ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 ဒိုဘံုဆြန္္း ရယ္လို႔ ျမန္မာပရိသတ္ေတြကအသိမ်ားတဲ႔ သရုပ္ေဆာင္မင္းသမီး Park Bo Young ဟာ သူမရဲ႕ ပရိသတ္ေတြ စိတ္ပူေစမယ့္စကားေလးတစ္ခြန္းကို အင္တာဗ်ဴးတစ္ခုကေန ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ဒါကေတာ့ သူမအေနနဲ႔ သ႐ုပ္ေဆာင္ဘ၀ကေန အနားယူၿပီး သူမအမွန္တကယ္လုပ္ကိုင္ခ်င္တဲ့အလုပ္ကိုသာ ေအးေအးေဆးေဆးလုပ္ကိုင္ခ်င္တဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။ သူမဟာ ဒီအေၾကာင္းကို သူမရဲ႕ ႐ုပ္ရွင္အသစ္ျဖစ္တဲ့ "On Your Wedding Day" ရဲ႕ ပ႐ိုမိုးရွင္းပြဲမွာ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ထည့္သြင္းေျဖၾကားခဲ့တာပဲ ျဖစ္ပါတယ္။
Image result for Park Bo Young
အင္တာဗ်ဴးမွာ Park Bo Young က သူမအေနနဲ႔ သူမရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္တိုးတက္ေအာင္ အစဥ္အၿမဲႀကိဳးစားေနခဲ့ရေၾကာင္းကို ေျပာျပခဲ့ၿပီး သူမ႐ိုက္ကူးထားတဲ့ ႐ိုက္ကူးေရးေပါင္းမ်ားစြာမွာလည္း သူမရဲ႕ အမ်ဳိးမ်ဳိးေသာပံုစံအသစ္ကိုခ်ျပမွာျဖစ္တဲ့အေၾကာင္းကို အၿမဲတမ္းကတိေပးခဲ့သူ ျဖစ္ပါတယ္။
Image result for Park Bo Young
Park Bo Young က သူမဟာ သူမရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္တိုးတက္ဖို႔အတြက္ကို ႀကိဳးစားခဲ့ေပမယ့္လည္း သူမကိုယ္သူမ တိုးတက္လာတယ္လို႔ မျမင္မိတဲ့အခါမွာေတာ့ ဒီသ႐ုပ္ေဆာင္နယ္ပယ္ကေန ထြက္သြားခ်င္ခဲ့ၿပီး ဖိအားမမ်ားတဲ့ လယ္သမားဘ၀ကိုသာ ေရာက္ရိွခ်င္တဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

ဒီလိုမ်ဳိးသ႐ုပ္ေဆာင္ဘ၀ကို အနားယူခ်င္တဲ့အေၾကာင္းကို သူမကဟာသအေနနဲ႔ေျပာခဲ့ျခင္းမ်ဳိးမဟုတ္ပဲ အေလးအနက္ေျပာခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ ယခုေလာေလာဆယ္အခ်ိန္မွာေတာ့ သူမဟာ ေတာရြာတစ္ရြာမွာ လယ္စိုက္ပ်ဳိးျခင္းအလုပ္ကိုလုပ္ကိုင္ခဲ့လို႔ အနည္းငယ္ပင္ပန္းေနေၾကာင္းကိုလည္း ေျပာျပခဲ့ၿပီး သူမရဲ႕အဖိုးျဖစ္သူကေတာ့ သူမ လည္ရွယ္ဖိနပ္စီးထားတာကိုျမင္ၿပီး သူမရဲ႕ ေသြးထဲမွာ လယ္သမားေသြးေတြပါ၀င္ေနတာပဲဟုဆိုခဲ္ေၾကာင္းကိုလည္း ျပန္လည္ေဖာက္သည္ခ်ေျပာျပခဲ့ပါတယ္။

ဒီသတင္းဟာ Park No Young ရဲ႕ပရိသတ္ေတြအတြက္ကေတာ့ တကယ္ကို စိတ္ပူစရာသတင္းဆိုေပမယ့္လည္း မင္းသမီးက သူမရဲ႕ ပရိသတ္ေတြ ရင္ေအးရေအာင္ ေနာက္ထပ္စကားတစ္ခုကို ထပ္မံေျပာခဲ့ပါေသးတယ္။

သူမဟာ အခုမွ အသက္ငယ္ရြယိတုန္းပဲမို႔လို႔ အႏုပညာနယ္ပယ္ထဲက သူမျဖစ္ခ်င္တဲ့ အိပ္မက္ေတြဆီကို အေရာက္လွမ္းႏိုင္ဖို႔အတြက္ ႀကိဳးစားဖို႔အားအင္ေတြ ရိွေနေသးတယ္လို႔ဆိုကာ သူမရဲ႕ ပရိသတ္ေတြ စိတ္မပူရေအာင္ ေျပာခဲ့ပါေသးတယ္။

ပရိသတ္ႀကီးကလည္း အားေတြေလ်ာ့ေနတဲ့ မင္းသမီးေလး Park Bo Young ကို ရိွလက္စအားေတြျပည့္သြားေအာင္ အမ်ားႀကီးအားေပးလိုက္ၾကရေအာင္ေနာ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zue Zue

Ref : Kstarlive

#Unicode Version#
 ဒိုဘုံဆွန်း ရယ်လို့ မြန်မာပရိသတ်တွေကအသိများတဲ့ သရုပ်ဆောင်မင်းသမီး Park Bo Young ဟာ သူမရဲ့ ပရိသတ်တွေ စိတ်ပူစေမယ့်စကားလေးတစ်ခွန်းကို အင်တာဗျူးတစ်ခုကနေ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါကတော့ သူမအနေနဲ့ သရုပ်ဆောင်ဘဝကနေ အနားယူပြီး သူမအမှန်တကယ်လုပ်ကိုင်ချင်တဲ့အလုပ်ကိုသာ အေးအေးဆေးဆေးလုပ်ကိုင်ချင်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သူမဟာ ဒီအကြောင်းကို သူမရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ "On Your Wedding Day" ရဲ့ ပရိုမိုးရှင်းပွဲမှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ ထည့်သွင်းဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။

အင်တာဗျူးမှာ Park Bo Young က သူမအနေနဲ့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်တိုးတက်အောင် အစဉ်အမြဲကြိုးစားနေခဲ့ရကြောင်းကို ပြောပြခဲ့ပြီး သူမရိုက်ကူးထားတဲ့ ရိုက်ကူးရေးပေါင်းများစွာမှာလည်း သူမရဲ့ အမျိုးမျိုးသောပုံစံအသစ်ကိုချပြမှာဖြစ်တဲ့အကြောင်းကို အမြဲတမ်းကတိပေးခဲ့သူ ဖြစ်ပါတယ်။

Park Bo Young က သူမဟာ သူမရဲ့ သရုပ်ဆောင်စွမ်းရည်တိုးတက်ဖို့အတွက်ကို ကြိုးစားခဲ့ပေမယ့်လည်း သူမကိုယ်သူမ တိုးတက်လာတယ်လို့ မမြင်မိတဲ့အခါမှာတော့ ဒီသရုပ်ဆောင်နယ်ပယ်ကနေ ထွက်သွားချင်ခဲ့ပြီး ဖိအားမများတဲ့ လယ်သမားဘဝကိုသာ ရောက်ရှိချင်တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

ဒီလိုမျိုးသရုပ်ဆောင်ဘဝကို အနားယူချင်တဲ့အကြောင်းကို သူမကဟာသအနေနဲ့ပြောခဲ့ခြင်းမျိုးမဟုတ်ပဲ အလေးအနက်ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ယခုလောလောဆယ်အချိန်မှာတော့ သူမဟာ တောရွာတစ်ရွာမှာ လယ်စိုက်ပျိုးခြင်းအလုပ်ကိုလုပ်ကိုင်ခဲ့လို့ အနည်းငယ်ပင်ပန်းနေကြောင်းကိုလည်း ပြောပြခဲ့ပြီး သူမရဲ့အဖိုးဖြစ်သူကတော့ သူမ လည်ရှယ်ဖိနပ်စီးထားတာကိုမြင်ပြီး သူမရဲ့ သွေးထဲမှာ လယ်သမားသွေးတွေပါဝင်နေတာပဲဟုဆိုခဲ်ကြောင်းကိုလည်း ပြန်လည်ဖောက်သည်ချပြောပြခဲ့ပါတယ်။

ဒီသတင်းဟာ Park No Young ရဲ့ပရိသတ်တွေအတွက်ကတော့ တကယ်ကို စိတ်ပူစရာသတင်းဆိုပေမယ့်လည်း မင်းသမီးက သူမရဲ့ ပရိသတ်တွေ ရင်အေးရအောင် နောက်ထပ်စကားတစ်ခုကို ထပ်မံပြောခဲ့ပါသေးတယ်။

သူမဟာ အခုမှ အသက်ငယ်ရွယိတုန်းပဲမို့လို့ အနုပညာနယ်ပယ်ထဲက သူမဖြစ်ချင်တဲ့ အိပ်မက်တွေဆီကို အရောက်လှမ်းနိုင်ဖို့အတွက် ကြိုးစားဖို့အားအင်တွေ ရှိနေသေးတယ်လို့ဆိုကာ သူမရဲ့ ပရိသတ်တွေ စိတ်မပူရအောင် ပြောခဲ့ပါသေးတယ်။

ပရိသတ်ကြီးကလည်း အားတွေလျော့နေတဲ့ မင်းသမီးလေး Park Bo Young ကို ရှိလက်စအားတွေပြည့်သွားအောင် အများကြီးအားပေးလိုက်ကြရအောင်နော်။
ဖိုးသူတော် (www.phothutaw.com)
Credit: Zue Zue



Ref : Kstarlive
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top