iMyanmarHouse.com - Best Property Website for Myanmar
×

Phirom Yindee ၏ Facebook အေကာင့္ကုိျမင္ရစဥ္

Facebook ေပၚမွာ ဗုဒၶဘာသာအၾကည္ညဳိပ်က္ေအာင္ ေရးသားေနတဲ့အေကာင့္နွစ္ခုကုိ အေရးယူသြားမယ္လုိ႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈ ၀န္ႀကီးဌာနကေန ၾသဂုတ္လ ၂၀ ရက္ေန႔က သတင္းထုတ္ျပန္လုိက္ပါတယ္။ 

Facebook ေပၚမွာ "ဘုန္းျပည့္စုံမင္း"ဆုိတဲ့အေကာင့္နဲ႔ "Phirom Yindee" အေကာင့္ေတြကေန ဗုဒၶဘာသာနဲဲ႔ ဆရာေတာ္ သံဃာေတာ္ေတြကုိ အၾကည္ညိဳပ်က္ေစဖုိ႔၊ သာသနာေတာ္ညွိႈးႏြမ္းေစဖုိ႔ နဲ႔ ႏုိင္ငံေတာ္အႀကီးအကဲေတြရဲ႕ ဂုဏ္သိကၡာ ထိခိုက္ေစတဲ့ ရုပ္ပုံေတြနဲ႔စာသားေတြကုိ ေရးသားေဖာ္ျပခဲ့တယ္ဆုိၿပီး ထုတ္ျပန္ထားတာပါ။

“အ့ဲ့ဒီအေကာင့္ေတြက ဆရာေတာ္ႀကီးေတြရဲ႕ ပုံကုိမဟုတ္တာေတြ ေလွ်ာက္လုပ္ထားတယ္။ လူမႈကြန္ယက္မွာ ေရးသားထားတယ္။ အခုကၽြန္တာ္တုိ႔ ျပည္ထဲေရးကုိ တုိင္ၾကားထားပါတယ္။ ၿပီးေတာ့မွ ဘယ္သူ၊ ဘာေၾကာင့္ဒီလုိေတြလုပ္ေနတယ္ဆုိတာကုိ ထုတ္ျပန္ရွင္းလင္းသြားမွာေတြ ရွိပါတယ္။ အခုကေတာ့ ျပည္ထဲေရးကုိ အေၾကာင္းၾကားထားတုန္းပါ။” လုိ႔ သာသနာေရးနဲ႔ ယဥ္ေက်းမႈ၀န္ႀကီးဌာနက ၀န္ႀကီးရုံးရဲ႕ ညႊန္ၾကားေရးမွဴး ဦးေအာင္ဆန္း၀င္းက Duwun ကုိ ေျပာပါတယ္။

ႏုိင္ငံေရး၊ဘာသာေရးနဲ႔ ပါတ္သတ္ၿပီး မဟုတ္မမွန္လုပ္ႀကံေရးသားတဲ့ Account ပိုင္ရွင္ေတြကုိ ဥပေဒနဲ႔ အညီ အေရးယူေဆာင္ရြက္ႏုိင္ဖုိ႔ အတြက္ စုံစမ္းေဖာ္ထုတ္ဖုိ႔ ျပည္ထဲေရး၀န္ႀကီးဌာနနဲဲ႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး ၀န္ႀကီးဌာနေတြကုိ အေၾကာင္းၾကားထားတယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ အမုန္းစကားေတြ၊ ဘာသာေရးနဲ႔ ပါတ္သတ္တာေတြကုိ ျဖန္႔ေ၀ေနမႈေတြက Facebook ကေနအမ်ားဆုံးျဖစ္ေနတယ္လုိ႔ ထြက္ေပၚၿပီးတဲ့ေနာက္ပုိင္းမွာ ျမန္မာႏုိင္ငံအေပၚ Facebook ကေန၀န္ထမ္းေတြခန္႔ၿပီး အရင္ကထက္ အမုန္းစကားေတြ မျပန္႔ပြားေစဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
Phirom Yindee ၏ Facebook အကောင့်ကိုမြင်ရစဉ်



Facebook ပေါ်မှာ ဗုဒ္ဓဘာသာအကြည်ညိုပျက်အောင် ရေးသားနေတဲ့အကောင့်နှစ်ခုကို အရေးယူသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကနေ သြဂုတ်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ 


Facebook ပေါ်မှာ "ဘုန်းပြည့်စုံမင်း"ဆိုတဲ့အကောင့်နဲ့ "Phirom Yindee" အကောင့်တွေကနေ ဗုဒ္ဓဘာသာနဲ့ ဆရာတော် သံဃာတော်တွေကို အကြည်ညိုပျက်စေဖို့၊ သာသနာတော်ညှှိုးနွမ်းစေဖို့ နဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ရုပ်ပုံတွေနဲ့စာသားတွေကို ရေးသားဖော်ပြခဲ့တယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။

“အဲ့ဒီအကောင့်တွေက ဆရာတော်ကြီးတွေရဲ့ ပုံကိုမဟုတ်တာတွေ လျှောက်လုပ်ထားတယ်။ လူမှုကွန်ယက်မှာ ရေးသားထားတယ်။ အခုကျွန်တာ်တို့ ပြည်ထဲရေးကို တိုင်ကြားထားပါတယ်။ ပြီးတော့မှ ဘယ်သူ၊ ဘာကြောင့်ဒီလိုတွေလုပ်နေတယ်ဆိုတာကို ထုတ်ပြန်ရှင်းလင်းသွားမှာတွေ ရှိပါတယ်။ အခုကတော့ ပြည်ထဲရေးကို အကြောင်းကြားထားတုန်းပါ။” လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဝန်ကြီးရုံးရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက Duwun ကို ပြောပါတယ်။

နိုင်ငံရေး၊ဘာသာရေးနဲ့ ပါတ်သတ်ပြီး မဟုတ်မမှန်လုပ်ကြံရေးသားတဲ့ Account ပိုင်ရှင်တွေကို ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်နိုင်ဖို့ အတွက် စုံစမ်းဖော်ထုတ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနတွေကို အကြောင်းကြားထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အမုန်းစကားတွေ၊ ဘာသာရေးနဲ့ ပါတ်သတ်တာတွေကို ဖြန့်ဝေနေမှုတွေက Facebook ကနေအများဆုံးဖြစ်နေတယ်လို့ ထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအပေါ် Facebook ကနေဝန်ထမ်းတွေခန့်ပြီး အရင်ကထက် အမုန်းစကားတွေ မပြန့်ပွားစေဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top