ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေပၚပင္ဆိုတဲ့ စကားလုံးက လူေတာ္ေတာ္မ်ားမ်ား နားရည္ဝၿပီးသားပါ။ ဒါက အသံထြက္ယူၿပီး ေမြးစားထားတဲ့စကားလုံးျဖစ္ပါတယ္။ ျမန္မာစကားလုံးေတာ့ မဟုတ္ဘဲ popping ဆိုတဲ့ အဂၤလိပ္စကားလုံးက လာတာပါ။ ဂတ္စ္ပါတဲ့ အရည္ထဲမွာ

ေလပူေဖာင္းေလးေတြ ျဖစ္လာလိုက္၊ ေပါက္သြားလိုက္ဆိုတဲ့ အေျခအေနမ်ိဳးက popping ပါပဲ။ ဆိုလိုရင္းကေတာ့ ျဖစ္လြယ္၊ ပ်က္လြယ္ဆိုတဲ့ သေဘာပါ။ ေခတ္စားေနတဲ့ ကိစၥတစ္ခု လိုက္လုပ္သူေတြကို '' ေပၚပင္ေတြပါကြာ''လို႔ ေျပာတတ္ၾကပါတယ္။ '' ေပၚပင္ မလုပ္နဲ႔''၊ ''မင္းပုံစံက ေပၚပင္ဆန္လြန္းတယ္'' ဒီစကားလုံးေတြၾကားမွာ ေပၚပင္ဆိုတာ မေကာင္းတဲ့ အရိပ္အေငြ႕ေတြ လႊမ္းမိုးေနသလိုပါပဲ။

တကယ္ေတာ့ ေပၚပင္လုပ္တာလည္း လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ ကိုယ္ကိုယ္တိုင္က ေခတ္ (လူမႈကြန္ရက္)ကို မ်က္ေျချပတ္ေနမယ္၊ ေစာင့္ၾကည့္ဖို႔လည္း အခ်ိန္မေပးႏိုင္ဘူးဆိုရင္ ''စကားလုံး တစ္လုံး၊ ဖက္ရွင္တစ္ခု၊ ျဖစ္ရပ္တစ္ခုခု''ကို မသိႏိုင္ပါဘူး။ မသိဘူးဆိုမွေတာ့ ေပၚပင္လုပ္ဖို႔လည္း ေဝးသြားပါၿပီ။ ေပၚပင္ေတြရဲ႕ အားသာခ်က္ကေတာ့ ေခတ္နဲ႔ မ်က္ေျခမျပတ္ရွိေနတာပါ။ ေခတ္နဲ႔ မ်က္ေျခမျပတ္ဘူးဆိုရင္ ဘာေတြ ေျပာင္းလဲေနလဲ၊ ဘာေတြ တိုးတက္ေနလဲ၊ ဘာေတြ ဆုတ္ယုတ္ေနလဲဆိုတာ ရိပ္စားမိႏိုင္ေျခ မ်ားပါတယ္။ ဒါဆိုရင္ ကိုယ္ကိုယ္တိုင္နဲ႔ ကိုယ့္ပတ္ဝန္းက်င္အေပၚ သုံးသပ္တဲ့ေနရာမွာ ခ်င့္ခ်ိန္ၾကည့္လို႔ ရႏိုင္ပါတယ္။

ဥပမာတစ္ခု ေပးရရင္ လူမႈကြန္ရက္ ေရပန္းစားလာၿပီး ဒီဂ်စ္တယ္မားကတ္တင္းကို ေၾကာ္ျငာေတြကရတဲ့ ဝင္ေငြေတြ စီးဆင္းေနတဲ့ လက္ရွိေခတ္ကာလ အေျခအေနမ်ိဳးမွာ လူမႈကြန္ရက္နဲ႔ အလုပ္လုပ္ေနသူေတြအတြက္ေတာ့ ကိုယ့္ထုတ္ကုန္တစ္ခု၊ ကိုယ့္ဖန္တီးမႈတစ္ခု၊ ကိုယ့္ေၾကာ္ျငာတစ္ခုကို လူေတြအာ႐ုံစိုက္မိေအာင္ ေပၚပင္ျဖစ္ေနတဲ့ စကားလုံး၊ အေၾကာင္းအရာနဲ႔ ဆြဲကပ္တာမ်ိဳးေတာင္ လုပ္ၾကရပါတယ္။ ဒီလိုအေနအထားမွာ ေပၚပင္ဆိုတာ လုပ္သင့္လုပ္ထိုက္တဲ့၊ လုပ္ေကာင္းတဲ့ အရာတစ္ခုလို႔ ဆိုရမွာပါ။

ဒါေပမဲ့ ေပၚပင္လုပ္တိုင္းလည္း ေကာင္းတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ကိုယ့္ဘဝရဲ႕ တိုးတက္ရာ တိုးတက္ေၾကာင္းကို လ်စ္လ်ဴ႐ႈထားၿပီး ေပၚပင္လုပ္ခ်င္တာတစ္ခုတည္းနဲ႔ လူမႈကြန္ရက္ကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနတာမ်ိဳးက်ျပန္ေတာ့လည္း လူႀကီးမိဘေတြ အျမင္ေစာင္းခ်င္စရာပါ။ အခ်ိန္နဲ႔ ေငြလည္း ျဖဳန္းတီးရာေရာက္ေနမွာပါ။ တကယ္ေတာ့ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ အေကာင္း၊ အဆိုးဆိုတာ လည္ပင္းဖက္ေပါင္းေနတဲ့ သူငယ္ခ်င္းေတြလို တပူးပူး၊ တတြဲတြဲ ရွိေနတတ္တာ မ်ားပါတယ္။ ကိုယ္ကိုယ္တိုင္က ဆင္ျခင္ပိုင္းျခား ဆုံးျဖတ္ႏိုင္စြမ္းရွိဖို႔က အေရးႀကီးဆုံးပါပဲ။ ဒါဆိုရင္ လူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြေၾကာင့္ ကိုယ့္အျမင္ကို ထုတ္မေျပာရဲတဲ့ တြန္႔ဆုတ္ေနရတာေတြ ကင္းေဝးသြားမွာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Nz (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ပေါ်ပင်ဆိုတဲ့ စကားလုံးက လူတော်တော်များများ နားရည်ဝပြီးသားပါ။ ဒါက အသံထွက်ယူပြီး မွေးစားထားတဲ့စကားလုံးဖြစ်ပါတယ်။ မြန်မာစကားလုံးတော့ မဟုတ်ဘဲ popping ဆိုတဲ့ အင်္ဂလိပ်စကားလုံးက လာတာပါ။ ဂတ်စ်ပါတဲ့ အရည်ထဲမှာ

လေပူဖောင်းလေးတွေ ဖြစ်လာလိုက်၊ ပေါက်သွားလိုက်ဆိုတဲ့ အခြေအနေမျိုးက popping ပါပဲ။ ဆိုလိုရင်းကတော့ ဖြစ်လွယ်၊ ပျက်လွယ်ဆိုတဲ့ သဘောပါ။ ခေတ်စားနေတဲ့ ကိစ္စတစ်ခု လိုက်လုပ်သူတွေကို '' ပေါ်ပင်တွေပါကွာ''လို့ ပြောတတ်ကြပါတယ်။ '' ပေါ်ပင် မလုပ်နဲ့''၊ ''မင်းပုံစံက ပေါ်ပင်ဆန်လွန်းတယ်'' ဒီစကားလုံးတွေကြားမှာ ပေါ်ပင်ဆိုတာ မကောင်းတဲ့ အရိပ်အငွေ့တွေ လွှမ်းမိုးနေသလိုပါပဲ။

တကယ်တော့ ပေါ်ပင်လုပ်တာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်က ခေတ် (လူမှုကွန်ရက်)ကို မျက်ခြေပြတ်နေမယ်၊ စောင့်ကြည့်ဖို့လည်း အချိန်မပေးနိုင်ဘူးဆိုရင် ''စကားလုံး တစ်လုံး၊ ဖက်ရှင်တစ်ခု၊ ဖြစ်ရပ်တစ်ခုခု''ကို မသိနိုင်ပါဘူး။ မသိဘူးဆိုမှတော့ ပေါ်ပင်လုပ်ဖို့လည်း ဝေးသွားပါပြီ။ ပေါ်ပင်တွေရဲ့ အားသာချက်ကတော့ ခေတ်နဲ့ မျက်ခြေမပြတ်ရှိနေတာပါ။ ခေတ်နဲ့ မျက်ခြေမပြတ်ဘူးဆိုရင် ဘာတွေ ပြောင်းလဲနေလဲ၊ ဘာတွေ တိုးတက်နေလဲ၊ ဘာတွေ ဆုတ်ယုတ်နေလဲဆိုတာ ရိပ်စားမိနိုင်ခြေ များပါတယ်။ ဒါဆိုရင် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်အပေါ် သုံးသပ်တဲ့နေရာမှာ ချင့်ချိန်ကြည့်လို့ ရနိုင်ပါတယ်။

ဥပမာတစ်ခု ပေးရရင် လူမှုကွန်ရက် ရေပန်းစားလာပြီး ဒီဂျစ်တယ်မားကတ်တင်းကို ကြော်ငြာတွေကရတဲ့ ဝင်ငွေတွေ စီးဆင်းနေတဲ့ လက်ရှိခေတ်ကာလ အခြေအနေမျိုးမှာ လူမှုကွန်ရက်နဲ့ အလုပ်လုပ်နေသူတွေအတွက်တော့ ကိုယ့်ထုတ်ကုန်တစ်ခု၊ ကိုယ့်ဖန်တီးမှုတစ်ခု၊ ကိုယ့်ကြော်ငြာတစ်ခုကို လူတွေအာရုံစိုက်မိအောင် ပေါ်ပင်ဖြစ်နေတဲ့ စကားလုံး၊ အကြောင်းအရာနဲ့ ဆွဲကပ်တာမျိုးတောင် လုပ်ကြရပါတယ်။ ဒီလိုအနေအထားမှာ ပေါ်ပင်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်ကောင်းတဲ့ အရာတစ်ခုလို့ ဆိုရမှာပါ။

ဒါပေမဲ့ ပေါ်ပင်လုပ်တိုင်းလည်း ကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို လျစ်လျူရှုထားပြီး ပေါ်ပင်လုပ်ချင်တာတစ်ခုတည်းနဲ့ လူမှုကွန်ရက်ကို မျက်ခြေမပြတ် စောင့်ကြည့်နေတာမျိုးကျပြန်တော့လည်း လူကြီးမိဘတွေ အမြင်စောင်းချင်စရာပါ။ အချိန်နဲ့ ငွေလည်း ဖြုန်းတီးရာရောက်နေမှာပါ။ တကယ်တော့ ကိစ္စတော်တော်များများမှာ အကောင်း၊ အဆိုးဆိုတာ လည်ပင်းဖက်ပေါင်းနေတဲ့ သူငယ်ချင်းတွေလို တပူးပူး၊ တတွဲတွဲ ရှိနေတတ်တာ များပါတယ်။ ကိုယ်ကိုယ်တိုင်က ဆင်ခြင်ပိုင်းခြား ဆုံးဖြတ်နိုင်စွမ်းရှိဖို့က အရေးကြီးဆုံးပါပဲ။ ဒါဆိုရင် လူတွေရဲ့ ထင်မြင်ယူဆချက်တွေကြောင့် ကိုယ့်အမြင်ကို ထုတ်မပြောရဲတဲ့ တွန့်ဆုတ်နေရတာတွေ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Nz (ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top