မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×








Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
စင်္ကာပူ၏ နာမည်ကျော် Orchard Towers ရှိ အများသူငါမြင်ကွင်းတစ်ခုဖြစ်သော လက်ရန်းဘောင်တစ်ခုတွင် စုံတွဲတစ်စုံ လိင်ဆက်ဆံနေကြပုံ ဗွီဒီယိုဖိုင်မှာ စင်္ကာပူ လူမှုကွန်ရက်အသုံးပြုသူများအကြား ပျံ့နှံလျက်ရှိရာ ယင်းဗွီဒီယိုဖိုင်တွင် ပါဝင်သော အသက် ၃၀ အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြသည်။

ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ရာ၌ ယင်းအဖြစ်အပျက်မှာ ပြီးခဲ့သော ဇူလိုင်လ ၂၂ ရက်၊ နံနက် ၁၂ နာရီ ၁၆ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ Claymore Drive လမ်းရှိ Orchard Towers တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ လိင်ဆက်ဆံနေကြကြောင်း တိုင်ကြားမှု လက်ခံရရှိခဲ့ကြောင်း ပြောကြားသည်။

စင်္ကာပူလူမှုကွန်ရက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိသော ယင်းဗွီဒီယိုဖိုင်တွင် အဆိုပါစုံတွဲသည် အဝတ်အစားအချို့ ချွတ်ထားပြီး ကျယ်လောင်စွာအော်ဟစ်လိင်ဆက်ဆံနေကြခြင်းကြောင့် သတိပြုမိသူများရှိလာသည်ဟု ဆိုသည်။

တန်ဂလင်းရဲဌာနမှ ရဲအရာရှိများက အဆိုပါ အမျိုးသား၏ ပုံရိပ်ကို စီစီတီဗွီဖမ်းယူရရှိမှုများမှတဆင့် မည်သူဖြစ်သည်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း အမျိုးသမီးမှာ မည်သူဖြစ်သည်ကို ဖော်ထုတ်နိုင်သေးခြင်းမရှိဟု ဆိုသည်။

“အမျိုးသမီးကို ဖော်ထုတ်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ဗွီဒီယိုဖိုင်လွှင့်တင်ပြီးနောက် ၅ နာရီအတွင်း ကြည့်ရှုသူ တစ်သိန်းကျော်ခဲ့သည်ဟု ဆိုသည်။

(အောက်တွင် ဗွီဒီယို  file ကြည့်ရန်နှိပ်ပါ)

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top