iMyanmarHouse.com - Best Property Website for Myanmar
×

သဘာဝလြန္ လွ်ိဳ႕ဝွက္သည္းဖို ႐ုပ္ရွင္ကားေတြကို ႏွစ္သက္တဲ့ ပရိသတ္ေတြ အႀကိဳက္ေတြ႔ေစမယ့္ Slender Man အမည္ရတဲ့ ႐ုပ္ရွင္ကားကို လာမယ့္ ၾသဂုတ္ ၁၀ ရက္ေန႔ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။

ဒီကားကိုေတာ့ ျပင္သစ္ႏိုင္ငံဖြား အေမရိကန္ ႐ုပ္ရွင္ဒါ႐ုိက္တာတဦးျဖစ္တဲ့ ဆဲလ္ဗိန္းဝႈိက္ထ္က ႐ုိက္ကူးခဲ့တာပါ။

Slender Man လို႔ ေျပာလုိက္တာနဲ႔ အရပ္ရွည္ရွည္၊ ပိန္ပိန္ပါးပါး၊ ေသြးပ်က္ထိတ္လန္႔စရာ သြင္ျပင္နဲ႔ လက္တံရွည္ရွည္ေတြကို ေျပးျမင္မိၾကမွာျဖစ္ၿပီး ဒီကားထဲမွာေတာ့ ဘယ္လို ေသြးပ်က္ထိတ္လန္႔စရာေကာင္းတဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ႐ုိက္ကူးထားသလဲ ဆိုတာကိုေတာ့ ပရိသတ္ေတြက မၾကာခင္မွာ ႐ႈစားၾကရေတာ့မွာပါ။

ဒီကားထဲမွာေတာ့ Slender Man အျဖစ္ စပိန္မင္းသား ဂ်ာဗီယာဘိုတက္ထ္က သ႐ုပ္ေဆာင္ထားၿပီး အေမရိကန္ သ႐ုပ္ေဆာင္မင္းသမီးေတြ ျဖစ္ၾကတဲ့ ဂ်ိဳဝီကင္းန္၊ ဂ်ဴလီယာ ဂိုးလ္ဒဲန္နီ၊ ဂ်က္ဇ္ ဆင္ကလဲရ္နဲ႔ တလီသာ ဘိတ္ထ္မဲန္းတို႔က တြဲဖက္သ႐ုပ္ေဆာင္ထားခဲ့ၾကတာပါ။

မက္ဆာခ်ဴးဆက္ျပည္နယ္ထဲက ၿမိဳ႕ငယ္ေလးတၿမိဳ႕မွာ အေျခတည္႐ုိက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ကားထဲမွာ အထက္တန္းေက်ာင္းသူေလး ၄ ေယာက္က ထိတ္လန္႔ ေၾကာက္ရြံ႕စရာေကာင္းတဲ့ ဒ႑ာရီလူသား Slender Man အေၾကာင္းကို စံုစမ္းေဖာ္ထုတ္ဖို႔ ႀကိဳးစားခဲ့ၾကတာကေန စတင္ထားပါတယ္။ အဲဒီေနာက္ သူတို႔ထဲက မိန္းကေလးတေယာက္ ႐ုတ္တရက္ ေပ်ာက္ဆံုးသြားခဲ့ၿပီး Slender Man ရဲ႕ သားေကာင္ ျဖစ္လာခ်ိန္မွာ ဘာေတြဆက္ျဖစ္လာမလဲ၊ ဘယ္လိုေျခာက္လွန္႔ခံရမလဲ ဆိုတာကို ၾကည့္႐ႈၾကရမွာ ျဖစ္ပါတယ္။

ၾကာျမင့္ခ်ိန္ ၉၃ မိနစ္သာရွိတဲ့ ဒီ႐ုပ္ရွင္ကားထဲမွာ ၾကမ္းတမ္းတဲ့ ျပကြင္းျပကြက္ေတြ၊ ျမင္ကြင္းေတြ၊ ထိတ္လန္႔ေၾကာက္ရြံ႕စရာ ဇာတ္ဝင္ခန္းေတြ ပါဝင္ေနတာမို႔ ဒီကားကိုေတာ့ အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ေတြကို မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္နဲ႔မွ ၾကည့္႐ႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
သဘာဝလွန် လျှို့ဝှက်သည်းဖို ရုပ်ရှင်ကားတွေကို နှစ်သက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Slender Man အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် သြဂုတ် ၁၀ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ပြင်သစ်နိုင်ငံဖွား အမေရိကန် ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်တဲ့ ဆဲလ်ဗိန်းဝှိုက်ထ်က ရိုက်ကူးခဲ့တာပါ။

Slender Man လို့ ပြောလိုက်တာနဲ့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ သွေးပျက်ထိတ်လန့်စရာ သွင်ပြင်နဲ့ လက်တံရှည်ရှည်တွေကို ပြေးမြင်မိကြမှာဖြစ်ပြီး ဒီကားထဲမှာတော့ ဘယ်လို သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးထားသလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရတော့မှာပါ။

ဒီကားထဲမှာတော့ Slender Man အဖြစ် စပိန်မင်းသား ဂျာဗီယာဘိုတက်ထ်က သရုပ်ဆောင်ထားပြီး အမေရိကန် သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ ဂျိုဝီကင်းန်၊ ဂျူလီယာ ဂိုးလ်ဒဲန်နီ၊ ဂျက်ဇ် ဆင်ကလဲရ်နဲ့ တလီသာ ဘိတ်ထ်မဲန်းတို့က တွဲဖက်သရုပ်ဆောင်ထားခဲ့ကြတာပါ။

မက်ဆာချူးဆက်ပြည်နယ်ထဲက မြို့ငယ်လေးတမြို့မှာ အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ အထက်တန်းကျောင်းသူလေး ၄ ယောက်က ထိတ်လန့် ကြောက်ရွံ့စရာကောင်းတဲ့ ဒဏ္ဍာရီလူသား Slender Man အကြောင်းကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတာကနေ စတင်ထားပါတယ်။ အဲဒီနောက် သူတို့ထဲက မိန်းကလေးတယောက် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပြီး Slender Man ရဲ့ သားကောင် ဖြစ်လာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုခြောက်လှန့်ခံရမလဲ ဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၉၃ မိနစ်သာရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ မြင်ကွင်းတွေ၊ ထိတ်လန့်ကြောက်ရွံ့စရာ ဇာတ်ဝင်ခန်းတွေ ပါဝင်နေတာမို့ ဒီကားကိုတော့ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top