ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

Richard Branson ဟာ Virgin Groupရဲ႕ Founderလည္း ျဖစ္သလို CEOလည္းျဖစ္ပါတယ္။ သူဟာ ငယ္စဥ္ကတည္းက Dyslexia လို႔ေခၚတဲ့ စာသင္လို႔မရတဲ့ဦးေႏွာက္ခ်ိဳ႕ ယြင္းမႈေရာဂါပါ
လာခဲ့ပါတယ္။စာသင္ေက်ာင္းမွာ အခက္ေတြမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရတယ္။

“ကြၽန္ေတာ္ဟာ စာသင္ခန္းထဲမွာ အထံုထိုင္းဆံုး၊အညံ့ဖ်င္းဆံုး ေက်ာင္းသားတစ္ေယာက္လို႔ အားလံုးက ျမင္ၾကပါတယ္။ ဒါေပမယ့္ အဲ့ဒီအရာက ကြၽန္ေတာ့္ကို စိတ္ပ်က္က်ဆံုးသြားေအာင္
မလုပ္ႏိုင္ခဲ့ပါဘူး။ အဲ့ဒီအရာဟာ ကြၽန္ေတာ္ေအာင္ျမင္ဖို႔ အတြက္ အဓိကတြန္းအားတစ္ခု ျဖစ္လာခဲ့ပါတယ္”လို႔ CNNMoney နဲ႔အင္တာဗ်ဴးမွာေျပာျပခဲ့ပါတယ္။

သူဟာ အားနည္းခ်က္ကို အားနည္းခ်က္တစ္ခုလို႔မခံယူခဲ့ဘဲ အားသာခ်က္တစ္ခုျဖစ္ေအာင္ ေျပာင္းလဲခဲ့ပါတယ္။ ေအာင္ျမင္ဖို႔အတြက္ တြန္းအားတစ္ခုျဖစ္ေအာင္ ေျပာင္းလဲခဲ့တယ္။

“ကြၽန္ေတာ္တို႔လိုစာသင္လို႔မရတဲ့ ဦးေႏွာက္ခ်ိဳ႕ယြင္းမႈေရာဂါ ႐ွိေနတဲ့ သူေတြေတာင္ သူတို႔တကယ္ျမတ္ႏိုးတဲ့အရာ၊ တကယ္စိတ္အားထက္သန္တဲ့အရာေတြကိုဆိုရင္ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။ ကြၽန္ေတာ့္မွာက စိတ္အားထက္သန္တဲ့ အရာေတြေတာ္ေတာ္မ်ားမ်ား ငယ္ငယ္ေလးကတည္းက ႐ွိေနခဲ့တာပါ” လို႔ သူ႔ရဲ႕ ရည္မွန္းခ်က္ႀကီးမားပံုကိုလည္း ေျပာျပခဲ့ပါတယ္။

သူဟာ အဲ့ဒီလိုသူ႔ရဲ႕ စိတ္အားထက္သန္မႈေတြ၊ စိတ္ကူးအိမ္မက္ ေတြကေနျပီး စီးပြားေရးအင္ပါယာႀကီးတစ္ခုကို တည္ေထာင္ႏိုင္ ခဲ့ပါတယ္။ အဲ့ဒီလိုတည္ေဆာက္ႏိုင္ဖို႔ ႀကိဳးစားခဲ့တဲ့ တစ္ေလွ်ာက္မွာ စြန္႔စားမႈေတြမ်ားစြာလည္းလုပ္ခဲ့ရပါတယ္။

အသက္ ၁၅ႏွစ္မွာပဲ သူဟာ ေက်ာင္းမွထြက္ခဲ့ၿပီး သူ႔ရဲ႕ ပထမဆံုး စီးပြားရးျဖစ္တဲ့ “ေက်ာင္းသား” လို႔ေခၚတဲ့ မဂၢဇင္​းကို ထုတ္ေဝခဲ့ပါတယ္။ၿပီးေတာ့ အျပင္ေလာကႀကီးရဲ႕
အျဖစ္အပ်က္ေတြနဲ႔ လူေတြရဲ႕အေၾကာင္းကို လက္ေတြ႕က်က် စတင္ေလ့လာ ခဲ့ပါေတာ့တယ္။
သူဟာ မဂၢဇင္းကို ေထာက္ပံ့ႏိုင္ဖို႔အတြက္ Mailကေနၿပီး Record ေတြကိုေရာင္းခ်တဲ့ အလုပ္ကိုလည္းစတင္ခဲ့ပါတယ္ ။ဒါေပမယ့္ မဂၢဇင္းဟာမေအာင္ျမင္ခဲ့ပါဘူး။ ေနာက္ဆံုး ရပ္ပစ္လိုက္ရပါေတာ့တယ္။ဒါေပမယ့္Record ေတြကို Mailကေနျပီး ေရာင္းခ်တဲ့ လုပ္ငန္းဟာေတာ့ Virgin Records ဆိုၿပီးႀကီးထြားလာခဲ့ပါတယ္။
အဲ့ဒီေနာက္မွာေတာ့Recordအေရာင္းဆိုင္တစ္ဆိုင္ဖြင့္ခဲ့ပါ ေတာ့တယ္။ဒါ့အျပင္ သူယံုၾကည္တဲ့ အႏုပညာ႐ွင္ Mike Oldfieldကိုလည္းေျမေတာင္ေျမႇာက္ေပးခဲ့ပါေသးတယ္။
“ကြၽန္ေတာ္ Record ကုမၸဏီ ခုႏွစ္ခုကိုသြားခဲ့တယ္။ ဒါေပမယ့္ တစ္ခုကမွ ကြၽန္ေတာ္တို႔ကို လက္မခံခဲ့ပါဘူး။ ဒါ့ေၾကာင့္ပဲ ကိုယ္ပိုင္Recordကုမၸဏီ အေသးေလးတစ္ခုကို
တည္ေထာင္ခဲ့ေတာ့တယ္”လို႔ Bransonက သူ႔ရဲ႕ Recordကုမၸဏီ တည္ေထာင္ျဖစ္ခဲ့ပံုကိုလည္း ေျပာျပခဲ့ပါတယ္။

သူ႔ရဲ႕ Record ကုမၸဏီဟာ အယ္လ္ဘမ္အခ်ပ္ေပါင္း သန္းခ်ီေရာင္းခ်ခဲ့ရပါတယ္။ သူဟာ ဆက္ၿပီး အျခားအႏုပညာ႐ွင္ ေတြနဲ႔လည္းလက္တြဲ ခဲ့ပါတယ္။ သူ႔ရဲ႕ Recordကုမၸဏီေအာင္ျမင္လာ တဲ့ေနာက္မွာေတာ့ တစ္ျခားစီးပြားေရးေတြတိုးခ်ဲ႕ဖို႔ စတင္
ပါေတာ့တယ္။ ၁၉၈၄ခုႏွစ္မွာေတာ့ Virgin Atlantic ေလေၾကာင္းလိုင္းကို တည္ေထာင္ခဲ့ေတာ့တယ္။ “ကြၽန္ေတာ္တို႔ ရပ္တည္ႏိုင္လိမ့္မယ္လို႔ တျခားသူေတြ
ဘယ္သူကမွ မထင္ခဲ့ပါဘူး” ဒါေပမယ့္ သူဟာ တျခားေလေၾကာင္းလိုင္းေတြနဲ႔မတူဘဲ
ကဲြျပားတဲ့ ဝန္ေဆာင္မႈေတြနဲ႔ ခရီးသည္ေတြကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။

Atlanticေလေၾကာင္းလိုင္ဟာတျဖည္းျဖည္းနဲ႔ ေအာင္းျမင္လာ ၿပီးတဲ့ေနာက္မွာေတာ့ Virgin Americaနဲ႔Virgin Australiaတို႔ကို လည္းတိုးခ်ဲ႕ခဲ့ပါတယ္။ဒါ့အျပင္Virgin Galacticကိုတည္ေထာင္ ၿပီး အာကာသခရီးသြားလုပ္ငန္းကိုတည္ေထာင္ဖို႔
လုပ္ေဆာင္ေနခဲ့ပါၿပီ။ “အခုဆိုရင္ Elon Muskရဲ႕ ကားေလးဟာ အာကာသထဲမွာ
တစ္စီးတည္းအၾကာႀကီး အထီးက်န္မေနရေအာင္ ကြၽန္ေတာ္တို႔ကုမၸဏီဟာ အင္ဂ်င္နီယာေပါင္း ၇၀၀ခန္႔နဲ႔ လုပ္ေဆာင္ေနပါတယ္” Elon Muskရဲ႕ အာကာသထဲသို႔လႊတ္တင္လိုက္တဲ့
အာကာသကားေလးဟာတစ္စီးတည္း႐ွိေနမွာမဟုတ္ပါဘူး။ သိပ္မၾကာခင္မွာ Virgin Galactic ကလည္း လႊတ္တင္သြားမွာပါ။

အခုဆိုရင္ Virgin Groupဟာ အျခားလုပ္ငန္းေပါင္းမ်ားစြာကိုလည္း
တိုးခ်ဲ႕ႏိုင္ခဲ့ပါၿပီ။ဒါေပမယ့္ သူဟာ လုပ္သမွ်ေအာင္ျမင္ခဲ့တာေတာ့
မဟုတ္ပါဘူး။ ၁၉၉၄ခုႏွစ္မွာ Virgin Colaကို စတင္မိတ္ဆက္ခဲ့ပါတယ္။
Virgin Colaဟာ တျခား Colaေတြနဲ႔ျခားနားမႈသိပ္မ႐ွိခဲ့တဲ့အတြက္
ေစ်းကြက္ထဲမွာ မၿပိဳင္ဆိုင္ႏိုင္ခဲ့ပါဘူး။ Colaလုပ္ငန္းဟာ လံုးဝ က်႐ွံဳးခဲ့ရပါတယ္။

“က်႐ံွဳးမႈေတြဆိုတာ အေကာင္းဆံုးသင္ယူမႈေတြပါပဲ။ စြန္႔စားမႈေတြတာမလုပ္ရဲဘူးဆိုရင္ ေအာင္ျမင္တဲ့ စြန္႔ဦးတီထြင္သူတစ္ေယာက္ ဘယ္ေတာ့မွျဖစ္လာမွာ
မဟုတ္ပါဘူး”လို႔ Bransonကေျပာသြားခဲ့ပါတယ္။

Ref;CNNMoney

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thu Rein (Daily Hot News)
# Unicode Version ျဖင့္ ဖတ္ပါ #
Richard Branson ဟာ Virgin Groupရဲ့ Founderလည်း ဖြစ်သလို CEOလည်းဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက Dyslexia လို့ခေါ်တဲ့ စာသင်လို့မရတဲ့ဦးနှောက်ချို့ ယွင်းမှုရောဂါပါ
လာခဲ့ပါတယ်။စာသင်ကျောင်းမှာ အခက်တွေများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။

“ကျွန်တော်ဟာ စာသင်ခန်းထဲမှာ အထုံထိုင်းဆုံး၊အညံ့ဖျင်းဆုံး ကျောင်းသားတစ်ယောက်လို့ အားလုံးက မြင်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအရာက ကျွန်တော့်ကို စိတ်ပျက်ကျဆုံးသွားအောင်
မလုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒီအရာဟာ ကျွန်တော်အောင်မြင်ဖို့ အတွက် အဓိကတွန်းအားတစ်ခု ဖြစ်လာခဲ့ပါတယ်”လို့ CNNMoney နဲ့အင်တာဗျူးမှာပြောပြခဲ့ပါတယ်။

သူဟာ အားနည်းချက်ကို အားနည်းချက်တစ်ခုလို့မခံယူခဲ့ဘဲ အားသာချက်တစ်ခုဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ အောင်မြင်ဖို့အတွက် တွန်းအားတစ်ခုဖြစ်အောင် ပြောင်းလဲခဲ့တယ်။

“ကျွန်တော်တို့လိုစာသင်လို့မရတဲ့ ဦးနှောက်ချို့ယွင်းမှုရောဂါ ရှိနေတဲ့ သူတွေတောင် သူတို့တကယ်မြတ်နိုးတဲ့အရာ၊ တကယ်စိတ်အားထက်သန်တဲ့အရာတွေကိုဆိုရင် အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော့်မှာက စိတ်အားထက်သန်တဲ့ အရာတွေတော်တော်များများ ငယ်ငယ်လေးကတည်းက ရှိနေခဲ့တာပါ” လို့ သူ့ရဲ့ ရည်မှန်းချက်ကြီးမားပုံကိုလည်း ပြောပြခဲ့ပါတယ်။

သူဟာ အဲ့ဒီလိုသူ့ရဲ့ စိတ်အားထက်သန်မှုတွေ၊ စိတ်ကူးအိမ်မက် တွေကနေပြီး စီးပွားရေးအင်ပါယာကြီးတစ်ခုကို တည်ထောင်နိုင် ခဲ့ပါတယ်။ အဲ့ဒီလိုတည်ဆောက်နိုင်ဖို့ ကြိုးစားခဲ့တဲ့ တစ်လျှောက်မှာ စွန့်စားမှုတွေများစွာလည်းလုပ်ခဲ့ရပါတယ်။

အသက် ၁၅နှစ်မှာပဲ သူဟာ ကျောင်းမှထွက်ခဲ့ပြီး သူ့ရဲ့ ပထမဆုံး စီးပွားရးဖြစ်တဲ့ “ကျောင်းသား” လို့ခေါ်တဲ့ မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပါတယ်။ပြီးတော့ အပြင်လောကကြီးရဲ့
အဖြစ်အပျက်တွေနဲ့ လူတွေရဲ့အကြောင်းကို လက်တွေ့ကျကျ စတင်လေ့လာ ခဲ့ပါတော့တယ်။
သူဟာ မဂ္ဂဇင်းကို ထောက်ပံ့နိုင်ဖို့အတွက် Mailကနေပြီး Record တွေကိုရောင်းချတဲ့ အလုပ်ကိုလည်းစတင်ခဲ့ပါတယ် ။ဒါပေမယ့် မဂ္ဂဇင်းဟာမအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံး ရပ်ပစ်လိုက်ရပါတော့တယ်။ဒါပေမယ့်Record တွေကို Mailကနေပြီး ရောင်းချတဲ့ လုပ်ငန်းဟာတော့ Virgin Records ဆိုပြီးကြီးထွားလာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့Recordအရောင်းဆိုင်တစ်ဆိုင်ဖွင့်ခဲ့ပါ တော့တယ်။ဒါ့အပြင် သူယုံကြည်တဲ့ အနုပညာရှင် Mike Oldfieldကိုလည်းမြေတောင်မြှောက်ပေးခဲ့ပါသေးတယ်။
“ကျွန်တော် Record ကုမ္ပဏီ ခုနှစ်ခုကိုသွားခဲ့တယ်။ ဒါပေမယ့် တစ်ခုကမှ ကျွန်တော်တို့ကို လက်မခံခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ ကိုယ်ပိုင်Recordကုမ္ပဏီ အသေးလေးတစ်ခုကို
တည်ထောင်ခဲ့တော့တယ်”လို့ Bransonက သူ့ရဲ့ Recordကုမ္ပဏီ တည်ထောင်ဖြစ်ခဲ့ပုံကိုလည်း ပြောပြခဲ့ပါတယ်။

သူ့ရဲ့ Record ကုမ္ပဏီဟာ အယ်လ်ဘမ်အချပ်ပေါင်း သန်းချီရောင်းချခဲ့ရပါတယ်။ သူဟာ ဆက်ပြီး အခြားအနုပညာရှင် တွေနဲ့လည်းလက်တွဲ ခဲ့ပါတယ်။ သူ့ရဲ့ Recordကုမ္ပဏီအောင်မြင်လာ တဲ့နောက်မှာတော့ တစ်ခြားစီးပွားရေးတွေတိုးချဲ့ဖို့ စတင်
ပါတော့တယ်။ ၁၉၈၄ခုနှစ်မှာတော့ Virgin Atlantic လေကြောင်းလိုင်းကို တည်ထောင်ခဲ့တော့တယ်။ “ကျွန်တော်တို့ ရပ်တည်နိုင်လိမ့်မယ်လို့ တခြားသူတွေ
ဘယ်သူကမှ မထင်ခဲ့ပါဘူး” ဒါပေမယ့် သူဟာ တခြားလေကြောင်းလိုင်းတွေနဲ့မတူဘဲ
ကွဲပြားတဲ့ ဝန်ဆောင်မှုတွေနဲ့ ခရီးသည်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Atlanticလေကြောင်းလိုင်ဟာတဖြည်းဖြည်းနဲ့ အောင်းမြင်လာ ပြီးတဲ့နောက်မှာတော့ Virgin Americaနဲ့Virgin Australiaတို့ကို လည်းတိုးချဲ့ခဲ့ပါတယ်။ဒါ့အပြင်Virgin Galacticကိုတည်ထောင် ပြီး အာကာသခရီးသွားလုပ်ငန်းကိုတည်ထောင်ဖို့
လုပ်ဆောင်နေခဲ့ပါပြီ။ “အခုဆိုရင် Elon Muskရဲ့ ကားလေးဟာ အာကာသထဲမှာ
တစ်စီးတည်းအကြာကြီး အထီးကျန်မနေရအောင် ကျွန်တော်တို့ကုမ္ပဏီဟာ အင်ဂျင်နီယာပေါင်း ၇၀၀ခန့်နဲ့ လုပ်ဆောင်နေပါတယ်” Elon Muskရဲ့ အာကာသထဲသို့လွှတ်တင်လိုက်တဲ့
အာကာသကားလေးဟာတစ်စီးတည်းရှိနေမှာမဟုတ်ပါဘူး။ သိပ်မကြာခင်မှာ Virgin Galactic ကလည်း လွှတ်တင်သွားမှာပါ။

အခုဆိုရင် Virgin Groupဟာ အခြားလုပ်ငန်းပေါင်းများစွာကိုလည်း
တိုးချဲ့နိုင်ခဲ့ပါပြီ။ဒါပေမယ့် သူဟာ လုပ်သမျှအောင်မြင်ခဲ့တာတော့
မဟုတ်ပါဘူး။ ၁၉၉၄ခုနှစ်မှာ Virgin Colaကို စတင်မိတ်ဆက်ခဲ့ပါတယ်။
Virgin Colaဟာ တခြား Colaတွေနဲ့ခြားနားမှုသိပ်မရှိခဲ့တဲ့အတွက်
ဈေးကွက်ထဲမှာ မပြိုင်ဆိုင်နိုင်ခဲ့ပါဘူး။ Colaလုပ်ငန်းဟာ လုံးဝ ကျရှုံးခဲ့ရပါတယ်။

“ကျရံှုးမှုတွေဆိုတာ အကောင်းဆုံးသင်ယူမှုတွေပါပဲ။ စွန့်စားမှုတွေတာမလုပ်ရဲဘူးဆိုရင် အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက် ဘယ်တော့မှဖြစ်လာမှာ
မဟုတ်ပါဘူး”လို့ Bransonကပြောသွားခဲ့ပါတယ်။

Ref;CNNMoney

ဖိုးသူတော် (www.phothutaw.com)
Credit: Thu Rein (Daily Hot News)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top