iMyanmarHouse.com - Best Property Website for Myanmar
×

ရဲတစ္ေယာက္ျဖစ္ရတာ လြယ္ကူတဲ့ အလုပ္မဟုတ္ပါဘူး။ အထူးသျဖင့္ ဥပေဒခ်ိဳးေဖာက္တဲ့လူေတြကို ဌာနက ေထာက္ပံ့ေပးထားတဲ့ ပစၥည္းကိရိယာေတြကိုသံုးျပီး မိေအာင္ လိုက္ဖမ္းရတဲ့အခါမ်ိဳးမွာ ပိုလို႔ေတာင္ ခက္ခဲဦးမွာပါ။ ဒါေပမယ့္ ဒီဗီဒီယိုေလးကေတာ့ အင္တာနက္ေပၚက လူထုကို အံ့အားသင့္ေစႏုိင္ခဲ့ပါတယ္။

ဗီဒီယုိထဲမွာ လမ္းသြားလမ္းလာေတြ လမ္းကူးကူးျပီးခ်င္းမွာပဲ အရိွန္နဲ႔ ဘယ္ဘက္ကို ေကြ႔ခ်ကာ ေမာင္းထြက္သြားတဲ့ Lamborghini တစ္စီးကို ေတြ႔ရမွာပါ။ တကယ္ေတာ့ အဲဒီ့အခ်ိန္မွာ မီးပြိဳင့္က နီေနျပီး ဘယ္ဘက္ခ်ိဳးမယ့္ကားေတြကို မီးစိမ္းတဲ့အထိ ေစာင့္ခုိင္းထားတာျဖစ္တဲ့အတြက္ ၄င္းကားဟာ လမ္းစည္းကမ္းခ်ိဳးေဖာက္ခဲ့တာျဖစ္ပါတယ္္။

ခဏအၾကာမွာပဲ ရဲတစ္ေယာက္ဟာ စက္ဘီးစီးျပီး စည္းကမ္းခ်ိဳးေဖာက္တဲ့ ကားေနာက္ကို လုိက္ပါေတာ့တယ္။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ကားအေကာင္းစားကို စက္ဘီးေလးနဲ႔ လိုက္တာ မမီႏုိင္ဘူးလို႔ ထင္ႏိုင္ၾကေပမယ့္

အခက္အခဲေတြၾကားထဲက စက္ဘီးတစ္စီးနဲ႔ ရဲသားဟာ ကားကို ဖမ္းမိသြားခဲ့ပါတယ္။ ပိုျပီးရယ္စရာေကာင္းတာကေတာ့ ရဲသားစီးခဲ့တဲ့ စက္ဘီးဟာ ဂ်ပန္လို “chari bike” လို႔ ေခၚတဲ့ မိန္းမစီးစက္ဘီးျဖစ္ေနခဲ့ပါတယ္။

ဗီဒီယိုအဆံုးမွာေတာ့ ရဲဟာ အီတလီကားအေကာင္းစားႀကီးကို မိသြားခဲ့ျပီး ေမာင္းႏွင္သူနဲ႔ စကားေျပာေနတာကို ေတြ႔ရမွာပါ။ ဒါကေတာ့ အင္တာနက္ေပၚကလူေတြ အံ့အားသင့္ခဲ့ရတဲ့ ဂ်ပန္ႏို္င္ငံက ျဖစ္ရပ္ေလးတစ္ခုျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
ရဲတစ်ယောက်ဖြစ်ရတာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ အထူးသဖြင့် ဥပဒေချိုးဖောက်တဲ့လူတွေကို ဌာနက ထောက်ပံ့ပေးထားတဲ့ ပစ္စည်းကိရိယာတွေကိုသုံးပြီး မိအောင် လိုက်ဖမ်းရတဲ့အခါမျိုးမှာ ပိုလို့တောင် ခက်ခဲဦးမှာပါ။ ဒါပေမယ့် ဒီဗီဒီယိုလေးကတော့ အင်တာနက်ပေါ်က လူထုကို အံ့အားသင့်စေနိုင်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ လမ်းသွားလမ်းလာတွေ လမ်းကူးကူးပြီးချင်းမှာပဲ အရှိန်နဲ့ ဘယ်ဘက်ကို ကွေ့ချကာ မောင်းထွက်သွားတဲ့ Lamborghini တစ်စီးကို တွေ့ရမှာပါ။ တကယ်တော့ အဲဒီ့အချိန်မှာ မီးပွိုင့်က နီနေပြီး ဘယ်ဘက်ချိုးမယ့်ကားတွေကို မီးစိမ်းတဲ့အထိ စောင့်ခိုင်းထားတာဖြစ်တဲ့အတွက် ၎င်းကားဟာ လမ်းစည်းကမ်းချိုးဖောက်ခဲ့တာဖြစ်ပါတယ်။

ခဏအကြာမှာပဲ ရဲတစ်ယောက်ဟာ စက်ဘီးစီးပြီး စည်းကမ်းချိုးဖောက်တဲ့ ကားနောက်ကို လိုက်ပါတော့တယ်။ လူတော်တော်များများကတော့ ကားအကောင်းစားကို စက်ဘီးလေးနဲ့ လိုက်တာ မမီနိုင်ဘူးလို့ ထင်နိုင်ကြပေမယ့်

အခက်အခဲတွေကြားထဲက စက်ဘီးတစ်စီးနဲ့ ရဲသားဟာ ကားကို ဖမ်းမိသွားခဲ့ပါတယ်။ ပိုပြီးရယ်စရာကောင်းတာကတော့ ရဲသားစီးခဲ့တဲ့ စက်ဘီးဟာ ဂျပန်လို “chari bike” လို့ ခေါ်တဲ့ မိန်းမစီးစက်ဘီးဖြစ်နေခဲ့ပါတယ်။

ဗီဒီယိုအဆုံးမှာတော့ ရဲဟာ အီတလီကားအကောင်းစားကြီးကို မိသွားခဲ့ပြီး မောင်းနှင်သူနဲ့ စကားပြောနေတာကို တွေ့ရမှာပါ။ ဒါကတော့ အင်တာနက်ပေါ်ကလူတွေ အံ့အားသင့်ခဲ့ရတဲ့ ဂျပန်နိုင်ငံက ဖြစ်ရပ်လေးတစ်ခုဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top