ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဥေရာပေဘာလံုးေလာကရဲ႕ အေကာင္းဆံုးကစားသမားဆုအတြက္ အသင္းရဲ႕ ကစားသမား (၂)ေယာက္ ေနာက္ဆံုးဆန္ခါတင္အဆင့္မွာ ပါ၀င္ခဲ့မႈနဲ႔အတူ ကလပ္အသင္းေတြရဲ႕ ထိပ္ဆံုးကေန ရပ္တည္ႏိုင္ခဲ့ပါတယ္။ UEFA က ေပးအပ္ခ်ီးျမွင့္မယ့္ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုအတြက္ မုိဒရစ္ နဲ႔ ေရာ္နယ္ဒိုတို႔ဟာ ရီးရဲလ္ကို ကိုယ္စားျပဳ ေရြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

လီဗာပူးလ္တိုက္စစ္မွဴး မိုဟာမက္ဆာလာကေတာ့ ပရီးမီးယားလိဂ္မွ ပါ၀င္ခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားအျဖစ္ ရွိေနခဲ့ပါတယ္။ ဒီကစားသမား (၃)ဦးစလံုးဟာ ျပီးခဲ့တဲ့ ကိဗ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ပါ၀င္ကစားခဲ့ၾကသူေတြျဖစ္ျပီး မိုဒရစ္ နဲ႔ ေရာ္နယ္ဒိုတို႔ကေတာ့ အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို သိမ္းပိုက္ႏိုင္ခဲ့ၾကပါတယ္။

ၾသဂုတ္လ (၃၀) ရက္ေန႔မွာ ဆုရရွိသူကို တရား၀င္ေၾကျငာသြားမွာျဖစ္ျပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ပြဲစဥ္မ်ား မဲခြဲေရြးခ်ယ္မႈနဲ႔အတူ တစ္ျပိဳင္နက္တည္း က်င္းပသြားမွာ ျဖစ္ပါတယ္။ မိုဒရစ္ နဲ႔ ဆာလာတို႔အတြက္ေတာ့ ေနာက္ဆံုးဆန္ခါတင္အဆင့္ကို ပထမဆံုးအၾကိမ္ ပါ၀င္ခဲ့တာ ျဖစ္ျပီး ေရာ္နယ္ဒိုကေတာ့ ဒီဆုကို (၄)ၾကိမ္အထိ ရရွိခဲ့ဖူးသူ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ လက္ရွိမွာလည္း ဒီဆုကို ရရွိထားတဲ့ ေနာက္ဆံုးကစားသမားျဖစ္ျပီး ဒီတစ္ၾကိမ္ ထပ္မံရရွိခဲ့ပါက (၃)ႏွစ္ဆက္တိုက္ ရရွိတဲ့ ကစားသမားအျဖစ္ မွတ္တမ္း၀င္လာမွာ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုရဲ႕ အဓိကမဟာျပိဳင္ဘက္ မက္ဆီကေတာ့ ဆန္ခါတင္ (၃)ဦး စာရင္းမွာ ပါ၀င္လာျခင္းမရွိေတာ့ပဲ  က်န္ရစ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

လာမယ့္ ၾသဂုတ္လ (၃၀)ရက္ေန႔မွာေတာ့ UEFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ေရာ္နယ္ဒိုကပဲ ပထမဆံုးအၾကိမ္အျဖစ္ (၃)ႏွစ္ဆက္တိုက္ ရရွိသြားမလား၊ မိုဒရစ္ နဲ႔ မိုဟာမက္ဆာလာတို႔ကပဲ ဒီဆုကို ပထမဆံုးအၾကိမ္ ဆြတ္ခူးသြားႏိုင္မွာလားဆိုတာကို ကြဲကြဲျပားျပား သိရွိရေတာ့မွာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားဆုအတွက် အသင်းရဲ့ ကစားသမား (၂)ယောက် နောက်ဆုံးဆန်ခါတင်အဆင့်မှာ ပါ၀င်ခဲ့မှုနဲ့အတူ ကလပ်အသင်းတွေရဲ့ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။ UEFA က ပေးအပ်ချီးမြှင့်မယ့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် မိုဒရစ် နဲ့ ရော်နယ်ဒိုတို့ဟာ ရီးရဲလ်ကို ကိုယ်စားပြု ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာကတော့ ပရီးမီးယားလိဂ်မှ ပါ၀င်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ ဒီကစားသမား (၃)ဦးစလုံးဟာ ပြီးခဲ့တဲ့ ကိဗ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပါ၀င်ကစားခဲ့ကြသူတွေဖြစ်ပြီး မိုဒရစ် နဲ့ ရော်နယ်ဒိုတို့ကတော့ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

သြဂုတ်လ (၃၀) ရက်နေ့မှာ ဆုရရှိသူကို တရားဝင်ကြေငြာသွားမှာဖြစ်ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်များ မဲခွဲရွေးချယ်မှုနဲ့အတူ တစ်ပြိုင်နက်တည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ မိုဒရစ် နဲ့ ဆာလာတို့အတွက်တော့ နောက်ဆုံးဆန်ခါတင်အဆင့်ကို ပထမဆုံးအကြိမ် ပါ၀င်ခဲ့တာ ဖြစ်ပြီး ရော်နယ်ဒိုကတော့ ဒီဆုကို (၄)ကြိမ်အထိ ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိမှာလည်း ဒီဆုကို ရရှိထားတဲ့ နောက်ဆုံးကစားသမားဖြစ်ပြီး ဒီတစ်ကြိမ် ထပ်မံရရှိခဲ့ပါက (၃)နှစ်ဆက်တိုက် ရရှိတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်လာမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ အဓိကမဟာပြိုင်ဘက် မက်ဆီကတော့ ဆန်ခါတင် (၃)ဦး စာရင်းမှာ ပါ၀င်လာခြင်းမရှိတော့ပဲ  ကျန်ရစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လာမယ့် သြဂုတ်လ (၃၀)ရက်နေ့မှာတော့ UEFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုကပဲ ပထမဆုံးအကြိမ်အဖြစ် (၃)နှစ်ဆက်တိုက် ရရှိသွားမလား၊ မိုဒရစ် နဲ့ မိုဟာမက်ဆာလာတို့ကပဲ ဒီဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးသွားနိုင်မှာလားဆိုတာကို ကွဲကွဲပြားပြား သိရှိရတော့မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top