ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အခုေနာက္ပိုင္း Challenge ေတြအမ်ိဳးမ်ိဳးေခတ္စားလာၾကပါတယ္။ ဒီထဲကမွ စပါးေဘာလံုးကစားသမား Dele Alli ရဲ႕ေအာင္ပြဲခံအျပဳအမူက လက္တေလာမွာေရပန္းအစားဆံုးျဖစ္ေနပါတယ္။ ျပီးခဲ့တဲ့ ၾသဂုတ္လ (၁၁)ရက္ေန႔က နယူးကာဆယ္အသင္းနဲ႔ စပါးအသင္းတို႔ယွဥ္ျပိဳင္ကစားခဲ့တဲ့ပြဲမွာ စပါးအသင္းရဲ႕ကစားသမား ေဒလီအာလီက ေခါင္းတိုက္ဂိုးသြင္းျပီးေနာက္ လက္ဟန္သေကၤတနဲ႔ေအာင္ပြဲခံခဲ့တာပါ။ ဒီလက္ဟန္သေကၤတကေတာ့ အခုရက္ပိုင္း ေရပန္းအစားဆံုးျဖစ္ေနျပီး ေတာ္ေတာ္မ်ားမ်ားလုိက္လုပ္ေနၾကတဲ့ Challenge တစ္ခုပဲျဖစ္ပါတယ္။ Kiki Challenge ေတာင္ဒိတ္ေအာက္သြားျပီေျပာရမယ္။

ေဒလီအာလီ ဂိုးသြင္းျပီးတဲ့အခါတိုင္း ေအာင္ပြဲခံတဲ့ပံုစံကို ပရိသတ္ေတြျမင္ေနၾကမို႔ရိုးေနျပီျဖစ္ေပမဲ့ ဒီတစ္ၾကိမ္ ကင္မရာေတြေရွ႕မွာ လုပ္ျပလိုက္တဲ့အျပဳအမူကေတာ့ တမူထူးျခားတဲ့အတြက္ အားလံုးစိတ္၀င္စားသြားခဲ့ၾကပါတယ္။ ဒီလက္ပံုစံကို ေဒလီအာလီက ဘယ္လိုတတ္လာတာလဲ၊ သူ႔ဘာသာထြင္ထားတာလားဆိုတာလည္း ပရိသတ္ေတြသိခ်င္ေနၾကတဲ့ေမးခြန္းပါ။ ဒီအေၾကာင္းနဲ ႔ပက္​သက္​ၿပီး မန္ယူကစားသမား Jesse Lingard က ဒီပံုစံက သူ႔ဆီကေန ေဒလီအာလီက အတုခိုးခဲ့တာပါတဲ့။ ဒါေၾကာင့္ Dele Alli Challenge ကိုစတင္ထြင္ခဲ့တဲ့သူက မန္ယူကစားသမား Jesse Lingard ပဲျဖစ္ပါတယ္။

ဒီလက္ဟန္ပံုစံကို ဘယ္လိုလုပ္ရလဲဆိုေတာ့ လက္မနဲ႔လက္ညွိဳးကို အ၀ိုင္းပံုစံလုပ္ျပီး ေဇာက္ထိုးလွန္ မ်က္လံုးကို ကြင္း၊ က်န္တဲ့လက္သံုးေခ်ာင္းက နဖူးေပၚတင္တဲ့ပံုစံဆိုေတာ့ OK ဆိုတဲ့ပံုစံမ်ိဳးေပါ့။ ေျပာလိုက္ရင္ေတာ့ လြယ္တယ္ထင္ရေပမဲ့ တကယ္တမ္းလိုက္လုပ္ၾကည့္ရင္ေတာ့ လြယ္မေယာင္နဲ႔ခက္ပါတယ္။ ဒီပံုစံကို ေတာ္ေတာ္မ်ားမ်ားလုိက္လုပ္ၾကည့္ၾကေပမဲ့ ရတဲ့သူကရ၊ မရတဲ့သူေတြလည္း အမ်ားၾကီးရွိေနပါတယ္။ ျပည္ပအႏုပညာရွင္ေတြေရာ၊ ေဘာလံုးကစားသမားေတြေရာ၊ ေတာ္ေတာ္မ်ားမ်ားလိုက္လုပ္ၾကည့္ခဲ့ၾကတာပါ။ ျပည္တြင္းအႏုပညာရွင္ေတြျဖစ္တဲ့ မေအးေသာင္းတို႔၊ ဘီလီလမင္းေအးတို႔ပါ လုိက္လုပ္ၾကည့္ျပီး Challenge ေအာင္ျမင္ခဲ့ၾကတာေနာ္။ မိုမိုေလးပရိသတ္တို႔လည္း ေခတ္မီေအာင္ ဒီ Challenge ကိုလိုက္လုပ္ၾကည့္ၾကပါဦးေနာ္။လုပ္လို႔ရသြားျပီဆိုရင္ေတာ့ ကိုယ့္ရဲ႕ေအာင္ျမင္မႈကို Comment မွာ မွ်ေ၀ခဲ့ပါဦးလို႔…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: saladmm

Unicode Version
အခုနောက်ပိုင်း Challenge တွေအမျိုးမျိုးခေတ်စားလာကြပါတယ်။ ဒီထဲကမှ စပါးဘောလုံးကစားသမား Dele Alli ရဲ့အောင်ပွဲခံအပြုအမူက လက်တလောမှာရေပန်းအစားဆုံးဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၁)ရက်နေ့က နယူးကာဆယ်အသင်းနဲ့ စပါးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ စပါးအသင်းရဲ့ကစားသမား ဒေလီအာလီက ခေါင်းတိုက်ဂိုးသွင်းပြီးနောက် လက်ဟန်သင်္ကေတနဲ့အောင်ပွဲခံခဲ့တာပါ။ ဒီလက်ဟန်သင်္ကေတကတော့ အခုရက်ပိုင်း ရေပန်းအစားဆုံးဖြစ်နေပြီး တော်တော်များများလိုက်လုပ်နေကြတဲ့ Challenge တစ်ခုပဲဖြစ်ပါတယ်။ Kiki Challenge တောင်ဒိတ်အောက်သွားပြီပြောရမယ်။

ဒေလီအာလီ ဂိုးသွင်းပြီးတဲ့အခါတိုင်း အောင်ပွဲခံတဲ့ပုံစံကို ပရိသတ်တွေမြင်နေကြမို့ရိုးနေပြီဖြစ်ပေမဲ့ ဒီတစ်ကြိမ် ကင်မရာတွေရှေ့မှာ လုပ်ပြလိုက်တဲ့အပြုအမူကတော့ တမူထူးခြားတဲ့အတွက် အားလုံးစိတ်ဝင်စားသွားခဲ့ကြပါတယ်။ ဒီလက်ပုံစံကို ဒေလီအာလီက ဘယ်လိုတတ်လာတာလဲ၊ သူ့ဘာသာထွင်ထားတာလားဆိုတာလည်း ပရိသတ်တွေသိချင်နေကြတဲ့မေးခွန်းပါ။ ဒီအကြောင်းနဲ့ပက်သက်ပြီး မန်ယူကစားသမား Jesse Lingard က ဒီပုံစံက သူ့ဆီကနေ ဒေလီအာလီက အတုခိုးခဲ့တာပါတဲ့။ ဒါကြောင့် Dele Alli Challenge ကိုစတင်ထွင်ခဲ့တဲ့သူက မန်ယူကစားသမား Jesse Lingard ပဲဖြစ်ပါတယ်။

ဒီလက်ဟန်ပုံစံကို ဘယ်လိုလုပ်ရလဲဆိုတော့ လက်မနဲ့လက်ညှိုးကို အဝိုင်းပုံစံလုပ်ပြီး ဇောက်ထိုးလှန် မျက်လုံးကို ကွင်း၊ ကျန်တဲ့လက်သုံးချောင်းက နဖူးပေါ်တင်တဲ့ပုံစံဆိုတော့ OK ဆိုတဲ့ပုံစံမျိုးပေါ့။ ပြောလိုက်ရင်တော့ လွယ်တယ်ထင်ရပေမဲ့ တကယ်တမ်းလိုက်လုပ်ကြည့်ရင်တော့ လွယ်မယောင်နဲ့ခက်ပါတယ်။ ဒီပုံစံကို တော်တော်များများလိုက်လုပ်ကြည့်ကြပေမဲ့ ရတဲ့သူကရ၊ မရတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ ပြည်ပအနုပညာရှင်တွေရော၊ ဘောလုံးကစားသမားတွေရော၊ တော်တော်များများလိုက်လုပ်ကြည့်ခဲ့ကြတာပါ။ ပြည်တွင်းအနုပညာရှင်တွေဖြစ်တဲ့ မအေးသောင်းတို့၊ ဘီလီလမင်းအေးတို့ပါ လိုက်လုပ်ကြည့်ပြီး Challenge အောင်မြင်ခဲ့ကြတာနော်။ မိုမိုလေးပရိသတ်တို့လည်း ခေတ်မီအောင် ဒီ Challenge ကိုလိုက်လုပ်ကြည့်ကြပါဦးနော်။လုပ်လို့ရသွားပြီဆိုရင်တော့ ကိုယ့်ရဲ့အောင်မြင်မှုကို Comment မှာ မျှဝေခဲ့ပါဦးလို့…

ဖိုးသူတော် (www.phothutaw.com)
Credit: saladmm


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top