မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×

By BaHuThu Ta / September 10, 2018

ဇေရဲထက်​​ပြောတဲ့ ​ရွှေထူးနဲ့ ​ရွှေမှုံရတီရဲ့ အချစ်​​ရေးအ​ကြောင်း

သရုပ်​​ဆောင်​ ​ဇေရဲထက်​ဟာ ယခု​ခေတ်​မြန်​မာ့အနုပညာ​လောကရဲ့ ​အောင်​မြင်​တဲ့မင်းသားတစ်​လက်​ပါ။


ကျရာဇာတ်​လမ်းကို ပီပီပြင်​ပြင်​သရုပ်​​ဆောင်​နိုင်​တာ​ကြောင့်​ ပရိသတ်​​တွေအား​ပေးချစ်​ခင်​ခြင်းခံရတဲ့သူတစ်​ဦးပါ။

သရုပ်​​ဆောင်​​ကောင်းလွန်းလှတဲ့ ​ဇေရဲထက်​ကို မြို့ပရိသတ်​​တွေ​ရော နယ်​ပရိသတ်​​တွေပါ အား​ပေးခြင်းခံရသူပါ။


သူက​တော့ အခုလက်​ရှိမှာ ၁၂ပွဲ ​ဈေးသည်​ရုပ်​ရှင်​ဇာတ်​ကားကို ​ရွှေမှုံရတီ၊ ခိုင်​သင်းကြည်​တို့နဲ့ အတူတူရိုက်​ကူးဖို့ပြင်​ဆင်​​နေပါပြီ။

ဇေရဲထက်​နဲ့ ​ရွှေမှုန်​ရတီက အနုပညာ​လောကမှာသာမက အပြင်​မှာလဲ တစ်​​ယောက်​ကိုတစ်​​ယောက်​အရမ်းချစ်​ကြတဲ့ သူငယ်​ချင်းနှစ်​ဦးပါ။

သူတို့နှစ်​ဦးဟာ အသက်​အရွယ်​ ကွာခြားမှုရှိ​ပေမယ့်​ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ​မောင်​နှမလို သူငယ်​ချင်းလို ​ပြောမနာဆိုမနာဆက်​ဆံ​ရေးမျိုးပါ။


ဇေရဲထက်​နဲ့ ​ရွှေမှုန်​ရတီက ကိစ္စတိုင်းကိုပွင့်​ပွင့်​လင်းလင်း​ပြောဆိုဆက်​ဆံကြ​ပေမယ့်​ ​တချို့​သောပုဂ္ဂိုလ်​​ရေးကိစ္စ​တွေ​တော့ တိုင်​ပင်​​လေ့မရှိပါဘူး။
ဇေရဲထက်​က ​ရွှေမှုန်​ရတီရဲ့ အချစ်​​ရေးရာကိစ္စ​တွေကို​တော့ ဝင်​​ရောက်​စွတ်​ဖက်​ဖြင်းမရှိပါဘူး။ ​​ရွှေမှုံရတီ ​ပျော်​ပြီးစိတ်​ချမ်းသာတာကိုပဲမြင်​ချင်​ပါတယ်​လို့သာ သူငယ်​ချင်း​ကောင်းပီပီ​ဖြေ​လေ့ရှိသူပါ။

အခုလတ်​တ​လော ​ရွှေထူးနဲ့ ​ရွှေမှုန်​ရတီရဲ့ အချစ်​​ရေးကိစ္စနဲ့ ပတ်​သတ်​ပြီး ​ဇေရဲထက်​က သူတို့နှစ်​​ယောက်​ဝန်​ခံပြီးပြီဖြစ်​တဲ့အတွက်​ သူ့အ​နေနဲ့ဘာမှ​ပြောစရာမရှိပါဘူးတဲ့။ ​ရွှေမှုန်​ရတီ ​ရွေးခြယ်​ခဲ့တဲ့လမ်းက မမှားဘူးလို့ထင်​ပါတယ်​တဲ့။


ဇေရဲထက်​က ​ရွှေထူးနဲ့ ​ရွှေမှုန်​ရတီတို့ နှစ်​​ယောက်​နားလည်​မှုရှိရှိနဲ့ ​အေး​အေးချမ်းချမ်း​နေနိုင်​ပါ​စေလို့ ဆု​တောင်း​ပေးထားပါ​သေးတယ်​။ ​ရွှေမှုန်​ရတီက စိတ်​ထား​ကောင်းတဲ့ မိန်းက​လေးမို့ ​ရွှေထူးအ​နေနဲ့ ကံ​ကောင်းပါတယ်​လို့လဲ ဆိုထားပါ​သေးတယ်​။
ဇေရဲထက်​​​ရဲ့ သူငယ်​ချင်း​ကောင်းစားတာကိုပဲမြင်​ချင်​တဲ့စိတ်​ထာ​လေးက အရမ်း​လေးစားဖို့​ကောင်းပါတယ်​​နော်​။ ပရိသတ်​ကြီးလဲ သူငယ်​ချင်း​ကောင်းပီသတဲ့ ​ဇေရဲထက်ရဲ့ စိတ်​ထား​လေးကို​တွေ့မြင်​ရမှာဖြစ်​ပါတယ်​။ ​ဇေရဲထက်​နဲ့ ​ရွှေနှစ်​​ရွှေကိုချစ်​ကြတဲ့ ပရိသတ်​ကြီး ဒီပိုစ့်​​လေးကို သ​ဘောကျရင်​ Like & Share လုပ်​ဖို့မ​မေ့ပါနဲ့​နော်​။
ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top