(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

မေန႔က August 10 ရက္ေန႔ဟာဆုိရင္ေတာ့ျဖင့္ တစ္နုိင္ငံလံုးကသည္းသည္းလႈပ္ခ်စ္ရျပီး ကစ္လို႔ခ်စ္စနုိးနဲ႔ေခၚတဲ့ နိုင္ငံေက်ာ္သရုပ္ေဆာင္မင္းသမီး ဝတ္မံႈေရႊရည္ရဲ႕အသက္ (30) ျပည့္ေမြးေန႔မဂၤလာရက္ျမတ္ျဖစ္ခဲ့တယ္ဆိုတာ အားလံုးလည္းသိၾကမွာပါ။ ပရိသတ္ခ်စ္တဲ့ဝတ္မံႈေရႊရည္က ေမြးေန႔ျဖတ္သန္းပံုေလးနဲ႔စိတ္ခံစားခ်က္ေလးေတြကုိ ပရိသတ္ၾကီးအတြက္ interview မွာ ေျပာျပထားပါတယ္။

ကစ္ေလးက ေမြးေန႔မွာ ကုသိုလ္ျပဳျဖစ္ပံုေလးေတြကို “ဒီေန႔ သံဃာေတာ္ေတြကို ဆြမ္းကပ္တယ္။ လွဴတယ္ေပါ့ေနာ္။ စိတ္က်န္းမာေရးေဆးရံံုမွာလွဴတယ္။ ေနာက္ျပီးေတာ့.. ေရေဘးအတြက္လွဴတယ္ေပါ့ေနာ္။ ဟုတ္။ ညေနကေတာ့ Bella က ေရႊတိဂံုဘုရားမွာေပါ့ေနာ္။ ဆီမီးပူေဇာ္ဖုိ႔စီစဥ္ထားပါတယ္။” လုိ႔ေျပာျပထားျပီး

တစ္နွစ္ထက္တစ္နွစ္ေမြးေန႔မွာစိတ္ခံစားခ်က္ေလးေတြကြာျခားသြားပံုကိုလည္း “အရင္နွစ္ေတြကေတာ့ ေမြးေန႔ဆိုရင္ ေပ်ာ္ရမယ္၊ ဘာျဖစ္ရမယ္။ လွဴမယ္ဆုိရင္လည္း ဘယ္လိုေျပာရမလဲ ေမြးေန႔ဆိုရင္ကြာ.. လုပ္ခ်င္တာမ်ားတယ္။ ညေနဆိုေပ်ာ္မယ္၊မနက္ဆိုလွဴမယ္ေပါ့။ ဒီနွစ္က်ေတာ့ ေအးေအးေဆးေဆးနဲ႔ မိသားစုနဲ႔ ဆြမ္းကပ္တယ္ဆိုရင္လည္း ကိုယ့္မိသားစုေလးနဲ႔ ကုိယ္ခ်စ္တဲ့သူနဲ႔၊ကုုိယ္ခ်စ္တဲ့သူဆိုတာလည္း ပရိသတ္ေတြပါပဲ။ ဒီေလာက္ပဲအက်ဥ္းရံုးေလးပဲ။ေန႔လည္လည္းအဲ့လိုပဲ စိတ္က်န္းမာေရးေဆးရံုမွာ ဒီေလာက္ပဲ အလွဴေငြေတြထည့္တယ္။ ညေနဆိုလည္း ဘုရားမသြားခင္ ဘုန္းဘုန္းတစ္ပါးကုိသြားဖူးဦးမယ္။အဲ့လိုပဲ မိသားစုနဲ႔ပဲ တိတ္တိတ္ဆိ္တ္ဆိတ္ေလးပဲ ျဖတ္သန္းခ်င္တယ္။ ဘာမွလည္းပြဲေတြလည္းမလုပ္ထားဘူး၊ဟုတ္” ေျပာျပထားပါတယ္။

ကစ္ကေလးက ေမြးေန႔လက္ေဆာင္ surprise ရတာမ်ိဳးရွိလားဆိုတဲ့ ေမးခြန္းကို ရွက္ကုိးရွက္ကန္းျဖစ္စြာပဲ “ဟုတ္ ရွိပါတယ္”လို႔ ေျဖျပီး သူ႔ဟာသူသေဘာက်ျပီး အားရပါးရရယ္ေနပါေသးတယ္။ အဲဒီေမြးေန႔လက္ေဆာင္အေၾကာင္းကိုေတာ့ မေျပာေတာ့ပါဘူးတဲ့။ ဒါေပမယ့္ လက္ေဆာင္ကုိၾကိဳက္ပါတယ္တဲ့။ စိတ္ဝင္စားစရာပါပဲေနာ္။

သရုပ္ေဆာင္မႈမွာပိုင္နိုင္လြန္းလို႔ အကယ္ဒမီေတြရရွိထားတဲ့ ကစ္က ပရိသတ္ၾကီးေစာင့္ေမွ်ာ္ေနတဲ့လက္တေလာအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကုိလည္း “ဟုိးတစ္ေန႔ကမွ Bangkok မွာ ေၾကာ္ျငာသြားရိုက္ခဲ့တယ္။မေန႔ကမွျပန္ေရာက္ပါတယ္။ ျပီးရင္..ေၾကာ္ျငာေတြပဲရိုက္ဖို႔ရွိပါတယ္။ ဒီလကေတာ့” လုိ႔ ေျဖၾကားထားပါတယ္။

ပရိသတ္ေတြသိခ်င္ေနတဲ့ အခ်စ္ေရးအေၾကာင္းကုိလည္း ကစ္ကေလးက လိမ္မာပါးနပ္စြာပဲ.. “ပရိသတ္ေတြကေတာ့ တစ္ေယာက္တည္းေနေစခ်င္တယ္ေလေနာ္။ဘယ္လုိလုပ္မလဲ.. အခ်ိန္တန္ရင္ေတာ့ အခ်ိန္တန္သလိုေနရမွာေပါ့ေနာ့” လုိ႔ ရယ္ေမာရင္းေျဖၾကားထားပါတယ္။

ဒါ့အျပင္ ကစ္ရဲ႕မိဘေတြကိုလည္းေမြးေန႔တိုင္းမွာမေမ့ပဲေက်းဇူးတင္ရေၾကာင္းကို “ငယ္ငယ္ေလးကတည္းက ဒီအခ်ိန္အထိ အသက္သံုးဆယ္အထိေပါ့ေနာ္။ အကုန္လံုး ေဖေဖေမေမတို႔ကစ္အေပၚမွာထားခဲ့တဲ့ ေစတနာေမတၱာေတြကုိေက်းဇူးတင္ပါတယ္လို႔”ဆုိျပီး ေျပာၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးလည္း ခ်စ္တဲ့ကစ္ေလးရဲ႕ ေမြးေန႔ျဖတ္သန္းပံုေလးေတြကုိ သိလိုက္ရလို႔ ေက်နပ္ၾကမယ္ထင္ပါတယ္။ ကစ္ေလး အသက္သံုးဆယ္ကေန အသက္ရာေက်ာ္အထိ ေပ်ာ္ရႊင္စြာေနထုိင္သြားနုိင္ဖို႔ အတူတူဆုေတာင္းေပးလိုက္ၾကရေအာင္။

Photo credit-Sunday Journal

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
မနေ့က August 10 ရက်နေ့ဟာဆိုရင်တော့ဖြင့် တစ်နိုင်ငံလုံးကသည်းသည်းလှုပ်ချစ်ရပြီး ကစ်လို့ချစ်စနိုးနဲ့ခေါ်တဲ့ နိုင်ငံကျော်သရုပ်ဆောင်မင်းသမီး ဝတ်မှုံရွှေရည်ရဲ့အသက် (30) ပြည့်မွေးနေ့မင်္ဂလာရက်မြတ်ဖြစ်ခဲ့တယ်ဆိုတာ အားလုံးလည်းသိကြမှာပါ။ ပရိသတ်ချစ်တဲ့ဝတ်မှုံရွှေရည်က မွေးနေ့ဖြတ်သန်းပုံလေးနဲ့စိတ်ခံစားချက်လေးတွေကို ပရိသတ်ကြီးအတွက် interview မှာ ပြောပြထားပါတယ်။

ကစ်လေးက မွေးနေ့မှာ ကုသိုလ်ပြုဖြစ်ပုံလေးတွေကို “ဒီနေ့ သံဃာတော်တွေကို ဆွမ်းကပ်တယ်။ လှူတယ်ပေါ့နော်။ စိတ်ကျန်းမာရေးဆေးရံုံမှာလှူတယ်။ နောက်ပြီးတော့.. ရေဘေးအတွက်လှူတယ်ပေါ့နော်။ ဟုတ်။ ညနေကတော့ Bella က ရွှေတိဂုံဘုရားမှာပေါ့နော်။ ဆီမီးပူဇော်ဖို့စီစဉ်ထားပါတယ်။” လို့ပြောပြထားပြီး

တစ်နှစ်ထက်တစ်နှစ်မွေးနေ့မှာစိတ်ခံစားချက်လေးတွေကွာခြားသွားပုံကိုလည်း “အရင်နှစ်တွေကတော့ မွေးနေ့ဆိုရင် ပျော်ရမယ်၊ ဘာဖြစ်ရမယ်။ လှူမယ်ဆိုရင်လည်း ဘယ်လိုပြောရမလဲ မွေးနေ့ဆိုရင်ကွာ.. လုပ်ချင်တာများတယ်။ ညနေဆိုပျော်မယ်၊မနက်ဆိုလှူမယ်ပေါ့။ ဒီနှစ်ကျတော့ အေးအေးဆေးဆေးနဲ့ မိသားစုနဲ့ ဆွမ်းကပ်တယ်ဆိုရင်လည်း ကိုယ့်မိသားစုလေးနဲ့ ကိုယ်ချစ်တဲ့သူနဲ့၊ကိုယ်ချစ်တဲ့သူဆိုတာလည်း ပရိသတ်တွေပါပဲ။ ဒီလောက်ပဲအကျဉ်းရုံးလေးပဲ။နေ့လည်လည်းအဲ့လိုပဲ စိတ်ကျန်းမာရေးဆေးရုံမှာ ဒီလောက်ပဲ အလှူငွေတွေထည့်တယ်။ ညနေဆိုလည်း ဘုရားမသွားခင် ဘုန်းဘုန်းတစ်ပါးကိုသွားဖူးဦးမယ်။အဲ့လိုပဲ မိသားစုနဲ့ပဲ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ဖြတ်သန်းချင်တယ်။ ဘာမှလည်းပွဲတွေလည်းမလုပ်ထားဘူး၊ဟုတ်” ပြောပြထားပါတယ်။

ကစ်ကလေးက မွေးနေ့လက်ဆောင် surprise ရတာမျိုးရှိလားဆိုတဲ့ မေးခွန်းကို ရှက်ကိုးရှက်ကန်းဖြစ်စွာပဲ “ဟုတ် ရှိပါတယ်”လို့ ဖြေပြီး သူ့ဟာသူသဘောကျပြီး အားရပါးရရယ်နေပါသေးတယ်။ အဲဒီမွေးနေ့လက်ဆောင်အကြောင်းကိုတော့ မပြောတော့ပါဘူးတဲ့။ ဒါပေမယ့် လက်ဆောင်ကိုကြိုက်ပါတယ်တဲ့။ စိတ်ဝင်စားစရာပါပဲနော်။

သရုပ်ဆောင်မှုမှာပိုင်နိုင်လွန်းလို့ အကယ်ဒမီတွေရရှိထားတဲ့ ကစ်က ပရိသတ်ကြီးစောင့်မျှော်နေတဲ့လက်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်းကိုလည်း “ဟိုးတစ်နေ့ကမှ Bangkok မှာ ကြော်ငြာသွားရိုက်ခဲ့တယ်။မနေ့ကမှပြန်ရောက်ပါတယ်။ ပြီးရင်..ကြော်ငြာတွေပဲရိုက်ဖို့ရှိပါတယ်။ ဒီလကတော့” လို့ ဖြေကြားထားပါတယ်။

ပရိသတ်တွေသိချင်နေတဲ့ အချစ်ရေးအကြောင်းကိုလည်း ကစ်ကလေးက လိမ်မာပါးနပ်စွာပဲ.. “ပရိသတ်တွေကတော့ တစ်ယောက်တည်းနေစေချင်တယ်လေနော်။ဘယ်လိုလုပ်မလဲ.. အချိန်တန်ရင်တော့ အချိန်တန်သလိုနေရမှာပေါ့နော့” လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

ဒါ့အပြင် ကစ်ရဲ့မိဘတွေကိုလည်းမွေးနေ့တိုင်းမှာမမေ့ပဲကျေးဇူးတင်ရကြောင်းကို “ငယ်ငယ်လေးကတည်းက ဒီအချိန်အထိ အသက်သုံးဆယ်အထိပေါ့နော်။ အကုန်လုံး ဖေဖေမေမေတို့ကစ်အပေါ်မှာထားခဲ့တဲ့ စေတနာမေတ္တာတွေကိုကျေးဇူးတင်ပါတယ်လို့”ဆိုပြီး ပြောကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း ချစ်တဲ့ကစ်လေးရဲ့ မွေးနေ့ဖြတ်သန်းပုံလေးတွေကို သိလိုက်ရလို့ ကျေနပ်ကြမယ်ထင်ပါတယ်။ ကစ်လေး အသက်သုံးဆယ်ကနေ အသက်ရာကျော်အထိ ပျော်ရွှင်စွာနေထိုင်သွားနိုင်ဖို့ အတူတူဆုတောင်းပေးလိုက်ကြရအောင်။

Photo credit-Sunday Journal

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top