မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×









































Credit:.7daydaily.
# Unicode Version ဖြင့် ဖတ်ပါ #
Black Pink အဖွဲ့ဝင် များဖြစ်သော ရိုစ့်နှင့် ဂျီဆိုသည် ‘New York Fashion Week’! ဖက်ရှင်အခမ်းအနားသို့ တက် ရောက်လာစဉ် အဆိုတော် ဆယ်လီနာဂိုမက်ဇ်နှင့် တွေဆုံခဲ့ သည်။

စက်တင်ဘာ ၁၁ ရက်က နယူးယောက်မြို့၌ ကျင်းပသော ‘Coach’ ဖက်ရှင်အမှတ်တံဆိပ် ၏ ၂၀၁၉ အကြိုနွေရာသီဖက် ရှင်ရှိုးပွဲသို့ ရိုစ့်နှင့် ဂျီဆိုတို့တက် ရောက်လာစဉ်၎င်းတို့သည် နာ မည်ကျော်အနုပညာရှင်များစွာ နှင့်တွေ့ဆုံခဲ့သည်။

ကေပေါ့ပ်စတားနှစ်ဦးသည်  အဆိုပါ ဖက်ရှင်ပွဲသို့တက်ရောက် လာသော ဆယ်လီနာဂိုမက်ဇ်နှင့် တွေ့ ဆုံပြီးသုံးဦးသားအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ဂျီဆို၊ ဂျင်းနီ၊ ရိုစ့်၊ ဆီဆာ အဖွဲ့ဝင်လေးဦးဖြင့် ၂၀၁၆ တွင် စတင်ဖွဲ့စည်းခဲ့သော Black Pink  အဖွဲ့သည် ‘Boombayah’, ‘Playing with Fire’, ‘Ddu - Du - Ddu - Du’ စသည့်သီချင်းများ ဖြင့် အောင်မြင်မှုရရှိခဲ့ပြီးလက်ရှိ တွင် အမေရိကန်အနုပညာ ကုမ္ပဏီများ၏ ကမ်းလှမ်းခြင်းခံ ထားရသည်
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily.
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top