ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×





source : Shew mhone yati;

Credit: MMFeed

# Unicode Version ဖြင့် ဖတ်ပါ #

မြန်မာနိုင်ငံရဲ့ အနုပညာရှင်စုံတွဲတွေထဲကမှ လက်ရှိမှာ ရေပန်းအစားဆုံးနဲ့ အဟော့ဆုံးအတွဲလေးဖြစ်တဲ့ ရွှေနှစ်ရွှေအတွဲလေး ခေါ် မင်းသမီးလေး ရွှေမှုန်ရတီ နဲ့ အဆိုတော် ရွှေထူး တို့ကတော့ မကြာသေးခင်ကမှ သူတို့ရဲ့ အချစ်ရေးကို ချပြလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် မင်းသမီးတွေထဲမှာ ထိပ်ဆုံးက အကယ်ဒမီစာရင်းဝင်မင်းသမီး တစ်ယောက် အဖြစ်ပါဝင်ဖူးသလို အချေမင်းသမီးလေး လို့ ခေါ်ဆိုကြတဲ့ ရွှေမှုန်ရတီ ခေါ် သဲကတော့ သရုပ်ဆောင်မှာသာမက ဖက်ရှင်လ်နဲ့ ကြောငြာပိုင်းတွေမှာလည်း အရည်အချင်းရှိသူလေးဖြစ်ပါတယ်။

လူငယ်ပရိသတ်တွေကို သီချင်းကောင်းလေးတွေနဲ့ ဆွဲဆောင်ထားနိုင်တဲ့ အဆိုတော် ရွှေထူးကတော့ လက်ရှိမှာ သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ဆောင်လာပြီ ဖြစ်သလို သူ့ရဲ့ ပထမဆုံး ရုပ်ရှင် ဖြစ်တဲ့ “ပက်ပက်စက်စက် ညို့” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ရုပ်ရှင်မှာ အတူပါဝင်ခဲ့ကြတဲ့ မင်းသမီး အလှမယ် မိုးစက်ဝိုင်နဲ့ ကောလဟာလ သတင်းများထွက်ရှိလာခဲ့ပေမဲ့လည်း ဒီကောလဟာလများကတော့ ခုချိန်မှာ လုံးဝတည်ငြိမ်သွားခဲ့ပြီဖြစ်ပါတယ်။

ရွှေထူးရဲ့ ဒုတိယ ရုပ်ရှင် အနေနဲ့ နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည်လုပ်ခဲ့တဲ့ ဧည့်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းကို ရွှေမှုန်ရတီ နဲ့အတူ ဇါန်လလောက်မှာ ရိုက်ကူးခဲ့ပြီး ဒီဇာတ်လမ်းအပြီးမှာ တော့ နှစ်ဦးသား ရင်းနှီးမှု တွေရရှိခဲ့တာဖြစ်ပါတယ်။ ရွှေထူးရဲ့ တတိယ ရုပ်ရှင်အနေနဲ့ ဒဏ္ဋာရီမိုး ကို မင်းသမီး ဝတ်မှုန်ရွှေရည် ၊ ဒေါင်း ၊ ရဲတိုက် တို့ နဲ့ အတူ ရိုက်ကူးနေဆဲ ဖြစ်သလို ဒီ သြဂုတ်လမှာ တော့ ရွှေမှုန်ရတီ နဲ့ ချစ်သူတွေဖြစ်ကြောင်း ကောလဟာလများထွက်ရှိပြီးနောက်မှာတော့ မကြာသေးခင်မှာပဲ တရားဝင်ချပြလိုက်တာဖြစ်ပါတယ်။

ရွှေ နှစ်ရွှေ အတွဲလေးလို့ ချစ်စနိုးခေါ်ကြသလို ရွှေချင်းထပ်တော့ မြတ်တယ် လို့ ပရိသတ်တွေက စနောက်ခဲ့ကြပြီး လက်ရှိမှာ အချစ်တတ်ဆုံး အတွဲတွေ ဖြစ်တဲ့ သူတို့ အတွဲလေးကတော့ အရမ်းကို ချစ်မ၀ ဖြစ်နေကြတာ ဖြစ်ပါတယ်။ သဲက သူမရဲ့ အနီရောင် နဲ့ အမိုက်စား ဖက်ရှင်နဲ့ ပုံတွေကို သူမရဲ့Fackbook စာမျက်နာမှာ မျှဝေခဲ့သလို သူမရဲ့ ချစ်သူဖြစ်တဲ့ ရွှေထူးကလည်း မှတ်ချက်လေးတွေနဲ့ ပြန်လည်ကျီစယ်ခဲ့ပါတယ်။ ချစ်စရာကောင်းနဲ့ ကောမန့်လေးတွေ အပြန်အလှန်ပေးခဲ့ကြပြီး ရွှေမှုန်ရဲ့ အမိုက်စား ဖက်ရှင်လ်တွေနဲ့ တကွ ဖော်ပြလိုက်ရပါတယ်နော်။

source : Shew mhone yati;

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top