iMyanmarHouse.com - Best Property Website for Myanmar
×

လက္တေလာျဖစ္ပ်က္ေနတဲ့ လူသတ္မႈေတြထဲက မ်ားစြာနစ္နာစရာတစ္ခုျဖစ္ခဲ့ရတဲ့ ေက်ာက္ဆည္ GTI ေက်ာင္းမွ MPေနာက္ဆုံးႏွစ္ေက်ာင္းသားတစ္ဦးရဲ႕ အျဖစ္အပ်က္ကိုေတာ့ အားလုံးဝမ္းနည္းစရာၾကားသိခဲ့ရမယ္ထင္ပါတယ္။
 
 ၾသဂုတ္လ ၂၉ရက္ေန႕ ည ၉နာရီခြဲ ဝန္းက်င္ေလာက္က ေသဆုံးသူ ေနမင္းထက္ႏွင့္အတူ သူငယ္ခ်င္းတစ္ဦးတို႔က ဆိုင္ကယ္အတူစီးလာရင္း ဖုန္းထဲကဂိမ္းကိုေဆာ့လာရာမွာ လူ၃ေယာက္စီးလာတဲ့ ဆိုင္ကယ္က သူတို႔ေဘးကယွဥ္လိုက္လာၿပီး ဖုန္းကို လုယူတယ္လို႔ မိသားစုဝင္ေတြက ေျပာျပပါတယ္။
 
ဖုန္းလုရင္း ဆိုင္ကယ္လဲသြားေတာ့ ေက်ာင္းသားႏွစ္ေယာက္ကို ထိုးႀကိတ္တာမွာ ေနမင္းထက္ကို ဓားနဲ႕ထိုးမႈျဖစ္စဥ္ျဖစ္ခဲ့ေၾကာင္း အဆိုပါေနရာအနားရွိ စတိုးဆိုင္ရဲ႕ cctv မွတ္တမ္းအရေတြ႕ရပါတယ္။

အဆိုပါ ဓားထိုးမႈဒဏ္ရာေၾကာင့္ ေဆး႐ုံသို႔ေခၚေဆာင္ခဲ့ရၿပီးတစ္ခ်က္တည္းေသာဓားခ်က္က ႏွလုံးကိုေဖာက္ဝင္ခဲ့ၿပီး ေသဆုံးခဲ့ေၾကာင္း ေက်ာက္ဆည္ရဲစခန္းမႉးက ေျပာျပခဲ့ပါတယ္။ အဆိုပါ ျပစ္မႈက်ဴးလြန္သူ သုံးဦးအားအခင္းျဖစ္ပြားၿပီးေနာက္ တစ္နာရီးအတြင္းမွာ ဖမ္းဆီးရမိခဲ့ေၾကာင္း ေနမင္းထက္ရဲ႕ ဦးေလးျဖစ္သူ ဦးတိုးေဝၿဖိဳးက ေျပာပါတယ္။ 

အဆိုပါ ေသဆုံးသူ ေနမင္းထက္အတြက္ ဖခင္ျဖစ္သူ ေနျပည္ေတာ္ ၉၄၈ GE တပ္မွာ ဦးျမင့္သိန္းဝင္းစြာဝမ္းနည္းေၾကကြဲခဲ့ရၿပီး လက္ရွိေက်ာက္ဆည္ၿမိဳ႕ကိုျပန္လည္ေရာက္ရွိငိုေႂကြးေနရေၾကာင္း သိရပါတယ္။ ေသဆုံးသူေမာင္ေနမင္းထက္ရဲ႕ ႐ုပ္အေလာင္းကို ေနျပည္ေတာ္သို႔ျပန္လည္သယ္ေဆာင္ရန္ မိသားစုဝင္မ်ားက ျပင္ဆင္ေနၿပီး တရားခံသုံးဦးကိုေတာ့ ေက်ာက္ဆည္ရဲစခန္းမွာ ေသမႈေသခင္းအရ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။
 
 ေသဆုံးသူသားျဖစ္သူအတြက္ ငိုေႂကြးခံစားေနရတဲ့ မိဘေတြရဲ႕ ခံစားခ်က္ကို နားလည္ရင္း အမႈကိုအေကာင္းဆုံးရလဒ္ေတြနဲ႕ ဆုံးျဖတ္ေပးဖို႔ဆုေတာင္းေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: swelsonenews

#Unicode Version#
လက်တလောဖြစ်ပျက်နေတဲ့ လူသတ်မှုတွေထဲက များစွာနစ်နာစရာတစ်ခုဖြစ်ခဲ့ရတဲ့ ကျောက်ဆည် GTI ကျောင်းမှ MPနောက်ဆုံးနှစ်ကျောင်းသားတစ်ဦးရဲ့ အဖြစ်အပျက်ကိုတော့ အားလုံးဝမ်းနည်းစရာကြားသိခဲ့ရမယ်ထင်ပါတယ်။ သြဂုတ်လ ၂၉ရက်နေ့ ည ၉နာရီခွဲ ဝန်းကျင်လောက်က သေဆုံးသူ နေမင်းထက်နှင့်အတူ သူငယ်ချင်းတစ်ဦးတို့က ဆိုင်ကယ်အတူစီးလာရင်း ဖုန်းထဲကဂိမ်းကိုဆော့လာရာမှာ လူ၃ယောက်စီးလာတဲ့ ဆိုင်ကယ်က သူတို့ဘေးကယှဉ်လိုက်လာပြီး ဖုန်းကို လုယူတယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။ ဖုန်းလုရင်း ဆိုင်ကယ်လဲသွားတော့ ကျောင်းသားနှစ်ယောက်ကို ထိုးကြိတ်တာမှာ နေမင်းထက်ကို ဓားနဲ့ထိုးမှုဖြစ်စဉ်ဖြစ်ခဲ့ကြောင်း အဆိုပါနေရာအနားရှိ စတိုးဆိုင်ရဲ့ cctv မှတ်တမ်းအရတွေ့ရပါတယ်။

အဆိုပါ ဓားထိုးမှုဒဏ်ရာကြောင့် ဆေးရုံသို့ခေါ်ဆောင်ခဲ့ရပြီးတစ်ချက်တည်းသောဓားချက်က နှလုံးကိုဖောက်ဝင်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ရဲစခန်းမှူးက ပြောပြခဲ့ပါတယ်။ အဆိုပါ ပြစ်မှုကျူးလွန်သူ သုံးဦးအားအခင်းဖြစ်ပွားပြီးနောက် တစ်နာရီးအတွင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း နေမင်းထက်ရဲ့ ဦးလေးဖြစ်သူ ဦးတိုးဝေဖြိုးက ပြောပါတယ်။

အဆိုပါ သေဆုံးသူ နေမင်းထက်အတွက် ဖခင်ဖြစ်သူ နေပြည်တော် ၉၄၈ GE တပ်မှာ ဦးမြင့်သိန်းဝင်းစွာဝမ်းနည်းကြေကွဲခဲ့ရပြီး လက်ရှိကျောက်ဆည်မြို့ကိုပြန်လည်ရောက်ရှိငိုကြွေးနေရကြောင်း သိရပါတယ်။ သေဆုံးသူမောင်နေမင်းထက်ရဲ့ ရုပ်အလောင်းကို နေပြည်တော်သို့ပြန်လည်သယ်ဆောင်ရန် မိသားစုဝင်များက ပြင်ဆင်နေပြီး တရားခံသုံးဦးကိုတော့ ကျောက်ဆည်ရဲစခန်းမှာ သေမှုသေခင်းအရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သေဆုံးသူသားဖြစ်သူအတွက် ငိုကြွေးခံစားနေရတဲ့ မိဘတွေရဲ့ ခံစားချက်ကို နားလည်ရင်း အမှုကိုအကောင်းဆုံးရလဒ်တွေနဲ့ ဆုံးဖြတ်ပေးဖို့ဆုတောင်းပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: swelsonenews


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top