×






































 အိႏၵိယတြင္ ေရႊသား ပြဲေတာ္အုပ္ တစ္ခုကို သူခိုးမ်ားက ခိုးယူၿပီး ၎တို႔ စားေသာက္ရာ ပန္းကန္ ခြက္ေယာက္အျဖစ္ အသံုးျပဳခဲ့ေၾကာင္း သိရသည္။

ေရႊျဖင့္ျပဳလုပ္ၿပီး စိန္ပြင့္မ်ား စီျခယ္ထားသည့္ ပြဲေတာ္အုပ္မွာ ပတၱျမားႏွင့္ စိန္တို႔ စီျခယ္ထားသည့္ လက္ဖက္ရည္ခြက္၊ ကတ္ေၾကး၊ လက္ဖက္ရည္ဇြန္းတို႔ႏွင့္အတူ ၿပီးခဲ့သည့္ သီတင္းပတ္က ခုိးယူ ခံခဲ့ရသည္။ ထိုပစၥည္းမ်ားကို ယခင္ အိႏၵိယ ေတာ္ဝင္ အႏြယ္ဝင္ တစ္ဦးက အသံုးျပဳခဲ့ျခင္း ျဖစ္ၿပီး ကာလေပါက္ေစ်းအရ ေဒၚလာ ၇ သန္းမွ် တန္ဖိုးရွိသည္။

ဟိုင္ဒါရာဘတ္၏ ေနာက္ဆံုးမင္းျဖစ္ေသာ မာေအာ့စ္မန္အလီခန္ အသံုးျပဳခဲ့သည့္ ပစၥည္းမ်ားကို ျပတိုက္အျဖစ္ ေျပာင္းလဲထားသည့္ ဘုရင့္နန္းေတာ္ေဟာင္းထဲတြင္ ထားရွိ ျပသထားခဲ့သည္။ ယင္းတို႔ကို လူႏွစ္ဦးကို ခိုးယူသြားျခင္းျဖစ္ၿပီး ယခုအခါ ပစၥည္းအားလံုး ျပန္လည္ သိမ္းဆည္း ရမိခဲ့သည္။

အေစာပိုင္းတြင္ သူခုိးမ်ားက လံုၿခံဳေရး ကင္မရာ အားလံုးကို ပိတ္သြားၿပီးမွ ခိုးမႈက်ဴးလြန္ခဲ့ျခင္းေၾကာင့္ ရဲတပ္ဖဲြ႕ အေနျဖင့္ စံုစမ္းစစ္ေဆးရန္ အခက္ႀကံဳခဲ့သည္။ သို႔ေသာ္ မနီးမေဝး ေနရာတစ္ခုတြင္ ေမာ္ေတာ္ဆုိင္ကယ္ စီးသြားသည့္ မသကၤာစရာ လူႏွစ္ဦး၏ ပံုရိပ္ကို ဖမ္းယူထားႏုိင္ခဲ့ရာမွာ အမႈကို ေဖာ္ထုတ္ႏုိင္ခဲ့ျခင္း ျဖစ္သည္။ ရဲမ်ားက ဟိုင္ဒါရာဘတ္ ေတာင္ပိုင္းတြင္ သံသယ တရားခံမ်ားကို ဝင္ဖမ္းခ်ိန္၌ ၎တို႔က ပြဲေတာ္အုပ္တြင္ အစားအေသာက္မ်ား ထည့္၍ စားေသာက္ထားေၾကာင္း ေတြ႕ရွိခဲ့သည္။

အလီခန္ ဘုရင္သည္ အလြန္ႂကြယ္ဝသူ တစ္ဦးအျဖစ္ လူသိမ်ားခဲ့ၿပီး ၎၏ ပိုင္ဆုိင္မႈမ်ားအနက္ ၾကက္ဥ အရြယ္အစားမွ်ထိ ႀကီးမားသည့္ ဂ်က္ေကာ့ဘ္စိန္ႀကီးအျပင္ အျခားေသာ ရတနာစီျခယ္ ပစၥည္းမ်ားစြာလည္း ပါဝင္ခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
 အိန္ဒိယတွင် ရွှေသား ပွဲတော်အုပ် တစ်ခုကို သူခိုးများက ခိုးယူပြီး ၎င်းတို့ စားသောက်ရာ ပန်းကန် ခွက်ယောက်အဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။

ရွှေဖြင့်ပြုလုပ်ပြီး စိန်ပွင့်များ စီခြယ်ထားသည့် ပွဲတော်အုပ်မှာ ပတ္တမြားနှင့် စိန်တို့ စီခြယ်ထားသည့် လက်ဖက်ရည်ခွက်၊ ကတ်ကြေး၊ လက်ဖက်ရည်ဇွန်းတို့နှင့်အတူ ပြီးခဲ့သည့် သီတင်းပတ်က ခိုးယူ ခံခဲ့ရသည်။ ထိုပစ္စည်းများကို ယခင် အိန္ဒိယ တော်ဝင် အနွယ်ဝင် တစ်ဦးက အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ကာလပေါက်ဈေးအရ ဒေါ်လာ ၇ သန်းမျှ တန်ဖိုးရှိသည်။

ဟိုင်ဒါရာဘတ်၏ နောက်ဆုံးမင်းဖြစ်သော မာအော့စ်မန်အလီခန် အသုံးပြုခဲ့သည့် ပစ္စည်းများကို ပြတိုက်အဖြစ် ပြောင်းလဲထားသည့် ဘုရင့်နန်းတော်ဟောင်းထဲတွင် ထားရှိ ပြသထားခဲ့သည်။ ယင်းတို့ကို လူနှစ်ဦးကို ခိုးယူသွားခြင်းဖြစ်ပြီး ယခုအခါ ပစ္စည်းအားလုံး ပြန်လည် သိမ်းဆည်း ရမိခဲ့သည်။

အစောပိုင်းတွင် သူခိုးများက လုံခြုံရေး ကင်မရာ အားလုံးကို ပိတ်သွားပြီးမှ ခိုးမှုကျူးလွန်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းစစ်ဆေးရန် အခက်ကြုံခဲ့သည်။ သို့သော် မနီးမဝေး နေရာတစ်ခုတွင် မော်တော်ဆိုင်ကယ် စီးသွားသည့် မသင်္ကာစရာ လူနှစ်ဦး၏ ပုံရိပ်ကို ဖမ်းယူထားနိုင်ခဲ့ရာမှာ အမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရဲများက ဟိုင်ဒါရာဘတ် တောင်ပိုင်းတွင် သံသယ တရားခံများကို ဝင်ဖမ်းချိန်၌ ၎င်းတို့က ပွဲတော်အုပ်တွင် အစားအသောက်များ ထည့်၍ စားသောက်ထားကြောင်း တွေ့ရှိခဲ့သည်။

အလီခန် ဘုရင်သည် အလွန်ကြွယ်ဝသူ တစ်ဦးအဖြစ် လူသိများခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှုများအနက် ကြက်ဥ အရွယ်အစားမျှထိ ကြီးမားသည့် ဂျက်ကော့ဘ်စိန်ကြီးအပြင် အခြားသော ရတနာစီခြယ် ပစ္စည်းများစွာလည်း ပါဝင်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top