ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×

” မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်း၊စဥ့်ကိုင်မြို့နယ်၊ အိုးထိန်းထောင်ကျေးရွာအနီး ၂၀၁၈ စက်တင်ဘာ ၁၉ရက်နေ့ နံနက် ၇နာရီခွဲအချိန်ခန့် ဆီဆုံကျေးရွာနေ ဦးအောင်ကြည်တွင် နေအိမ်တွင်ရှိနေစဉ် တစ်အိမ်တည်းနေထိုင်သော သားဖြစ်သူ မြင့်ဦး(ဘ)ဦးအောင်ကြည်(APEX ကုမ္ပဏီလုံခြုံ ရေးဝန်ထမ်း)မှာ ၄င်းလုပ်ကိုင်သောကုမ္ပဏီ(ခန့်မှန်း မပည- JE/983133အိုးထိန်းတောင်ကျေးရွာအနီး)၌ လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းတူလုပ်ကိုင်ဆောင်ရွက်သော ကြီးဆောင် အသက်(၄၀)နှစ် (ဘ)ဦးစိန်လှိုင် (APEX ကုမ္ပဏီလုံခြုံရေးဝန်ထမ်း) ဘူတာရွာနေသူနှင့်စကားမျာရန်ဖြစ်ကြရာ၍ မြင့်ဦးအား ကြီးဆောင်မှ လက်သီးဖြင့်ထိုးရာမြင့်ဦး၏မေးစေ့အားထိုးမိခဲ့ပြီး


Credit: saladmm

#Unicode Version#
” မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်း၊စဉ့်ကိုင်မြို့နယ်၊ အိုးထိန်းထောင်ကျေးရွာအနီး ၂၀၁၈ စက်တင်ဘာ ၁၉ရက်နေ့ နံနက် ၇နာရီခွဲအချိန်ခန့် ဆီဆုံကျေးရွာနေ ဦးအောင်ကြည်တွင် နေအိမ်တွင်ရှိနေစဉ် တစ်အိမ်တည်းနေထိုင်သော သားဖြစ်သူ မြင့်ဦး(ဘ)ဦးအောင်ကြည်(APEX ကုမ္ပဏီလုံခြုံ ရေးဝန်ထမ်း)မှာ ၎င်းလုပ်ကိုင်သောကုမ္ပဏီ(ခန့်မှန်း မပည- JE/983133အိုးထိန်းတောင်ကျေးရွာအနီး)၌ လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းတူလုပ်ကိုင်ဆောင်ရွက်သော ကြီးဆောင် အသက်(၄၀)နှစ် (ဘ)ဦးစိန်လှိုင် (APEX ကုမ္ပဏီလုံခြုံရေးဝန်ထမ်း) ဘူတာရွာနေသူနှင့်စကားမျာရန်ဖြစ်ကြရာ၍ မြင့်ဦးအား ကြီးဆောင်မှ လက်သီးဖြင့်ထိုးရာမြင့်ဦး၏မေးစေ့အားထိုးမိခဲ့ပြီး

၊မြင့်ဦးမှာ နောက်သို့လန်၍လဲကျသွားခဲ့စဉ် ဦးခေါင်းနောက်စေ့နှင့်တမန်တလင်းတို့စောင့်မိသဖြင့် ဦးခေါင်းနောက်စေ့ဖူးယောင်နှင့်မေးစေ့နာကျင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သောကြောင့် မန္တလေးဆေးရုံသို့ပို့ဆောင်ဆေးကုသခံရသဖြင့် မြင့်ဦးအားဒဏ်ရာများရရှိအောင်လက်သီးဖြင့်ထိုးခဲ့သူ ‘ကြီးဆောင်’အားဥပဒေအရအရေးယူပေးပါရန်ဖခင်ဖြစ်သူ ဦးအောင်ကြည်မှ စက်တင်ဘာ ၁၉ ရက်နေ့ ပလိပ်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းသည်ဟု”ရဲစစ်ဆေးအရ သိရှိရပါသည်။ဖြစ်စဉ်နှင့်ပတ်သတ်၍ (ပ)၁၃၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး။ မြင့်ဦးတွင် ရရှိသောဒဏ်ရာဖြင့် စက်တင်ဘာ ၂၀ရက်နေ့ သေဆုံးသွားခဲ့သဖြင့် ရာဇသတ် ကြီးပုဒ်မ-၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်၍ အမှုအား ဒုရဲအုပ်ကျော်ဆန်းဦးမှဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: saladmm
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top