ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

တရုတ္ႏိုင္ငံမွာ ကြန္ဖူးမာစတာတစ္ဦးျဖစ္တဲ့ Ip Man ရဲ႕ မ်ိဳးဆက္လို႔ဆိုတဲ့ ကြန္ဖူးဆရာတစ္ဦးကို MMA တိုိက္ခိုက္ေရးသမားကအလဲထိုးခဲ့ေၾကာင္းသိရပါတယ္။ MMA တိုက္ခိုက္ေရးသမားကေတာ့ အသက္(၃၉)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Xu Xiaodong ျဖစ္ၿပီး တိုက္ခိုက္ေရးနည္းျပဆရာတစ္ဦးလဲျဖစ္ပါတယ္။ သူနဲ႔ယွဥ္ၿပိဳင္ဖက္ကေတာ့ သူ႔ကိုယ္သူထိုက္ခ်ိမာစတာလို႔သမုတ္ထားတဲ့ Ding Hao ပါ။

MMA သမား Xu က ထိုက္ခ်ိကြန္ဖူးမာစတာ Ding ကိုသံုးခ်ီမွာ (၆)ၾကိမ္တိုင္ထိုးႏွက္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းက ေရွးေဟာင္းတရုတ္သိုင္းအတတ္နဲ႔ ေခတ္ေပၚသိုင္းႏွစ္မ်ိဳးမွာ ဘယ္သူကပိုသာတယ္ဆိုၿပီး အျငင္းပြားမႈေတြရွိခဲ့ပါတယ္။ ဒီိလိုနဲ႔ မတ္လ(၁၈)ရက္ေန႔ေရာက္တဲ့အခါ ယခင္နဲ႔ယခုဘယ္နည္းကပိုသာလြန္ေၾကာင္းသိေစဖို႔ Xu ဟာစိ္န္ေခၚပြဲတစ္ခုက်င္းပခဲ့ပါတယ္။

Xu ကေရွးတရုတ္ရိုးရာကြန္ဖူးပညာေတြဟာ ရုိက္စားေတြသာျဖစ္ေၾကာင္း သက္ေသျပမယ္လို႔ဆိုခဲ့တာပါ။ သူနဲ႔ယွဥ္ၿပိဳင္သူ Ding ကေတာ့ အသက္(၂၀)အရြယ္သာရွိပါေသးတယ္။ Ding ကသူဟာ ေက်ာ္ၾကားတဲ့ထိုက္ခ်ိကြန္ဖူးပညာရွင္ၾကီး Ip Man နဲ႔ မ်ိဳးဆက္(၄)ဆက္ေျမာက္ျဖစ္ၿပီး Wing Chun ကြန္ဖူးသင္ဆရာလည္းျဖစ္တယ္လို႔မိတ္ဆက္ခဲ့ပါတယ္။ Ip Man ဟာ ေဟာလီး၀ုဒ္စတားဘရုစ္လီရဲ႕ ဆရာတစ္ေယာက္ျဖစ္ပါတယ္။

Wing Chun ဟာတရုတ္ရိုးရာကြန္ဖူးအတတ္တစ္မ်ိဳးျဖစ္ၿပီး တရုတ္ျပည္ေတာင္ပိုင္း Guangdong ျပည္နယ္ကဆင္းသက္လာခဲ့တာပါ။ ကိုယ့္ထက္ခႏၶာကိုယ္အရြယ္အစားႀကီးမားၿပီး သန္မာတဲ့ၿပိဳင္ဖက္ေတြကို အနီးကပ္တိုက္ခိုက္ႏိုင္ၿပီးကိုယ့္ကိုကိုယ္ခုခံႏိုင္တဲ့သိုင္းအမ်ိဳးအစားျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္ယွဥ္ၿပိဳင္တိုက္ခိုက္ခဲ့တဲ့(၃)မိနစ္စာဗီဒီယိုမွာ Ding ကကနဦးတုန္းက အႏိုင္ရေနသေယာင္ရွိပါတယ္။ ေနာက္ပိုင္းမွာေတာ့ Xu ရဲ႕ အဆက္မျပတ္ရိုက္ႏွက္တဲ့ဒဏ္ကိုခံခဲ့ရၿပီး ေျမျပင္ေပၚအၾကိမ္ေပါင္းမ်ားစြာလဲက်ခဲ့ပါတယ္။

ပြဲအဆံုးမွာေတာ့ Ding ရဲ႕မ်က္ႏွာမွာေသြးထြက္သံယိုေတြျဖစ္ခဲ့ကာ MMA သမားျဖစ္တဲ့ Xu ကအႏိုင္ရရွိသြားခဲ့ပါတယ္။ တိုက္ခိုက္ပြဲအေၾကာင္းဗီဒီယိုထြက္လာတဲ့အခါမွာ လူေတြက ထိုက္ခ်ိသမား Ding ဟာဘာေၾကာင့္လြယ္လြယ္ကူကူအညံ့ခံရသလဲလို႔ ဆုိလာၾကပါတယ္။

Ding ဟာ Wing Chun ကြန္ဖူးသမားအစစ္အမွန္မဟုတ္ပဲ Xu ကျပဳလုပ္ခဲ့တဲ့လုပ္ပြဲလို႔ဆိုလာၾကပါတယ္။ ဒီကိစၥကို တရုတ္အြန္လိုင္းအသံုးျပဳသူအမ်ားအျပားက ေထာက္ခံခဲ့ပါတယ္။

Ding ရဲ႕လက္သီးထိုးပံုေတြဟာ Wing Chun ကြန္ဖူးကြက္ေတြမဟုတ္ပါဘူးလို႔ ဆိုသူကဆိုပါတယ္။ MMA တိုက္ခိုက္ေရးသမားျဖစ္တဲ့ Xu ကေတာ့ ထိုက္ခ်ိကြန္ဖူးဟာ အသံုးမ၀င္တဲ့ကြန္ဖူးျဖစ္ေၾကာင္းေဖာ္ျပခ်င္တဲ့အတြက္ အခုလိုတိုက္ခိုက္ေရးပြဲေတြ က်င္းပရတယ္လို႔ သတင္းေထာက္ေတြကိုေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံမှာ ကွန်ဖူးမာစတာတစ်ဦးဖြစ်တဲ့ Ip Man ရဲ့ မျိုးဆက်လို့ဆိုတဲ့ ကွန်ဖူးဆရာတစ်ဦးကို MMA တိုက်ခိုက်ရေးသမားကအလဲထိုးခဲ့ကြောင်းသိရပါတယ်။ MMA တိုက်ခိုက်ရေးသမားကတော့ အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Xu Xiaodong ဖြစ်ပြီး တိုက်ခိုက်ရေးနည်းပြဆရာတစ်ဦးလဲဖြစ်ပါတယ်။ သူနဲ့ယှဉ်ပြိုင်ဖက်ကတော့ သူ့ကိုယ်သူထိုက်ချိမာစတာလို့သမုတ်ထားတဲ့ Ding Hao ပါ။

MMA သမား Xu က ထိုက်ချိကွန်ဖူးမာစတာ Ding ကိုသုံးချီမှာ (၆)ကြိမ်တိုင်ထိုးနှက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ရှေးဟောင်းတရုတ်သိုင်းအတတ်နဲ့ ခေတ်ပေါ်သိုင်းနှစ်မျိုးမှာ ဘယ်သူကပိုသာတယ်ဆိုပြီး အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ ဒီလိုနဲ့ မတ်လ(၁၈)ရက်နေ့ရောက်တဲ့အခါ ယခင်နဲ့ယခုဘယ်နည်းကပိုသာလွန်ကြောင်းသိစေဖို့ Xu ဟာစိန်ခေါ်ပွဲတစ်ခုကျင်းပခဲ့ပါတယ်။

Xu ကရှေးတရုတ်ရိုးရာကွန်ဖူးပညာတွေဟာ ရိုက်စားတွေသာဖြစ်ကြောင်း သက်သေပြမယ်လို့ဆိုခဲ့တာပါ။ သူနဲ့ယှဉ်ပြိုင်သူ Ding ကတော့ အသက်(၂၀)အရွယ်သာရှိပါသေးတယ်။ Ding ကသူဟာ ကျော်ကြားတဲ့ထိုက်ချိကွန်ဖူးပညာရှင်ကြီး Ip Man နဲ့ မျိုးဆက်(၄)ဆက်မြောက်ဖြစ်ပြီး Wing Chun ကွန်ဖူးသင်ဆရာလည်းဖြစ်တယ်လို့မိတ်ဆက်ခဲ့ပါတယ်။ Ip Man ဟာ ဟောလီးဝုဒ်စတားဘရုစ်လီရဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။

Wing Chun ဟာတရုတ်ရိုးရာကွန်ဖူးအတတ်တစ်မျိုးဖြစ်ပြီး တရုတ်ပြည်တောင်ပိုင်း Guangdong ပြည်နယ်ကဆင်းသက်လာခဲ့တာပါ။ ကိုယ့်ထက်ခန္ဓာကိုယ်အရွယ်အစားကြီးမားပြီး သန်မာတဲ့ပြိုင်ဖက်တွေကို အနီးကပ်တိုက်ခိုက်နိုင်ပြီးကိုယ့်ကိုကိုယ်ခုခံနိုင်တဲ့သိုင်းအမျိုးအစားဖြစ်ပါတယ်။

သူတို့နှစ်ယောက်ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့(၃)မိနစ်စာဗီဒီယိုမှာ Ding ကကနဦးတုန်းက အနိုင်ရနေသယောင်ရှိပါတယ်။ နောက်ပိုင်းမှာတော့ Xu ရဲ့ အဆက်မပြတ်ရိုက်နှက်တဲ့ဒဏ်ကိုခံခဲ့ရပြီး မြေပြင်ပေါ်အကြိမ်ပေါင်းများစွာလဲကျခဲ့ပါတယ်။

ပွဲအဆုံးမှာတော့ Ding ရဲ့မျက်နှာမှာသွေးထွက်သံယိုတွေဖြစ်ခဲ့ကာ MMA သမားဖြစ်တဲ့ Xu ကအနိုင်ရရှိသွားခဲ့ပါတယ်။ တိုက်ခိုက်ပွဲအကြောင်းဗီဒီယိုထွက်လာတဲ့အခါမှာ လူတွေက ထိုက်ချိသမား Ding ဟာဘာကြောင့်လွယ်လွယ်ကူကူအညံ့ခံရသလဲလို့ ဆိုလာကြပါတယ်။

Ding ဟာ Wing Chun ကွန်ဖူးသမားအစစ်အမှန်မဟုတ်ပဲ Xu ကပြုလုပ်ခဲ့တဲ့လုပ်ပွဲလို့ဆိုလာကြပါတယ်။ ဒီကိစ္စကို တရုတ်အွန်လိုင်းအသုံးပြုသူအများအပြားက ထောက်ခံခဲ့ပါတယ်။

Ding ရဲ့လက်သီးထိုးပုံတွေဟာ Wing Chun ကွန်ဖူးကွက်တွေမဟုတ်ပါဘူးလို့ ဆိုသူကဆိုပါတယ်။ MMA တိုက်ခိုက်ရေးသမားဖြစ်တဲ့ Xu ကတော့ ထိုက်ချိကွန်ဖူးဟာ အသုံးမဝင်တဲ့ကွန်ဖူးဖြစ်ကြောင်းဖော်ပြချင်တဲ့အတွက် အခုလိုတိုက်ခိုက်ရေးပွဲတွေ ကျင်းပရတယ်လို့ သတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top