iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်ာမနီႏုိင္ငံက အဘုိးအုိႏွစ္ဦးဟာ ဘုိးဘြားေဂဟာကေန ခုိးထြက္ၿပီး Heavy Metal ေတးဂီတေဖ်ာ္ေျဖပြဲ သြားေရာက္ၾကည့္႐ႈခဲ့ၾကပါတယ္။ (ဒီသတင္း ဖတ္ရေတာ့ Rock Will Never Die လုိ႔ ေခါင္းစဥ္တပ္ထားတဲ့ Michael Schenker Group ရဲ႕ အယ္လ္ဘမ္ကုိေတာင္ သတိရမိပါေသးတယ္ – – စကားခ်ပ္)

ဂ်ာမနီႏုိင္ငံေျမာက္ပုိင္း ရွလက္ဖီဟုိစတုိင္းျပည္နယ္ ဒစ္မာရွင္ခ႐ုိင္က ဘုိးဘြားေဂဟာမွာ အဘုိးအုိႏွစ္ဦး ေပ်ာက္ဆုံးသြားလုိ႔ ဘုိးဘြားေဂဟာ ဝန္ထမ္းက စိတ္ပူၿပီး ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့ပါတယ္။ ၾသဂုတ္လ ၄ ရက္ေန႔ နံနက္ ၃ နာရီ အခ်ိန္မွာ ဂ်ာမနီကင္းလွည့္တပ္ဖြဲ႕က အဘုိးအုိႏွစ္ဦးကုိ ေတြ႕ရွိခဲ့ပါတယ္။

အဘုိးအုိႏွစ္ဦးက ကမာၻ႔အႀကီးက်ယ္ဆုံး Heavy Metal ေတးဂီတ ေဖ်ာ္ေျဖပြဲျဖစ္တဲ့ Wacken Open Air ကုိ သြားေနတာျဖစ္ၿပီး ရဲတပ္ဖြဲ႕နဲ႔ ျပန္လုိက္ခ်င္စိတ္ မရွိခဲ့ပါဘူး။ အဲဒီအတြက္ ရဲတပ္ဖြဲ႕က အဘုိးအုိႏွစ္ဦးကုိ အငွားကားေပၚတင္ၿပီး သူတုိ႔ကုိယ္တုိင္ ရဲကားနဲ႔ ေနာက္ကလုိက္ရင္း ဘုိးဘြားေဂဟာျျပန္ပုိ႔ခဲ့ရပါတယ္။

Wacken Open Air ေတးဂီတ ေဖ်ာ္ေျဖပြဲကုိ ႏွစ္စဥ္ႏွစ္တုိင္း သုံးရက္ၾကာ က်င္းပေလ့ရွိၿပီး ၂၉ ႀကိမ္ေျမာက္ျဖစ္တဲ့ အခုေဖ်ာ္ေျဖပြဲမွာ လက္မွတ္ ၇၅,၀၀၀ ေရာင္းကုန္ခဲ့ပါတယ္။ ဒီပြဲမွာ ၿဗိတိန္ႏုိင္ငံက Judas Priest အဖြဲ႕၊ အေမရိကန္ႏုိင္ငံက Danzig အဖြဲ႕နဲ႔ ဖင္လန္ႏုိင္ငံက Nightwish အဖြဲ႕ေတြ အပါအဝင္ ေတးဂီတအဖြဲ႕ ေတာ္ေတာ္မ်ားမ်ား လာေရာက္ေဖ်ာ္ေျဖခဲ့ၾကပါတယ္။

Ref: CNN ”German pensioners flee retirement home for heavy metal festival”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nz (႐ုိးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ဂျာမနီနိုင်ငံက အဘိုးအိုနှစ်ဦးဟာ ဘိုးဘွားဂေဟာကနေ ခိုးထွက်ပြီး Heavy Metal တေးဂီတဖျော်ဖြေပွဲ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ (ဒီသတင်း ဖတ်ရတော့ Rock Will Never Die လို့ ခေါင်းစဉ်တပ်ထားတဲ့ Michael Schenker Group ရဲ့ အယ်လ်ဘမ်ကိုတောင် သတိရမိပါသေးတယ် – – စကားချပ်)

ဂျာမနီနိုင်ငံမြောက်ပိုင်း ရှလက်ဖီဟိုစတိုင်းပြည်နယ် ဒစ်မာရှင်ခရိုင်က ဘိုးဘွားဂေဟာမှာ အဘိုးအိုနှစ်ဦး ပျောက်ဆုံးသွားလို့ ဘိုးဘွားဂေဟာ ဝန်ထမ်းက စိတ်ပူပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။ သြဂုတ်လ ၄ ရက်နေ့ နံနက် ၃ နာရီ အချိန်မှာ ဂျာမနီကင်းလှည့်တပ်ဖွဲ့က အဘိုးအိုနှစ်ဦးကို တွေ့ရှိခဲ့ပါတယ်။

အဘိုးအိုနှစ်ဦးက ကမ္ဘာ့အကြီးကျယ်ဆုံး Heavy Metal တေးဂီတ ဖျော်ဖြေပွဲဖြစ်တဲ့ Wacken Open Air ကို သွားနေတာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ပြန်လိုက်ချင်စိတ် မရှိခဲ့ပါဘူး။ အဲဒီအတွက် ရဲတပ်ဖွဲ့က အဘိုးအိုနှစ်ဦးကို အငှားကားပေါ်တင်ပြီး သူတို့ကိုယ်တိုင် ရဲကားနဲ့ နောက်ကလိုက်ရင်း ဘိုးဘွားဂေဟာြပြန်ပို့ခဲ့ရပါတယ်။

Wacken Open Air တေးဂီတ ဖျော်ဖြေပွဲကို နှစ်စဉ်နှစ်တိုင်း သုံးရက်ကြာ ကျင်းပလေ့ရှိပြီး ၂၉ ကြိမ်မြောက်ဖြစ်တဲ့ အခုဖျော်ဖြေပွဲမှာ လက်မှတ် ၇၅,၀၀၀ ရောင်းကုန်ခဲ့ပါတယ်။ ဒီပွဲမှာ ဗြိတိန်နိုင်ငံက Judas Priest အဖွဲ့၊ အမေရိကန်နိုင်ငံက Danzig အဖွဲ့နဲ့ ဖင်လန်နိုင်ငံက Nightwish အဖွဲ့တွေ အပါအဝင် တေးဂီတအဖွဲ့ တော်တော်များများ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။

Ref: CNN ”German pensioners flee retirement home for heavy metal festival”

ဖိုးသူတော် (www.phothutaw.com)
Credit: Nz (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top