ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေနာက္ အိမ္ေထာင္ ျပဳ တဲ႕ ဖခင္ မိခင္ တိုင္း လိုလို
အမ်ားစု ဘဝဇာတ္သိမ္း မေကာင္းႀကပါဘူး။

က်န္ရစ္ခဲ႕တဲ႕ အေမ အေဖ ကိုပဲအသနားပိုျပီး သားသမီးမ်ားက ပို ခ်စ္ႀကတယ္။

အသိစိတ္က အေဖ အေမ ဆိုေပမယ့္
မသိစိတ္ က ႀကည္ညိဳ လို႕မရေတာ႔တဲ႔ဖခင္ မိခင္ ျဖစ္သြားလို႔ပါ။

အသိစိတ္က ေသြးသား ေတာ္စပ္ေပမယ့္
မသိစိတ္ က သူစိမ္း တစ္ေယာက္ လို ဘာခံစားခ်က္မွ မရွိ သေလာက္ ျဖစ္ေနေတာ့တာပါ။

အသက္ အရြယ္ ႀကီး လာတာနဲ႕ အမ်ွ
သား ရင္း သမီး ရင္း ဆိုတာ အနား မွာ ကပ္ႀကမွာ မဟုတ္ေတာ့ပါဘူး။
ကိုယ့္ကိုပစ္ထားခဲ႕တဲ႕ နာႀကည္းခ်က္ အနာေဟာင္း က ျပန္ကုစား လို႕ မရ ႏိုင္ေတာ့လို႕ပါ။
” အေဖ အေမ မွားပါျပီ ” လို႕ မ်က္ရည္ က် ျပ လည္း သားသမီး မ်ား က ဒီ မ်က္ရည္ ကို ခံစား ေပးနိုင္မွာ မဟုတ္ပါဘူး။

ေနာက္ အိမ္ေထာင္ျပဳ တဲ႕ ဖခင္ မိခင္ တိုင္း လိုလို
အမ်ားစု အိုဇာတာ မေကာင္း တတ္ႀကပါဘူး။
ဖခင္ မိခင္ ဆိုတဲ႕ ဂုဏ္ထူး ဟာ လူ မွန္ ေနရာ မွန္ တာဝန္ ေက်ခဲ႕ရင္
အိမ္ဦးနတ္ ဘဝ နဲ႕ အိမ္ဦးခန္း မွာ က်က္သေရ ရွိရွိ
တစ္သက္တာ တင့္တယ္ ေနေတာ့ မွာပါ။
အိမ္ေထာင္ေရး ေဖာက္ျပန္ တတ္ တဲ႕ ဖခင္ မိခင္ တိုင္း အတြက္ ေတာ့
ကံႀကမၼာ ရဲ႕ တန္ရာ တန္ေႀကး
သစၥာမဲ႕မႈ႕ဒဏ္ေတာ့ အနည္း နဲ႕ အမ်ား ခံစား ရမွာ ပါပဲ။

စိတ္ဆႏၵ ကို ဦးစားေပး ခဲ႕တဲ႕ ဖခင္ မိခင္ တိုင္းဟာ
စိတ္ဒဏ္ရာ ရ သြားတဲ႕ သားသမီး မ်ားရဲ႕ လ်စ္လွ် ဴ ရႈမႈေအာက္မွာ မရွဳ႕မလွ က်ဆုံးရေတာ့မွာပါ။
မ်က္ရည္ မ်ားရဲ႕ ဝဋ္ ကို လည္း
အခ်ိန္ ရ လာတာနဲ႕ အမ်ွ —
အရွိန္ ရ လာတာနဲ႕ အမ်ွ —
ကိုယ္တိုင္ ရွိဳက္ႀကီး တငင္ ငိုေႀကြး ဖို႕
ကာလ ဟာ နီးနီး ကပ္ကပ္ ရွိလာေတာ့မွာပါ။

ကိုယ္ကိုယ္တိုင္ အားကိုးရာ မဲ႕ တဲ႕ ဘဝ ေရာက္ခ်ိန္မွာ
ကိုယ္ထားခဲ႕တဲ႕ ဇနီး ခင္ပြန္းက
ကိုယ္တာဝန္ မေက်ခဲ႕တဲ႕သားသမီး မ်ား ဝန္းရံ လ်က္
သာယာတဲ႕ ဘဝ ေလး ကို ပိုင္ဆိုင္ ေနတဲ႕အခ်ိန္ ေရာက္ရွိေနပါျပီ။

ဘဝ မွာ လမ္းမမွန္ တဲ႕နည္း နဲ႕ အေပ်ာ္ ရွာ ေနတဲ႕
သူငယ္ခ်င္း ေရ — !

မင္း ေရာ မင္း ဖန္တီး ခဲ႕တဲ႕ မိသားစု ေရာ
မ်က္ရည္ က် မယ့္ အရာ အားလုံး ရပ္လိုက္ပါ။
ဆႏၵ သစ္ ရဲ႕ ေနာက္အိမ္ေထာင္ ဆိုတာ ကို ေက်ာခိုင္း လိုက္ပါ။
မိသားစု ဂုဏ္သေရ ညိွဳးႏြမ္းေစမယ့္ ေဖာက္ျပန္မႈ႕ ႀကီး ကို စြန္႕လႊတ္လိုက္ပါ။

ကိုယ့္ မိသားစု ကို ျပန္လည္ မ်က္နွာ မူ ဖို႕ —
တစ္ဖန္ လည္ျပန္ ေႏြးေထြး ေပးဖို႕ — ကို
တိုက္တြန္းစကား ဆို လိုက္ရပါတယ္ သူငယ္ခ်င္း။

ေမတၱာျဖင့္ ပပမွအနည္းငယ္စာမူျပင္ေရးသားထားပါတယ္…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဟန္သား ကင္းသား (ပုသိမ္)
# Unicode Version ျဖင့္ ဖတ္ပါ #
နောက် အိမ်ထောင် ပြု တဲ့ ဖခင် မိခင် တိုင်း လိုလို
အများစု ဘဝဇာတ်သိမ်း မကောင်းကြပါဘူး။

ကျန်ရစ်ခဲ့တဲ့ အမေ အဖေ ကိုပဲအသနားပိုပြီး သားသမီးများက ပို ချစ်ကြတယ်။

အသိစိတ်က အဖေ အမေ ဆိုပေမယ့်
မသိစိတ် က ကြည်ညို လို့မရတော့တဲ့ဖခင် မိခင် ဖြစ်သွားလို့ပါ။

အသိစိတ်က သွေးသား တော်စပ်ပေမယ့်
မသိစိတ် က သူစိမ်း တစ်ယောက် လို ဘာခံစားချက်မှ မရှိ သလောက် ဖြစ်နေတော့တာပါ။

အသက် အရွယ် ကြီး လာတာနဲ့ အမျှ
သား ရင်း သမီး ရင်း ဆိုတာ အနား မှာ ကပ်ကြမှာ မဟုတ်တော့ပါဘူး။
ကိုယ့်ကိုပစ်ထားခဲ့တဲ့ နာကြည်းချက် အနာဟောင်း က ပြန်ကုစား လို့ မရ နိုင်တော့လို့ပါ။
” အဖေ အမေ မှားပါပြီ ” လို့ မျက်ရည် ကျ ပြ လည်း သားသမီး များ က ဒီ မျက်ရည် ကို ခံစား ပေးနိုင်မှာ မဟုတ်ပါဘူး။

နောက် အိမ်ထောင်ပြု တဲ့ ဖခင် မိခင် တိုင်း လိုလို
အများစု အိုဇာတာ မကောင်း တတ်ကြပါဘူး။
ဖခင် မိခင် ဆိုတဲ့ ဂုဏ်ထူး ဟာ လူ မှန် နေရာ မှန် တာဝန် ကျေခဲ့ရင်
အိမ်ဦးနတ် ဘဝ နဲ့ အိမ်ဦးခန်း မှာ ကျက်သရေ ရှိရှိ
တစ်သက်တာ တင့်တယ် နေတော့ မှာပါ။
အိမ်ထောင်ရေး ဖောက်ပြန် တတ် တဲ့ ဖခင် မိခင် တိုင်း အတွက် တော့
ကံကြမ္မာ ရဲ့ တန်ရာ တန်ကြေး
သစ္စာမဲ့မှု့ဒဏ်တော့ အနည်း နဲ့ အများ ခံစား ရမှာ ပါပဲ။

စိတ်ဆန္ဒ ကို ဦးစားပေး ခဲ့တဲ့ ဖခင် မိခင် တိုင်းဟာ
စိတ်ဒဏ်ရာ ရ သွားတဲ့ သားသမီး များရဲ့ လျစ်လျှ ူ ရှုမှုအောက်မှာ မရှု့မလှ ကျဆုံးရတော့မှာပါ။
မျက်ရည် များရဲ့ ဝဋ် ကို လည်း
အချိန် ရ လာတာနဲ့ အမျှ —
အရှိန် ရ လာတာနဲ့ အမျှ —
ကိုယ်တိုင် ရှိုက်ကြီး တငင် ငိုကြွေး ဖို့
ကာလ ဟာ နီးနီး ကပ်ကပ် ရှိလာတော့မှာပါ။

ကိုယ်ကိုယ်တိုင် အားကိုးရာ မဲ့ တဲ့ ဘဝ ရောက်ချိန်မှာ
ကိုယ်ထားခဲ့တဲ့ ဇနီး ခင်ပွန်းက
ကိုယ်တာဝန် မကျေခဲ့တဲ့သားသမီး များ ဝန်းရံ လျက်
သာယာတဲ့ ဘဝ လေး ကို ပိုင်ဆိုင် နေတဲ့အချိန် ရောက်ရှိနေပါပြီ။

ဘဝ မှာ လမ်းမမှန် တဲ့နည်း နဲ့ အပျော် ရှာ နေတဲ့
သူငယ်ချင်း ရေ — !

မင်း ရော မင်း ဖန်တီး ခဲ့တဲ့ မိသားစု ရော
မျက်ရည် ကျ မယ့် အရာ အားလုံး ရပ်လိုက်ပါ။
ဆန္ဒ သစ် ရဲ့ နောက်အိမ်ထောင် ဆိုတာ ကို ကျောခိုင်း လိုက်ပါ။
မိသားစု ဂုဏ်သရေ ညှိုးနွမ်းစေမယ့် ဖောက်ပြန်မှု့ ကြီး ကို စွန့်လွှတ်လိုက်ပါ။

ကိုယ့် မိသားစု ကို ပြန်လည် မျက်နှာ မူ ဖို့ —
တစ်ဖန် လည်ပြန် နွေးထွေး ပေးဖို့ — ကို
တိုက်တွန်းစကား ဆို လိုက်ရပါတယ် သူငယ်ချင်း။

မေတ္တာဖြင့် ပပမှအနည်းငယ်စာမူပြင်ရေးသားထားပါတယ်…..

ဖိုးသူတော် (www.phothutaw.com)
Credit: ဟန်သား ကင်းသား (ပုသိမ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top