ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကိုယ့္ ကို သေဘာက်ေနတဲ့ အမ်ိဳးသားေတြ ရွိေနေပမယ့္ ကိုယ့္ဖက္ကေန မသိခ်င္ေယာင္ေဆာင္ၿပီး Friend Zone ထဲထည့္ထားရင္း သူငယ္ခ်င္းပဲ ဆက္လုပ္ခ်င္တဲ့အခါ ဒီအခ်က္ေလးေတြက အသံုးဝင္မယ္ထင္ပါတယ္။

1. ကိုယ္သေဘာက်တဲ့ ေကာင္ေလးေတြအေၾကာင္း ေျပာျပပါ
ကိုယ္ crush ေနတဲ့ ေကာင္ေလးေတြအေၾကာင္း ၊ ကိုယ့္ကို သေဘာက်ေနတဲ့ ေကာင္ေလးေတြအေၾကာင္း သူ႕ကို အျမဲဖြင့္ဟ တိုင္ပင္ပါ။ ကိုယ့္ရဲ႕ စိတ္ဝင္စားမႈ႕က အျခားအမ်ိဳးသားေတြအေပၚမွာသာ ရွိေၾကာင္း အခါအခြင့္သင့္တိုင္း ျပသပါ (မတတ္ႏိုင္ဘူးေလ စိတ္မဝင္စားဘူးဆိုတာေတာ့ မသိသိေအာင္ လုပ္ရမွာပဲေနာ့္)

2.သူနဲ႔ သူငယ္ခ်င္းျဖစ္ရတာ အရမ္းေပ်ာ္ရႊင္ေၾကာင္း ေျပာပါ
ဒီလို သူငယ္ခ်င္းမ်ိဳး တစ္ေယာက္ရွိတဲ့အတြက္ ဘယ္ေလာက္ဝမ္းသာေၾကာင္း ၊ ဒီလိုပဲ ေရွ႕ေလၽွာက္လည္း သူငယ္ခ်င္းအျဖစ္နဲ႔ အၾကာၾကီး အတူဆက္ရွိခ်င္ေၾကာင္း ၊ ကိုယ့္မွာ ဒီလိုသူငယ္ခ်င္းမ်ိဳးရွိတဲ့အတြက္ ဝမ္းသာေပ်ာ္ရႊင္မိေၾကာင္း မၾကာခဏေျပာပါ
(ကိုယ္စိတ္ထဲမွာ သူက သူငယ္ခ်င္းပဲဆိုတာ မၾကာခဏ ထုတ္ေဖာ္ျပသတာေပါ့ေနာ္)

3.သူနဲ႔ေတြ႕တဲ့အခါ အလြန္အၾကဴးမျပင္ဆင္ပါနဲ႔
သူနဲ႕ေတြ႕တဲ့အခါတိုင္း အထူးတည္ အလွျပင္ဆင္တာမ်ိဳး မလုပ္ပါနဲ႕။ သူနဲ႕ ေတြ႕ရဖို႔အတြက္ အခ်ိန္ေပး ျပင္ဆင္လာတဲ့ ပံုစံမ်ိဳး ၊ သူနဲ႕ေတြ႕ဖို႕ ရင္ခုန္စိတ္လႈပ္ရွားတဲ့ ပံုစံမ်ိဳးလည္း မျပသမိပါေစနဲ႔ ၊ တတ္ႏိုင္သမၽွ ေပါ့ေပါ့ပါးပါးေလးသာ ေတြ႕ဆံုပါ။
(ကိုယ့္ကို ျပင္ျပင္ဆင္ဆင္မေနတတ္တဲ့ မိန္းကေလးအျဖစ္ သူသိပါေစ)

4.ေဘာ္ဒါဆန္တဲ့ အသံုးအႏႈန္းမ်ားသာ အသံုးျပဳပါ
သူနဲ႔ေျပာဆို ဆက္ဆံတဲ့အခါတိုင္း တတ္ႏိုင္သမၽွ ေဘာ္ဒါဆန္တဲ့ စကားလံုးမ်ားကိုသာ သံုးႏႈန္းေျပာဆိုပါ။ ေရလာေျမာင္းေပး ဆန္တဲ့စကားမ်ိဳး၊ ကိုယ့္ဖက္က လမ္းဖြင့္ေပးတဲ့ စကားလံုးမ်ိဳး မသံုးမိေစဖို႔ အထူးဂရုျပဳပါ (ေအးပါ သားရီးရာ ဘာညာေပါ့ေနာ္ ဟဲ ဟဲ)

5.ဒဲ့ မသိခ်င္ေယာင္ ေဆာင္ပါ
သူ႔ဖက္ကေန ကိုယ့္ကို ခ်စ္ခင္ေၾကာင္း အရိပ္အေယာင္ ျပသတဲ့ စကားေတြ ေျပာလာခဲ့ရင္လည္း ဒဲ့ မသိခ်င္ေယာင္ ေဆာင္လိုက္ပါ။ အရူးကြက္နင္းျပီး စကားလမ္းေၾကာင္း လြဲပစ္တာတို႔၊ ခ်က္ခ်င္း စကားျဖတ္ျပစ္တာတို႔ လုပ္ႏိုင္ပါတယ္၊ ဒီေလာက္ဆိုရင္ သူလည္း သူ႔ကို Frind Zone ထဲမွာပဲ ထားေၾကာင္း နားလည္ သေဘာေပါက္သြားမွာပါ

ကဲ ဖိုးသူေတာ္ ပရိသတ္ၾကီးေရ အထက္မွာေဖာ္ျပခဲ့တဲ့အခ်က္ေလးေတြက ကိုယ့္ကိုခ်စ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ကို ေျဗာင္ျငင္းမျပစ္ခ်င္ဘူး၊ ရည္းစားလည္းမထားခ်င္ဘူး ဆိုရင္ ပညာသားပါပါျငင္းလို႔ရမယ့္ အကြက္ေလးေတြေပါ့ေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
# Unicode Version ျဖင့္ ဖတ္ပါ#
ကိုယ့် ကို သဘောကျနေတဲ့ အမျိုးသားတွေ ရှိနေပေမယ့် ကိုယ့်ဖက်ကနေ မသိချင်ယောင်ဆောင်ပြီး Friend Zone ထဲထည့်ထားရင်း သူငယ်ချင်းပဲ ဆက်လုပ်ချင်တဲ့အခါ ဒီအချက်လေးတွေက အသုံးဝင်မယ်ထင်ပါတယ်။

1. ကိုယ်သဘောကျတဲ့ ကောင်လေးတွေအကြောင်း ပြောပြပါ
ကိုယ် crush နေတဲ့ ကောင်လေးတွေအကြောင်း ၊ ကိုယ့်ကို သဘောကျနေတဲ့ ကောင်လေးတွေအကြောင်း သူ့ကို အမြဲဖွင့်ဟ တိုင်ပင်ပါ။ ကိုယ့်ရဲ့ စိတ်ဝင်စားမှု့က အခြားအမျိုးသားတွေအပေါ်မှာသာ ရှိကြောင်း အခါအခွင့်သင့်တိုင်း ပြသပါ (မတတ်နိုင်ဘူးလေ စိတ်မဝင်စားဘူးဆိုတာတော့ မသိသိအောင် လုပ်ရမှာပဲနော့်)

2.သူနဲ့ သူငယ်ချင်းဖြစ်ရတာ အရမ်းပျော်ရွှင်ကြောင်း ပြောပါ
ဒီလို သူငယ်ချင်းမျိုး တစ်ယောက်ရှိတဲ့အတွက် ဘယ်လောက်ဝမ်းသာကြောင်း ၊ ဒီလိုပဲ ရှေ့လျှောက်လည်း သူငယ်ချင်းအဖြစ်နဲ့ အကြာကြီး အတူဆက်ရှိချင်ကြောင်း ၊ ကိုယ့်မှာ ဒီလိုသူငယ်ချင်းမျိုးရှိတဲ့အတွက် ဝမ်းသာပျော်ရွှင်မိကြောင်း မကြာခဏပြောပါ
(ကိုယ်စိတ်ထဲမှာ သူက သူငယ်ချင်းပဲဆိုတာ မကြာခဏ ထုတ်ဖော်ပြသတာပေါ့နော်)

3.သူနဲ့တွေ့တဲ့အခါ အလွန်အကြူးမပြင်ဆင်ပါနဲ့
သူနဲ့တွေ့တဲ့အခါတိုင်း အထူးတည် အလှပြင်ဆင်တာမျိုး မလုပ်ပါနဲ့။ သူနဲ့ တွေ့ရဖို့အတွက် အချိန်ပေး ပြင်ဆင်လာတဲ့ ပုံစံမျိုး ၊ သူနဲ့တွေ့ဖို့ ရင်ခုန်စိတ်လှုပ်ရှားတဲ့ ပုံစံမျိုးလည်း မပြသမိပါစေနဲ့ ၊ တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးလေးသာ တွေ့ဆုံပါ။
(ကိုယ့်ကို ပြင်ပြင်ဆင်ဆင်မနေတတ်တဲ့ မိန်းကလေးအဖြစ် သူသိပါစေ)

4.ဘော်ဒါဆန်တဲ့ အသုံးအနှုန်းများသာ အသုံးပြုပါ
သူနဲ့ပြောဆို ဆက်ဆံတဲ့အခါတိုင်း တတ်နိုင်သမျှ ဘော်ဒါဆန်တဲ့ စကားလုံးများကိုသာ သုံးနှုန်းပြောဆိုပါ။ ရေလာမြောင်းပေး ဆန်တဲ့စကားမျိုး၊ ကိုယ့်ဖက်က လမ်းဖွင့်ပေးတဲ့ စကားလုံးမျိုး မသုံးမိစေဖို့ အထူးဂရုပြုပါ (အေးပါ သားရီးရာ ဘာညာပေါ့နော် ဟဲ ဟဲ)

5.ဒဲ့ မသိချင်ယောင် ဆောင်ပါ
သူ့ဖက်ကနေ ကိုယ့်ကို ချစ်ခင်ကြောင်း အရိပ်အယောင် ပြသတဲ့ စကားတွေ ပြောလာခဲ့ရင်လည်း ဒဲ့ မသိချင်ယောင် ဆောင်လိုက်ပါ။ အရူးကွက်နင်းပြီး စကားလမ်းကြောင်း လွဲပစ်တာတို့၊ ချက်ချင်း စကားဖြတ်ပြစ်တာတို့ လုပ်နိုင်ပါတယ်၊ ဒီလောက်ဆိုရင် သူလည်း သူ့ကို Frind Zone ထဲမှာပဲ ထားကြောင်း နားလည် သဘောပေါက်သွားမှာပါ

ကဲ ဖိုးသူတော် ပရိသတ်ကြီးရေ အထက်မှာဖော်ပြခဲ့တဲ့အချက်လေးတွေက ကိုယ့်ကိုချစ်နေတဲ့ ကောင်လေးတစ်ယောက်ကို ဗြောင်ငြင်းမပြစ်ချင်ဘူး၊ ရည်းစားလည်းမထားချင်ဘူး ဆိုရင် ပညာသားပါပါငြင်းလို့ရမယ့် အကွက်လေးတွေပေါ့နော်

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top