ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×







Credit: DVB
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာယူ-၂၃ အသင်းဟာ ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ထိုင်းလိဂ်(၁) Police tero အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ခြေစမ်းပွဲတွေ ကစားနေတဲ့ မြန်မာယူ-၂၃ အသင်းဟာ နောက်ဆုံး ခြေစမ်းပွဲအဖြစ် Police tero အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းဟာ အခုခြေစမ်းပွဲပြီးရင် အားရှအာကစားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား အယောက် ၂ဝ စာရင်းကို ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

၂၀၁၈ အာရှအားကစားပြိုင်ပွဲ အုပ်စု (အက်ဖ်) မှာ မြန်မာအသင်းဟာ မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်တို့နဲ့ ရင်ဆိုင်ရမည်ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ မြန်မာအသင်းဟာ အင်ဒိုနီးရှားနိုင်ငံကို သြဂုတ် ၁၂ ရက်နေ့ သွားရောက်မှာ ဖြစ်ပါတယ်။

အာရှအားကစားဘောလုံးပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနဲ့ ပလန်ဘမ်းမှာ သြဂုတ် ၁၄ ကနေ စက်တင်ဘာ ၁ ရက်ထိ ကျင်းပမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top