(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×
Credit: Lin Lin(Maubin)
#Unicode Version#
တချို့က မြန်မာအိုင်ဒေါ ပြိုင်ပွဲ ပြီးရင် Winner ရတဲ့သူ အခွေထွက်မယ် ပြောကျတယ်။
အခွေထွက်လို့ မရသေးပါဘူးWinner မှ မဟုတ်ပါဘူး (၁၁)ယောက်စလုံး အခွေထွက်ခွင့် မရှိပါဘူး။တကယ်တော့ သူတို့စနစ်က 1to10 ဝင်သွားတဲ့ (၁၀)ရောက် ဒါမှမဟုတ် (၁၁)ယောက်စလုံးကို ပြိုင်ပွဲစနစ်က (၁)နှစ် စာချုပ် ချုပ်ဆိုထားပါတယ်။၁နှစ်မပြည့်မချင်း အခွေထွက်လို့မရပါဘူး။
နောက်တခုက ဒီအတော အတွင်းမှာ လာငှားတဲ့အဆိုရှင်တွေ ရှိရင်လည်း အခကြေးငွေနဲ့ လိုက်ဆိုပေးရပါတယ်။
ဥပမာ–ကျနော်က ဘုရားပွဲအတွက် ဖြစ်ဖြစ် အလှူဒါန်းတခုခုအတွက် ဖြစ်ဖြစ် “ဖြိုးမြတ်အောင်” ကို ငှားမယ်ဆိုရင် ဖြိုးမြတ်အောင်ကို တိုက်ရိုက် ခေါ်ပိုင်ခွင့်မရှိပါဘူး ဖြိုးမြတ်အောင် ကလည်း လိုက်ဆိုပေးလို့မရပါဘူး idol က ခွင့်ပြုမှ ဆိုလ့ိုရတာပါ။အဲ့တော့ ကျနော်အနေနဲ့ idolကို သွားပြီး ကြေးငြှိရပါမယ်။ဖြိုးမြတ်အောင်ကို ငှားချင်တယ် ဘယ်လောက်ပေးရမလည်း ပေါ့။
သူတို့က (၁၀)သိန်းပေးရမယ် ဆိုရင် ကိုယ်တက်နိုင်ရင် ဖြိုးမြတ်အောင်ကို ငှားပေါ့ မတက်နိုင်ရင် (၁၁)ယောက်ထဲက တခြားသူတွေ ငှားလည်း ရပါတယ်”ဇော်ကြီး”တို့ ဘာတို့ပေါ့သူ့ကြေးနဲ့သူ သတ်မှတ်ထားပြီးသားပါ။
ဘယ်၂ယောက် ငှားငှားပါ တစ်ယောက်ဘယ်လောက်ဆိုတာ သတ်မှတ်ထားပြီးဖြစ်သလို ဈေးကြီးတဲ့ အဆိုရှင် ရှိသလို ဈေးနည်းတဲ့ အဆိုရှင်တွေလည်း ရှိပါတယ်။တည ကို သီချင်းသုံးပုဒ်ဆိုခ (၁၀)သိန်း သက်မှတ်ထားတယ် ဆိုပါတော့
idol က (၇)သိန်းလောက်ယူပြီး သီဆိုသူ ကာရံကာရှင်ကို (၃)သိန်းလောက်ပဲ ပေးပါတယ်။
တစ်နှစ် မပြည့်မခြင်း စာချုပ်မပြည့်မခြင်း အဆိုရှင်များကို ထပ်ပြီး ငှားစားနေတုန်းပါပဲ။ပြိုင်ပွဲ အစီအစဉ်ပြီးသွားပေမယ့် အဆိုရှင်များကို စာချုပ်ချုပ်ဆိုထားတဲ့အတွက် လွတ်လပ်စွာ နေခွင့် မရှိပါဘူး လွတ်လပ်စွာ ပွဲတွေမှာ လိုက်ဆိုခွင့် မရှိပါဘူး။idol က အခကြေးငွေနဲ့ တစ်နှစ်တိတိ အဆိုရှင်များကို ထပ်ပြီး ”ငှားစား လုပ်စား” နေတုန်းပါပဲ။နောက်တခုကစာချုပ်သက်တမ်း တစ်နှစ် မပြည့်မခြင်း ကိုယ်ပိုင်တကိုယ်တော်စီးရီး အခွေထွက်ခွင့်လည်း မရှိပါဘူး။ဒါတွေကို လက်ခံနိုင်မှ မြန်မာအိုင်ဒေါမှာ သွားပြိုင်ပါ။
မသိသေးတဲ့ ပရိတ်သတ်အားလုံး သိအောင် ကျနော် တင်ပြရခြင်းပါ။
ဒါကတော့ — မြန်မာအိုင်ဒေါပဲ ဖြစ်ပါတယ် ခင်ဗျ။
ပရိတ်သတ်ကြီး Good Luck ပါဗျာ
အားလုံးပဲ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကျပါစေ
လူအချင်းချင်း အနိုင်ကျင့်ခြင်း ကင်းရှင်းကျပါစေ-
ဖိုးသူတော် (www.phothutaw.com)
Credit: Lin Lin(Maubin)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top