ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

သမီးရည္းစားႏွစ္ဦးဟာ (၈) လအရြယ္ ကိုယ္၀န္ရွိေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ၾကိဳးနဲ႔လည္ပင္းညွစ္သတ္ၿပီး ဗုိက္ခြဲ၊ ကေလးထုတ္ယူခဲ့တဲ့ အျဖစ္အပ်က္တစ္ခု အေမရိကန္ႏိုင္ငံ ေျမာက္ပိုင္း ဒါကိုတာျပည္နယ္မွာ ျဖစ္ပြားခဲ့ပါတယ္။ ေသဆံုးသူ အမ်ိဳးသမီးဟာ အသက္(၂၂) ႏွစ္အရြယ္ ဆာဗာနာဆုိုသူပါ။ ကိုယ္၀န္ (၈) လၾကီးနဲ႔ အိမ္ကေန ေပ်ာက္သြားခဲ့တာေၾကာင့္ မိသားစု၀င္ေတြက ရဲတိုင္ခဲ့ရာကေန ဖာဂုိၿမိဳ႕ ျမစ္ေဘးမွာ ပလစ္စတစ္နဲ႔ပတ္ၿပီး စြန္႔ပစ္ခံထားရတဲ့ ဆာဗာနာရဲ႕ အေလာင္းကို ေတြ႔ခဲ့ရတာ ျဖစ္ပါတယ္။

လူသတ္မႈက်ဴးလြန္သူ သမီးရည္းစားႏွစ္ဦးဟာ အသက္(၃၈) ႏွစ္အရြယ္ ဘရုခ္နဲ႔ အသက္(၃၂) ႏွစ္အရြယ္ ၀ီလ်ံတို႔ျဖစ္ၿပီး ဆာဗာနာနဲ႔ အိမ္နီးခ်င္းေတြပါ။ အိမ္နီးခ်င္းတစ္ဦးက ၄င္းတို႔ႏွစ္ဦး ေနထိုင္ရာအိမ္က ေမြးကင္းစကေလးငိုသံကို ၾကားၿပီး ရဲဆီ အေၾကာင္းၾကားခဲ့ရာကေန အခုလို ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

၀ီလ်ံကေတာ့ ဘရုခ္ဟာ ဆာဗာနာကို သတ္ဖို႔ ၾကံရြယ္ေနမွန္း သူမသိခဲ့ေၾကာင္းနဲ႔ တစ္ေန႔ အိမ္ျပန္လာတဲ့အခါမွာေတာ့ ေရခ်ိဳးခန္းထဲမွာ ေသြးေတြသုတ္ေနတဲ့ ဘရုခ္ကို ေတြ႔ရေၾကာင္း ေျပာျပပါတယ္။ ဘရုခ္ဟာ ေမြးကင္းစကေလးတစ္ဦးကို “ဒါ ကြ်န္မတို႔ မိသားစု၀င္ အသစ္ေလး..” ဆိုၿပီး ကမ္းေပးခဲ့ေၾကာင္း ၀ီလ်ံက ဆိုပါတယ္။

ဘရုခ္ဟာ အိမ္နီးခ်င္း ဆာဗာနာနဲ႔ ခင္မင္ရင္းႏွီးေအာင္ ေပါင္းသင္းၿပီး တစ္ေလွ်ာက္လံုး ကေလးခိုးဖို႔ ၾကံစည္ေနခဲ့တာ ျဖစ္ပါတယ္။ ရဲေတြက ကနဦးပိုင္း လာစစ္တဲ့အခါမွာ ဆာဗာနာဟာ ကေလးကို မနက္ (၃း၃၀) အခ်ိန္ၾကီးမွာ သူမဆီ လာပို႔ခဲ့ေၾကာင္း လိမ္ညာေျပာဆိုခဲ့ပါေသးတယ္။ “၀ီလ်ံဟာ သူ႔ရည္းစားရဲ႕ လူသတ္မႈကို သူကိုယ္တိုင္ ကူညီေပးခဲ့တယ္လို႔ ယူဆရပါတယ္။ အေလာင္းကို စစ္ၾကည့္ေတာ့လည္း ေသေလာက္ေအာင္ ရိုက္ႏွက္ခံရတဲ့ ဒဏ္ရာေတြနဲ႔” လို႔ ေရွ႕ေန႔တစ္ဦးက ေကာက္ခ်က္ခ်ထားပါတယ္။

လူသတ္မႈက်ဴးလြန္သူ ဘရုခ္ကို ေထာင္ဒဏ္တစ္သက္ အမိ္န္႔ခ်မွတ္ခဲ့ၿပီး ဆာဗာနာရဲ႕ သမီးငယ္ေလး ေဟစီကိုေတာ့ ၄င္းရဲ႕ ေသြးသားရင္း မိသားစုေတြဆီကို ျပန္ေပးခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:လင္းလင္း (ShweMom)
# Unicode Version ျဖင့္ ဖတ္ပါ #
သမီးရည်းစားနှစ်ဦးဟာ (၈) လအရွယ် ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ကို ကြိုးနဲ့လည်ပင်းညှစ်သတ်ပြီး ဗိုက်ခွဲ၊ ကလေးထုတ်ယူခဲ့တဲ့ အဖြစ်အပျက်တစ်ခု အမေရိကန်နိုင်ငံ မြောက်ပိုင်း ဒါကိုတာပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အသက်(၂၂) နှစ်အရွယ် ဆာဗာနာဆိုသူပါ။ ကိုယ်ဝန် (၈) လကြီးနဲ့ အိမ်ကနေ ပျောက်သွားခဲ့တာကြောင့် မိသားစုဝင်တွေက ရဲတိုင်ခဲ့ရာကနေ ဖာဂိုမြို့ မြစ်ဘေးမှာ ပလစ်စတစ်နဲ့ပတ်ပြီး စွန့်ပစ်ခံထားရတဲ့ ဆာဗာနာရဲ့ အလောင်းကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လူသတ်မှုကျူးလွန်သူ သမီးရည်းစားနှစ်ဦးဟာ အသက်(၃၈) နှစ်အရွယ် ဘရုခ်နဲ့ အသက်(၃၂) နှစ်အရွယ် ဝီလျံတို့ဖြစ်ပြီး ဆာဗာနာနဲ့ အိမ်နီးချင်းတွေပါ။ အိမ်နီးချင်းတစ်ဦးက ၎င်းတို့နှစ်ဦး နေထိုင်ရာအိမ်က မွေးကင်းစကလေးငိုသံကို ကြားပြီး ရဲဆီ အကြောင်းကြားခဲ့ရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဝီလျံကတော့ ဘရုခ်ဟာ ဆာဗာနာကို သတ်ဖို့ ကြံရွယ်နေမှန်း သူမသိခဲ့ကြောင်းနဲ့ တစ်နေ့ အိမ်ပြန်လာတဲ့အခါမှာတော့ ရေချိုးခန်းထဲမှာ သွေးတွေသုတ်နေတဲ့ ဘရုခ်ကို တွေ့ရကြောင်း ပြောပြပါတယ်။ ဘရုခ်ဟာ မွေးကင်းစကလေးတစ်ဦးကို “ဒါ ကျွန်မတို့ မိသားစုဝင် အသစ်လေး..” ဆိုပြီး ကမ်းပေးခဲ့ကြောင်း ဝီလျံက ဆိုပါတယ်။

ဘရုခ်ဟာ အိမ်နီးချင်း ဆာဗာနာနဲ့ ခင်မင်ရင်းနှီးအောင် ပေါင်းသင်းပြီး တစ်လျှောက်လုံး ကလေးခိုးဖို့ ကြံစည်နေခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက ကနဦးပိုင်း လာစစ်တဲ့အခါမှာ ဆာဗာနာဟာ ကလေးကို မနက် (၃း၃၀) အချိန်ကြီးမှာ သူမဆီ လာပို့ခဲ့ကြောင်း လိမ်ညာပြောဆိုခဲ့ပါသေးတယ်။ “ဝီလျံဟာ သူ့ရည်းစားရဲ့ လူသတ်မှုကို သူကိုယ်တိုင် ကူညီပေးခဲ့တယ်လို့ ယူဆရပါတယ်။ အလောင်းကို စစ်ကြည့်တော့လည်း သေလောက်အောင် ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့” လို့ ရှေ့နေ့တစ်ဦးက ကောက်ချက်ချထားပါတယ်။

လူသတ်မှုကျူးလွန်သူ ဘရုခ်ကို ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်ခဲ့ပြီး ဆာဗာနာရဲ့ သမီးငယ်လေး ဟေစီကိုတော့ ၎င်းရဲ့ သွေးသားရင်း မိသားစုတွေဆီကို ပြန်ပေးခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:လင်းလင်း (ShweMom)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top