×

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ ကံလွေက်းရြာ၌ နဝမတန္းေက်ာင္းသူတစ္ဦးအား မူမမွန္သည့္အရိပ္အေယာင္ေၾကာင့္ အတန္းပိုင္ဆရာမမွ ေစာင့္ၾကည့္ေလ့လာခဲ့ရာမွ သက္ငယ္မဒိန္းမႈ က်ဴးလြန္ခံခဲ့ရျခင္းျဖစ္ခဲ့၍ ေက်ာင္းအုပ္ဆရာမႀကီးမွ တရားလိုျပဳလုပ္ကာ စက္တင္ဘာ၁၃ရက္က အမႈဖြင့္တိုင္တန္းခဲ့ေၾကာင္း နမၼတီးနယ္ေျမရဲစခန္းမႉး ရဲအုပ္ေဇာ္လြန္းေအာင္ထံမွ သိရသည္။

ျဖစ္စဥ္မွာ မိုးေကာင္းၿမိဳ႕နယ္၊ကံလွအထက္တန္းေက်ာင္းခြဲတြင္ နဝမတန္းပညာသင္ၾကားေနသူ မ(---- ၁၅)ႏွစ္သည္ ေက်ာင္းတက္ရက္မမွန္ျခင္း၊က်န္းမာေရးမေကာင္းသည့္ အရိပ္အေယာင္မ်ား၊မူမမွန္သည့္အမူအရာမ်ား ရိွေနခဲ့ျခင္းေၾကာင့္ အတန္းပိုင္ဆရာမ၏ ေစာင့္ၾကည့္ေလ့လာ တင္ျပခ်က္မွတစ္ဆင့္ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚျဖဴျဖဴေသာ္မွ ေက်းလက္က်န္းမာေရးဌာနရိွ သားဖြားဆရာမထံျပသၾကည့္ရာ ကိုယ္ဝန္ ၆ လရိွေနၿပီျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

မ(----)၏ေျပာျပခ်က္အရ ေနအိမ္၌အတူေနသည့္ ပေထြးျဖစ္သူ ဝင္းမင္းထြန္း(ခ)မင္းမင္း(၄၃)ႏွစ္သည္ ၂၀၁၈ ခုႏွစ္၊မတ္လဆန္းက ၎အား တႏိုင္းၿမိဳ႕သို႔ေခၚေဆာင္ကာ တည္းခိုခန္းတြင္ သားမယားအျဖစ္ျပဳက်င့္ခဲ့ေၾကာင္း၊ယင္းေနာက္ပိုင္းတြင္လည္း ေနအိမ္တြင္မိခင္မရိွခိုက္ မၾကာခနသားမယားအျဖစ္ ျပဳက်င့္ခဲ့ျခင္းမ်ား ရိွခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့၍ ေက်ာင္းအုပ္ဆရာမႀကီးမွ တရားလိုျပဳလုပ္ကာ ယေန႔ စက္တင္ဘာ ၁၃ ရက္၊ညေန ၄နာရီတြင္ နမၼတီးနယ္ေျမရဲစခန္း၌ အမႈဖြင့္တိုင္တန္းခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဝင္းမင္းထြန္း(ခ)မင္းမင္းအား နမၼတီးနယ္ေျမရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဝင္းႏိုင္(ကခ်င္ေျမ)
မိုးေကာင္းသတင္းမီဒီယာ
https://www.facebook.com/mogaungnews.media

#Unicode Version#


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကံလှကျေးရွာ၌ နဝမတန်းကျောင်းသူတစ်ဦးအား မူမမှန်သည့်အရိပ်အယောင်ကြောင့် အတန်းပိုင်ဆရာမမှ စောင့်ကြည့်လေ့လာခဲ့ရာမှ သက်ငယ်မဒိန်းမှု ကျူးလွန်ခံခဲ့ရခြင်းဖြစ်ခဲ့၍ ကျောင်းအုပ်ဆရာမကြီးမှ တရားလိုပြုလုပ်ကာ စက်တင်ဘာ၁၃ရက်က အမှုဖွင့်တိုင်တန်းခဲ့ကြောင်း နမ္မတီးနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လွန်းအောင်ထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ်၊ကံလှအထက်တန်းကျောင်းခွဲတွင် နဝမတန်းပညာသင်ကြားနေသူ မ(---- ၁၅)နှစ်သည် ကျောင်းတက်ရက်မမှန်ခြင်း၊ကျန်းမာရေးမကောင်းသည့် အရိပ်အယောင်များ၊မူမမှန်သည့်အမူအရာများ ရှိနေခဲ့ခြင်းကြောင့် အတန်းပိုင်ဆရာမ၏ စောင့်ကြည့်လေ့လာ တင်ပြချက်မှတစ်ဆင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသော်မှ ကျေးလက်ကျန်းမာရေးဌာနရှိ သားဖွားဆရာမထံပြသကြည့်ရာ ကိုယ်ဝန် ၆ လရှိနေပြီဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မ(----)၏ပြောပြချက်အရ နေအိမ်၌အတူနေသည့် ပထွေးဖြစ်သူ ဝင်းမင်းထွန်း(ခ)မင်းမင်း(၄၃)နှစ်သည် ၂၀၁၈ ခုနှစ်၊မတ်လဆန်းက ၎င်းအား တနိုင်းမြို့သို့ခေါ်ဆောင်ကာ တည်းခိုခန်းတွင် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ယင်းနောက်ပိုင်းတွင်လည်း နေအိမ်တွင်မိခင်မရှိခိုက် မကြာခနသားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းများ ရှိခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့၍ ကျောင်းအုပ်ဆရာမကြီးမှ တရားလိုပြုလုပ်ကာ ယနေ့ စက်တင်ဘာ ၁၃ ရက်၊ညနေ ၄နာရီတွင် နမ္မတီးနယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းမင်းထွန်း(ခ)မင်းမင်းအား နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဝင်းနိုင်(ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media





 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top