iMyanmarHouse.com - Best Property Website for Myanmar
×
Credit: PoPin
# Unicode Version ဖြင့် ဖတ်ပါ #
လတ်တလော ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြတဲ့ Myanmar Idol Season 3 ပြိုင်ပွဲ ကြီးကတော့ ပြိုင်ပွဲဝင်နှစ်ဦးသာ ကျန်ရှိတော့တာမို့ ပိုပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းလာပါပြီ။ Voting စနစ်နဲ့ အဆုံးအဖြတ်ပေးတဲ့ ပြိုင်ပွဲမို့ ချမ်းသာတဲ့မိသားစုအသိုင်းအဝိုင်းက ဝိုင်း Vote ကြတယ်၊
အနုပညာရှင်အသိုင်းအဝိုင်းက ဝိုင်းပြီးတော့ Vote ကြတယ်ဆိုပြီးတော့ တစ်ချို့သောသူတွေက ငြင်းခုန်မှုတွေပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ဒါကိုတော့ ချမ်းမြေ့မောင်ချိုကို အားပေးတဲ့အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဦးဝင်းမြိုင်က ထိထိမိမိနဲ့ပြတ်ပြတ်သားသာပြန်လည်တုံ့ပြန်လိုက်တာပါတယ်
ဦးဝင်းမြိုင်ကတော့ “မိသားစုတစ်ခုမှာ ဖအေက သမီးကို အချစ်ပို မအေက သားကို အချစ်ပို ဒါဟာ ငြင်းမရတဲ့ သဘာဝတရား အနုပညာရှင်တွေဟာ ပရိတ်သတ်ပြည်သူရဲ သားသမီးတွေ မိဘတွေဟာ သားသမီးတိုင်းကိုချစ်တာ သို့သော်လည်း အချစ်ပိုတာတော့ရှိပေမပေါ့ top 11 ကိုရောက်လာတဲ့ သားသမီးတွေ အားလုံးကို ပြည်သူတွေက ချစ်ကြတာ တော်ရုံ စကေးနဲ့ ရောက်လာသူတွေမဟုတ်ကြဘူးလေ
တစ်ယောက်ပဲ ရွေးမှာဆိုတော့ ကျန် ၁၀ ယောက်ကို စိတ်မကောင်းစွာနဲ့နုတ်ဆက်ကြရမှာပါ ဘယ်သူ့ကိုမှ အမုန်းမပွားမိပါဘူး အပြစ်မမြင်မိပါဘူး အခု top 2.ကျန်တယ် ကျား နဲ့ မ ယောင်္ကျားလေးက ယောင်္ကျားလေးအသံ မိန်းကလေးက မိန်းကလေးအသံအသံကောင်း ကြသလို vote အားကောင်းကြတယ် ကျားသံ နဲ့ မ သံ key မတူကြသလို ဘယ်သူပိုကောင်းတယ်လို့ ဆုံးဖြတ်လို့မရနိုင်ဘူး ကျား နဲ့ မ ဆိုတော့ အားပေးမှုအပေါ်မှာ ယောင်္ကျားနှာဘူး မိန်းမနှာဘူးတွေဖြစ်မကုန်ကြပဲ
ကိုယ်နှစ်သက်ရာကို လွတ်လပ်စွာအားပေးကြဖို့ပဲရှိတယ် အနုပညာအသိုင်းအဝိုင်းက သိုင်းဝိုင်ကြတယ်ဆိုသော်ငြား သန်း ၆၀ နဲ့ယှဉ်ရင် တကယ့် လက်တစ်ဆုပ်စာပဲရှိတယ် winner ရသူရဲ့ ကံကြမ္မာလို့သာ မှတ်ယူကြပြီး အားပေးကြဖို့ပါပဲ မောင်ချိုရေ သမီးလည်း မမှားအောင်ဆိုတတ်ပါတယ်ဆိုတာ final မှာ ပြတ်ပြတ်သားသား လှလှပပ သီဆို တင်ဆက် ပြိုင်ပွဲဝင်လိုက်ပါတော့ top 11 ပြိုင်ကြရာမှာ 11 ဟာ top ဖြစ်တယ်ဆိုတာ
ထင်ရှားအောင် ကြိုးစားပြလိုက်ပါတော့ အောင်မြင်ပါစေ FIGHTING! CMMC.” ဆိုပြီး တော်တော်လေးကို အရည်အချင်းရှိလို့ Top 2 ထဲကို ပါလာတဲ့အကြောင်းနဲ့ အနုပညာအသိုင်းအဝိုင်းက သိုင်းဝိုင်းကြတယ်ဆိုတာ သန်း ၆၀သော ပရိသတ်တွေနဲ့ယှဉ်ရင် လက်တစ်ဆုပ်စာပဲရှိတဲ့အကြောင်းကိုေြပြောပြထားတာပါ။ဦးဝင်းမြိုင်ကတော့ Top 11 ထဲမှာ 11 က top ဖြစ်တယ်ဆိုတာ အပြည့်အဝကို ထောက်ခံနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေထဲမှာရော ဦးဝင်းမြိုင်နဲ့ အတွေးချင်းတူတဲ့ သူတွေရှိကြလားဆိုတာ ပြောသွားခဲ့ပါဦးနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top