iMyanmarHouse.com - Best Property Website for Myanmar
×
source: Mai Mai Seng
Credit: PoPin
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာအိုင်ဒေါ မိသားစုဝင်တစ်ဦးဖြစ်တဲ့ season 2 Number 4 ပြိုင်ပွဲဝင် မိုင်းမိုင်ဆန်းကတော့ ကိုယ်တစ်ခွန်းဆဲရင်ကိုယ့် idol ၁ ခွန်းဆဲခံရမယ်..ကိုယ်ကမပြီးနိုင်မစီးနိုင် ဆဲနေရင် ကိုယ် idol လည်းမပြီးနိုင်မစီးနိုင်ဆဲခံနေရမယ်လို့ ပြောဆိုလိုက်ပါတယ်။ Rockerမလေး မိုင်းမိုင်ဆန် ဟာ Myanmar Idol Season 2 မှာ ပရိသတ်တွေအားပေးမှုကို ရရှိထားတာလည်းဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာကျန်ရှိတဲ့ ဖြိုးမြတ်အောင် နဲ့ ချမ်းမြေ့မောင်ချိုပရိသတ်တချို့ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ပွဲဆူနေချိန်မှာ မိုင်းမိုင်ဆန်က သူမရဲ့ ဖေ့ဘုတ်ကနေ ခုလိုအကျိူးသင့်အကြောင်းသင့် ပြောလိုက်တာပဲ ဖြစ်ပါတယ်။
မိုင်းမိုင်ဆန်ကတော့ “ဘယ်သူwinner ဖြစ်ဖြစ်ဖြစ် ခင်များတို့အတွက် တစ်ခုမှမပါဘူး..အနည်းဆုံးပါရင် အလှူတွေလုပ်တဲ့အခါခင်များတို့ အတွက်We love အဖွဲ့ဆိုပြီးခေါင်းစဉ်တပ်ရုံဘဲလုပ်ပေးလို့ရမှာ..စိတ်ဆိုးလည်းနာလည်းမတတ်နိုင်ဘူးဒါအမှန်တရားဘဲ…ကိုယ်တိုင်တွေလည်းအဲ့လိုဘဲဖြတ်သန်းခဲ့ဖူးလို့ပြောတာ..အလကားနေ ဆဲနေကြတာ.. winner ရတဲ့ပိုက်ဆံတွေနဲ့ တိုက်ဆောက်ပေးမယu်များကတိပေးထားကြလို့ အဲလောက်ကြီးဝိုင်းဆဲနေကြတာလား… ဘာမျှော်လင့်ချက်မပါဘူးဒီတိုင်း အားပေးတာဆိုလည်းဆဲဆိုမနေနဲ့လေ..ဆဲနေလို့ထူးတာတစ်ခုခုများရှိလာလို့လား?? ထူးတော့ထူးလာတယ် ၂ ယောက်လုံး စိတ်ထောင်းကိုယ်ကြေစိတ်ဓာတ်တွေနာလံမထူနိုင်အောင်ကျသွားကြတာဘဲ…လိုချင်မြင်ချင်နေတာအဲ့လိုပုံစံမျိုးလားအရပ်ကတို့ရေးးး…” လို့ဆဲဆိုလို့ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲပြသနာတွေကို ထောက်ပြထားပါတယ်။
ဆက်လက်ပြီး “၂ဖက်လုံးကကိုယ်စီချစ်တဲ့သူတွေကြောင့်တက်လာတာ..မသိရင်ဘဲ ဟိုဖက်ကို ကိုယ့်ပိုက်ဆံတွေပါသွားသလိုလိုကိုယ်တစ်ခွန်းဆဲရင်ကိုယ့် idol ၁ ခွန်းဆဲခံရမယ်..ကိုယ်ကမပြီးနိုင်မစီးနိုင် ဆဲနေရင် ကိုယ် idol လည်းမပြီးနိုင်မစီးနိုင်ဆဲခံနေရပြီး စိတ်ဓာတ်တွေဂျုံးဂျုံးကျ နေကြတာ မမြင်ကြတာလားကွယ်..သူတို့နေရာမှာ ကိုယ့်သားကိုယ့်သမီးသာဆိုရင်ဆိုပြီး ခနလေးဘဲသူတို့နေရာမှာဝင်ကြည့်လိုက်စမ်းပါ”လို့ကိုယ်ချင်းစာစိတ်ထားနိုင်အောင်ပြောဆိုလိုက်ပါတယ် ။ ပရိသတ်ကြီးရေ ကိုယ်အားပေးတဲ့ အိုင်ဒေါကို အားပေးပြီး တခြားသူကို ဆဲဆိုတာဟာ မိုင်းမိုင်ဆန်ပြောထားသလိုများဖြစ်နေမလား ……..မှတ်ချက်မှာ ထင်မြင်ချက်သဘောထားလေးတွေရေးခဲ့ကြပါဦးနော်။
source: Mai Mai Seng
ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top