စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

Justin တစ္ေယာက္ကေတာ့ ဘယ္အညိဳးနဲ႔မ်ား ရက္စက္ေနသလဲမသိဘူးလို႔ေတာင္ဆိုရမွာပါ။ နွစ္ေပါင္းဆယ္နွစ္ေလာက္တြဲလာၾကတဲ့ Justin နဲ႔ Selena တို႔နွစ္ဦး အျပန္အလွန္ၾကင္နာယုယျပီးခ်စ္ၾကည္နူးတစ္တီတူးေနခဲ့ၾကတဲ့ျမင္ကြင္းေတြက လြန္ခဲ့တဲ့ေျခာက္လေလာက္ကမွျဖစ္ပ်က္ခဲ့တာျဖစ္ျပီး အိုေဟာင္းမသြားေသးပဲ တစ္ကမၻာလံုးက ပရိသတ္ေတြၾကားထဲမွာပလူပ်ံေနဆဲပါ။ ဒါေပမယ့္ Justin တစ္ေယာက္ကေတာ့ အျခားမိန္းကေလးတစ္ဦးနဲ႔လက္ထပ္ဖို႔အစစအရာရာအဆင္သင့္ျဖစ္ေနခဲ့ပါျပီ။

ကုိယ္နွစ္ရွည္လမ်ားခ်စ္ခဲ့တဲ့ ေယာက္်ားတစ္ေယာက္က အျခားမိန္းကေလးတစ္ေယာက္နဲ႔လက္ထပ္ေတာ့မယ့္အျဖစ္ဟာ ျပံဳးျပံဳးေလးေက်ာ္သြားရေလာက္ေအာင္လြယ္ကူတဲ့အရာတစ္ခုေတာ့မဟုတ္ပါဘူး။ ဘယ္ေလာက္ပဲမခံစားရပါဘူးလုိ႔ေျပာေျပာ အနည္းနဲ႔အမ်ားေတာ့နာက်င္ရတာခ်ည္းပါပဲ။ Selena ဟာလည္း မိန္းကေလးေတြထဲကမိန္းကေလးတစ္ဦးပဲမို႔ နာက်င္ရမွာအေသအခ်ာပါ။ အထူးသျဖင့္သူခ်စ္တဲ့ေယာက္်ားက ကမၻာၾကီးရဲ႕ဘယ္ေနရာမွာမွ ေရွာင္ပုန္းလို႔မလြတ္နုိင္တဲ့ ကမၻာေက်ာ္အဆိုေတာ္တစ္ဦးျဖစ္ေနတဲ့အခါမ်ိဳးမွာေပါ့။ Justin ရဲ႕အေငြ႕အသက္ေတြကလြတ္တဲ့ေနရာကိုသြားခ်င္ရင္ Selena အဖို႔ အဂၤါျဂိဳလ္ေပၚမွာသြားေနမွပဲရပါလိမ့္မယ္။ ပုိဆိုးတာက သူတို႔နွစ္ဦးရဲ႕အခ်စ္ေရးဟာ တစ္ကမၻာလံုးကပရိသတ္ေတြေရွ႕မွာနွစ္ေတြအၾကာၾကီးျဖစ္ပ်က္လာခဲ့ၾကျပီး ပရိသတ္ေတြကလည္း သူတို႔နွစ္ေယာက္ကုိပဲ သေဘာတူတဲ့အေၾကာင္း မျပီးနုိင္မစီးနုိင္ေျပာေနၾကတဲ့အခါ Selena မွာ ပရိသတ္ေတြနဲ႔ ဖက္ငုိေနရမလားေတာင္ မသိေတာ့ပါဘူး။ Selena က Justin ကုိ ထားခဲ့တယ္ဆိုလည္းပဲ ခဏတာခြဲေနၾကမယ္လုိ႔သာေျပာခဲ့တာျဖစ္ျပီး Selena ဘက္က သူမအေမကုိ ေျဖာင့္ဖ်ဖို႔အခ်ိန္အနည္းငယ္ယူခဲ့တာပါ။ ဒါကုိ Selena မရွိရင္အသက္မရွင္နုိင္ပါဘူးဆိုတဲ့ Justin က Selena ထြက္သြားျပီး ေလးလေလာက္သာၾကာတဲ့အခ်ိန္မွာ အျခားတစ္ေယာက္နဲ႔ ေကာက္တြဲလိုက္ျပီး လက္ထပ္မယ္ဆိုတဲ့အထိ ျဖစ္သြားေတာ့တာပါပဲ။

Justin ဘက္ကေတာ့ အေျခအေနဘယ္လိုရွိတယ္မသိေပမယ့္ Selena က သူမရဲ႕ဖုန္းထဲက couple photo ေတြကုိမဖ်က္ရက္နုိင္ပဲ ၾကည့္ေနခဲ့တာကို သူငယ္ခ်င္းအခ်ိဳ႕ကမိသြားခဲ့တယ္လို႔ Selena နဲ႔ရင္းနွီးတဲ့သူငယ္ခ်င္းတစ္ေယာက္ေျပာစကားအရ The Hollywood Life Megazine က ေဖာ္ျပခဲ့ပါတယ္။ အခုလည္းတစ္ဖန္ Selena နဲ႔ ရင္းနွီးသူတစ္ေယာက္က Selena ဟာ Justin ရဲ႕ ရက္စက္မႈေတြေၾကာင့္ အသည္းကြဲေနရေၾကာင္းေျပာျပလာျပန္ပါတယ္။

Justin က သိပ္မၾကာခင္ကပဲ Hailey Baldwin နဲ႔အတူေနဖို႔ဆုိျပီး သူ႔ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ Canada, Ontario မွာ ေဒၚလာငါးသန္းတန္ဧရာမျခံၾကီးတစ္ျခံကုိ ဝယ္ယူလုိက္ပါတယ္။ Hollywood ရဲ႕ အရႈပ္အေထြးေတြနဲ႔ေဝးရာအရပ္မွာေပါ့။ ဒီသတင္းကိုၾကားရတဲ့ Selena က ဟန္မေဆာင္နုိင္ေအာင္ေၾကကြဲဝမ္းနည္းသြားခဲ့တယ္လို႔သိရပါတယ္။ ေအးခ်မ္းတဲ့ျမိဳ႕ငယ္ေလးမွာ ျခံေလးတစ္ျခံနဲ႔တိတ္ဆိတ္ျငိမ္သက္တဲ့ပတ္ဝန္းက်င္နဲ႔ အေျခခ်ေနထုိင္ျပီး ေရကူးကန္ပါတဲ့အိမ္ၾကီးထဲမွာ Justin နဲ႔ ရတဲ့ ရင္ေသြးေတြကုိျပဳစုေစာင့္ေရွာက္ဖို႔ဆိုတာ Justin နဲ႔နွစ္ေယာက္အတူတူ နွစ္ေတြအၾကာၾကီးမက္ခဲ့တဲ့အိပ္မက္တစ္ခုျဖစ္ခဲ့တယ္လို႔ Selena က ေျပာပါတယ္တဲ့။ အခုေတာ့ Justin က အဲ့ဒါကိုအျခားမိန္းမတစ္ေယာက္နဲ႔ျပဳလုပ္ေနပါျပီ။ Justin ရဲ႕ အဲဒီအျပဳအမူဟာ Justin တစ္ေယာက္ တကယ္ကုိပဲ Hailey နဲ႔ ေသခ်ာေပါက္လက္ထပ္ေတာ့မယ္ဆိုတဲ့ လကၡဏာပဲလို႔ Selena က မွတ္ယူသြားခဲ့ပါျပီ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ..Justin က Hailey နဲ႔ တကယ္ၾကီးလက္ထပ္ေတာ့မယ္လို႔ယံုၾကည္လား။ ဒါမွမဟုတ္ Selena ရဲ႕ မ်က္ရည္စေတြကုိေတြ႕တဲ့အခါ အရာအားလံုးကုိပစ္ခ်ျပီး Selena အနားကုိျပန္ေရာက္လာမယ္လို႔ထင္လား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
Justin တစ်ယောက်ကတော့ ဘယ်အညိုးနဲ့များ ရက်စက်နေသလဲမသိဘူးလို့တောင်ဆိုရမှာပါ။ နှစ်ပေါင်းဆယ်နှစ်လောက်တွဲလာကြတဲ့ Justin နဲ့ Selena တို့နှစ်ဦး အပြန်အလှန်ကြင်နာယုယပြီးချစ်ကြည်နူးတစ်တီတူးနေခဲ့ကြတဲ့မြင်ကွင်းတွေက လွန်ခဲ့တဲ့ခြောက်လလောက်ကမှဖြစ်ပျက်ခဲ့တာဖြစ်ပြီး အိုဟောင်းမသွားသေးပဲ တစ်ကမ္ဘာလုံးက ပရိသတ်တွေကြားထဲမှာပလူပျံနေဆဲပါ။ ဒါပေမယ့် Justin တစ်ယောက်ကတော့ အခြားမိန်းကလေးတစ်ဦးနဲ့လက်ထပ်ဖို့အစစအရာရာအဆင်သင့်ဖြစ်နေခဲ့ပါပြီ။

ကိုယ်နှစ်ရှည်လများချစ်ခဲ့တဲ့ ယောက်ျားတစ်ယောက်က အခြားမိန်းကလေးတစ်ယောက်နဲ့လက်ထပ်တော့မယ့်အဖြစ်ဟာ ပြုံးပြုံးလေးကျော်သွားရလောက်အောင်လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ဘယ်လောက်ပဲမခံစားရပါဘူးလို့ပြောပြော အနည်းနဲ့အများတော့နာကျင်ရတာချည်းပါပဲ။ Selena ဟာလည်း မိန်းကလေးတွေထဲကမိန်းကလေးတစ်ဦးပဲမို့ နာကျင်ရမှာအသေအချာပါ။ အထူးသဖြင့်သူချစ်တဲ့ယောက်ျားက ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမှ ရှောင်ပုန်းလို့မလွတ်နိုင်တဲ့ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်နေတဲ့အခါမျိုးမှာပေါ့။ Justin ရဲ့အငွေ့အသက်တွေကလွတ်တဲ့နေရာကိုသွားချင်ရင် Selena အဖို့ အင်္ဂါဂြိုလ်ပေါ်မှာသွားနေမှပဲရပါလိမ့်မယ်။ ပိုဆိုးတာက သူတို့နှစ်ဦးရဲ့အချစ်ရေးဟာ တစ်ကမ္ဘာလုံးကပရိသတ်တွေရှေ့မှာနှစ်တွေအကြာကြီးဖြစ်ပျက်လာခဲ့ကြပြီး ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကိုပဲ သဘောတူတဲ့အကြောင်း မပြီးနိုင်မစီးနိုင်ပြောနေကြတဲ့အခါ Selena မှာ ပရိသတ်တွေနဲ့ ဖက်ငိုနေရမလားတောင် မသိတော့ပါဘူး။ Selena က Justin ကို ထားခဲ့တယ်ဆိုလည်းပဲ ခဏတာခွဲနေကြမယ်လို့သာပြောခဲ့တာဖြစ်ပြီး Selena ဘက်က သူမအမေကို ဖြောင့်ဖျဖို့အချိန်အနည်းငယ်ယူခဲ့တာပါ။ ဒါကို Selena မရှိရင်အသက်မရှင်နိုင်ပါဘူးဆိုတဲ့ Justin က Selena ထွက်သွားပြီး လေးလလောက်သာကြာတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ ကောက်တွဲလိုက်ပြီး လက်ထပ်မယ်ဆိုတဲ့အထိ ဖြစ်သွားတော့တာပါပဲ။

Justin ဘက်ကတော့ အခြေအနေဘယ်လိုရှိတယ်မသိပေမယ့် Selena က သူမရဲ့ဖုန်းထဲက couple photo တွေကိုမဖျက်ရက်နိုင်ပဲ ကြည့်နေခဲ့တာကို သူငယ်ချင်းအချို့ကမိသွားခဲ့တယ်လို့ Selena နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ပြောစကားအရ The Hollywood Life Megazine က ဖော်ပြခဲ့ပါတယ်။ အခုလည်းတစ်ဖန် Selena နဲ့ ရင်းနှီးသူတစ်ယောက်က Selena ဟာ Justin ရဲ့ ရက်စက်မှုတွေကြောင့် အသည်းကွဲနေရကြောင်းပြောပြလာပြန်ပါတယ်။

Justin က သိပ်မကြာခင်ကပဲ Hailey Baldwin နဲ့အတူနေဖို့ဆိုပြီး သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ Canada, Ontario မှာ ဒေါ်လာငါးသန်းတန်ဧရာမခြံကြီးတစ်ခြံကို ဝယ်ယူလိုက်ပါတယ်။ Hollywood ရဲ့ အရှုပ်အထွေးတွေနဲ့ဝေးရာအရပ်မှာပေါ့။ ဒီသတင်းကိုကြားရတဲ့ Selena က ဟန်မဆောင်နိုင်အောင်ကြေကွဲဝမ်းနည်းသွားခဲ့တယ်လို့သိရပါတယ်။ အေးချမ်းတဲ့မြို့ငယ်လေးမှာ ခြံလေးတစ်ခြံနဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်နဲ့ အခြေချနေထိုင်ပြီး ရေကူးကန်ပါတဲ့အိမ်ကြီးထဲမှာ Justin နဲ့ ရတဲ့ ရင်သွေးတွေကိုပြုစုစောင့်ရှောက်ဖို့ဆိုတာ Justin နဲ့နှစ်ယောက်အတူတူ နှစ်တွေအကြာကြီးမက်ခဲ့တဲ့အိပ်မက်တစ်ခုဖြစ်ခဲ့တယ်လို့ Selena က ပြောပါတယ်တဲ့။ အခုတော့ Justin က အဲ့ဒါကိုအခြားမိန်းမတစ်ယောက်နဲ့ပြုလုပ်နေပါပြီ။ Justin ရဲ့ အဲဒီအပြုအမူဟာ Justin တစ်ယောက် တကယ်ကိုပဲ Hailey နဲ့ သေချာပေါက်လက်ထပ်တော့မယ်ဆိုတဲ့ လက္ခဏာပဲလို့ Selena က မှတ်ယူသွားခဲ့ပါပြီ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော..Justin က Hailey နဲ့ တကယ်ကြီးလက်ထပ်တော့မယ်လို့ယုံကြည်လား။ ဒါမှမဟုတ် Selena ရဲ့ မျက်ရည်စတွေကိုတွေ့တဲ့အခါ အရာအားလုံးကိုပစ်ချပြီး Selena အနားကိုပြန်ရောက်လာမယ်လို့ထင်လား။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top