ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စီးပြားေရးလုပ္ငန္းရွင္တစ္ဦးဟာ သူ ရရန္ရွိတဲ့ေငြကို တစ္ဖက္လူက မေပးတဲ့အတြက္ အဲဒီလူရဲ႕နာမည္ကုိ ေပၚတင္ေခါင္းစည္းတပ္ၿပီး Billboard မွာေၾကညာကာ အရွက္ခြဲခဲ့ပါတယ္။ အေၾကြးမေပးသူ နာမည္မွာ Dave လုိ႔သာ သိရၿပီး နာမည္အျပည့္အစုံေတာ့ ထည့္သြင္းထားျခင္း မရွိပါဘူး။

သူရဲ႕ ေၾကာ္ျငာမွာေတာ့ ” ေဟာဒီလူကေတာ့ Dave လုိ႔ ေခၚပါတယ္ … ၿပီးခဲ့တဲ့(၆)ပတ္ေလာက္က ၿပီးသြားတဲ့အလုပ္အတြက္ သူက ပုိက္ဆံမေပးပါဘူး … Dave လုိ မျဖစ္ၾကပါေစနဲ႔ … ကၽြန္ေတာ့္မွာလည္း ေပးစရာအေၾကြးဆုိတာ ရွိပါတယ္ #ကုိယ္ေပးဖုိ႔ရွိတာကုိျပန္ေပးပါ”ဆုိၿပီး ေဖာ္ျပထားပါတယ္။

အဆုိပါ Billboard ႀကီးကို Halesowen က ၿမိဳ႕လယ္ေခါင္ရွိ McDonalds ဆုိင္အနီးမွာ ေထာင္ထားတာပါ။ Dave ဆုိတာ ဘယ္သူဘယ္ဝါလုိ႔ အတိအက် ေဖာ္ျပမထားေပမယ့္ ကာယကံရွင္ရဲ႕ပုံကုိေတာ့ အျပည့္အဝ Billboard မွာ ေဖာ္ျပထားပါတယ္။ ၿပီးေတာ့ Dave က သူ႕ကို ဘယ္ေလာက္ အေၾကြးေပးစရာရွိတယ္ဆုိတာလည္း တိတိက်က် မသိရပါဘူး။

ဒီ Billboard ပုံႀကီးဟာ Imgur ဆုိဒ္ကေန စတင္ပ်ံ႔ႏွံ႔လာခဲ့ၿပီး၊ ၾကည့္႐ႈသူ တစ္သန္းေက်ာ္ရွိခဲ့ပါတယ္။ Reddit ေပၚမွာလည္း ဒီဓာတ္ပုံဟာ ပ်ံ႔ႏွံ႔ခဲ့ၿပီး အဲဒီ Reddit ေပၚမွာလည္း ေငြအေၾကြးရဖုိ႔ရွိတဲ့ Billboard ေထာင္သူကို လူေတြက စာနာနားလည္မိေၾကာင္း မွတ္ခ်က္ေတြ ေရးခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ သူ ရရန်ရှိတဲ့ငွေကို တစ်ဖက်လူက မပေးတဲ့အတွက် အဲဒီလူရဲ့နာမည်ကို ပေါ်တင်ခေါင်းစည်းတပ်ပြီး Billboard မှာကြေညာကာ အရှက်ခွဲခဲ့ပါတယ်။ အကြွေးမပေးသူ နာမည်မှာ Dave လို့သာ သိရပြီး နာမည်အပြည့်အစုံတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။

သူရဲ့ ကြော်ငြာမှာတော့ ” ဟောဒီလူကတော့ Dave လို့ ခေါ်ပါတယ် … ပြီးခဲ့တဲ့(၆)ပတ်လောက်က ပြီးသွားတဲ့အလုပ်အတွက် သူက ပိုက်ဆံမပေးပါဘူး … Dave လို မဖြစ်ကြပါစေနဲ့ … ကျွန်တော့်မှာလည်း ပေးစရာအကြွေးဆိုတာ ရှိပါတယ် #ကိုယ်ပေးဖို့ရှိတာကိုပြန်ပေးပါ”ဆိုပြီး ဖော်ပြထားပါတယ်။

အဆိုပါ Billboard ကြီးကို Halesowen က မြို့လယ်ခေါင်ရှိ McDonalds ဆိုင်အနီးမှာ ထောင်ထားတာပါ။ Dave ဆိုတာ ဘယ်သူဘယ်ဝါလို့ အတိအကျ ဖော်ပြမထားပေမယ့် ကာယကံရှင်ရဲ့ပုံကိုတော့ အပြည့်အဝ Billboard မှာ ဖော်ပြထားပါတယ်။ ပြီးတော့ Dave က သူ့ကို ဘယ်လောက် အကြွေးပေးစရာရှိတယ်ဆိုတာလည်း တိတိကျကျ မသိရပါဘူး။

ဒီ Billboard ပုံကြီးဟာ Imgur ဆိုဒ်ကနေ စတင်ပျံ့နှံ့လာခဲ့ပြီး၊ ကြည့်ရှုသူ တစ်သန်းကျော်ရှိခဲ့ပါတယ်။ Reddit ပေါ်မှာလည်း ဒီဓာတ်ပုံဟာ ပျံ့နှံ့ခဲ့ပြီး အဲဒီ Reddit ပေါ်မှာလည်း ငွေအကြွေးရဖို့ရှိတဲ့ Billboard ထောင်သူကို လူတွေက စာနာနားလည်မိကြောင်း မှတ်ချက်တွေ ရေးခဲ့ကြတယ်လို့ ဆိုပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top