ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကြ်န္ေတာ္တို႔ လူၾကီးလူငယ္ မေရြး သူ႔သီခ်င္းေလးေတြကို နားေထာင္မိရင္ ခံစားခ်က္တခုခုကို ရေစတဲ့ အဆိုေတာ္၊ အသံၾသဇာေကာင္းေကာင္းနဲ႔ အဆိုေတာ္ Rဇာနည္ကိုေတာ့ ရင္းႏွီးေနပါလိမ့္မယ္။ ဒါေပမဲ့လည္း Rဇာနည္အေနနဲ႔ အရင္တုန္းက အေခြေတြ ဆက္တိုက္ထြက္ျပီး သီခ်င္းသစ္ေတြလည္း ဆက္တိုက္ထြက္ေပမဲ့လည္း လက္ရွိမွာေတာ့ အေခြလည္းမထြက္ သီခ်င္းသစ္လည္း အထြက္ၾကဲသြားတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္ သူ႔ပရိသတ္တခ်ိဳ႔ကလည္း ဘာေၾကာင့္သီခ်င္းေခြ မထြက္လည္းလို႔ ေမးသလို တခ်ိဳ႔ေဝဖန္မႈေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ Rဇာနည္ကေတာ့ ဒီကိစၥေတြနဲ႔ ပတ္သက္ျပီး ေျဖရွင္းသြားခဲ့ပါတယ္။

Rဇာနည္ကေတာ့ MC7 နဲ႔ အင္တာဗ်ဴးတြင္ “တေန႔တာ အလုပ္ကေတာ့ အဓိကက အခုကေလး ေက်ာင္းျပန္ဖြင့္ျပီးဆိုေတာ့ မ်က္စိႏွစ္လံုးပြင့္တာနဲ႔ ကေလးေက်ာင္းၾကိဳပို႔တယ္။ ကြ်န္ေတာ္ ခရီးမသြားရင္ေပါ့။ ၾကားထဲမွာပဲ သီခ်င္းနားေထာင္တာေတြ လုပ္တယ္။ ျပီးေတာ ့ လူမႈေရးရွိတယ္။ အလုပ္ရွိတယ္။ အဲ့လိုပဲ တေန႔တေန႔ကို ျဖတ္သန္းတယ္။ အိမ္မွာေနရင္ေတာ့ သားႏွစ္ေယာက္နဲ႔ အခ်ိန္ကုန္တယ္။ အနားယူတဲ့အခ်ိန္က ဒီေလာက္ပါပဲ။ ကြ်န္ေတာ္က စိတ္ကိုရွင္းရွင္းပဲထားတယ္။ အရွိကုိ အရွိတိုင္းပဲ ဆက္ဆံတယ္။ သူတဖက္သားေပၚမွာလည္း စိတ္ကို အေကာင္းဆံုးပဲ ထားတယ္။ ကိုယ့္ဘာကိုလည္း အေကာင္းဆံုးဘယ္လုိျဖစ္ေအာင္ ေနထိုင္မလည္းဆိုတာကို ခ်င့္ခ်ိန္ျပီးေနလို႔သာလ်ွင္ ဒီခ်ိန္ထိ ဒီလိုေကာင္းေကာင္းမြန္မြန္ေလး ေနထိုင္ႏိုင္တာလို႔ ထင္ပါတယ္”

“တခ်ိဳ႕ေတြကလည္း ေျပာတယ္။ Rၾကီး ဘာေတြလုပ္ျပီး ဘာေတြျဖစ္ေနလဲ။ သီခ်င္းအေခြလည္း မထုတ္ပဲနဲ႔ စားႏိုင္ေသာက္ႏိုင္ေနႏိုင္ေနတယ္လို႔ တခ်ိဳ႔ေတြက အေပၚယံသံုးသပ္ေနၾကတဲ့ ပရိသတ္တခ်ိဳ႔ေတာ့ ရွိတယ္ဗ်ာ။ ကြ်န္ေတာ္ကသီခ်င္းဆိုတာပဲ ၁၈ ႏွစ္ အႏွစ္ ၂၀ ထဲ ေရာက္ေနျပီး အဲ့ဒါကို သူတို႔ေမ့ေနတယ္ ထင္တယ္။ အဲ့ေလာက္ပဲ ေျပာခ်င္ပါတယ္”

ဆက္လက္ျပီး Rဇာနည္က “စုစုေဆာင္းေဆာင္းေနတယ္။ အမ်ိဳးသမီးကလည္း စုစုေဆာင္းေဆာင္းေလး ေနတတ္တဲ့အခါက်ေတာ့လည္း ကြ်န္ေတာ္တို႔ေတြ အတိုင္းအတာ တစ္ခုထိ အဆင္ေျပပါတယ္။ ကိုယ့္သားသမီးေတြကိုလည္း ေကာင္းေကာင္းထားခ်င္တာေပါ့။ အဲ့အတြက္ကိုလည္း ၾကိဳတင္ျပင္ဆင္ထားတာပါ။ လူေတြကသာ မသိတာ ကြ်န္ေတာ္တို႔က ကေလးယူတာေတာင္ Plan နဲ႔ယူတာ။ ကြ်န္ေတာ္အိမ္ေထာင္က်ျပီး ၅ ႏွစ္ေနမွကေလးယူတာ။ အဲ့ ၅ ႏွစ္ကို ရွာေဖြစုေဆာင္းထားေသးတယ္။ စုေဆာင္းျပီးေတာ့မွ ကေလးစယူတာ။ လူေတြက ေတာ္ၾကာ ကြ်န္ေတာ့္ကိုတြင္းထဲက ႏိုက္တယ္မ်ားထင္ေနလား မသိဘူး။ ျပည္သူေတြ ခ်စ္တဲ့ အႏုပညာရွင္တေယာက္အေနနဲ႔ တေနရာထဲမွာ ဆိုေနတာမဟုတ္ပါဘူး ။တႏိုင္ငံလံုးကိုလွည့္ပတ္ျပီး ဆိုတယ္။ ျပည္သူေတြနဲ႔ ရင္းရင္းႏွီးႏွီးေနရတယ္”

“စီးပြားေရးကေတာ့ အခုဆိုကြ်န္ေတာ့္ အမ်ိဳးသမီးညီမေတြနဲ႔ ေပါင္းျပီးေတာ့လုပ္ထားတဲ့ ဓေလ့ဆိုတဲ့ စီးပြားေရးေလးရွိတယ္။ စီးပြားေရးကလည္း မ်ားမ်ားစားစားနဲ႔ အျမတ္အစြန္းေတြအမ်ားၾကီး ရတာေတာ့ မဟုတ္ဘူးေပါ့ေလ။ ဒါေပမဲ့လည္း လည္ပတ္လို႔ ေကာင္းတယ္။ စီးပြားေရးေလးရွိတယ္။ စုထားေဆာင္းထားတာေလးေတြ ရွိတယ္ေပါ့။ အရင္တုန္းကဆိုလည္း နယ္ေတြဘက္မွာ ေျမကြက္ေတြ ေရာင္းလိုက္ဝယ္လိုက္ေတြ လုပ္ျဖစ္ပါတယ္။ အခုေတာ့ အဲ့ဒါေတြက ျငိမ္ေနေတာ့ လုပ္လို႔ မေကာင္းေတာ့ပါဘူး” ဟု ေျပာၾကားသြားခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thelifestylemyanmar

#Unicode Version#
ကျွန်တော်တို့ လူကြီးလူငယ် မရွေး သူ့သီချင်းလေးတွေကို နားထောင်မိရင် ခံစားချက်တခုခုကို ရစေတဲ့ အဆိုတော်၊ အသံသြဇာကောင်းကောင်းနဲ့ အဆိုတော် Rဇာနည်ကိုတော့ ရင်းနှီးနေပါလိမ့်မယ်။ ဒါပေမဲ့လည်း Rဇာနည်အနေနဲ့ အရင်တုန်းက အခွေတွေ ဆက်တိုက်ထွက်ပြီး သီချင်းသစ်တွေလည်း ဆက်တိုက်ထွက်ပေမဲ့လည်း လက်ရှိမှာတော့ အခွေလည်းမထွက် သီချင်းသစ်လည်း အထွက်ကြဲသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သူ့ပရိသတ်တချို့ကလည်း ဘာကြောင့်သီချင်းခွေ မထွက်လည်းလို့ မေးသလို တချို့ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒါကြောင့် Rဇာနည်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားခဲ့ပါတယ်။

Rဇာနည်ကတော့ MC7 နဲ့ အင်တာဗျူးတွင် “တနေ့တာ အလုပ်ကတော့ အဓိကက အခုကလေး ကျောင်းပြန်ဖွင့်ပြီးဆိုတော့ မျက်စိနှစ်လုံးပွင့်တာနဲ့ ကလေးကျောင်းကြိုပို့တယ်။ ကျွန်တော် ခရီးမသွားရင်ပေါ့။ ကြားထဲမှာပဲ သီချင်းနားထောင်တာတွေ လုပ်တယ်။ ပြီးတော့ လူမှုရေးရှိတယ်။ အလုပ်ရှိတယ်။ အဲ့လိုပဲ တနေ့တနေ့ကို ဖြတ်သန်းတယ်။ အိမ်မှာနေရင်တော့ သားနှစ်ယောက်နဲ့ အချိန်ကုန်တယ်။ အနားယူတဲ့အချိန်က ဒီလောက်ပါပဲ။ ကျွန်တော်က စိတ်ကိုရှင်းရှင်းပဲထားတယ်။ အရှိကို အရှိတိုင်းပဲ ဆက်ဆံတယ်။ သူတဖက်သားပေါ်မှာလည်း စိတ်ကို အကောင်းဆုံးပဲ ထားတယ်။ ကိုယ့်ဘာကိုလည်း အကောင်းဆုံးဘယ်လိုဖြစ်အောင် နေထိုင်မလည်းဆိုတာကို ချင့်ချိန်ပြီးနေလို့သာလျှင် ဒီချိန်ထိ ဒီလိုကောင်းကောင်းမွန်မွန်လေး နေထိုင်နိုင်တာလို့ ထင်ပါတယ်”

“တချို့တွေကလည်း ပြောတယ်။ Rကြီး ဘာတွေလုပ်ပြီး ဘာတွေဖြစ်နေလဲ။ သီချင်းအခွေလည်း မထုတ်ပဲနဲ့ စားနိုင်သောက်နိုင်နေနိုင်နေတယ်လို့ တချို့တွေက အပေါ်ယံသုံးသပ်နေကြတဲ့ ပရိသတ်တချို့တော့ ရှိတယ်ဗျာ။ ကျွန်တော်ကသီချင်းဆိုတာပဲ ၁၈ နှစ် အနှစ် ၂၀ ထဲ ရောက်နေပြီး အဲ့ဒါကို သူတို့မေ့နေတယ် ထင်တယ်။ အဲ့လောက်ပဲ ပြောချင်ပါတယ်”

ဆက်လက်ပြီး Rဇာနည်က “စုစုဆောင်းဆောင်းနေတယ်။ အမျိုးသမီးကလည်း စုစုဆောင်းဆောင်းလေး နေတတ်တဲ့အခါကျတော့လည်း ကျွန်တော်တို့တွေ အတိုင်းအတာ တစ်ခုထိ အဆင်ပြေပါတယ်။ ကိုယ့်သားသမီးတွေကိုလည်း ကောင်းကောင်းထားချင်တာပေါ့။ အဲ့အတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားတာပါ။ လူတွေကသာ မသိတာ ကျွန်တော်တို့က ကလေးယူတာတောင် Plan နဲ့ယူတာ။ ကျွန်တော်အိမ်ထောင်ကျပြီး ၅ နှစ်နေမှကလေးယူတာ။ အဲ့ ၅ နှစ်ကို ရှာဖွေစုဆောင်းထားသေးတယ်။ စုဆောင်းပြီးတော့မှ ကလေးစယူတာ။ လူတွေက တော်ကြာ ကျွန်တော့်ကိုတွင်းထဲက နိုက်တယ်များထင်နေလား မသိဘူး။ ပြည်သူတွေ ချစ်တဲ့ အနုပညာရှင်တယောက်အနေနဲ့ တနေရာထဲမှာ ဆိုနေတာမဟုတ်ပါဘူး ။တနိုင်ငံလုံးကိုလှည့်ပတ်ပြီး ဆိုတယ်။ ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီးနေရတယ်”

“စီးပွားရေးကတော့ အခုဆိုကျွန်တော့် အမျိုးသမီးညီမတွေနဲ့ ပေါင်းပြီးတော့လုပ်ထားတဲ့ ဓလေ့ဆိုတဲ့ စီးပွားရေးလေးရှိတယ်။ စီးပွားရေးကလည်း များများစားစားနဲ့ အမြတ်အစွန်းတွေအများကြီး ရတာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့လည်း လည်ပတ်လို့ ကောင်းတယ်။ စီးပွားရေးလေးရှိတယ်။ စုထားဆောင်းထားတာလေးတွေ ရှိတယ်ပေါ့။ အရင်တုန်းကဆိုလည်း နယ်တွေဘက်မှာ မြေကွက်တွေ ရောင်းလိုက်ဝယ်လိုက်တွေ လုပ်ဖြစ်ပါတယ်။ အခုတော့ အဲ့ဒါတွေက ငြိမ်နေတော့ လုပ်လို့ မကောင်းတော့ပါဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: thelifestylemyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top