(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တကယ္လို႔သင့္ Crush ကသင့္ကို ျပန္မႀကိဳက္ဘူး။ စာေတာင္ မျပန္ေတာ့ဘူးဆိုရင္ေတာ့ သင္ဘာဆက္လုပ္ရမလဲ စဥ္းစားရခက္ေနပါလိမ့္မယ္။ သင့္အတြက္ အလုပ္သင့္ဆံုးအရာေတြကို ေဖာ္ျပေပးမယ္ေနာ္။

(၁) စာေတြပို႔တာရပ္လိုက္ပါ
သင့္ဖုန္းကို ခ်ထားပါ၊ အင္တာနက္လိုင္းနဲ႔ ဖုန္းေတြကို ပိတ္လိုက္ပါ။ သင့္ဖုန္းကို ဆက္ကိုင္ေနသေရြ႕ သင္မဟုတ္က ဟုတ္ကေတြ လုပ္မိေနဦးမွာပါ။ သူ႔ရဲ႕ acc ကိုသြားေခ်ာငး္ၿပီး သူဘယ္အခ်ိန္ေနာက္ဆံုး လိုင္းသံုးသြားလည္းဆိုတာကို သြားေခ်ာင္းေနလည္း အပိုပါပဲ။ အေျခအေနကေတာ့ ေျပာင္းသြားမွာ မဟုတ္ပါဘူး။

(၂) အထင္ေတြနဲ႔မေျဖသိမ့္ပါနဲ႕
သူစာမျပန္ရတဲ့ အေၾကာင္းရင္းကို ျဖစ္ႏိ္ုင္ေျခရွိသမွ် သင္စဥ္းစားေနမိမွာပါ။ သူမအားလို႔၊ အလုပ္မွာမို႔လို႔၊ ဒါမွမဟုတ္ သူစိတ္မဝင္စားလို႔ ဆိုတာေတြ။ နားေထာင္ပါ သူဘာေၾကာင့္ပဲ reply မလုပ္သည္ျဖစ္ေစ သင့္ကိုသူ ႀကိဳက္လာမွာ မဟုတ္ပါဘူး။

(၃) စာထပ္မပို႔ပါနဲ႕
သူစာမျပန္လို႔ အျခားစာတစ္ေစာင္ သင္ခ်န္ခဲ့လိုက္ရင္ေတာ့ သင္အႀကီးအက်ယ္ရႈံးသြားပါၿပီ။ သူ႔ကိုရဖို႔ သင္အရမ္းႀကိဳးစားေနတာကို သိသြားခဲ့ရင္ သင့္ကိုသူေခ်ေတာ့မွာပါ။ ဒါေၾကာင့္သင္ဟာ ေရခဲလို႔ပဲ ေအးစက္တယ္ဆိုတာကုိ ျပဖို႔လိုပါတယ္။ သူစာမျပန္တာ သင္မရႈံးပါဘူး သူရႈံးတာပါ။

(၄) အာရံုေျပာင္းပါ
သင့္ကို သူစာမျပန္တဲ့အခါ သင္သာအလုပ္မမ်ားဘူးဆိုရင္ ရူးမတတ္ ခံစားေနရမွာ သိပါတယ္။ ဒါေပမယ့္ သူ႔ကို ေတြ႕ဖို႔လံုးဝမစဥ္းစားလိုက္ပါနဲ႔။ သင့္သူငယ္ခ်င္းေတြနဲ႕ အျပင္ေလွ်ာက္သြား၊ ရုပ္ရွင္ၾကည့္ၿပီး အာရံုေျပာင္းလိုက္ပါ။ သူ႕အေၾကာင္းကို ေခါင္းထဲကေန ထုတ္ပစ္လိုက္ပါ။

(၅) သူ႕ကိုေစာင့္မေနပါနဲ႔
သင့္ကို စာေလးေတာင္ မျပန္ႏိုင္တဲ့သူကို ဘာလို႔ေစာင့္ေနမွာလဲ။ သူ႔ထက္ေကာင္းတဲ့ သူကိုသင္ ေတြ႔ကိုေတြ႕ရမွာပါ။ သူ႔အတြက္ အခ်ိန္ကုန္ခံမေနပါနဲ႔။ သင္ဟာဘယ္ေလာက္ ႀကီးက်ယ္ျမင့္ျမတ္လဲဆိုတာ သူ႔ကိုျပလိုက္စမ္းပါ။

(၆) ကိုယ့္ကိုယ္ကိုေလးစားပါ
သင့္ကိုသူ မႀကိဳက္တာနဲ႔ပဲ သင့္ကိုသင္ သိကၡာမခ်ပါနဲ႔။ သူ႕ကိုသြားျပီး ငိုယိုျပတာမ်ိဳး၊ ဝမ္းနည္းျပတာမ်ိဳးေတြ လံုးဝလံုးဝ မလုပ္လိုက္ပါနဲ႔။ Social media ေတြေပၚမွာ ရင္ဖြင့္တာေတြ၊ ပို႔စ္ တင္တာေတါ လံုးဝသြားမလုပ္ပါနဲ႔။ သင့္ကိုသင္ေလးစားပါ။ သင္ဟာ တန္ဖိုးရွိတဲ့ သူတစ္ေယာက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPin
# Unicode Version ျဖင့္ ဖတ္ပါ #
တကယ်လို့သင့် Crush ကသင့်ကို ပြန်မကြိုက်ဘူး။ စာတောင် မပြန်တော့ဘူးဆိုရင်တော့ သင်ဘာဆက်လုပ်ရမလဲ စဉ်းစားရခက်နေပါလိမ့်မယ်။ သင့်အတွက် အလုပ်သင့်ဆုံးအရာတွေကို ဖော်ပြပေးမယ်နော်။

(၁) စာတွေပို့တာရပ်လိုက်ပါ
သင့်ဖုန်းကို ချထားပါ၊ အင်တာနက်လိုင်းနဲ့ ဖုန်းတွေကို ပိတ်လိုက်ပါ။ သင့်ဖုန်းကို ဆက်ကိုင်နေသရွေ့ သင်မဟုတ်က ဟုတ်ကတွေ လုပ်မိနေဦးမှာပါ။ သူ့ရဲ့ acc ကိုသွားချောင်းပြီး သူဘယ်အချိန်နောက်ဆုံး လိုင်းသုံးသွားလည်းဆိုတာကို သွားချောင်းနေလည်း အပိုပါပဲ။ အခြေအနေကတော့ ပြောင်းသွားမှာ မဟုတ်ပါဘူး။

(၂) အထင်တွေနဲ့မဖြေသိမ့်ပါနဲ့
သူစာမပြန်ရတဲ့ အကြောင်းရင်းကို ဖြစ်နိုင်ခြေရှိသမျှ သင်စဉ်းစားနေမိမှာပါ။ သူမအားလို့၊ အလုပ်မှာမို့လို့၊ ဒါမှမဟုတ် သူစိတ်မဝင်စားလို့ ဆိုတာတွေ။ နားထောင်ပါ သူဘာကြောင့်ပဲ reply မလုပ်သည်ဖြစ်စေ သင့်ကိုသူ ကြိုက်လာမှာ မဟုတ်ပါဘူး။

(၃) စာထပ်မပို့ပါနဲ့
သူစာမပြန်လို့ အခြားစာတစ်စောင် သင်ချန်ခဲ့လိုက်ရင်တော့ သင်အကြီးအကျယ်ရှုံးသွားပါပြီ။ သူ့ကိုရဖို့ သင်အရမ်းကြိုးစားနေတာကို သိသွားခဲ့ရင် သင့်ကိုသူချေတော့မှာပါ။ ဒါကြောင့်သင်ဟာ ရေခဲလို့ပဲ အေးစက်တယ်ဆိုတာကို ပြဖို့လိုပါတယ်။ သူစာမပြန်တာ သင်မရှုံးပါဘူး သူရှုံးတာပါ။

(၄) အာရုံပြောင်းပါ
သင့်ကို သူစာမပြန်တဲ့အခါ သင်သာအလုပ်မများဘူးဆိုရင် ရူးမတတ် ခံစားနေရမှာ သိပါတယ်။ ဒါပေမယ့် သူ့ကို တွေ့ဖို့လုံးဝမစဉ်းစားလိုက်ပါနဲ့။ သင့်သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွား၊ ရုပ်ရှင်ကြည့်ပြီး အာရုံပြောင်းလိုက်ပါ။ သူ့အကြောင်းကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါ။

(၅) သူ့ကိုစောင့်မနေပါနဲ့
သင့်ကို စာလေးတောင် မပြန်နိုင်တဲ့သူကို ဘာလို့စောင့်နေမှာလဲ။ သူ့ထက်ကောင်းတဲ့ သူကိုသင် တွေ့ကိုတွေ့ရမှာပါ။ သူ့အတွက် အချိန်ကုန်ခံမနေပါနဲ့။ သင်ဟာဘယ်လောက် ကြီးကျယ်မြင့်မြတ်လဲဆိုတာ သူ့ကိုပြလိုက်စမ်းပါ။

(၆) ကိုယ့်ကိုယ်ကိုလေးစားပါ
သင့်ကိုသူ မကြိုက်တာနဲ့ပဲ သင့်ကိုသင် သိက္ခာမချပါနဲ့။ သူ့ကိုသွားပြီး ငိုယိုပြတာမျိုး၊ ဝမ်းနည်းပြတာမျိုးတွေ လုံးဝလုံးဝ မလုပ်လိုက်ပါနဲ့။ Social media တွေပေါ်မှာ ရင်ဖွင့်တာတွေ၊ ပို့စ် တင်တာတေါ လုံးဝသွားမလုပ်ပါနဲ့။ သင့်ကိုသင်လေးစားပါ။ သင်ဟာ တန်ဖိုးရှိတဲ့ သူတစ်ယောက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: PoPin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top