၿပီး႐ွိပါတယ္။ တြာလက္ဆိုတာက အမ်ိဳးသားဘက္က ကြာ႐ွင္းခြင့္ေတာင္းဆိုတာျဖစ္ၿပီး ခူလာ ဆိုတာကေတာ့ အမ်ိဳးသမီး(သုိ႔) ႏွစ္ဦးႏွစ္ဘက္က ကြာ႐ွင္းခြင့္ေတာင္းဆိုတာကိုေခၚပါတယ္။

တြာလာက္ ဆိုတဲ့ အမ်ိဳးသားဘက္ကကြာ႐ွင္းခြင့္ ေတာင္းဆိုတာမွာေတာ့ သံုးႀကိမ္တိုင္တိုင္ ေတာင္းဆိုခြင့္႐ွိပါတယ္။ ဆိုလိုတာက ပထမအႀကိမ္ေတာင္းဆိုတဲ့အခါ ျပန္လည္ေပါင္းဖက္ရၿပီး
မေျပလည္တာေတြကို ညွိႏိႈင္းရပါတယ္။ အဲဒီလိုပဲ ဒုတိယအႀကိမ္ထပ္မံ ေတာင္းဆိုလုိ႔ရသလို တတိယအႀကိမ္ေျမာက္ ေတာင္းဆိုၿပီးတဲ့အခါမွာေတာ့ ထာဝရျပတ္စဲရပါတယ္။ အဲဒီလိုျပတ္စဲတဲ့အခါမွာေတာ့ လင္ေယာက်္ားျဖစ္သူက ဇနီးျဖစ္သူကို ဓမၼတာေသြးဆံုးသည္အထိ ေထာက္ပံ့ရသလုိ သားသမီး႐ွိရင္ သားသမီးကိုပါ ေထာက္ပံ့ရပါတယ္။

ခူလာ လုိ႔ေခၚတဲ့ အမ်ိဳးသမီးဘက္က ကြာ႐ွင္းခြင့္ေတာင္းတာ ဒါမွမဟုတ္ ႏွစ္ဦးသေဘာတူျပတ္စဲတာမွာေတာ့ တစ္ႀကိမ္တည္းနဲ႔ အၿပီးေျဖ႐ွင္းျပတ္စဲရသလို ျပန္လည္ေပါင္းဖက္လုိ႔မရပါဘူး။
ကြာ႐ွင္းခြင့္ကို အမ်ိဳးသားဘက္ကေတာင္းသည္ျဖစ္ေစ၊ အမ်ိဳးသမီးဘက္ကေတာင္းသည္ျဖစ္ေစ၊ ႏွစ္ဦးႏွစ္ဘက္ေတာင္းဆိုသည္ျဖစ္ေစ ခုိင္မာခုိင္လံုတဲ့ အေၾကာင္းအရင္း႐ွိရမယ္လုိ႔လည္း သိရပါတယ္။ ဒါကအေျခခံအခ်က္ေတြျဖစ္ၿပီး ႏိုင္ငံနဲ႔ လူမ်ိဳးအေျခအေနအလုိက္ ေျပာင္းလဲမႈေတြ၊ မတူညီမႈေတြ ႐ွိတယ္လုိ႔လည္း သိရပါတယ္။

ခရစ္ယာန္ဘာသာ

ခရစ္ယာန္ဘာသာအရလည္း ကြာ႐ွင္းခြင့္ကို လံုးဝတားျမစ္ထားပါတယ္။ ဟိႏၵဴေတြလုိပဲ ခရစ္ယာန္ေတြက လင္မယားႏွစ္ဦး ေပါင္းဖက္ျခင္းဟာ ဘုရားသခင္ရဲ႕အလိုဆႏၵအရေပါင္းဖက္ရတာျဖစ္လို႔ လူသားေတြက ျငင္းဆန္ခြင့္မ႐ွိဘူးလို႔ ယူဆပါတယ္။ ျငင္းဆန္ခြင့္မ႐ွိတာမွာ ေယာက်္ားျဖစ္ေစ မိန္းမျဖစ္ေစ ကြာ႐ွင္းခြင့္ လံုးဝမရတာပါ။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ဒီကန္႔သတ္ခ်က္ေတြကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေက်ာ္လြန္ခဲ့သူေတြ ႐ွိပါတယ္။ အဲဒီထဲမွာ အဂၤလန္ႏိုင္ငံရဲ႕ဘုရင္တစ္ပါးျဖစ္သူ Henry VIII ဟာ သမိုင္းမွာ ထင္႐ွားသူပါ။ သူဟာ အာဏာသံုးၿပီး မိဖုရားအခ်ိဳ႕ကိုကြာ႐ွင္းခဲ့ပါတယ္။

ဒါေတြက လင္မယားကြာ႐ွင္းမႈေတြအေပၚ ဘာသာေရးပိုင္းကခ်မွတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္းေတြပဲ ျဖစ္ပါတယ္။ ဒီထဲက တခ်ိဳ႕ဥပေဒေတြကိုေတာ့ လက္႐ွိေခတ္ကာလမွာ မက်င့္သံုးေတာ့ပါဘူး။ တခ်ိဳ႕ေတြကေတာ့ ဘာသာေရးစည္းမ်ဥ္းေတြကို ဥပေဒအရ ဖယ္႐ွားၿပီး တရားေရးဥပေဒအရ က်င့္သံုးေစပါတယ္။ အခ်ိဳ႕ေနရာေတြမွာေတာ့ တရားေရး ဥပေဒ ခ်မွတ္ထားေသာ္လည္း လက္ေတြ႕က်င့္သံုးျခင္းမ႐ွိဘဲ ဘာသာေရး စည္းမ်ဥ္းစည္းကမ္းေတြကိုပဲ အသံုးျပဳပါတယ္။ ဘယ္စည္းကမ္း ဘယ္ဥပေဒကိုပဲ အသံုးျပဳသည္ျဖစ္ေစ ထိခိုက္နစ္နာသူမ႐ွိေအာင္ စီစဥ္ႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့ေနာ္။

မွ်တတဲ့ တရားစီရင္ေရးစနစ္ေအာက္မွာ လူသားတိုင္းသာတူညီမွ်အခြင့္အေရးရ႐ွိၾကပါေစလို႔ ဆုေတာင္းရင္း ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #


    တချို့အရာတွေက ဒီဘက်ခေတ်အမြင်နဲ့ ကြည့်ရင် စိတ်မသက်မသာဖွယ်ရာ….

ဒီဘက်ခေတ်တွေမှာ ဘာသာရေးနဲ့ လူမှုရေးရောယှက်မှု နည်းလာသလို ရောယှက်မှုနည်းလာသမျှနည်းအောင်လည်း ခေတ်ကာလက တောင်းဆိုမှုတွေ ရှိလာပါတယ်။ အထူးသဖြင့်
အိမ်ထောင်ရေးကိစ္စတွေမှာပေါ့။ ဟိုးရှေးခေတ်ကာလမှာတော့ တရားရုံး၊ တရားသူကြီးနဲ့ တရားရေးစနစ်တွေ မခိုင်မာသေးတော့ လူမှုရေးကိစ္စတွေမှာ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေက ဝင်ရောက်ဆုံးဖြတ်ပေးရတာရှိသလို ဘာသာရေးအလျောက် ချမှတ်ထားတဲ့ အိမ်ထောင်ရေးရာ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။

တချို့တွေက ဒီခေတ်မှာ အသုံးမဝင်တော့ပေမဲ့ တချို့ စည်းမျဉ်းစည်းကမ်းတွေကတော့ ယနေ့ခေတ်အထိတိုင်အောင် ကျင့်သုံးနေဆဲပါပဲ။ အဲဒီတော့ ဘာသာရေးအလိုက် အိမ်ထောင်ရေးဥပဒေတွေမှာမှ ကွာရှင်းခွင့်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဗဟုသုတအနေနဲ့ ကြည့်ကြရအောင်နော်…

ဗုဒ္ဓဘာသာ

ဗုဒ္ဓဘာသာအတွက်ကိုတော့ အထူးပြောစရာမလိုပါဘူးနော်။ယောင်းတို့လည်းသိမှာပါ။ ဒါတွေက လောကီရေးရာကိစ္စမို့ ဘာသာရေးက ဝင်ရောက်စွက်ဖက်မှုမရှိပါဘူး။ ဗုဒ္ဓဘုရားရှင်အလိုအရဆို ဒါတွေက အပူတွေမို့ မယူလေကောင်းလေပါပဲ.. 😛 😛

ဟိန္ဒူဘာသာ

ဟိန္ဒူဘာသာမှာတော့ ကွာရှင်းခွင့်ဆိုတာကို လုံးဝခွင့်ပြုမထားပါဘူး။ ဘာကြောင့်လဲဆိုတော့ လင်မယားပေါင်းဖက်ခြင်းဟာ လူနှစ်ဦးရဲ့ ဆန္ဒသက်သက်မဟုတ်ဘဲ နတ်ဘုရားတွေရဲ့ အလိုဆန္ဒအရဖြစ်ပြီး လူသားတွေက ငြင်းဆန်ခွင့်မရှိဘူးလို့ ယူဆကြပါတယ်။ ဒီလိုဆိုပေမဲ့ နှစ်ဦးသဘောတူ ကွာရှင်းခွင့် ဒါမှမဟုတ် ဇနီးမယားက ကွာရှင်းခွင့်ကိုပဲ လက်မခံတာပါ။ လင်ယောကျ်ားဖြစ်သူကတော့ မိန်းမကို သူမပေါင်းချင်ရင် မပေါင်းဖက်ဘဲ နေလို့ရပါတယ်။ တရားဝင် ကွာရှင်းခွင့်တော့ မရှိပါဘူး။

ဟိန္ဒူဘာသာရေးနဲ့ရှေးခေတ် လူမှုရေးရာ စည်းကမ်းတွေအရ မိန်းမတွေမှာဘာအခွင့်အရေးမှမရှိပါဘူး။ မိဘအိမ်ကနေ ထွက်လာပြီးတဲ့နောက် လင်ယောကျ်ားရဲ့ လက်ခုပ်ထဲကရေ ဖြစ်ပါပြီ။ လင်ယောကျ်ားဖြစ်သူက သူ့ကို အလိုမရှိတဲ့အချိန်မှာ အချိန်မရွေးစွန့်ပစ်နိုင်ပြီး မိန်းမဖြစ်သူဘက်က ကာကွယ်ပေးမယ့်အရာ ဘာဆိုဘာမှမရှိပါဘူး။

ဒါဟာ ဟိန္ဒူဘာသာရေး ဇာတ်တော်ကြီးဖြစ်တဲ့ ရာမာယဏ ဇာတ်တော်ရဲ့လွှမ်းမိုးမှုတွေများစွာပါတယ်လို့လည်းဆိုပါတယ်။ ရာမဇာတ်တော်ထဲမှာ အပြစ်ကင်းတဲ့ သီတာဒေဝီဟာ
ကိုယ်ဝန်ဆောင်ဖြစ်နေတာတောင် ရာမမင်းသားက သူ့ကိုနန်းတော်ကနေ နှင်လွှတ်ပြီး တောတွင်းမှာ နေစေပါတယ်။ သီတာဒေဝီလိုပဲ ဟိန္ဒူအမျိုးသမီးတွေဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လင်ယောကျ်ားရဲ့အဆုံးအဖြတ်ကိုနာခံရပါတယ်။

အစ္စလာမ်ဘာသာ

အစ္စလာမ်ဘာသာရေးမှာလည်း ကွာရှင်းတာကို အားမပေးသည့်တိုင်အောင် နောက်ဆုံးအခြေအနေမျိုးမှာ ကွာရှင်းနိုင်မယ့်အခွင့်အရေးကို ပေးထားပါတယ်။ အစ္စလာမ်ဘာသာရေးအရ ကွာရှင်းခွင့်မှာ သွာလာက် သို့ တွာလာက် (Talaq) နဲ့ ခူလာ (Khula) ဆိုပြီးရှိပါတယ်။ တွာလက်ဆိုတာက အမျိုးသားဘက်က ကွာရှင်းခွင့်တောင်းဆိုတာဖြစ်ပြီး ခူလာ ဆိုတာကတော့ အမျိုးသမီး(သို့) နှစ်ဦးနှစ်ဘက်က ကွာရှင်းခွင့်တောင်းဆိုတာကိုခေါ်ပါတယ်။

တွာလာက် ဆိုတဲ့ အမျိုးသားဘက်ကကွာရှင်းခွင့် တောင်းဆိုတာမှာတော့ သုံးကြိမ်တိုင်တိုင် တောင်းဆိုခွင့်ရှိပါတယ်။ ဆိုလိုတာက ပထမအကြိမ်တောင်းဆိုတဲ့အခါ ပြန်လည်ပေါင်းဖက်ရပြီး
မပြေလည်တာတွေကို ညှိနှိုင်းရပါတယ်။ အဲဒီလိုပဲ ဒုတိယအကြိမ်ထပ်မံ တောင်းဆိုလို့ရသလို တတိယအကြိမ်မြောက် တောင်းဆိုပြီးတဲ့အခါမှာတော့ ထာဝရပြတ်စဲရပါတယ်။ အဲဒီလိုပြတ်စဲတဲ့အခါမှာတော့ လင်ယောကျ်ားဖြစ်သူက ဇနီးဖြစ်သူကို ဓမ္မတာသွေးဆုံးသည်အထိ ထောက်ပံ့ရသလို သားသမီးရှိရင် သားသမီးကိုပါ ထောက်ပံ့ရပါတယ်။

ခူလာ လို့ခေါ်တဲ့ အမျိုးသမီးဘက်က ကွာရှင်းခွင့်တောင်းတာ ဒါမှမဟုတ် နှစ်ဦးသဘောတူပြတ်စဲတာမှာတော့ တစ်ကြိမ်တည်းနဲ့ အပြီးဖြေရှင်းပြတ်စဲရသလို ပြန်လည်ပေါင်းဖက်လို့မရပါဘူး။
ကွာရှင်းခွင့်ကို အမျိုးသားဘက်ကတောင်းသည်ဖြစ်စေ၊ အမျိုးသမီးဘက်ကတောင်းသည်ဖြစ်စေ၊ နှစ်ဦးနှစ်ဘက်တောင်းဆိုသည်ဖြစ်စေ ခိုင်မာခိုင်လုံတဲ့ အကြောင်းအရင်းရှိရမယ်လို့လည်း သိရပါတယ်။ ဒါကအခြေခံအချက်တွေဖြစ်ပြီး နိုင်ငံနဲ့ လူမျိုးအခြေအနေအလိုက် ပြောင်းလဲမှုတွေ၊ မတူညီမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။

ခရစ်ယာန်ဘာသာ

ခရစ်ယာန်ဘာသာအရလည်း ကွာရှင်းခွင့်ကို လုံးဝတားမြစ်ထားပါတယ်။ ဟိန္ဒူတွေလိုပဲ ခရစ်ယာန်တွေက လင်မယားနှစ်ဦး ပေါင်းဖက်ခြင်းဟာ ဘုရားသခင်ရဲ့အလိုဆန္ဒအရပေါင်းဖက်ရတာဖြစ်လို့ လူသားတွေက ငြင်းဆန်ခွင့်မရှိဘူးလို့ ယူဆပါတယ်။ ငြင်းဆန်ခွင့်မရှိတာမှာ ယောကျ်ားဖြစ်စေ မိန်းမဖြစ်စေ ကွာရှင်းခွင့် လုံးဝမရတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီကန့်သတ်ချက်တွေကို အကြောင်းအမျိုးမျိုးနဲ့ ကျော်လွန်ခဲ့သူတွေ ရှိပါတယ်။ အဲဒီထဲမှာ အင်္ဂလန်နိုင်ငံရဲ့ဘုရင်တစ်ပါးဖြစ်သူ Henry VIII ဟာ သမိုင်းမှာ ထင်ရှားသူပါ။ သူဟာ အာဏာသုံးပြီး မိဖုရားအချို့ကိုကွာရှင်းခဲ့ပါတယ်။

ဒါတွေက လင်မယားကွာရှင်းမှုတွေအပေါ် ဘာသာရေးပိုင်းကချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေပဲ ဖြစ်ပါတယ်။ ဒီထဲက တချို့ဥပဒေတွေကိုတော့ လက်ရှိခေတ်ကာလမှာ မကျင့်သုံးတော့ပါဘူး။ တချို့တွေကတော့ ဘာသာရေးစည်းမျဉ်းတွေကို ဥပဒေအရ ဖယ်ရှားပြီး တရားရေးဥပဒေအရ ကျင့်သုံးစေပါတယ်။ အချို့နေရာတွေမှာတော့ တရားရေး ဥပဒေ ချမှတ်ထားသော်လည်း လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ ဘာသာရေး စည်းမျဉ်းစည်းကမ်းတွေကိုပဲ အသုံးပြုပါတယ်။ ဘယ်စည်းကမ်း ဘယ်ဥပဒေကိုပဲ အသုံးပြုသည်ဖြစ်စေ ထိခိုက်နစ်နာသူမရှိအောင် စီစဉ်နိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။

မျှတတဲ့ တရားစီရင်ရေးစနစ်အောက်မှာ လူသားတိုင်းသာတူညီမျှအခွင့်အရေးရရှိကြပါစေလို့ ဆုတောင်းရင်း ….

ဖိုးသူတော် (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top