×

အိပ္ခါနီး မစားသင့္တဲ့ အစားအစာမ်ားဆိုၿပီး ေရးထားဖူးပါတယ္။ အခုတခါမွာေတာ့ ညဘက္ေတြမွာ ေကာင္းေကာင္း အိပ္ေပ်ာ္ေစဖို႔ ဘာေတြ စားသင့္လဲဆိုတာ ထပ္ ေလ့လာၾကည့္ရေအာင္ပါ။ ပထမဆံုး ညဘက္ေတြ ေကာင္းေကာင္း အိပ္ေပ်ာ္ပါရဲ႕လားလို႔ ေမးခ်င္ပါတယ္။ မအိပ္ေပ်ာ္ဘူးဆိုတဲ့ အေျဖရရင္ေတာ့ ေနာက္တစ္ေန႔တာဟာ သင့္အတြက္ ပင္ပန္းႏြမ္းနယ္တဲ့ ေန႔ ျဖစ္ေနပါလိမ့္မယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ျခင္းဟာ စိတ္ေရာ ကိုယ္ပါ အနားရေစဖို႔ သဘာ၀က ေပးတဲ့ လက္ေဆာင္ တစ္ခုပါ။ အိပ္ျခင္းနဲ႔ က်န္းမာေရးဟာ ဆက္စပ္ေနပါတယ္။ အိပ္တာနည္းၿပီဆိုတာနဲ႔ ကိုယ္ထဲက စနစ္ေတြဟာ ကေမာက္ကမ ျဖစ္သြားေစပါတယ္။ သာမာန္လူေတြ အတြက္ေတာ့ တစ္ေန႔ ၇နာရီေလာက္ အိပ္ခဲ့မယ္ဆိုရင္ လံုေလာက္တဲ့ ပမာဏကို ရပါတယ္။ ေကာင္းမြန္စြာ အိပ္ေပ်ာ္ေစဖို႔ အိပ္ခါနီး အစားအစာေတြဟာလည္း ပါ၀င္ပတ္သက္ေနပါတယ္။
ႏြားနို႔ ေႏြးေႏြးေလး ေသာက္ေပးပါ
မအိပ္ခင္ ႏြားႏို႔တစ္ခြက္ ေသာက္ေပးျခင္းဟာ တျခား အစားအစာေတြထက္ ပိုေကာင္းတဲ့ နည္းလမ္းပါ။ ဒါဟာ လူႀကီးသူမေတြ ေျပာေနတဲ့ ပံုျပင္ေတြမဟုတ္ပါဘူး တကယ္ကို အက်ိဳးရွိေစတာပါ။

ကာဗြန္ဟိုက္ဒရိတ္ ျပည့္၀တဲ့ မုန္႔ေတြ စားေပးပါ
ဂ်ံဳနဲ႔လုပ္ထားတဲ့ ကိတ္မုန္႔ေတြ ဒါမွမဟုတ္ Cereal (ကေလးေတြ မနက္စာအျဖစ္ စားတတ္တဲ့ မုန္႔ ႏွံစားပင္ကေန လုပ္ထားတဲ့ မုန္႔) တစ္ပန္းကန္ကို အိပ္ရာမ၀င္ခင္ ၁နာရီ အလို စားေပးရင္ ေကာင္းေကာင္း အိပ္ေပ်ာ္ေစပါတယ္။

ေဆးဖက္၀င္ လက္ဖက္ရည္
ေဆးဖက္ လက္ဖက္ေျခာက္ေတြနဲ႔ ျပဳလုပ္ထားတဲ့ လက္ဖက္ရည္ေတြကို ေသာက္သံုးလို႔ ရပါတယ္။ သူတို႔ေတြမွာ အိပ္စက္ျခင္းကုိ ေႏွာင့္ယွက္မယ့္ ဓာတ္ေတြ မပါ၀င္ပါဘူး။

တျခား အစားအစာမ်ား
ဒိန္ခ်ဥ္၊ ဂ်ံဳနဲ႔ လုပ္ထားတဲ့ မုန္႔မ်ား၊ ငွက္ေပ်ာသီး၊ ၾကက္ဥ၊ တူနာငါး၊ ေျမပဲ၊

ဒါ့ေတြအျပင္ ေရေႏြးေႏြးနဲ႔ ေရခ်ိဳးတာ၊ စာအုပ္ဖတ္တာ၊ ေယာဂက်င့္တာေတြဟာ TV ၾကည့္ျခင္းထက္ ပိုၿပီး အိပ္ေပ်ာ္ေစတယ္လို႔ ဆိုပါတယ္။ ညတိုင္း ပံုမွန္ အိပ္ရာ၀င္မယ္ဆိုရင္ ခႏၶာကိုယ္ အတြက္ ပိုၿပီး ေကာင္းမြန္ေစပါတယ္။ သန္႔ရွင္းတဲ့ ေလ ရေနမယ္ဆိုရင္ေတာ့ အတိုင္းထက္ အလြန္ပါပဲ။ အေရးအႀကီးဆံုးကေတာ့ အိပ္ခါနီး ဖုန္းမသံုးမိေစဖို႔ သတိျပဳပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  www.bbcgoodfood.com
#Unicode Version#

အိပ်ခါနီး မစားသင့်တဲ့ အစားအစာများဆိုပြီး ရေးထားဖူးပါတယ်။ အခုတခါမှာတော့ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ဘာတွေ စားသင့်လဲဆိုတာ ထပ် လေ့လာကြည့်ရအောင်ပါ။ ပထမဆုံး ညဘက်တွေ ကောင်းကောင်း အိပ်ပျော်ပါရဲ့လားလို့ မေးချင်ပါတယ်။ မအိပ်ပျော်ဘူးဆိုတဲ့ အဖြေရရင်တော့ နောက်တစ်နေ့တာဟာ သင့်အတွက် ပင်ပန်းနွမ်းနယ်တဲ့ နေ့ ဖြစ်နေပါလိမ့်မယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းဟာ စိတ်ရော ကိုယ်ပါ အနားရစေဖို့ သဘာဝက ပေးတဲ့ လက်ဆောင် တစ်ခုပါ။ အိပ်ခြင်းနဲ့ ကျန်းမာရေးဟာ ဆက်စပ်နေပါတယ်။ အိပ်တာနည်းပြီဆိုတာနဲ့ ကိုယ်ထဲက စနစ်တွေဟာ ကမောက်ကမ ဖြစ်သွားစေပါတယ်။ သာမာန်လူတွေ အတွက်တော့ တစ်နေ့ ၇နာရီလောက် အိပ်ခဲ့မယ်ဆိုရင် လုံလောက်တဲ့ ပမာဏကို ရပါတယ်။ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အိပ်ခါနီး အစားအစာတွေဟာလည်း ပါဝင်ပတ်သက်နေပါတယ်။
နွားနို့ နွေးနွေးလေး သောက်ပေးပါ
မအိပ်ခင် နွားနို့တစ်ခွက် သောက်ပေးခြင်းဟာ တခြား အစားအစာတွေထက် ပိုကောင်းတဲ့ နည်းလမ်းပါ။ ဒါဟာ လူကြီးသူမတွေ ပြောနေတဲ့ ပုံပြင်တွေမဟုတ်ပါဘူး တကယ်ကို အကျိုးရှိစေတာပါ။

ကာဗွန်ဟိုက်ဒရိတ် ပြည့်ဝတဲ့ မုန့်တွေ စားပေးပါ
ဂျုံနဲ့လုပ်ထားတဲ့ ကိတ်မုန့်တွေ ဒါမှမဟုတ် Cereal (ကလေးတွေ မနက်စာအဖြစ် စားတတ်တဲ့ မုန့် နှံစားပင်ကနေ လုပ်ထားတဲ့ မုန့်) တစ်ပန်းကန်ကို အိပ်ရာမဝင်ခင် ၁နာရီ အလို စားပေးရင် ကောင်းကောင်း အိပ်ပျော်စေပါတယ်။

ဆေးဖက်ဝင် လက်ဖက်ရည်
ဆေးဖက် လက်ဖက်ခြောက်တွေနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်တွေကို သောက်သုံးလို့ ရပါတယ်။ သူတို့တွေမှာ အိပ်စက်ခြင်းကို နှောင့်ယှက်မယ့် ဓာတ်တွေ မပါဝင်ပါဘူး။

တခြား အစားအစာများ
ဒိန်ချဉ်၊ ဂျုံနဲ့ လုပ်ထားတဲ့ မုန့်များ၊ ငှက်ပျောသီး၊ ကြက်ဥ၊ တူနာငါး၊ မြေပဲ၊

ဒါ့တွေအပြင် ရေနွေးနွေးနဲ့ ရေချိုးတာ၊ စာအုပ်ဖတ်တာ၊ ယောဂကျင့်တာတွေဟာ TV ကြည့်ခြင်းထက် ပိုပြီး အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ ညတိုင်း ပုံမှန် အိပ်ရာဝင်မယ်ဆိုရင် ခန္ဓာကိုယ် အတွက် ပိုပြီး ကောင်းမွန်စေပါတယ်။ သန့်ရှင်းတဲ့ လေ ရနေမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။ အရေးအကြီးဆုံးကတော့ အိပ်ခါနီး ဖုန်းမသုံးမိစေဖို့ သတိပြုပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:  www.bbcgoodfood.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top