×

မိတ္ေဆြတို႕။    ။ ဒီကေန႕ကြ်န္ေတာ္ မိတ္ေဆြတို႕ကို ဥပမာတစ္ခုနဲ႕ ထင္ဟပ္ျပီးေတာ့ ဗုဒၶ ေဟာၾကားတဲ့ ဒုကၡသစၥာ (ဆင္းရဲျခင္းအမွန္အေၾကာင္းတရား) ကို ေပၚလြင္ေအာင္ ရွင္းျပသြားပါမယ္။ ဗုဒၶဘာသာကို သက္၀င္ယံုၾကည္သူမ်ား အေနနဲ႕ ဒီစၾကာ၀ဠာၾကီးမွာ ဘံုေပါင္း ၃၁ ဘံုရိွပါတယ္။ ကြ်န္ေတာ္တို႕ လူသားမ်ားရိွေနတဲ့ လူ႕ဘံုဟာ ၃၁ ဘံုရဲ့ ပဥၥမဘံုျဖစ္တယ္၊ လူ႕ဘံုရဲ့ေအာက္မွာ ငရဲသားေတြ၊ တိရိစၦာန္ေတြ၊ ျပိတၱာေတြ၊ အသူရကာယ္ေတြ ရိွေနတဲ့ အပါယ္ေလးဘံုရိွတယ္။ လူ႕ဘံုရဲ့အထက္မွာေတာ့ နတ္ျပည္ ၆ ဘံုနဲ႕ သူ႕အထက္မွာ အျမင့္ဆံုး ျဗဟၼာဘံု ၂၀ ရိွတယ္၊ စုစုေပါင္း ၃၁ ဘံု။ ဒီ ၃၁ ဘံုသားေတြဟာ က်ေရာက္ရာဘံုအသီးသီးမွာ သူ႕ကာလအပိုင္းအျခားနဲ႕ စံစရာရိွရင္ စံ၊ ခံစရာရိွရင္ ခံျပီး အဖန္တလဲလဲ ဘ၀အမ်ဳိးမ်ဳိးမွာ အသစ္အသစ္ျဖစ္ေနရတဲ့ အစဥ္ၾကီးကို သံသရာလို႕ ေခၚတယ္။

ဒီသံသရာၾကီးဟာ ဘယ္ေလာက္ရွည္လ်ားသလဲဆိုေတာ့ ေရးေရးထင္ျမင္လာေအာင္ သင္တို႕ရဲ့လက္ရိွဘ၀ကေနျပီးေတာ့ ေရွ႕ဘ၀ ဘ၀ေတြကိုေမွ်ာ္ၾကည့္စမ္းပါ၊ ဘ၀အသစ္ အသစ္ေတြျဖစ္ျပီးရင္း ျဖစ္ရင္းနဲ႕ ဆင္းရဲမႈ တာရွည္သေလာက္ သံသရာ ၾကီးဟာလည္း ရွည္လ်ားေနတာကို မွန္းဆနိုင္ၾကလိမ့္မယ္၊ မိတ္ေဆြတို႕ ထင္လြယ္ျမင္လြယ္ေအာင္ ဒီမွာရိွတဲ့ မိုးေမွ်ာ္တိုက္ ၾကီးတစ္ခုနဲ႕ ထင္ဟပ္ျပီးျပပါမယ္၊ ေစာေစာကေျပာခဲ့တဲ့ ၃၁ ဘံုၾကီးဟာ ၃၁ ထပ္တိုက္ၾကီးတစ္တိုက္ ဆိုပါေတာ့၊ သည္ ၃၁ ထပ္တိုက္ၾကီးထဲေရာက္ေနတဲ့သူေတြအတြက္ ထြက္စရာတံခါးေပါက္မရိွပါဘူး၊ ဒီတိုက္ၾကီးအတြင္းမွာပဲ အထပ္တစ္ခုခုကို သြားလို႕ရပါတယ္။ ဘယ္လိုသြားမလဲ၊ ရိုးရိုး မိုးေမွ်ာ္တိုက္ၾကီးထဲမွာေတာ့ သက္ဆိုင္ရာ ခလုတ္ကိုနိွပ္ျပီး သြားရတယ္။ ေအာက္ထပ္ဆင္းခ်င္ရင္ ေအာက္ထပ္ခလုတ္ကိုနွပ္လို၊ အထက္ထပ္သြားခ်င္ရင္ အထက္ထပ္ခလုတ္ကို နိွပ္ရတယ္ မဟုတ္လား၊ ၃၁ ဘံုနဲ႕တူတဲ့ ၃၁ ထပ္တိုက္ၾကီးထဲမွာေတာ့ ရိုးရိုးတိုက္ၾကီးထဲမွာ ခလုတ္နိွပ္ရတာလိုမလြယ္ဘူး၊ ကာယကံ ရွင္ရဲ့ ေကာင္းမႈကံ၊ မေကာင္းမႈကံ ဆိုတဲ့ အက်ဳိးဆက္အတိုင္းသာ ေကာင္းတဲ့အထပ္၊ ဆိုးတဲ့အထပ္ေတြကိုေရာက္ရတယ္၊ ကိုယ္ေရာက္ခ်င္တိုင္းေရာက္လို႕မရဘူး။

ကြ်န္ေတာ္တို႕အခုေရာက္ေနတဲ့ အထပ္ဟာ ဒီ ၃၁ ဘံု ဆိုတဲ့ တိုက္ၾကီးရဲ့ ပဥၥမထပ္ ျဖစ္တဲ့အေၾကာင္းေျပာခဲ့ပါတယ္။ ဒီ အထက္ကေနျပီး ကြ်န္ေတာ္တို႕ေသသြားျပီးတဲ့ေနာက္ပိုင္း အထက္ကိုျဖစ္ေစ၊ ေအာက္ကိုျဖစ္ေစ၊ လက္ရိွအထပ္မွာပဲ အသြင္တစ္မ်ဳိးနဲ႕ျဖစ္ေစ ကူးေျပာင္းရဦးမွာပါ၊ သည္တစ္ခါမွာ ေကာင္းတာလုပ္ခဲ့သူအဖို႕ ေကာင္းတဲ့ေနရာကိုေရာက္ျပီး ဆိုးတာလုပ္ခဲ့သူအဖို႕ ဆိုးတဲ့ေနရာေရာက္ရမွာျဖစ္ပါတယ္။ အသြင္တစ္မ်ဳိးနဲ႕ သို႕မဟုတ္ ပို၍ေကာင္းတဲ့အသြင္၊ ယုတ္ညံ့ သြားေသာအသြင္တစ္ခုခုနဲ႕ နတ္ဆိုရင္လည္း နတ္ဘံုမွာပဲ ျပန္ေရာက္၊ လူဆိုရင္လည္း လူ့ဘံုမွာပဲ ျပန္ေရာက္၊ တိရိစၦာန္ ဆိုရင္လည္း တိရိစၦာန္ တစ္မ်ဳိးမ်ဳိးပဲ ျပန္ျဖစ္ဆိုတာမ်ဳိးလည္းရိွနိုင္ပါတယ္၊ ဒါေပမဲ့ သည္ ၃၁ ထပ္တိုက္ၾကီးထဲကေတာ့ ထြက္လို႕မရပါဘူး၊ ဒီအတြင္းမွာပဲ ဟိုေနရာေရာက္ ဒီေနရာေရာက္ အဖန္တလဲလဲေရာက္ေနတာပါပဲ။

ကဲ သည္လိုဆိုရင္ မိတ္ေဆြတို႕အေနနဲ႕ သည္လိုအက်ဥ္းေထာင္နဲ႕တူတဲ့ ၃၁ထပ္တိုက္ၾကီးထဲက မထြက္ဘဲ ဘယ္ေလာက္ ၾကာၾကာေနနိုင္ၾကမလဲ၊ ဒီတိုက္ၾကီးထဲမွာ ဘယ္ေလာက္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနရေနရ စားခ်င္တာစာရ၊ လုပ္ခ်င္တာလုပ္ရ ဦးေတာ့ (ငါဟာ သည္တိုက္ၾကီးထဲမွာ အက်ဥ္းက်ခံေနရပါကလား) လို႕ သိလာတာနဲ႕ တျပိဳင္နက္ ဒီသာယာမႈေတြကို နွစ္သက္နိုင္ပါေတာ့မလား၊ ဒီလိုပဲေနသြားခ်င္မလား၊ ေနသြားလို႕ရမလား စဥ္းစားၾကည့္ၾကစမ္းပါ၊ သတၱ၀ါတိုင္းဟာ ကိုယ္သြားခ်င္တဲ့ေနရာကို သြားနိုင္တဲ့လြတ္လပ္ခြင့္ကိုသာ ရရိွလိုတယ္ မဟုတ္လား၊ ဒါေၾကာင့္ မလြတ္လပ္တဲ့ ဘ၀မွာ ေနရတဲ့ သာယာမႈေတြဟာ တကယ္ဆိုေတာ့ ဆင္းရဲမႈေတြပဲ၊ ဒီလိုသေဘာေပါက္ထားရင္ သံသရာၾကီးမွာ ဘ၀အသစ္ အသစ္ေတြ အဖန္တလဲလဲ ျဖစ္ေပၚေနသမွ် ေကာင္းတဲ့ဘ၀ေရာက္ေရာက္၊ ဆိုးတဲ့ဘ၀ေရာက္ေရာက္ ဆင္းရဲျခင္း ပဲလို့ ျမင္လာနိုင္ပါတယ္။ သည္အေၾကာင္းကို ထြက္ေပါက္မရိွတဲ့ ၃၁ ထပ္တိုက္ၾကီး ဥပမာနဲ႕ ထင္ဟပ္ၾကည့္ၾကဖို႕ပါပဲ၊ ဒါဟာ ဗုဒၶဆိုလိုတဲ့ ဆင္းရဲျခင္းအမွန္တရားပါပဲ၊ ဇာတိ၊ ဇရာ၊ ဗ်ာဒိ၊ မရဏ ဆိုတဲ့မွတ္သားလို႕ရေအာင္ အမည္တပ္ထားတဲ့ ေ၀ါဟာရေတြအရ ေမြးဖြားရျခင္းဆင္းရဲ၊ အိုရ နာရ ေသရျခင္းဆင္းရဲ ဆိုတာေတြကို သာမန္အားျဖင့္ နားလည္ထားတာ ထက္ အခု ကြ်န္ေတာ္ရွင္းျပခဲ့တဲ့တရားသေဘာကို ရွာၾကည့္မွသာ ဆင္းရဲမႈအမွန္တရားကို ရိပ္စားမိၾကမွာျဖစ္ပါတယ္၊ အခုေျပာခဲ့တာေတြဟာ ဗုဒၶတရားရဲ့ မူလအေျခခံအေၾကာင္းျဖစ္တဲ့ ဆင္းရဲျခင္းအမွန္တရား (ဒုကၡသစၥာ) ရဲ့ သေဘာပါပဲ။

အားလံုး သစၥာတရားေလးပါးရိွပါတယ္၊ ဒီ သစၥာတရားေလးပါးကို မသိၾကလို႕၊ မက်င့္နိုင္ၾကလို႕ သတၱ၀ါေတြဟာ ဘ၀ အသစ္အသစ္ေတြကို တြယ္တာျပီး သံသရာၾကီးထဲမွာ တပင္တပန္း ေျပးလႊားက်င္လည္ေနၾကရရွာတယ္ဆိုတာ ဗုဒၶက သိေတာ္မူတဲ့အတြက္ ဗုဒၶ ပထမဆံုးေဟာေျပာျပသတဲ့ ဓမၼစၾကာ တရားေတာ္မွာ ဒုကၡသစၥာ၊ သမုဒယသစၥာ၊ နိေရာဓ သစၥာ၊ မဂၢသစၥာ ဆိုတဲ့ သစၥာေလးပါးကို ထည့္သြင္းညႊန္ျပထားျခင္းျဖစ္ပါတယ္။ ဒီသစၥာတရားေလးပါးကို ကြ်န္ေတာ္ ရွင္းျပပါမယ္။
(၁) ဒုကၡသစၥာ။    ။ ေမြးဖြားရျခင္းဆင္းရဲ၊ အိုရျခင္းဆင္းရဲ၊ နာရျခင္းဆင္းရဲ၊ ေသရျခင္းဆင္းရဲ၊ ၀မ္းနည္းရျခင္း၊ ပူပန္ရျခင္း၊ နာၾကည္းရျခင္း၊ ေၾကကဲြရျခင္း ဆင္းရဲနွင့္ လိုခ်င္ေတာင့္တရာမရ၍ဆင္းရဲျခင္း ဆိုျပီးေတာ့ အခ်ဳပ္အားျဖင့္ ဆင္းရဲျခင္း အေၾကာင္းတရား ငါးမ်ဳိးကို ဒုကၡသစၥာ လို႕ေခၚပါတယ္။
(၂) သမုဒယသစၥာ။    ။ ဆင္းရဲျခင္း၏ အေၾကာင္းျဖစ္တဲ့ တပ္မက္တြယ္တာမႈ အမွန္တရားျဖစ္တယ္၊ ဒီတရား သေဘာဟာ ဆင္းရဲျခင္းကို ဧကန္ ျဖစ္တယ္လို႕ ဗုဒၶက ညႊန္ျပတယ္၊ ဘ၀အသစ္၌ တဖန္ျဖစ္ရန္ တပ္မက္တြယ္တာျခင္း၊ တဏွာေလာဘနွင့္ ယွဥ္၍ျဖစ္ေစ၊ ရာဂနွင့္ ယွဥ္၍ျဖစ္ေစ တပ္မက္တြယ္တာျခင္းမ်ဳိးေတြဟာ သမုဒယသစၥာ ဆိုတဲ့ အမွန္တရားတစ္ခုပဲျဖစ္ပါတယ္။
(၃) နိေရာဓသစၥာ။    ။ ဒုကၡအေပါင္း၏ ခ်ဳပ္ျငိမ္းရာျဖစ္ေၾကာင္း သိအပ္၊ ျမင္အပ္တဲ့ အမွန္တရားကိုေခၚဆိုျခင္းျဖစ္တယ္၊ တဏွာေလာဘကို ပယ္နိုင္ဖို႕၊ စြန္႕ႏိုင္ဖို႕၊ ခြာနိုင္ဖို႕၊ ျဖတ္ေတာက္နိုင္ဖို႕ သိျမင္အားထုတ္အပ္တဲ့ အမွန္တရားလို႕ဆိုပါတယ္။
(၄) မဂၢသစၥာ။    ။ ဒီ မဂၢသစၥာ ဆိုတဲ့ အမွန္တရားကေတာ့ ဒုကၡ၏ခ်ဳပ္ျငိမ္းရာ နိဗၺာန္သို႕ေရာက္ေၾကာင္း အက်င့္ကို ဆိုလိုပါတယ္၊ တစ္နည္းေျပာရရင္ ၃၁ ဘံုက ထြက္ေျမာက္ရာလမ္းပါပဲ။ သည္က်င့္စဥ္မွာရိွတဲ့ လမ္းရွစ္သြယ္ကေတာ့ ေကာင္းစြာ သိျမင္ျခင္း၊ ေကာင္းစြာ ၾကံစည္ျခင္း၊ ေကာင္းစြာ ေျပာဆိုျခင္း၊ ေကာင္းစြာျပုျခင္း၊ ေကာင္းစြာ အသက္ေမြးျခင္း၊ ေကာင္းစြာ အားထုတ္ျခင္း၊ ေကာင္းစြာေအာက္ေမ့ျခင္းနွင့္ ေကာင္းစြာတည္ၾကည္ျခင္းတို႕ပဲ ျဖစ္ပါတယ္၊ မဂၢင္ရွစ္ပါး လို႕လည္း ေခၚပါတယ္။

ေနာက္ဆံုးေျပာခဲ့တဲ့ မဂၢင္ရွစ္ပါးကို အစု သံုးစုခဲြလို႕ရပါတယ္။ ပညာ၊ သိကၡာနဲ႕ သမာဓိ ဆိုတဲ့ အစု သံုးစုျဖစ္ပါတယ္။ ပထမ အစုမွာပါတဲ့ လမ္းနွစ္သြယ္ကေတာ့ ေကာင္းစြာ သိျမင္ျခင္း၊ ေကာင္းစြာ ၾကံစည္ျခင္း တို႕ျဖစ္ပါတယ္။ ဒုတိယ အစုပါတာ ကေတာ့ ေကာင္းစြာ ေျပာဆိုျခင္း၊ ေကာင္းစြာျပဳျခင္း၊ ေကာင္းစြာ အသက္ေမြးျခင္း ဆိုတဲ့ က်င့္စဥ္သံုးမ်ဳိးျဖစ္ပါတယ္။ တတိယ အစုမွာ ပါတာကေတာ့ ေကာင္းစြာ အားထုတ္ျခင္း၊ ေကာင္းစြာေအာက္ေမ့ျခင္းနွင့္ ေကာင္းစြာတည္ၾကည္ျခင္း ဆိုတဲ့ စူးစိုက္ျခင္း သံုးမ်ဳိးပဲ ျဖစ္ပါတယ္။

ဗုဒၶက ဒီ မဂၢင္ရွစ္ပါး က်င့္စဥ္ရွစ္မ်ဳိးကို အလယ္အလတ္က်င့္စဥ္လို႕ ညႊန္ျပခဲ့တယ္၊ အလယ္အလတ္က်င့္စဥ္လို႕ ဆိုရတဲ့ အေၾကာင္းကေတာ့ ဒီ လမ္းစဥ္ဟာ အစြန္းနွစ္ဖက္ကို ေရာက္ေအာင္မသြားဘဲ အစြန္းနွစ္ဖက္ကို ပယ္ဖို႕ပါပဲ၊ ဘယ္လို အစြန္းေတြပါလဲ၊ အစြန္းတစ္ခုကေတာ့ ေလာကၾကီးရဲ့ သာယာမႈေတြမွာ နစ္ျမဳပ္ျပီး သံသရာက လြတ္ရာလြတ္ေၾကာင္းကို ေမ့ေလ်ာ့ေနျခင္းဆိုတဲ့ အစြန္းတစ္ဖက္၊ တစ္ဖက္အစြန္းတစ္ခုကေတာ့ မိမိကိုယ္မိမိ အလြန္အက်ဴး ညွဥ္းပန္းနိွပ္စက္ျပီး ေလာကၾကီးက စြန္႕ခြာနိုင္ဖို႕ ၾကိဳးစားေနတဲ့ အစြန္းျဖစ္တယ္၊ ဒီနွစ္ပါးမွာ ပထမအစြန္းဟာ ေလာကအာရံုေတြကို အလြန္ အက်ဴး ခင္တြယ္ေနတဲ့အတြက္ သည္ေလာကၾကီးက မလြတ္ေျမာက္နိုင္ဘူး၊ ကာမ ခ်မ္းသာျခင္းကိုသာ အဖန္တလဲလဲ ခံစားျခင္းျဖစ္လို႕ ဗုဒၶက ျငင္းပယ္ပါတယ္၊ ဒုတိယအစြန္းကေတာ့ မိမိကိုယ္၏ ပင္ပန္းျခင္းကို အဖန္တလဲလဲ ျဖစ္ေစတတ္ျပီး ဒီေလာကၾကီးက လြတ္ေျမာက္ေအာင္ မေဆာင္ရြက္နိုင္တဲ့အတြက္ ဗုဒၶက ပယ္ျခင္းျဖစ္ပါတယ္။

ဒါေၾကာင့္ ဗုဒၶက အထက္မွာေျပာခဲ့တဲ့ မဂၢင္ရွစ္ပါးကို အလယ္အလတ္က်င့္စဥ္လို႕ ညႊန္ျပျခင္းျဖစ္တယ္၊ ဒုကၡကို ခ်ဳပ္ျငိမ္း ေအာင္ျပဳလုပ္တဲ့နည္းကို လက္ေတြ႕ ဥပမာနဲ႕ေျပာရရင္ အနာေရာဂါတစ္ခုကို ေပ်ာက္ကင္းေအာင္ ေရာဂါရဲ့ အေၾကာင္း အရင္းကို ရွာျပီး ဒီေရာဂါနဲ႕ ကိုက္ညီမယ့္ ေဆး၀ါးကိုအသံုးျပဳ ကုသရတဲ့ ဥပမာပါပဲ၊ ဒုကၡဟာ ေရာဂါ ဆိုပါေတာ့၊ ေရာဂါ ျဖစ္ရျခင္းအေၾကာင္းအရင္းကိုသိေအာင္ လုပ္ရသလို ဒုကၡ ျဖစ္ရာျဖစ္ေၾကာင္း၊ တပ္မက္တြယ္တာမႈေတြကို ေတြ႕ေအာင္ရွာ ရပါတယ္၊ ေနာက္ဆံုး ဒီေဆးနဲ႕ ေပ်ာက္ေအာင္ ကုသ ရသလို ဒုကၡမွ လံုးလံုးလ်ားလ်ား လြတ္ေျမာက္ေအာင္ သြားနိုင္တဲ့ အက်င့္ကို လက္ေတြ႕က်င့္ရပါတယ္၊ သည္အက်င့္ကို အထက္က ေျပာခဲ့တဲ့အတိုင္း အလယ္အလတ္အက်င့္လို႕ေခၚျပီး လမ္းရွစ္လမ္း ပါ၀င္ေၾကာင္း ညႊန္ျပခဲ့ျခင္းျဖစ္ပါတယ္။

ဒီမွ်ဆိုရင္ ဗုဒၶဟာ သတၱ၀ါမ်ားအေပၚ အဘယ္မွ်ေလာက္ ကရုဏာၾကီးမားေတာ္မူတယ္ဆိုတာ မိတ္ေဆြတို႕ စဥ္းစားလို႕ ရေလာက္ျပီ ထင္ပါတယ္၊ ဒီဘ၀ ကေနျပီး အဖန္တလဲလဲ ဆင္းရဲက်င္လည္ေနရမယ့္ သံသရာမွ လြတ္ေျမာက္ရာလမ္းကို ဗုဒၶက ညႊန္ျပေတာ္မူခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tea Land
#Unicode Version#

မိတ်ဆွေတို့။    ။ ဒီကနေ့ကျွန်တော် မိတ်ဆွေတို့ကို ဥပမာတစ်ခုနဲ့ ထင်ဟပ်ပြီးတော့ ဗုဒ္ဓ ဟောကြားတဲ့ ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်အကြောင်းတရား) ကို ပေါ်လွင်အောင် ရှင်းပြသွားပါမယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ အနေနဲ့ ဒီစကြာဝဠာကြီးမှာ ဘုံပေါင်း ၃၁ ဘုံရှိပါတယ်။ ကျွန်တော်တို့ လူသားများရှိနေတဲ့ လူ့ဘုံဟာ ၃၁ ဘုံရဲ့ ပဉ္စမဘုံဖြစ်တယ်၊ လူ့ဘုံရဲ့အောက်မှာ ငရဲသားတွေ၊ တိရိစ္ဆာန်တွေ၊ ပြိတ္တာတွေ၊ အသူရကာယ်တွေ ရှိနေတဲ့ အပါယ်လေးဘုံရှိတယ်။ လူ့ဘုံရဲ့အထက်မှာတော့ နတ်ပြည် ၆ ဘုံနဲ့ သူ့အထက်မှာ အမြင့်ဆုံး ဗြဟ္မာဘုံ ၂၀ ရှိတယ်၊ စုစုပေါင်း ၃၁ ဘုံ။ ဒီ ၃၁ ဘုံသားတွေဟာ ကျရောက်ရာဘုံအသီးသီးမှာ သူ့ကာလအပိုင်းအခြားနဲ့ စံစရာရှိရင် စံ၊ ခံစရာရှိရင် ခံပြီး အဖန်တလဲလဲ ဘဝအမျိုးမျိုးမှာ အသစ်အသစ်ဖြစ်နေရတဲ့ အစဉ်ကြီးကို သံသရာလို့ ခေါ်တယ်။

ဒီသံသရာကြီးဟာ ဘယ်လောက်ရှည်လျားသလဲဆိုတော့ ရေးရေးထင်မြင်လာအောင် သင်တို့ရဲ့လက်ရှိဘဝကနေပြီးတော့ ရှေ့ဘ၀ ဘဝတွေကိုမျှော်ကြည့်စမ်းပါ၊ ဘဝအသစ် အသစ်တွေဖြစ်ပြီးရင်း ဖြစ်ရင်းနဲ့ ဆင်းရဲမှု တာရှည်သလောက် သံသရာ ကြီးဟာလည်း ရှည်လျားနေတာကို မှန်းဆနိုင်ကြလိမ့်မယ်၊ မိတ်ဆွေတို့ ထင်လွယ်မြင်လွယ်အောင် ဒီမှာရှိတဲ့ မိုးမျှော်တိုက် ကြီးတစ်ခုနဲ့ ထင်ဟပ်ပြီးပြပါမယ်၊ စောစောကပြောခဲ့တဲ့ ၃၁ ဘုံကြီးဟာ ၃၁ ထပ်တိုက်ကြီးတစ်တိုက် ဆိုပါတော့၊ သည် ၃၁ ထပ်တိုက်ကြီးထဲရောက်နေတဲ့သူတွေအတွက် ထွက်စရာတံခါးပေါက်မရှိပါဘူး၊ ဒီတိုက်ကြီးအတွင်းမှာပဲ အထပ်တစ်ခုခုကို သွားလို့ရပါတယ်။ ဘယ်လိုသွားမလဲ၊ ရိုးရိုး မိုးမျှော်တိုက်ကြီးထဲမှာတော့ သက်ဆိုင်ရာ ခလုတ်ကိုနှိပ်ပြီး သွားရတယ်။ အောက်ထပ်ဆင်းချင်ရင် အောက်ထပ်ခလုတ်ကိုနှပ်လို၊ အထက်ထပ်သွားချင်ရင် အထက်ထပ်ခလုတ်ကို နှိပ်ရတယ် မဟုတ်လား၊ ၃၁ ဘုံနဲ့တူတဲ့ ၃၁ ထပ်တိုက်ကြီးထဲမှာတော့ ရိုးရိုးတိုက်ကြီးထဲမှာ ခလုတ်နှိပ်ရတာလိုမလွယ်ဘူး၊ ကာယကံ ရှင်ရဲ့ ကောင်းမှုကံ၊ မကောင်းမှုကံ ဆိုတဲ့ အကျိုးဆက်အတိုင်းသာ ကောင်းတဲ့အထပ်၊ ဆိုးတဲ့အထပ်တွေကိုရောက်ရတယ်၊ ကိုယ်ရောက်ချင်တိုင်းရောက်လို့မရဘူး။

ကျွန်တော်တို့အခုရောက်နေတဲ့ အထပ်ဟာ ဒီ ၃၁ ဘုံ ဆိုတဲ့ တိုက်ကြီးရဲ့ ပဉ္စမထပ် ဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ ဒီ အထက်ကနေပြီး ကျွန်တော်တို့သေသွားပြီးတဲ့နောက်ပိုင်း အထက်ကိုဖြစ်စေ၊ အောက်ကိုဖြစ်စေ၊ လက်ရှိအထပ်မှာပဲ အသွင်တစ်မျိုးနဲ့ဖြစ်စေ ကူးပြောင်းရဦးမှာပါ၊ သည်တစ်ခါမှာ ကောင်းတာလုပ်ခဲ့သူအဖို့ ကောင်းတဲ့နေရာကိုရောက်ပြီး ဆိုးတာလုပ်ခဲ့သူအဖို့ ဆိုးတဲ့နေရာရောက်ရမှာဖြစ်ပါတယ်။ အသွင်တစ်မျိုးနဲ့ သို့မဟုတ် ပို၍ကောင်းတဲ့အသွင်၊ ယုတ်ညံ့ သွားသောအသွင်တစ်ခုခုနဲ့ နတ်ဆိုရင်လည်း နတ်ဘုံမှာပဲ ပြန်ရောက်၊ လူဆိုရင်လည်း လူ့ဘုံမှာပဲ ပြန်ရောက်၊ တိရိစ္ဆာန် ဆိုရင်လည်း တိရိစ္ဆာန် တစ်မျိုးမျိုးပဲ ပြန်ဖြစ်ဆိုတာမျိုးလည်းရှိနိုင်ပါတယ်၊ ဒါပေမဲ့ သည် ၃၁ ထပ်တိုက်ကြီးထဲကတော့ ထွက်လို့မရပါဘူး၊ ဒီအတွင်းမှာပဲ ဟိုနေရာရောက် ဒီနေရာရောက် အဖန်တလဲလဲရောက်နေတာပါပဲ။

ကဲ သည်လိုဆိုရင် မိတ်ဆွေတို့အနေနဲ့ သည်လိုအကျဉ်းထောင်နဲ့တူတဲ့ ၃၁ထပ်တိုက်ကြီးထဲက မထွက်ဘဲ ဘယ်လောက် ကြာကြာနေနိုင်ကြမလဲ၊ ဒီတိုက်ကြီးထဲမှာ ဘယ်လောက်ပျော်ပျော်ရွှင်ရွှင် နေရနေရ စားချင်တာစာရ၊ လုပ်ချင်တာလုပ်ရ ဦးတော့ (ငါဟာ သည်တိုက်ကြီးထဲမှာ အကျဉ်းကျခံနေရပါကလား) လို့ သိလာတာနဲ့ တပြိုင်နက် ဒီသာယာမှုတွေကို နှစ်သက်နိုင်ပါတော့မလား၊ ဒီလိုပဲနေသွားချင်မလား၊ နေသွားလို့ရမလား စဉ်းစားကြည့်ကြစမ်းပါ၊ သတ္တဝါတိုင်းဟာ ကိုယ်သွားချင်တဲ့နေရာကို သွားနိုင်တဲ့လွတ်လပ်ခွင့်ကိုသာ ရရှိလိုတယ် မဟုတ်လား၊ ဒါကြောင့် မလွတ်လပ်တဲ့ ဘဝမှာ နေရတဲ့ သာယာမှုတွေဟာ တကယ်ဆိုတော့ ဆင်းရဲမှုတွေပဲ၊ ဒီလိုသဘောပေါက်ထားရင် သံသရာကြီးမှာ ဘဝအသစ် အသစ်တွေ အဖန်တလဲလဲ ဖြစ်ပေါ်နေသမျှ ကောင်းတဲ့ဘဝရောက်ရောက်၊ ဆိုးတဲ့ဘဝရောက်ရောက် ဆင်းရဲခြင်း ပဲလို့ မြင်လာနိုင်ပါတယ်။ သည်အကြောင်းကို ထွက်ပေါက်မရှိတဲ့ ၃၁ ထပ်တိုက်ကြီး ဥပမာနဲ့ ထင်ဟပ်ကြည့်ကြဖို့ပါပဲ၊ ဒါဟာ ဗုဒ္ဓဆိုလိုတဲ့ ဆင်းရဲခြင်းအမှန်တရားပါပဲ၊ ဇာတိ၊ ဇရာ၊ ဗျာဒိ၊ မရဏ ဆိုတဲ့မှတ်သားလို့ရအောင် အမည်တပ်ထားတဲ့ ဝေါဟာရတွေအရ မွေးဖွားရခြင်းဆင်းရဲ၊ အိုရ နာရ သေရခြင်းဆင်းရဲ ဆိုတာတွေကို သာမန်အားဖြင့် နားလည်ထားတာ ထက် အခု ကျွန်တော်ရှင်းပြခဲ့တဲ့တရားသဘောကို ရှာကြည့်မှသာ ဆင်းရဲမှုအမှန်တရားကို ရိပ်စားမိကြမှာဖြစ်ပါတယ်၊ အခုပြောခဲ့တာတွေဟာ ဗုဒ္ဓတရားရဲ့ မူလအခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်းအမှန်တရား (ဒုက္ခသစ္စာ) ရဲ့ သဘောပါပဲ။

အားလုံး သစ္စာတရားလေးပါးရှိပါတယ်၊ ဒီ သစ္စာတရားလေးပါးကို မသိကြလို့၊ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘ၀ အသစ်အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆိုတာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံးဟောပြောပြသတဲ့ ဓမ္မစကြာ တရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓ သစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်းညွှန်ပြထားခြင်းဖြစ်ပါတယ်။ ဒီသစ္စာတရားလေးပါးကို ကျွန်တော် ရှင်းပြပါမယ်။
(၁) ဒုက္ခသစ္စာ။    ။ မွေးဖွားရခြင်းဆင်းရဲ၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင်တောင့်တရာမရ၍ဆင်းရဲခြင်း ဆိုပြီးတော့ အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာ လို့ခေါ်ပါတယ်။
(၂) သမုဒယသစ္စာ။    ။ ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရားဖြစ်တယ်၊ ဒီတရား သဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်တယ်လို့ ဗုဒ္ဓက ညွှန်ပြတယ်၊ ဘဝအသစ်၌ တဖန်ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ဖြစ်စေ တပ်မက်တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။
(၃) နိရောဓသစ္စာ။    ။ ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ်၊ မြင်အပ်တဲ့ အမှန်တရားကိုခေါ်ဆိုခြင်းဖြစ်တယ်၊ တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင်အားထုတ်အပ်တဲ့ အမှန်တရားလို့ဆိုပါတယ်။
(၄) မဂ္ဂသစ္စာ။    ။ ဒီ မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်၊ တစ်နည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာလမ်းပါပဲ။ သည်ကျင့်စဉ်မှာရှိတဲ့ လမ်းရှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်း၊ ကောင်းစွာ ပြောဆိုခြင်း၊ ကောင်းစွာပြုခြင်း၊ ကောင်းစွာ အသက်မွေးခြင်း၊ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာအောက်မေ့ခြင်းနှင့် ကောင်းစွာတည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ မဂ္ဂင်ရှစ်ပါး လို့လည်း ခေါ်ပါတယ်။

နောက်ဆုံးပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစုခွဲလို့ရပါတယ်။ ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစုဖြစ်ပါတယ်။ ပထမ အစုမှာပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်း တို့ဖြစ်ပါတယ်။ ဒုတိယ အစုပါတာ ကတော့ ကောင်းစွာ ပြောဆိုခြင်း၊ ကောင်းစွာပြုခြင်း၊ ကောင်းစွာ အသက်မွေးခြင်း ဆိုတဲ့ ကျင့်စဉ်သုံးမျိုးဖြစ်ပါတယ်။ တတိယ အစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာအောက်မေ့ခြင်းနှင့် ကောင်းစွာတည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက ဒီ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ရှစ်မျိုးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်၊ အလယ်အလတ်ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ ဒီ လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင်မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ၊ ဘယ်လို အစွန်းတွေပါလဲ၊ အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်းဆိုတဲ့ အစွန်းတစ်ဖက်၊ တစ်ဖက်အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှဉ်းပန်းနှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်းဖြစ်တယ်၊ ဒီနှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန် အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး၊ ကာမ ချမ်းသာခြင်းကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်၊ ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး ဒီလောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓက အထက်မှာပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်းဖြစ်တယ်၊ ဒုက္ခကို ချုပ်ငြိမ်း အောင်ပြုလုပ်တဲ့နည်းကို လက်တွေ့ ဥပမာနဲ့ပြောရရင် အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်း အရင်းကို ရှာပြီး ဒီရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကိုအသုံးပြု ကုသရတဲ့ ဥပမာပါပဲ၊ ဒုက္ခဟာ ရောဂါ ဆိုပါတော့၊ ရောဂါ ဖြစ်ရခြင်းအကြောင်းအရင်းကိုသိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင်ရှာ ရပါတယ်၊ နောက်ဆုံး ဒီဆေးနဲ့ ပျောက်အောင် ကုသ ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ကျင့်ရပါတယ်၊ သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ်အကျင့်လို့ခေါ်ပြီး လမ်းရှစ်လမ်း ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်းဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာကြီးမားတော်မူတယ်ဆိုတာ မိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်၊ ဒီဘ၀ ကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာလမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Tea Land

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top