iMyanmarHouse.com - Best Property Website for Myanmar
×

ဒီၾကီးမားလွတဲ့ ပင္လယ္လိပ္ၾကီးဟာ အသက္ ၁၀၀ ေလာက္ရွိမယ္လို႔ခန္႔မွန္းရျပီး ေဒသခံနွစ္ဦးေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ ေသဆံုးခ်ိန္ကလည္းမၾကာျမင့္ေသးဘူးလို႔သိရပါတယ္။

လိပ္ၾကီးရဲ႕ပံုစံကေတာ့ယိုယြင္းေနတာေၾကာင့္ စတင္ေတြ႔ရွိသူေတြထိတ္လန္႔ခဲ့ရတယ္လို႔ဆိုပါတယ္။

၇ေပ ၉လက္မ အရွည္ရွိတဲ့ဒီလိပ္ၾကီးဟာ ကမာၻမွာ မ်ိဳးသုဥ္းေပ်ာက္ကြယ္ေတာ့မယ့္သားရိုင္းတိရစာၦန္ မ်ိဳးႏြယ္၀င္ျဖစ္ပါတယ္။ သူတို႔ေတြဟာအေလးခိ်န္အားျဖင့္ေပါင္၄၄၀ ကေန ၁၅၀၀ အတြင္းရွိတာျဖစ္ပါတယ္။ အခြံက ၄လက္မေလာက္အထိထူကာ လိပ္မ်ိဳးႏြယ္၀င္ေတြထဲမွာေရကူးအျမန္ဆံုးျဖစ္ပါတယ္။ သုေတသနတစ္ခုအရေတာ့ ဒီလိုလိပ္၁၀ေကာင္ေလာက္ကိုနွစ္စဥ္ အဂၤလန္ရဲ႕ကမ္းေျခေတြမွာျမင္ေတြ႔ရေလ့ရွိပါတယ္။

ကမာၻအၾကီးဆံုးလိပ္မ်ိဳးေတြျဖစ္ျပီး သက္တမ္းကေတာ့ ပ်မ္းမွ် နွစ္ ၈၀ ေလာက္ရွိတာျဖစ္ပါတယ္။

ဒီေသဆံုးေနတဲ့လိပ္ၾကီးကိုေတာ့ ၃၄နွစ္အရြယ္ James Mustoe ဆိုသူကသူ႔ကေလးေတြနဲ႔ကမ္းေျခမွာ အတူရွိစဥ္ အခ်ိန္ကျဖစ္ပါတယ္။

ဒီလိပ္ေတြရဲ႕အခြံဟာ သားေရလိုျဖစ္ျပီး မာေက်ာပါတယ္။ အတၱလန္တိတ္ သမုဒၵရာနဲ႔ အာတိတ္သမုဒၵရာကို ကူးလူးသြားလာေနတဲ့ လိပ္ေတြျဖစ္ပါတယ္။ အလ်ားအေနနဲ႔ ၅၅ လက္မကေန ၆၃ လက္မအတြင္းရွိပါတယ္။ အဖိုးတန္လိပ္ေတြလို႔ေတာင္ ကမာၻတိရစာၦန္မ်ားဆိုင္ရာအဖြဲ႔အစည္းေတြကသက္မွတ္ထားတာပါ။

သူ႔ကို သယ္ေဆာင္သြားဖို႔ေတာင္အေတာ္လုပ္ယူခဲ့ရတယ္လို႔သိရေပမယ့္ ေလ့လာသူေတြအတြက္အက်ိဳးရွိတဲ့အတြက္အဆိုးထဲကအေကာင္းလို႔ယူဆရမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Thu (Daily Hot News )
#Unicode Version#
ဒီကြီးမားလှတဲ့ ပင်လယ်လိပ်ကြီးဟာ အသက် ၁၀၀ လောက်ရှိမယ်လို့ခန့်မှန်းရပြီး ဒေသခံနှစ်ဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးချိန်ကလည်းမကြာမြင့်သေးဘူးလို့သိရပါတယ်။

လိပ်ကြီးရဲ့ပုံစံကတော့ယိုယွင်းနေတာကြောင့် စတင်တွေ့ရှိသူတွေထိတ်လန့်ခဲ့ရတယ်လို့ဆိုပါတယ်။

၇ပေ ၉လက်မ အရှည်ရှိတဲ့ဒီလိပ်ကြီးဟာ ကမ္ဘာမှာ မျိုးသုဉ်းပျောက်ကွယ်တော့မယ့်သားရိုင်းတိရစ္ဆာန် မျိုးနွယ်ဝင်ဖြစ်ပါတယ်။ သူတို့တွေဟာအလေးချိန်အားဖြင့်ပေါင်၄၄၀ ကနေ ၁၅၀၀ အတွင်းရှိတာဖြစ်ပါတယ်။ အခွံက ၄လက်မလောက်အထိထူကာ လိပ်မျိုးနွယ်ဝင်တွေထဲမှာရေကူးအမြန်ဆုံးဖြစ်ပါတယ်။ သုတေသနတစ်ခုအရတော့ ဒီလိုလိပ်၁၀ကောင်လောက်ကိုနှစ်စဉ် အင်္ဂလန်ရဲ့ကမ်းခြေတွေမှာမြင်တွေ့ရလေ့ရှိပါတယ်။

ကမ္ဘာအကြီးဆုံးလိပ်မျိုးတွေဖြစ်ပြီး သက်တမ်းကတော့ ပျမ်းမျှ နှစ် ၈၀ လောက်ရှိတာဖြစ်ပါတယ်။

ဒီသေဆုံးနေတဲ့လိပ်ကြီးကိုတော့ ၃၄နှစ်အရွယ် James Mustoe ဆိုသူကသူ့ကလေးတွေနဲ့ကမ်းခြေမှာ အတူရှိစဉ် အချိန်ကဖြစ်ပါတယ်။

ဒီလိပ်တွေရဲ့အခွံဟာ သားရေလိုဖြစ်ပြီး မာကျောပါတယ်။ အတ္တလန်တိတ် သမုဒ္ဒရာနဲ့ အာတိတ်သမုဒ္ဒရာကို ကူးလူးသွားလာနေတဲ့ လိပ်တွေဖြစ်ပါတယ်။ အလျားအနေနဲ့ ၅၅ လက်မကနေ ၆၃ လက်မအတွင်းရှိပါတယ်။ အဖိုးတန်လိပ်တွေလို့တောင် ကမ္ဘာတိရစ္ဆာန်များဆိုင်ရာအဖွဲ့အစည်းတွေကသက်မှတ်ထားတာပါ။

သူ့ကို သယ်ဆောင်သွားဖို့တောင်အတော်လုပ်ယူခဲ့ရတယ်လို့သိရပေမယ့် လေ့လာသူတွေအတွက်အကျိုးရှိတဲ့အတွက်အဆိုးထဲကအကောင်းလို့ယူဆရမှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top