ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တနဂၤေႏြ

ဘာသာေရးနဲ႔ သက္ဆိုင္ေသာပစၥည္းမ်ား လက္ေဆာင္ရပါလိမ့္မယ္။ ဘာသာေရးကိစၥမ်ား လုပ္ကိုင္ေဆာင္ရြက္ျခင္းျဖင့္ ကံေတြျမင့္လာဖြယ္ရွိပါတယ္။ ေတြးေခၚေျမာ္ျမင္မႈေတြအားနည္းေနတတ္ပါသည္။ အေတြးေခ်ာ္ေနတတ္တဲ့အတြက္ ဆံုးျဖတ္ခ်က္ခ်မယ္ဆို ေလာဘ ေဒါသ ေမာဟနည္းတဲ့အခ်ိန္ ဆံုးျဖတ္ပါ။ ဒီကာလမွာ ေရႊေငြလက္ဝတ္ရတနာမ်ား ထြက္ရတတ္ပါတယ္။

နယ္သြားခ်င္သူမ်ား လက္ရွိေနရာမွာမေပ်ာ္ရြင္သူမ်ား အတြက္ ဒီအခ်ိန္ဟာ မိမိတို႔ဆႏၵျပည့္ဝမဲ့အခ်ိန္ပါပဲ။ ျပႆ နာ တိုင္းကို မိမိေခါင္း ေပၚမတင္ထားပါနဲ႔။ မိသားစုအေရးကိစၥ ေတြက မိမိတစ္ေယာက္ထဲပူပန္ေနလို႔ ၿငိမ္းေအးမည္မဟုတ္ပါ။ အိမ္ေထာင္ေရးေတြမွာ မိမိစိတ္ကူးအယူအဆတိုင္း မလုပ္ပါနဲ႔။ အိမ္ေထာင္ဘက္ကိုလဲ တိုင္ပင္သင့္ပါတယ္။အခ်စ္ေရးကိစၥေတြမွာ အေကာင္းအဆိုးတလွည့္ဆီျဖစ္ေနမဲ့အခ်ိန္ပါ။ ပညာေရးကံအထူးညံ့ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၅/၉/၁ အထူးေဟာ စက္ပစၥည္းမ်ားပ်က္လြယ္မည္။  ယၾတာ ရြက္လွ ၄ၫႊန္႔+ သစၥာပန္း ၆ၫႊန္႔   ဘုရားလႉပါ

တနလၤာ

ဒီကာလဟာ တနလၤာသားသမီး အေနနဲ႔ ၿငိမ္ေနရတာမ်ိဳး မရွိဘဲ လႈပ္လႈပ္ရွားရွားနဲ႔ပင္ပန္းရမဲ့ကာလပါပဲ။ အလုပ္ကိစၥေတြတစ္မ်ိဳးၿပီး တစ္မ်ိဳးတာဝန္ေပးျခင္းခံရပါလိမ့္မယ္။ ကိုယ္ပိုင္ အလုပ္ဆိုလဲ မိမိအလုပ္အတြက္လိုအပ္တာဝယ္ရျခမ္းရနဲ႔ အခ်ိန္ကုန္လူပန္းရပါလိမ့္မယ္။ မိမိနဲ႔မသိေသာ တစိမ္းတရံေတြနဲ႔ အဆင္မေျပျဖစ္ရတတ္ပါတယ္။ ညဥ့္နက္သည္အထိ အျပင္ထြက္တာမ်ိဳးမလုပ္ပါနဲ႔။

မိမိအေနနဲ႔ အနားယူခ်ိန္ အလုပ္လုပ္ခ်ိန္ေတြကိုေသခ်ာပိုင္းျခားထားပါ။ weakျဖစ္ၿပီး က်န္းမာေရးအားနည္းသြားတတ္တဲ့ ကာလမို႔ပါ။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ ေဆြမ်ိဴ းေတြနဲ႔ အဆင္မေျပ ျဖစ္လြယ္ပါတယ္။အခ်စ္ေရးအေနနဲ႔ အေကာင္းဘက္မွာရွိေနပါတယ္။ ခ်စ္သူအခ်င္းခ်င္း မအားလပ္ဘဲမေတြ႕ႏိုင္တာမ်ိဳးၾကံဳေနရတတ္တယ္။ပညာေရးကိစၥေတြမွာ က်က္စာထက္ တြက္စာေတြေၾကာင့္ ေသာကေရာက္ရမွာပါ။

အက်ိဳးေပးဂဏန္း ၃/၄/၈ … အထူးေဟာ အလုပ္ေတြမအားလပ္ျဖစ္ေန တတ္သည္  ။ယၾတာ ဘုရားရွင္အား ႏြားႏို႔တစ္ခြက္ကပ္လႉပါ



အဂၤါ

စီးပြားေရး ၊အလုပ္အကိုင္ အထူးတိုးတတ္ေနပါလိမ့္မယ္။ ကူညီမဲ့သူ ၊ပံ့ပိုးမဲ့သူေတြ ဝန္းရံေနတတ္ပါတယ္။ လူမ်ဳိးျခားတစိမ္းတရံေတြရဲ႕ ေထာက္ပံျခင္းမ်ိဳးၾကံဳရမည္။ ကိုယ္ပိုင္လုပ္ငန္းမ်ား မိတ္ေဆြသစ္ ၊ေဖာက္သည္အသစ္ေတြ တိုးပြားလာႏိုင္ဖြယ္ရွိပါတယ္။ ရပ္ေဝးေရာက္ေနေသာ မိတ္ေဆြမ်ားနဲ႔ ျပန္လည္ဆံုဆည္းရတတ္ပါတယ္။ လုပ္ငန္းသစ္ ၊ဆိုင္အသစ္ဖြင့္မဲ့ သူမ်ား ဒီကာလဟာ အရမ္းေကာင္းတဲ့အခ်ိန္ပါ။

မီး၊လွ်ပ္စစ္ကိုင္တြယ္ေနရသူမ်ား အထူးသတိထားပါ။ ဓာတ္လိုက္တတ္ပါတယ္။ စိတ္သြားတိုင္းကိုယ္ပါေနတတ္တဲ့ အခ်ိန္ပါပဲ။ အိမ္ေထာင္ေရးမွာေတာ့ အဆင္ေျပမဲ့အခ်ိန္ပါပဲ။ အိမ္ေထာင္ဘက္ရဲ႕ အလုပ္ကိစၥေတြေတာ့ ဝင္ကူေပးေနရတတ္ပါတယ္။အခ်စ္ေရးကံ ေကာင္းေနမွာပါ။ ပညာေရးကေတာ့ ဝီရိယေရွ႕ထားႀကိဳးစားႏိုင္မွ ေတာ္ကာက်ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၁/၅/၄ ။ အထူးေဟာ ကံျမင့္ေနသည္၊ယၾတာ နီးစပ္ရာေစတီရဲ႕ၾကာသပေတးေထာင့္မွာ တစ္ေယာက္ထိုင္ဖ်ာတစ္ခ်ပ္ လႉဒါန္းေပးပါ။

ဗုဒၶဟူး

ဗုဒၶဟူး သားသမီးေတြအေနနဲ႔က ဒီကာလအတြင္းမွာ ေပ်ာ္စရာ စိတ္ခ်မ္းေျမ႕စရာေတြ ၾကံဳရပါလိမ့္မယ္။ လုပ္သမွ် အဆင္ေျပေခ်ာေမြ႕ေန တတ္တဲ့အခ်ိန္ပါ။ ဒါေပမဲ့ သီလရွိေအာင္ေတာ့ ေနမွအဆင္ေျပမဲ့ကာလပါပဲ။ အလုပ္စီးပြား လဲတိုးတတ္လာပါလိမ့္မယ္။ လက္ကားအလုပ္မ်ား၊ ကိုယ္စားလွယ္အလုပ္မ်ား အဆင္ေျပေအာင္ျမင္မဲ့အခ်ိန္ပါ။ အနာဂတ္အတြက္ ႀကိဳတင္စဥ္းစားထားသည္မ်ား လက္ေတြ႕ အေကာင္အထည္ေဖာ္ႏိုင္ပါလိမ့္မယ္။

ေငြကံလဲ ျမင့္မားေနပါလိမ့္မယ္ ။ လူႀကီးသူမေတြရဲ႕အကူအညီအေထာက္အပံ့ေတြလဲ အမ်ားႀကီးရႏိုင္တဲ့အခ်ိန္ပါ။ အိမ္ေထာင္သည္မ်ား လိင္မတူသူေတြရဲ႕ ဖ်ားေယာင္းျခင္းကိုခံရတတ္ပါတယ္။ အေပ်ာ္အပါးတတ္ႏိုင္သေလာက္ေလွ်ာ့ပါ။အခ်စ္ေရးကံေကာင္းပါတယ္။ ဇာတိမတူ လူမ်ိဳးမတူသူနဲ႔ ဒီကာလအတြင္းဆံုဆည္းရတတ္ပါတယ္။ ပညာေရနယ္ပယ္က်ယ္ျပန္႔စြာ ေအာင္ျမင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း -၅/၁/၂ ။ အထူးေဟာ – စိတ္ႀကိဳက္ဖန္တီးခြင့္ေတြရလာပါ လိမ့္မယ္။ယၾတာ ေပါင္မုန္႔ေထာပတ္သုတ္ ဘုရားကပ္ပါ

ၾကာသပေတး

ေငြေၾကးအေပးအယူသတိရွိပါ။ ေငြယူျခင္း ေႂကြးေတာင္းျခင္းမလုပ္ပါနဲ႔ ။ မိသားစုအေရးကိစၥေတြအျပင္ အလုပ္ကိစၥေတြေၾကာင့္ပါ မနားမေန အလုပ္မ်ားေနရတတ္ပါတယ္။ လူငယ္မ်ား စိတ္ေလၿပီး အိမ္မကပ္ခ်င္တာမ်ိဳးျဖစ္ေနရတတ္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာ အသဲကြဲရတာ ခ်စ္သူရဲ႕ဥေပကၡာျပဳျခင္းခံရတာမ်ိဳးေတြၾကံဳရလိမ့္မယ္။ဒီကာလဟာ အျခားအခ်င္းအရာထက္ က်န္းမာေရးကို အထူးဂ႐ုစိုက္ေစခ်င္ပါတယ္။

အေကာင္းႀကီးကေန ႐ုတ္တရက္က်န္းမာေရးအားနည္းသြားတတ္ပါတယ္။ စိတ္ကူးထားတာ ရည္မွန္းထားတာေတြ ေျဖးေျဖးမွန္မွန္အက်ိဳးေပးပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ အဆင္ေျပပါတယ္။ ဘယ္လိုအခက္အခဲရွိရွိ အိမ္ေထာင္ဘက္နဲ႔ တိုင္ပင္အေျဖရွာသင့္တဲ့ကာလပါပဲ။ ပညာေရးမွာ စာမလိုက္ႏိုင္တာမ်ိဳးေတြ ၾကံဳရတတ္ပါတယ္။ စာေမးပြဲအတြက္စိုးရိမ္ေၾကာင့္ၾကေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၆/၉ ။ အထူးေဟာ စိတ္မ်ား အလုပ္မ်ားေနရတတ္သည္။ ယၾတာ ဘုရားရင္ျပင္ေတြ တန္ေဆာင္းေတြမွာ တံျမက္စည္းလွဲပါ။

ေသာၾကာ

ခရီးသြားဖို႔ စီစဥ္ထားျခင္းမ်ား ရက္ေရြ႕ရတတ္ပါတယ္။ ဇိမ္ခံပစၥည္းမ်ား ဝယ္ယူျခင္းမ်ိဳး မျပဳသင့္ေသးတဲ့အခ်ိန္ပါ။ အလႉအတန္းကိစၥမ်ား မဂၤလာကိစၥမ်ားၾကံဳေတြ႕ရတတ္ပါတယ္။ အရမ္းရင္းႏွီးတဲ့သူေတြနဲ႔ စိတ္ဝမ္းကြဲစကားမ်ားရတတ္တယ္။ အထူးသျဖင့္ မိမိကိုမနာလို၍ျပႆ နာရွာတာမ်ိဳးလဲျဖစ္ႏိုင္ပါတယ္။ မိမိနဲ႔ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ မိတ္ေဆြေဟာင္းနဲ႔ျပန္ဆံုရတတ္ပါတယ္။ အလုပ္သစ္ စီးပြားသစ္မေကာင္းေသးပါ။

ယာဥ္ကားနဲ႔ ပက္သက္ေသာလုပ္ငန္းမ်ား အရွံုးေပၚရတတ္ပါတယ္။ အေပ်ာ္အပါးအတြက္ ေငြကုန္မခံပါနဲ႔။ အိမ္ျပင္ အိမ္ေဆာက္ျခင္းမလုပ္မိပါေစနဲ႔။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္က ေမြးရပ္ဇာတိကိုအလည္ျပန္တာမ်ိဳး ၊ ခရီးမ်ားေနတာမ်ိဳး ၾကံဳရတတ္ပါတယ္။ အခ်စ္ေရးကိစၥအေနနဲ႔ ခ်စ္သူနဲ႔ ဖုန္းေျပာဖို႔ေတာင္အခ်ိန္လုေနရတတ္ပါတယ္။ စိတ္ပင္ပန္းရတတ္သလို ကာယအားလဲ စိုက္ထုတ္ရမဲ့ကာလပါပဲ။ ပညာေရးမွာ လမ္းလႊဲလိုက္မိတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၁/၇ ။ အထူးေဟာ အနားယူခ်ိန္ ေသခ်ာသတ္မွတ္ၿပီး နားပါ။ ယၾတာ ဘုရားမွာ ေရႊသကၤန္းကပ္လႉပါ

 စေန

ဒီကာလဟာ စေန သားသမီးေတြအေနနဲ႔ အတိတ္က ေကာင္းမႈတရားေတြက အက်ိဳးျပန္ခံစားရတတ္ပါတယ္။ ထီဝါသနာပါသူမ်ား ထီကံစမ္းသင့္ပါတယ္။ အလုပ္အကိုင္အထူးအဆင္ေျပျခင္း ၊ရာထူးတိုးျခင္း ၊ေနရာေကာင္းရျခင္းမ်ိဳး ၾကံဳရပါလိမ့္မယ္။ က်န္းမာေရးအထူးေကာင္းမြန္ေနခ်ိန္ပါ။ နာတာရွည္ျဖစ္ေနသူမ်ား ဒီကာလမွာ ေဆးတိုးသြားႏိုင္ပါတယ္။ အတြင္းအုပ္စု ရန္သေဘာေဆာင္ေနျခင္းေၾကာင့္ အတူေနသူမ်ား မိသားစုဝင္မ်ားနဲ႔ စကားမ်ား စိတ္ဝမ္းကြဲတာမ်ိဳးေတာ့ရွိပါတယ္။

အိမ္ေထာင္သည္မ်ား အိမ္ေထာင္ေရး ရႈပ္ေထြးမႈမ်ားၾကံဳလာႏိုင္၍ အေနအထိုင္ေတာ့ ဆင္ျခင္ပါ။ ေရႊေတာ့ဝင္တတ္ပါတယ္။ အလွကုန္ပစၥည္းမ်ားလဲလက္ေဆာင္ရတတ္ပါတယ္။ လူငယ္မ်ား မိမိအေနအထိုင္မတတ္ေသာေၾကာင့္ ခ်စ္သူက အျခားသူတစ္ဦးနဲ႔ အထင္လြဲစြပ္စြဲျခင္းခံရတတ္ပါတယ္။ ပညာေရးကံ အေကာင္းဘက္မွာရွိေနခ်ိန္ပါ။

အက်ိဳးေပးဂဏန္း ၁/၀/၇ ။ အထူးေဟာ အလုပ္စီးပြားေကာင္းေနမည္။ ယၾတာ . ေငြပန္းဘုရား လႉဒါန္းလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

#Unicode Version#
တနင်္ဂနွေ

ဘာသာရေးနဲ့ သက်ဆိုင်သောပစ္စည်းများ လက်ဆောင်ရပါလိမ့်မယ်။ ဘာသာရေးကိစ္စများ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကံတွေမြင့်လာဖွယ်ရှိပါတယ်။ တွေးခေါ်မြော်မြင်မှုတွေအားနည်းနေတတ်ပါသည်။ အတွေးချော်နေတတ်တဲ့အတွက် ဆုံးဖြတ်ချက်ချမယ်ဆို လောဘ ဒေါသ မောဟနည်းတဲ့အချိန် ဆုံးဖြတ်ပါ။ ဒီကာလမှာ ရွှေငွေလက်ဝတ်ရတနာများ ထွက်ရတတ်ပါတယ်။

နယ်သွားချင်သူများ လက်ရှိနေရာမှာမပျော်ရွင်သူများ အတွက် ဒီအချိန်ဟာ မိမိတို့ဆန္ဒပြည့်ဝမဲ့အချိန်ပါပဲ။ ပြဿ နာ တိုင်းကို မိမိခေါင်း ပေါ်မတင်ထားပါနဲ့။ မိသားစုအရေးကိစ္စ တွေက မိမိတစ်ယောက်ထဲပူပန်နေလို့ ငြိမ်းအေးမည်မဟုတ်ပါ။ အိမ်ထောင်ရေးတွေမှာ မိမိစိတ်ကူးအယူအဆတိုင်း မလုပ်ပါနဲ့။ အိမ်ထောင်ဘက်ကိုလဲ တိုင်ပင်သင့်ပါတယ်။အချစ်ရေးကိစ္စတွေမှာ အကောင်းအဆိုးတလှည့်ဆီဖြစ်နေမဲ့အချိန်ပါ။ ပညာရေးကံအထူးညံ့ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၅/၉/၁ အထူးဟော စက်ပစ္စည်းများပျက်လွယ်မည်။  ယတြာ ရွက်လှ ၄ညွှန့်+ သစ္စာပန်း ၆ညွှန့်   ဘုရားလှူပါ

တနင်္လာ

ဒီကာလဟာ တနင်္လာသားသမီး အနေနဲ့ ငြိမ်နေရတာမျိုး မရှိဘဲ လှုပ်လှုပ်ရှားရှားနဲ့ပင်ပန်းရမဲ့ကာလပါပဲ။ အလုပ်ကိစ္စတွေတစ်မျိုးပြီး တစ်မျိုးတာဝန်ပေးခြင်းခံရပါလိမ့်မယ်။ ကိုယ်ပိုင် အလုပ်ဆိုလဲ မိမိအလုပ်အတွက်လိုအပ်တာဝယ်ရခြမ်းရနဲ့ အချိန်ကုန်လူပန်းရပါလိမ့်မယ်။ မိမိနဲ့မသိသော တစိမ်းတရံတွေနဲ့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ညဉ့်နက်သည်အထိ အပြင်ထွက်တာမျိုးမလုပ်ပါနဲ့။

မိမိအနေနဲ့ အနားယူချိန် အလုပ်လုပ်ချိန်တွေကိုသေချာပိုင်းခြားထားပါ။ weakဖြစ်ပြီး ကျန်းမာရေးအားနည်းသွားတတ်တဲ့ ကာလမို့ပါ။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ ဆွေမျိူ းတွေနဲ့ အဆင်မပြေ ဖြစ်လွယ်ပါတယ်။အချစ်ရေးအနေနဲ့ အကောင်းဘက်မှာရှိနေပါတယ်။ ချစ်သူအချင်းချင်း မအားလပ်ဘဲမတွေ့နိုင်တာမျိုးကြုံနေရတတ်တယ်။ပညာရေးကိစ္စတွေမှာ ကျက်စာထက် တွက်စာတွေကြောင့် သောကရောက်ရမှာပါ။

အကျိုးပေးဂဏန်း ၃/၄/၈ … အထူးဟော အလုပ်တွေမအားလပ်ဖြစ်နေ တတ်သည်  ။ယတြာ ဘုရားရှင်အား နွားနို့တစ်ခွက်ကပ်လှူပါ



အင်္ဂါ

စီးပွားရေး ၊အလုပ်အကိုင် အထူးတိုးတတ်နေပါလိမ့်မယ်။ ကူညီမဲ့သူ ၊ပံ့ပိုးမဲ့သူတွေ ဝန်းရံနေတတ်ပါတယ်။ လူမျိုးခြားတစိမ်းတရံတွေရဲ့ ထောက်ပံခြင်းမျိုးကြုံရမည်။ ကိုယ်ပိုင်လုပ်ငန်းများ မိတ်ဆွေသစ် ၊ဖောက်သည်အသစ်တွေ တိုးပွားလာနိုင်ဖွယ်ရှိပါတယ်။ ရပ်ဝေးရောက်နေသော မိတ်ဆွေများနဲ့ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ လုပ်ငန်းသစ် ၊ဆိုင်အသစ်ဖွင့်မဲ့ သူများ ဒီကာလဟာ အရမ်းကောင်းတဲ့အချိန်ပါ။

မီး၊လျှပ်စစ်ကိုင်တွယ်နေရသူများ အထူးသတိထားပါ။ ဓာတ်လိုက်တတ်ပါတယ်။ စိတ်သွားတိုင်းကိုယ်ပါနေတတ်တဲ့ အချိန်ပါပဲ။ အိမ်ထောင်ရေးမှာတော့ အဆင်ပြေမဲ့အချိန်ပါပဲ။ အိမ်ထောင်ဘက်ရဲ့ အလုပ်ကိစ္စတွေတော့ ဝင်ကူပေးနေရတတ်ပါတယ်။အချစ်ရေးကံ ကောင်းနေမှာပါ။ ပညာရေးကတော့ ဝီရိယရှေ့ထားကြိုးစားနိုင်မှ တော်ကာကျပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၅/၄ ။ အထူးဟော ကံမြင့်နေသည်၊ယတြာ နီးစပ်ရာစေတီရဲ့ကြာသပတေးထောင့်မှာ တစ်ယောက်ထိုင်ဖျာတစ်ချပ် လှူဒါန်းပေးပါ။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့က ဒီကာလအတွင်းမှာ ပျော်စရာ စိတ်ချမ်းမြေ့စရာတွေ ကြုံရပါလိမ့်မယ်။ လုပ်သမျှ အဆင်ပြေချောမွေ့နေ တတ်တဲ့အချိန်ပါ။ ဒါပေမဲ့ သီလရှိအောင်တော့ နေမှအဆင်ပြေမဲ့ကာလပါပဲ။ အလုပ်စီးပွား လဲတိုးတတ်လာပါလိမ့်မယ်။ လက်ကားအလုပ်များ၊ ကိုယ်စားလှယ်အလုပ်များ အဆင်ပြေအောင်မြင်မဲ့အချိန်ပါ။ အနာဂတ်အတွက် ကြိုတင်စဉ်းစားထားသည်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

ငွေကံလဲ မြင့်မားနေပါလိမ့်မယ် ။ လူကြီးသူမတွေရဲ့အကူအညီအထောက်အပံ့တွေလဲ အများကြီးရနိုင်တဲ့အချိန်ပါ။ အိမ်ထောင်သည်များ လိင်မတူသူတွေရဲ့ ဖျားယောင်းခြင်းကိုခံရတတ်ပါတယ်။ အပျော်အပါးတတ်နိုင်သလောက်လျှော့ပါ။အချစ်ရေးကံကောင်းပါတယ်။ ဇာတိမတူ လူမျိုးမတူသူနဲ့ ဒီကာလအတွင်းဆုံဆည်းရတတ်ပါတယ်။ ပညာရေနယ်ပယ်ကျယ်ပြန့်စွာ အောင်မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း -၅/၁/၂ ။ အထူးဟော – စိတ်ကြိုက်ဖန်တီးခွင့်တွေရလာပါ လိမ့်မယ်။ယတြာ ပေါင်မုန့်ထောပတ်သုတ် ဘုရားကပ်ပါ

ကြာသပတေး

ငွေကြေးအပေးအယူသတိရှိပါ။ ငွေယူခြင်း ကြွေးတောင်းခြင်းမလုပ်ပါနဲ့ ။ မိသားစုအရေးကိစ္စတွေအပြင် အလုပ်ကိစ္စတွေကြောင့်ပါ မနားမနေ အလုပ်များနေရတတ်ပါတယ်။ လူငယ်များ စိတ်လေပြီး အိမ်မကပ်ချင်တာမျိုးဖြစ်နေရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ အသဲကွဲရတာ ချစ်သူရဲ့ဥပေက္ခာပြုခြင်းခံရတာမျိုးတွေကြုံရလိမ့်မယ်။ဒီကာလဟာ အခြားအချင်းအရာထက် ကျန်းမာရေးကို အထူးဂရုစိုက်စေချင်ပါတယ်။

အကောင်းကြီးကနေ ရုတ်တရက်ကျန်းမာရေးအားနည်းသွားတတ်ပါတယ်။ စိတ်ကူးထားတာ ရည်မှန်းထားတာတွေ ဖြေးဖြေးမှန်မှန်အကျိုးပေးပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ အဆင်ပြေပါတယ်။ ဘယ်လိုအခက်အခဲရှိရှိ အိမ်ထောင်ဘက်နဲ့ တိုင်ပင်အဖြေရှာသင့်တဲ့ကာလပါပဲ။ ပညာရေးမှာ စာမလိုက်နိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။ စာမေးပွဲအတွက်စိုးရိမ်ကြောင့်ကြနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၉ ။ အထူးဟော စိတ်များ အလုပ်များနေရတတ်သည်။ ယတြာ ဘုရားရင်ပြင်တွေ တန်ဆောင်းတွေမှာ တံမြက်စည်းလှဲပါ။

သောကြာ

ခရီးသွားဖို့ စီစဉ်ထားခြင်းများ ရက်ရွေ့ရတတ်ပါတယ်။ ဇိမ်ခံပစ္စည်းများ ဝယ်ယူခြင်းမျိုး မပြုသင့်သေးတဲ့အချိန်ပါ။ အလှူအတန်းကိစ္စများ မင်္ဂလာကိစ္စများကြုံတွေ့ရတတ်ပါတယ်။ အရမ်းရင်းနှီးတဲ့သူတွေနဲ့ စိတ်ဝမ်းကွဲစကားများရတတ်တယ်။ အထူးသဖြင့် မိမိကိုမနာလို၍ပြဿ နာရှာတာမျိုးလဲဖြစ်နိုင်ပါတယ်။ မိမိနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ မိတ်ဆွေဟောင်းနဲ့ပြန်ဆုံရတတ်ပါတယ်။ အလုပ်သစ် စီးပွားသစ်မကောင်းသေးပါ။

ယာဉ်ကားနဲ့ ပက်သက်သောလုပ်ငန်းများ အရှုံးပေါ်ရတတ်ပါတယ်။ အပျော်အပါးအတွက် ငွေကုန်မခံပါနဲ့။ အိမ်ပြင် အိမ်ဆောက်ခြင်းမလုပ်မိပါစေနဲ့။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က မွေးရပ်ဇာတိကိုအလည်ပြန်တာမျိုး ၊ ခရီးများနေတာမျိုး ကြုံရတတ်ပါတယ်။ အချစ်ရေးကိစ္စအနေနဲ့ ချစ်သူနဲ့ ဖုန်းပြောဖို့တောင်အချိန်လုနေရတတ်ပါတယ်။ စိတ်ပင်ပန်းရတတ်သလို ကာယအားလဲ စိုက်ထုတ်ရမဲ့ကာလပါပဲ။ ပညာရေးမှာ လမ်းလွှဲလိုက်မိတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၁/၇ ။ အထူးဟော အနားယူချိန် သေချာသတ်မှတ်ပြီး နားပါ။ ယတြာ ဘုရားမှာ ရွှေသင်္ကန်းကပ်လှူပါ

 စနေ

ဒီကာလဟာ စနေ သားသမီးတွေအနေနဲ့ အတိတ်က ကောင်းမှုတရားတွေက အကျိုးပြန်ခံစားရတတ်ပါတယ်။ ထီဝါသနာပါသူများ ထီကံစမ်းသင့်ပါတယ်။ အလုပ်အကိုင်အထူးအဆင်ပြေခြင်း ၊ရာထူးတိုးခြင်း ၊နေရာကောင်းရခြင်းမျိုး ကြုံရပါလိမ့်မယ်။ ကျန်းမာရေးအထူးကောင်းမွန်နေချိန်ပါ။ နာတာရှည်ဖြစ်နေသူများ ဒီကာလမှာ ဆေးတိုးသွားနိုင်ပါတယ်။ အတွင်းအုပ်စု ရန်သဘောဆောင်နေခြင်းကြောင့် အတူနေသူများ မိသားစုဝင်များနဲ့ စကားများ စိတ်ဝမ်းကွဲတာမျိုးတော့ရှိပါတယ်။

အိမ်ထောင်သည်များ အိမ်ထောင်ရေး ရှုပ်ထွေးမှုများကြုံလာနိုင်၍ အနေအထိုင်တော့ ဆင်ခြင်ပါ။ ရွှေတော့ဝင်တတ်ပါတယ်။ အလှကုန်ပစ္စည်းများလဲလက်ဆောင်ရတတ်ပါတယ်။ လူငယ်များ မိမိအနေအထိုင်မတတ်သောကြောင့် ချစ်သူက အခြားသူတစ်ဦးနဲ့ အထင်လွဲစွပ်စွဲခြင်းခံရတတ်ပါတယ်။ ပညာရေးကံ အကောင်းဘက်မှာရှိနေချိန်ပါ။

အကျိုးပေးဂဏန်း ၁/ဝ/၇ ။ အထူးဟော အလုပ်စီးပွားကောင်းနေမည်။ ယတြာ . ငွေပန်းဘုရား လှူဒါန်းလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top