iMyanmarHouse.com - Best Property Website for Myanmar
×

Justin Bieber နဲ႔ Hailey Baldwin ကို ၿပီးခဲ့တဲ့ အဂၤါေန႔က New York ရဲ႕ ပန္းၿခံတစ္ခုအတြင္းမွာ ငိုေႂကြးေနခဲ့ၾကတာကိုေတြ႕ခဲ့ရပါတယ္။ မၾကာခင္မွာလက္ထပ္ေတာ့မွာျဖစ္ၿပီး တစ္ကမာၻလုံးကမ်က္စိေဒါက္ေထာက္ေစာင့္ၾကည့္တာခံေနရတဲ့ မဂၤလာေမာင္ႏွံဟာ လူအမ်ားရဲ႕ျမင္ကြင္းမွာ မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ေနခဲ့ျခင္းက ကမာၻအႏွံ႔က ပရိသတ္ေတြကို သို႔ေလာသို႔ေလာျဖစ္သြားေစခဲ့ပါတယ္။ ဒါ့အျပင္ Justin ဟာ သူႏွစ္ေတြအၾကာႀကီးခ်စ္ခဲ့တဲ့ Selena ကို သစၥာရွိရွိနဲ႔ေစာင့္ေနဖို႔ဆုံးျဖတ္ထားရာကေန ႐ုတ္တရက္ခ်က္ခ်င္းခဏအတြင္းဆိုသလိုပဲထၿပီး Hailey နဲ႔ လက္ထပ္ဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ေလေတာ့ ေန႔ေတြကုန္လြန္လာခ်ိန္မွာ သူ႔ဆုံးျဖတ္ခ်က္ကိုသူ ေဝဝါးလာၿပီးစိတ္ဆင္းရဲလို႔ငိုေနတာလို႔ ထင္ေၾကးေပးမႈေတြလည္းအမ်ားအျပားရွိေနခဲ့ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာပဲ Justin ကို TMZ media က သူငိုေႂကြးခဲ့တာနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ Justin က ႐ိုး႐ိုးရွင္းရွင္းေလးပဲ သူ႔လက္ထဲမွာကိုင္ထားတဲ့စာအုပ္ကိုေထာင္ျပၿပီး “ဒါပဲေလ”လို႔ ေျပာၾကားခဲ့ပါတယ္တဲ့။ အဲဒီစာအုပ္က လက္ထပ္ျခင္းရဲ႕ အနက္အဓိပၸါယ္လို႔အမည္ရတဲ့စာအုပ္ျဖစ္ၿပီး လူႏွစ္ေယာက္အတူဘဝတစ္ခုကိုတည္ေထာင္ရာမွာ ႀကဳံေတြ႕ရတဲ့ အခက္အခဲေတြကို ဘုရားသခင္ရဲ႕ ညဏ္ပညာကိုအမွိီျပဳၿပီးေျဖရွင္းရမယ့္အေၾကာင္း ခေရေစ့တြင္းက်ေရးသားထားတဲ့ စာအုပ္ျဖစ္ပါတယ္။

“ဘဝမွာ ေပ်ာ္႐ႊင္စရာေန႔ေတြလည္းရွိသလို အဆင္မေျပတဲ့ေန႔ေတြလည္းရွိမယ္၊ တကယ္လို႔ အားလုံးအဆင္ေျပေနမယ္ဆိုရင္ အဲ့ဒါက အစစ္အမွန္မျဖစ္ႏိုင္ဘူးေလ”လို႔ Justin က ေျပာၾကားခဲ့ပါေသးတယ္။ ဆိုလိုခ်င္တာက သူတို႔စုံတြဲမွာ အဆင္မေျပတဲ့ေန႔တစ္ခ်ိဳ႕ရွိခဲ့ၿပီး ငိုေႂကြးခဲ့တဲေန႔ဟာလည္း အဲဒီအဆင္မေျပတဲ့ေန႔ေတြထဲကတစ္ရက္သာျဖစ္ၿပီး ဒီလိုအဆင္မေျပတဲ့ေန႔ေတြရွိျခင္းအားျဖင့္ သူတို႔ႏွစ္ေယာက္ၾကားက အခ်စ္ဟာ အစစ္အမွန္ျဖစ္ေၾကာင္း Justin က ပရိသတ္ေတြကိုေသာ္လည္းေကာင္း သူ႔ကိုယ္သူေသာ္လည္းေကာင္း သက္ေသျပခ်င္ခဲ့ပုံေပၚပါတယ္။

ဒီအေျဖက သူတို႔ႏွစ္ဦးရဲ႕မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ခဲ့ရတဲ့ကိစၥရပ္ရဲ႕ ရွင္းလင္းတဲ့အေျဖစစ္စစ္တစ္ခုမဟုတ္ခဲ့ေပမယ့္လည္း ပရိသတ္ေတြက အဲ့ဒါထက္ပိုၿပီးစိတ္ဝင္စားစရာေကာင္းတဲ့အရာကိုသတိျပဳမိသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ Justin ဖတ္ေနတဲ့စာအုပ္ဟာ လက္ထပ္ျခင္းအႏုပညာလို႔ေခၚဆိုရမယ့္ စာအုပ္မ်ိဳးလည္းျဖစ္တာေၾကာင့္ အခုတေလာပ်ံ႕နံ႔ေနတဲ ့ေကာလဟလေတြလိုပဲ သူတို႔ႏွစ္ဦးက တိတ္တ္ိတ္ေလးလက္ထပ္ၿပီးျဖစ္ေနၿပီလားဆိုတဲ့အခ်က္ပါပဲ။ ဒါတင္မဟုတ္ေသးပါဘူး။ Justin အဲဒီလိုေျဖၿပီးေနာက္တစ္ရက္မွာပဲ သူတို႔စုံတြဲဟာ ၿမိဳ႕လည္ေကာင္က Saloon တစ္ခုကိုတက္ညီလက္ညီခ်ီတက္သြားခဲ့ၾကၿပီး Justin က သူ႔ရဲ႕ေျခမ်က္စိအထိထားမယ္လို႔ႀကိမ္းဝါးခဲ့တဲ့ ဆံပင္ရွည္ေတြကိုညႇပ္ပစ္ခဲ့ပါတယ္။ ဆံပင္ညႇပ္ခုံေပၚမွာ Justin က မ်က္ႏွာအမ်ိဳးမ်ိဳးေျပာင္ေနတဲ့အခ်ိန္ Hailey ကေတာ့ Justin ရဲ႕ ေဘးမွာထိုင္ၿပီး သူ႔ခ်စ္သူကို ခပ္ၿပဳံးၿပဳံးေငးေနခဲ့ပါတယ္။ ဆံပင္ညႇပ္ၿပီးသြားတဲ့ Justin ဟာ အရင္လိုညင္းသိုးသိုးမဟုတ္ေတာ့ပဲ တမုဟုတ္ခ်င္းသန႔္ျပန႔္သြားၿပီး ငယ္႐ုပ္ကေလးေတာင္တစ္ဖန္ျပန္ေပၚလာသလိုပါပဲ။ ဒီေတာ့.. မၾကာခင္မွာက်င္းပေတာ့မယ့္ လက္ထပ္ပြဲအတြက္ Justin က ဆံပင္ညႇပ္လိုက္တာပဲျဖစ္ရမယ္လို႔ ပရိသတ္ေတြက ေကာက္ခ်က္ဆြဲေနျပန္ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ.. Justin နဲ႔ Hailey တို႔ဟာ အမွန္တကယ္ကိုပဲ လက္ထပ္ပြဲႀကီးက်င္းပေတာ့မယ္ထင္လား..။ ဒါမွမဟုတ္ Justin ဆိုတဲ့သေကာင့္သားဟာ အရင့္အရင္အႀကိမ္ေတြတုန္းကလိုပဲ ေနာက္ဆုံးအခ်ိန္က်မွ ကပ္ၿပီး Selena ဆီကို ဝ႐ုန္းသုန္းကားနဲ႔ ျပန္ေျပးသြားမွာပဲထင္လား။ ေျပာခဲ့ၾကဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
Justin Bieber နဲ့ Hailey Baldwin ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က New York ရဲ့ ပန်းခြံတစ်ခုအတွင်းမှာ ငိုကြွေးနေခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။ မကြာခင်မှာလက်ထပ်တော့မှာဖြစ်ပြီး တစ်ကမ္ဘာလုံးကမျက်စိဒေါက်ထောက်စောင့်ကြည့်တာခံနေရတဲ့ မင်္ဂလာမောင်နှံဟာ လူအများရဲ့မြင်ကွင်းမှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့ခြင်းက ကမ္ဘာအနှံ့က ပရိသတ်တွေကို သို့လောသို့လောဖြစ်သွားစေခဲ့ပါတယ်။ ဒါ့အပြင် Justin ဟာ သူနှစ်တွေအကြာကြီးချစ်ခဲ့တဲ့ Selena ကို သစ္စာရှိရှိနဲ့စောင့်နေဖို့ဆုံးဖြတ်ထားရာကနေ ရုတ်တရက်ချက်ချင်းခဏအတွင်းဆိုသလိုပဲထပြီး Hailey နဲ့ လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်လေတော့ နေ့တွေကုန်လွန်လာချိန်မှာ သူ့ဆုံးဖြတ်ချက်ကိုသူ ဝေဝါးလာပြီးစိတ်ဆင်းရဲလို့ငိုနေတာလို့ ထင်ကြေးပေးမှုတွေလည်းအများအပြားရှိနေခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ Justin ကို TMZ media က သူငိုကြွေးခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ Justin က ရိုးရိုးရှင်းရှင်းလေးပဲ သူ့လက်ထဲမှာကိုင်ထားတဲ့စာအုပ်ကိုထောင်ပြပြီး “ဒါပဲလေ”လို့ ပြောကြားခဲ့ပါတယ်တဲ့။ အဲဒီစာအုပ်က လက်ထပ်ခြင်းရဲ့ အနက်အဓိပ္ပါယ်လို့အမည်ရတဲ့စာအုပ်ဖြစ်ပြီး လူနှစ်ယောက်အတူဘဝတစ်ခုကိုတည်ထောင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘုရားသခင်ရဲ့ ညဏ်ပညာကိုအမှီပြုပြီးဖြေရှင်းရမယ့်အကြောင်းခရေစေ့တွင်းကျရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။

“ဘဝမှာ ပျော်ရွှင်စရာနေ့တွေလည်းရှိသလို အဆင်မပြေတဲ့နေ့တွေလည်းရှိမယ်၊ တကယ်လို့ အားလုံးအဆင်ပြေနေမယ်ဆိုရင် အဲ့ဒါက အစစ်အမှန်မဖြစ်နိုင်ဘူးလေ”လို့ Justin က ပြောကြားခဲ့ပါသေးတယ်။ ဆိုလိုချင်တာက သူတို့စုံတွဲမှာ အဆင်မပြေတဲ့နေ့တစ်ချို့ရှိခဲ့ပြီး ငိုကြွေးခဲ့တဲနေ့ဟာလည်း အဲဒီအဆင်မပြေတဲ့နေ့တွေထဲကတစ်ရက်သာဖြစ်ပြီး ဒီလိုအဆင်မပြေတဲ့နေ့တွေရှိခြင်းအားဖြင့် သူတို့နှစ်ယောက်ကြားက အချစ်ဟာ အစစ်အမှန်ဖြစ်ကြောင်း Justin က ပရိသတ်တွေကိုသော်လည်းကောင်း သူ့ကိုယ်သူသော်လည်းကောင်း သက်သေပြချင်ခဲ့ပုံပေါ်ပါတယ်။

ဒီအဖြေက သူတို့နှစ်ဦးရဲ့မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရတဲ့ကိစ္စရပ်ရဲ့ ရှင်းလင်းတဲ့အဖြေစစ်စစ်တစ်ခုမဟုတ်ခဲ့ပေမယ့်လည်း ပရိသတ်တွေက အဲ့ဒါထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့အရာကိုသတိပြုမိသွားခဲ့ပါတယ်။ အဲ့ဒါကတော့ Justin ဖတ်နေတဲ့စာအုပ်ဟာ လက်ထပ်ခြင်းအနုပညာလို့ခေါ်ဆိုရမယ့် စာအုပ်မျိုးလည်းဖြစ်တာကြောင့် အခုတလောပျံ့နံ့နေတဲ့ကောလဟလတွေလိုပဲ သူတို့နှစ်ဦးက တိတ်တိတ်လေးလက်ထပ်ပြီးဖြစ်နေပြီလားဆိုတဲ့အချက်ပါပဲ။ ဒါတင်မဟုတ်သေးပါဘူး။ Justin အဲဒီလိုဖြေပြီးနောက်တစ်ရက်မှာပဲ သူတို့စုံတွဲဟာ မြို့လည်ကောင်က Saloon တစ်ခုကိုတက်ညီလက်ညီချီတက်သွားခဲ့ကြပြီး Justin က သူ့ရဲ့ခြေမျက်စိအထိထားမယ်လို့ကြိမ်းဝါးခဲ့တဲ့ ဆံပင်ရှည်တွေကိုညှပ်ပစ်ခဲ့ပါတယ်။ ဆံပင်ညှပ်ခုံပေါ်မှာ Justin က မျက်နှာအမျိုးမျိုးပြောင်နေတဲ့အချိန် Hailey ကတော့ Justin ရဲ့ ဘေးမှာထိုင်ပြီး သူ့ချစ်သူကို ခပ်ပြုံးပြုံးငေးနေခဲ့ပါတယ်။ ဆံပင်ညှပ်ပြီးသွားတဲ့ Justin ဟာ အရင်လိုညင်းသိုးသိုးမဟုတ်တော့ပဲ တမုဟုတ်ချင်းသန့်ပြန့်သွားပြီး ငယ်ရုပ်ကလေးတောင်တစ်ဖန်ပြန်ပေါ်လာသလိုပါပဲ။ ဒီတော့.. မကြာခင်မှာကျင်းပတော့မယ့်လက်ထပ်ပွဲအတွက် Justin က ဆံပင်ညှပ်လိုက်တာပဲဖြစ်ရမယ်လို့ ပရိသတ်တွေက ကောက်ချက်ဆွဲနေပြန်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. Justin နဲ့ Hailey တို့ဟာ အမှန်တကယ်ကိုပဲ လက်ထပ်ပွဲကြီးကျင်းပတော့မယ်ထင်လား..။ ဒါမှမဟုတ် Justin ဆိုတဲ့သကောင့်သားဟာ အရင့်အရင်အကြိမ်တွေတုန်းကလိုပဲ နောက်ဆုံးအချိန်ကျမှ ကပ်ပြီး Selena ဆီကို ဝရုန်းသုန်းကားနဲ့ ပြန်ပြေးသွားမှာပဲထင်လား။ ပြောခဲ့ကြဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top