×

႐ံုးထုတ္ရာတြင္ အသံုးျပဳေသာကားသည္ ဖမ္းဆီးထားသည့္ တရားမဝင္ လိုင္စင္မဲ့ကားျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕တာဝန္ရွိသူဆို
 ေက်ာက္ဆည္ဂ်ီတီအိုင္ ေက်ာင္းသား အသတ္ခံရမႈတြင္ က်ဴးလြန္သူမ်ားကို ႐ံုးထုတ္လာ ေသာ အိမ္စီးကား အမ်ိဳးအစားႏွင့္ နံပါတ္တူေနသျဖင့္ ျပည္ၿမိဳ႕တြင္  ေနထိုင္သည့္ လိုင္စင္အမွန္ရွိသူကရွင္းလင္းခဲ့သည္။

လူသတ္မႈျဖင့္ တရားစြဲဆိုခံ ထားရသူမ်ားကို စက္တင္ဘာ ၁၃ ရက္က ႐ံုးထုတ္ရာတြင္ အသံုးျပဳ သည့္ကားသည္ မတ္တူး(ေရႊငါး) အမ်ိဳးအစား၊ အျဖဴေရာင္၊ ကားနံ ပါတ္ YGN-3I/1589 ျဖစ္သည္။ ယင္းကားကို လူမႈကြန္ရက္စာ မ်က္ႏွာတြင္ ေတြ႕ျမင္ၿပီးေနာက္ ၎၏ကားႏွင့္ အမ်ိဳးအစား၊ အေရာင္၊ နံပါတ္မ်ားတူညီေနသျဖင့္ လူမႈကြန္ရက္စာမ်က္ႏွာ၌ မိတ္  ေဆြမ်ားက စာတင္ရွင္းလင္း ခဲ့ေၾကာင္း  ျပည္တကၠသိုလ္သခ်ၤာ ဌာနတြဲဖက္ ပါေမာကၡ(ၿငိမ္း) ဦးသန္းထြန္းက ေျပာသည္။

‘‘ေက်ာင္းသားကို သတ္တဲ့ အမႈနဲ႔ ႐ံုးထုတ္လာတဲ့ကားနဲ႔ ဆရာ့ကားက နံပါတ္က အစတူေန ေတာ့ ေက်ာင္းသားေတြ၊ မိတ္ေဆြေတြၾကား အမွန္ကိုမသိဘဲ အထင္အျမင္လြဲမွားမႈမ်ိဳးျဖစ္မွာ စိုးရိမ္တဲ့အတြက္ ရွင္းလင္းတာပါ’’ ဟု လက္ရွိ ျပည္ၿမိဳ႕တြင္ ေနထုိင္သူ  ဦးသန္းထြန္းက ၎၏မိတ္ေဆြ မ်ား၏ ေဖ့စ္ဘြတ္ခ္အေကာင့္မ်ားမွတစ္ဆင့္ ရွင္းလင္းခဲ့ပံုကို ေျပာသည္။ ဦးသန္းထြန္းကားတြင္လိုင္စင္အမွန္ရွိေၾကာင္း ကညန က ထုတ္ေပးထားသည့္ ပိုင္ရွင္  စာအုပ္အပါအဝင္ ကားႏွင့္တကြ ၎၏ ဓာတ္ပံုႏွင့္ပါ ရွင္းလင္းခဲ့ သည္။  ဂ်ီတီအိုင္ေက်ာင္းသားအ သတ္ခံရမႈတြင္ က်ဴးလြန္သူမ်ား ကို ႐ံုးထုတ္ရာ၌ အသံုးျပဳသည့္ ကားသည္ ရဲတပ္ဖြဲ႕က ဖမ္းဆီး ထားသည့္ တရားမဝင္ လိုင္စင္မဲ့ ကားျဖစ္ေၾကာင္း ေက်ာက္ဆည္ ခ႐ိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးဝင္း သိန္းက ေျပာသည္။

‘‘အဲဒီကားက (Without) တရားမဝင္ လုိင္စင္မဲ့ကား။ ကားပိုင္ရွင္ တရားခံကိုလည္း ဖမ္းမိ ထားတယ္။ တရားခံက ျပင္ဦးလြင္က။ လိုင္စင္မဲ့ကားအတြက္ ႐ံုးထုတ္တဲ့ေန႔က ကားကိုလည္း သက္ေသခံအျဖစ္ ျပဖို႔ တရား႐ံုးကို ယူလာရင္းနဲ႔ အဲဒီအမႈ (ဂ်ီတီအုိင္ေက်ာင္းသားအသတ္ခံရမႈ)က တရားခံသံုးဦးကို တင္ေခၚလာတာ။ တရားခံေတြဘက္က ကားမဟုတ္ပါဘူး’’ဟု ၎က ေျပာသည္။ ၎တို႔ကို စက္တင္ဘာ ၁၃ ရက္က ႐ံုးထုတ္ရမန္ယူစဥ္ အိမ္စီးကားျဖင့္ ႐ံုးထုတ္ခဲ့ျခင္းေၾကာင့္ ေက်ာင္းသားဘက္မွ လာေရာက္ဝန္းရံသူမ်ားက ေဝဖန္ခဲ့ၾကသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ကျောက်ဆည်ဂျီတီအိုင် ကျောင်းသား အသတ်ခံရမှုတွင် ကျူးလွန်သူများကို ရုံးထုတ်လာ သော အိမ်စီးကား အမျိုးအစားနှင့် နံပါတ်တူနေသဖြင့် ပြည်မြို့တွင်  နေထိုင်သည့် လိုင်စင်အမှန်ရှိသူကရှင်းလင်းခဲ့သည်။

လူသတ်မှုဖြင့် တရားစွဲဆိုခံ ထားရသူများကို စက်တင်ဘာ ၁၃ ရက်က ရုံးထုတ်ရာတွင် အသုံးပြု သည့်ကားသည် မတ်တူး(ရွှေငါး) အမျိုးအစား၊ အဖြူရောင်၊ ကားနံ ပါတ် YGN-3I/1589 ဖြစ်သည်။ ယင်းကားကို လူမှုကွန်ရက်စာ မျက်နှာတွင် တွေ့မြင်ပြီးနောက် ၎င်း၏ကားနှင့် အမျိုးအစား၊ အရောင်၊ နံပါတ်များတူညီနေသဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ မိတ်  ဆွေများက စာတင်ရှင်းလင်း ခဲ့ကြောင်း  ပြည်တက္ကသိုလ်သင်္ချာ ဌာနတွဲဖက် ပါမောက္ခ(ငြိမ်း) ဦးသန်းထွန်းက ပြောသည်။

‘‘ကျောင်းသားကို သတ်တဲ့ အမှုနဲ့ ရုံးထုတ်လာတဲ့ကားနဲ့ ဆရာ့ကားက နံပါတ်က အစတူနေ တော့ ကျောင်းသားတွေ၊ မိတ်ဆွေတွေကြား အမှန်ကိုမသိဘဲ အထင်အမြင်လွဲမှားမှုမျိုးဖြစ်မှာ စိုးရိမ်တဲ့အတွက် ရှင်းလင်းတာပါ’’ ဟု လက်ရှိ ပြည်မြို့တွင် နေထိုင်သူ  ဦးသန်းထွန်းက ၎င်း၏မိတ်ဆွေ များ၏ ဖေ့စ်ဘွတ်ခ်အကောင့်များမှတစ်ဆင့် ရှင်းလင်းခဲ့ပုံကို ပြောသည်။ ဦးသန်းထွန်းကားတွင်လိုင်စင်အမှန်ရှိကြောင်း ကညန က ထုတ်ပေးထားသည့် ပိုင်ရှင်  စာအုပ်အပါအဝင် ကားနှင့်တကွ ၎င်း၏ ဓာတ်ပုံနှင့်ပါ ရှင်းလင်းခဲ့ သည်။  ဂျီတီအိုင်ကျောင်းသားအ သတ်ခံရမှုတွင် ကျူးလွန်သူများ ကို ရုံးထုတ်ရာ၌ အသုံးပြုသည့် ကားသည် ရဲတပ်ဖွဲ့က ဖမ်းဆီး ထားသည့် တရားမဝင် လိုင်စင်မဲ့ ကားဖြစ်ကြောင်း ကျောက်ဆည် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်း သိန်းက ပြောသည်။

‘‘အဲဒီကားက (Without) တရားမဝင် လိုင်စင်မဲ့ကား။ ကားပိုင်ရှင် တရားခံကိုလည်း ဖမ်းမိ ထားတယ်။ တရားခံက ပြင်ဦးလွင်က။ လိုင်စင်မဲ့ကားအတွက် ရုံးထုတ်တဲ့နေ့က ကားကိုလည်း သက်သေခံအဖြစ် ပြဖို့ တရားရုံးကို ယူလာရင်းနဲ့ အဲဒီအမှု (ဂျီတီအိုင်ကျောင်းသားအသတ်ခံရမှု)က တရားခံသုံးဦးကို တင်ခေါ်လာတာ။ တရားခံတွေဘက်က ကားမဟုတ်ပါဘူး’’ဟု ၎င်းက ပြောသည်။ ၎င်းတို့ကို စက်တင်ဘာ ၁၃ ရက်က ရုံးထုတ်ရမန်ယူစဉ် အိမ်စီးကားဖြင့် ရုံးထုတ်ခဲ့ခြင်းကြောင့် ကျောင်းသားဘက်မှ လာရောက်ဝန်းရံသူများက ဝေဖန်ခဲ့ကြသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top