ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပ​ေလာင္​လူမ်ဳိးကို လူသားစားမ်ဳိးစိတ္​ဟု Liveလႊင္​့၍ စြတ္​စြဲသူ ဖတ္​ရန္​

ၿပီးခဲ့ ၁၈ရက္​​ေန႔က Yuri Miko ဟူသည္​့ Fb Accမွ ဘြား​ေတာ္​တစ္​ဦးသည္​ ႐ွမ္​း​ေတာင္​ ခိုလမ္​ၿမိဳ႕နယ္​ မက္​မြန္​​ေလာင္​းရြာလမ္​းမ​ေပၚအ​ေရာက္​တြင္​ ႐ိုးရာဓ​ေလ့အရ ဥပုပ္​​ေန႔ အပ်ဳိ၊လူပ်ဳိ လွည္​့​ေနသည္​့ ပ​ေလာင္​လူမ်ဳိးစုကို Live လႊင္​့ၿပီး လူသားစားမ်ဳိးႏြယ္​ဟု ဘုမသိ ဘမသိ စြတ္​​စြဲ​ေျပာဆို​ခဲ့သည္​။ ဆယ္​လီျဖစ္​ခ်င္​လြန္​း၍ စြတ္​စြဲျခင္​း ျဖစ္​​ေကာင္​းျဖစ္​မည္​။

(လခြမ္း…​အခုမွ လူသားစားခ်င္​စိတ္​၊ လူသတ္​ခ်င္​စိတ္​​ေပါက္​လာတယ္​ 😡😡)

“​ေန႔ဆို လံုးဝမ႐ွိဘူး။ ညမွ ၾကက္​လို ဝက္​လို႔ထြက္​လာတာ။ သြား​ေတြကလည္​း ​ေၾကာက္​စရာႀကီး။ ဟိုတုန္​းက လူသားစားလို႔ ဦး​ေနဝင္​းက သူတို႔ကို ဒီလမ္​းမ​ေဘးကို ​ေနရာ​ေပးလိုက္​တာ”ဟု ​ေျပာရံုမက comment တြင္​ပါ “လူသားစားမ်ဳိးစိတ္​”ဟု ​ေရးသားထားသည္​ကို ​ေတြ႔ရသည္​။ ၾကားထဲက သရဲ၊ ဘီလူး​ေတာင္​ ထည္​့​ေျပာလိုက္​​ေသးသည္​။

ထိုကဲ့သို႔ ​ေလ့လာဆန္​းစစ္​ျခင္​းမျပဳဘဲ​ အြန္​လိုင္​း​ေပၚ ​ေရးသား​ေျပာဆို​ေနျခင္​းသည္​ လူမ်ဳိးတစ္​မ်ဳိးလံုး၏ ဂုဏ္​သိကၡာကို ​ေစာ္​ကားသကဲ့သို ျဖစ္​​ရံုမက ပ​ေလာင္လူမ်ဳိးတို႔၏ ရင္​ထဲကို ဓားျဖင္​့ထိုးထားသကဲ့သို႔ ခံစားရသည္​။

အဆိုပါ မက္​မြန္​ေ​လာင္​းရြာသည္​ ပ​ေလာင္​လူမ်ဳိးစုထဲမွ ႐ူစိင္​းမ်ဳိးႏြယ္​ျဖစ္​ၿပီး ​ေ႐ွးက်သည္​့ လူမ်ဳိးႏြယ္​လည္​းျဖစ္​သည္​။ ​ေယာက္​က်ား၊ မိန္​းမအားလံုး ဆံပင္​႐ွည္​ထားရသည္​ဓ​ေလ့ ယ​ေန႔တိုင္​ တည္​႐ွိ​ ထိန္းသိမ္းထားလ်က္​႐ွိသည္​။ ဗုဒၶါဘာသာ ကိုးကြယ္​သည္​့အ​ေလွ်ာက္​ အိမ္​မည္​မွ် ခ်ဳိ့တဲ့​ေစကာမူ သူတို႔၏ ဘုန္​းႀကီး​ေက်ာင္​းကို ခမ္​းနားစြာ.ျပဳလုပ္​ထားသည္။ ဘာသာတရားကိုင္​း႐ႈိင္​းသည္​့အ​ေလွ်ာက္​ ​ေန႔ထူး​ေန႔ျမတ္​တြင္​ အိုးစည္​ဗံု​ေမာင္​းမ်ားျဖင္​့ ပြဲ​ေတာ္​က်င္​းပ​ေလ့႐ွိသည္​။

သူတို့၏ သြားမ်ားတြင္​ ​ေရႊသြားမ်ားျပဳလုပ္​ျခင္​းျဖင္​့ ဂုဏ္​႐ွိသည္​ဟု ဓ​ေလ့႐ွိသည္​့အတြက္​ အားလံုးလိုလို ​ေရႊသြားမ်ား.တပ္​ဆင္​ထားသည္​ကို ​ေတြ႔ျမင္​ရမည္​ျဖစ္​သည္​။

​ အဝတ္​အစားကို ​ေယာက္​က်ားမ်ားအ​ေနျဖင္​့ ​ေအာက္​တြင္​ ဂြႀကီး ပ​ေလာင္​​ေဘာင္​းဘီ အနက္​​ေရာင္​မ်ား ဝတ္​ဆင္​ၿပီး အ​ေပၚပိုင္​းတြင္​ အိက်ီၤအျပာ​ေရာင္​ ဝတ္​ဆင္​ၾကသည္​။

မိန္​းက​ေလးမွာမူ အပ်ဳိဆိုလွ်င္​ ထမိန္​အနက္​​ေရာင္​ ဝတ္​ဆင္​ၿပီး ​ေယာက္​က်ားရၿပီးလွ်င္​ အျပာ​ေရာင္​​ေျပာင္​းဝတ္​ဆင္​ရသည္​။

ထို႔ရြာသားအမ်ားစုသည္​ ႐ွက္​တတ္​ၾကသူမ်ားျဖစ္​ၿပီး အလုပ္​သြား အလုပ္​လာသာ႐ွိၿပီး.လမ္​းမ​ေပၚ​သိပ္​ထြက္​​ေလ့မ႐ွိၾက​ေခ်။ အျပင္​လူမ်ားႏွင္​့ ဓာတ္​ပံု႐ိုက္​မည္​ဆိုလွ်င္​ျဖင္​့ပင္​ ႐ွက္​တတ္​ၾကသည္​။

သို႔​ေသာ္​ ထိုသူတို႔ဓ​ေလ့အရ ဥပုပ္​​ေန႔ႀကီးတြင္​ အပ်ဳိလူပ်ဳိလွည္​့သည္​့ဓ​ေလ့႐ွိျပန္​သည္​။ ထို​ေၾကာင္​့ ​ေန႔ပိုင္​းတြင္​ လူမျမင္​ရသ​ေလာက္​ ဥပုပ္​​ေန႔ရက္​ႀကီး ညပိုင္​းတြင္​ ထိုလမ္​းမ​ေပၚ အပ်ဳိလူပ်ဳိလွည္​့​ေနသည္​့ လူအုပ္​​ေထာင္​ခ်ီျမင္​​ေတြ႔ရမွာျဖစ္​သည္​။

အပ်ဳိလူပ်ဳိလွည္​့ခ်ိန္​တြင္​ မီးအ​ေမွာင္​ထဲတြင္​သာ စကား​ေျပာ​ေလ့႐ွိၿပီး ဓာတ္​မီးျဖင္​့ထြန္​း​ေစကာမႈ ပံု႐ိုက္​​ေစကာမူ ႐ွက္​တတ္​ၾကသည္​။

Yuri Miko Facebook Accမွ စြတ္​စြဲ​ေျပာဆိုသလို လူသားစား မ်ဳိးႏြယ္​၊ လူသတ္​သည္​့ မ်ဳိးႏြယ္​မဟုတ္​သလို ​ေၾကာက္​စရာ​ေကာင္​းသည္​့ လူမ်ဳိးလည္​းမဟုတ္​ပါ။ (လူသားစား၊ လူသတ္​မည္​ဆိုပါက အဆိုပါ Yuri Mikoဘြား​ေတာ္​သည္​လည္​း Live လႊင္​့ႏိုင္​မည္​မဟုတ္​သလို အိမ္​မွာ႐ွိ​ေနသည္​့ မိသားစုမ်ားႏွင္​့လည္​း ျပန္​စံုစည္​းႏိုင္​မည္​မဟုတ္​​ေပ)

အခ်ဳိ့ဆို အဲဓ​ေလ့ကို သ​ေဘာက်သည္​့အတြက္​ ဓာတ္​ပံုပင္​ထြက္​႐ိုက္​ၾကသည္​။ ကားသမားလည္​း အဲနားအ​ေရာက္​တြင္​ သီခ်င္​းမ်ားဖြင္​့ၿပီး ရြာသားမ်ားၾကားတြင္​ ကတတ္​ၾက​ေသးသည္​။

​​ပ​ေလာင္​တစ္​မ်ဳိးသားလံုး၏ ႐ိုးရာဓ​ေလ့ကို ထိန္​းသိမ္​းထားသည္​့ ​ေ႐ွး​ေဟာင္​းလူမ်ဳိးစုဟု သတ္​မွတ္​ႏိုင္​သလို ခ်ီးက်ဴးထိုက္​သည္​့ ပုဂိၢဳလ္မ်ား အျဖစ္​လည္​း႐ွိ​ေနသည္​။

ထိုအရာကို စြတ္​စြဲ​ေျပာဆို​ေနသူ Yuri Miko မွ ျပန္​လည္​​ေျဖ႐ွင္​း​ေပးသင္​့​​ေၾကာင္​း ​ေျပာဆိုလိုက္​သည္​။
စြတ္​စြဲ​ေျပာဆို​ေနသူ Live=>

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original

#Unicode Version#
ပလောင်လူမျိုးကို လူသားစားမျိုးစိတ်ဟု Liveလွှင့်၍ စွတ်စွဲသူ ဖတ်ရန်

ပြီးခဲ့ ၁၈ရက်နေ့က Yuri Miko ဟူသည့် Fb Accမှ ဘွားတော်တစ်ဦးသည် ရှမ်းတောင် ခိုလမ်မြို့နယ် မက်မွန်လောင်းရွာလမ်းမပေါ်အရောက်တွင် ရိုးရာဓလေ့အရ ဥပုပ်နေ့ အပျို၊လူပျို လှည့်နေသည့် ပလောင်လူမျိုးစုကို Live လွှင့်ပြီး လူသားစားမျိုးနွယ်ဟု ဘုမသိ ဘမသိ စွတ်စွဲပြောဆိုခဲ့သည်။ ဆယ်လီဖြစ်ချင်လွန်း၍ စွတ်စွဲခြင်း ဖြစ်ကောင်းဖြစ်မည်။

(လခွမ်း…အခုမှ လူသားစားချင်စိတ်၊ လူသတ်ချင်စိတ်ပေါက်လာတယ် 😡😡)

“နေ့ဆို လုံးဝမရှိဘူး။ ညမှ ကြက်လို ဝက်လို့ထွက်လာတာ။ သွားတွေကလည်း ကြောက်စရာကြီး။ ဟိုတုန်းက လူသားစားလို့ ဦးနေဝင်းက သူတို့ကို ဒီလမ်းမဘေးကို နေရာပေးလိုက်တာ”ဟု ပြောရုံမက comment တွင်ပါ “လူသားစားမျိုးစိတ်”ဟု ရေးသားထားသည်ကို တွေ့ရသည်။ ကြားထဲက သရဲ၊ ဘီလူးတောင် ထည့်ပြောလိုက်သေးသည်။

ထိုကဲ့သို့ လေ့လာဆန်းစစ်ခြင်းမပြုဘဲ အွန်လိုင်းပေါ် ရေးသားပြောဆိုနေခြင်းသည် လူမျိုးတစ်မျိုးလုံး၏ ဂုဏ်သိက္ခာကို စော်ကားသကဲ့သို ဖြစ်ရုံမက ပလောင်လူမျိုးတို့၏ ရင်ထဲကို ဓားဖြင့်ထိုးထားသကဲ့သို့ ခံစားရသည်။

အဆိုပါ မက်မွန်လောင်းရွာသည် ပလောင်လူမျိုးစုထဲမှ ရူစိင်းမျိုးနွယ်ဖြစ်ပြီး ရှေးကျသည့် လူမျိုးနွယ်လည်းဖြစ်သည်။ ယောက်ကျား၊ မိန်းမအားလုံး ဆံပင်ရှည်ထားရသည်ဓလေ့ ယနေ့တိုင် တည်ရှိ ထိန်းသိမ်းထားလျက်ရှိသည်။ ဗုဒ္ဓါဘာသာ ကိုးကွယ်သည့်အလျှောက် အိမ်မည်မျှ ချို့တဲ့စေကာမူ သူတို့၏ ဘုန်းကြီးကျောင်းကို ခမ်းနားစွာ.ပြုလုပ်ထားသည်။ ဘာသာတရားကိုင်းရှိုင်းသည့်အလျှောက် နေ့ထူးနေ့မြတ်တွင် အိုးစည်ဗုံမောင်းများဖြင့် ပွဲတော်ကျင်းပလေ့ရှိသည်။

သူတို့၏ သွားများတွင် ရွှေသွားများပြုလုပ်ခြင်းဖြင့် ဂုဏ်ရှိသည်ဟု ဓလေ့ရှိသည့်အတွက် အားလုံးလိုလို ရွှေသွားများ.တပ်ဆင်ထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

 အဝတ်အစားကို ယောက်ကျားများအနေဖြင့် အောက်တွင် ဂွကြီး ပလောင်ဘောင်းဘီ အနက်ရောင်များ ဝတ်ဆင်ပြီး အပေါ်ပိုင်းတွင် အိကျီၤအပြာရောင် ဝတ်ဆင်ကြသည်။

မိန်းကလေးမှာမူ အပျိုဆိုလျှင် ထမိန်အနက်ရောင် ဝတ်ဆင်ပြီး ယောက်ကျားရပြီးလျှင် အပြာရောင်ပြောင်းဝတ်ဆင်ရသည်။

ထို့ရွာသားအများစုသည် ရှက်တတ်ကြသူများဖြစ်ပြီး အလုပ်သွား အလုပ်လာသာရှိပြီး.လမ်းမပေါ်သိပ်ထွက်လေ့မရှိကြချေ။ အပြင်လူများနှင့် ဓာတ်ပုံရိုက်မည်ဆိုလျှင်ဖြင့်ပင် ရှက်တတ်ကြသည်။

သို့သော် ထိုသူတို့ဓလေ့အရ ဥပုပ်နေ့ကြီးတွင် အပျိုလူပျိုလှည့်သည့်ဓလေ့ရှိပြန်သည်။ ထိုကြောင့် နေ့ပိုင်းတွင် လူမမြင်ရသလောက် ဥပုပ်နေ့ရက်ကြီး ညပိုင်းတွင် ထိုလမ်းမပေါ် အပျိုလူပျိုလှည့်နေသည့် လူအုပ်ထောင်ချီမြင်တွေ့ရမှာဖြစ်သည်။

အပျိုလူပျိုလှည့်ချိန်တွင် မီးအမှောင်ထဲတွင်သာ စကားပြောလေ့ရှိပြီး ဓာတ်မီးဖြင့်ထွန်းစေကာမှု ပုံရိုက်စေကာမူ ရှက်တတ်ကြသည်။

Yuri Miko Facebook Accမှ စွတ်စွဲပြောဆိုသလို လူသားစား မျိုးနွယ်၊ လူသတ်သည့် မျိုးနွယ်မဟုတ်သလို ကြောက်စရာကောင်းသည့် လူမျိုးလည်းမဟုတ်ပါ။ (လူသားစား၊ လူသတ်မည်ဆိုပါက အဆိုပါ Yuri Mikoဘွားတော်သည်လည်း Live လွှင့်နိုင်မည်မဟုတ်သလို အိမ်မှာရှိနေသည့် မိသားစုများနှင့်လည်း ပြန်စုံစည်းနိုင်မည်မဟုတ်ပေ)

အချို့ဆို အဲဓလေ့ကို သဘောကျသည့်အတွက် ဓာတ်ပုံပင်ထွက်ရိုက်ကြသည်။ ကားသမားလည်း အဲနားအရောက်တွင် သီချင်းများဖွင့်ပြီး ရွာသားများကြားတွင် ကတတ်ကြသေးသည်။

ပလောင်တစ်မျိုးသားလုံး၏ ရိုးရာဓလေ့ကို ထိန်းသိမ်းထားသည့် ရှေးဟောင်းလူမျိုးစုဟု သတ်မှတ်နိုင်သလို ချီးကျူးထိုက်သည့် ပုဂ္ဂိုလ်များ အဖြစ်လည်းရှိနေသည်။

ထိုအရာကို စွတ်စွဲပြောဆိုနေသူ Yuri Miko မှ ပြန်လည်ဖြေရှင်းပေးသင့်ကြောင်း ပြောဆိုလိုက်သည်။
စွတ်စွဲပြောဆိုနေသူ Live=>


ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top