ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္ျပည္ေထာင္စု California ေတာင္ပိုင္းမွာ Holy လို႔နာမည္ေပးထားတဲ့ ေတာမီး ဟာ လူေနအိမ္ေတြနား အင္မတန္နီးကပ္လာတဲ့အတြက္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Jerry Brown က Orange နဲ႔ Riverside ၿမိဳ႕နယ္ေတြမွာ အေရးေပၚအေျခအေန ထုတ္ျပန္ခဲ့ပါတယ္။

အႀကီးအက်ယ္ ေလာင္ကၽြမ္းေနတဲ့ Holy ေတာမီးေၾကာင့္ သစ္ေတာေျမဟက္တာ ၇ ေက်ာ္ေလာင္ကၽြမ္းခဲ့ပါတယ္။ California ျပည္နယ္တခုလုံးမွာ စုစုေပါင္း ေလာင္ကၽြမ္းေနတဲ့ ေတာမီးေပါင္းက ၁၂ ခုေလာက္႐ွိပါတယ္။ ေသဆံုးသူ ၁၀ ေယာက္႐ွိေနၿပီး California ျပည္နယ္ေတာင္ပိုင္းမွာ လူေပါင္း ၂ ေသာင္းေလာက္ကို ေဘးကင္းရာ ေ႐ႊ႕ေျပာင္းၾကဖုိ႔ တိုက္တြန္းထားပါတယ္။

တခ်ဳိ႕သူေတြကေတာ့ သူတုိ႔ပိုင္ဆိုင္မႈေတြကို ကာကြယ္ဖို႔အတြက္ ေဘးလြတ္ရာ သြားဖုိ႔ ျငင္းဆန္ေနၾကပါတယ္။ Trabuco Canyon အရပ္မွာေလာင္ကၽြမ္းတဲ့ မီးကို႐ႈိ႕ခဲ့သူလို႔ မသကၤာသူ Forrest Clark ကို ၾကာသပေတးေန႔က မီး႐ႈိ႕မႈ ၃ ခုနဲ႔ စြဲခ်က္တင္ခဲ့ပါတယ္။

ခုလိုပူျပင္းတဲ့ကာလမွာ ေတာမီးေလာင္တတ္ေလ့႐ွိေပမဲ့ California ျပည္နယ္မွာ ဒီႏွစ္ေလာင္ကၽြမ္းမႈကေတာ့ အဆိုးဆံုးျဖစ္ပါတယ္။ ျပည္နယ္ေျမာက္ပိုင္းက Mendocino Complex မီးကေတာ့ ျပည္နယ္သမိုင္းမွာ အႀကီးဆံုး ေတာမီးေလာင္ကၽြမ္းမႈႀကီးျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗီြအိုေအ (ျမန္မာဌာန)
# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန်ပြည်ထောင်စု California တောင်ပိုင်းမှာ Holy လို့နာမည်ပေးထားတဲ့ တောမီး ဟာ လူနေအိမ်တွေနား အင်မတန်နီးကပ်လာတဲ့အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က Orange နဲ့ Riverside မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။

အကြီးအကျယ် လောင်ကျွမ်းနေတဲ့ Holy တောမီးကြောင့် သစ်တောမြေဟက်တာ ၇ ကျော်လောင်ကျွမ်းခဲ့ပါတယ်။ California ပြည်နယ်တခုလုံးမှာ စုစုပေါင်း လောင်ကျွမ်းနေတဲ့ တောမီးပေါင်းက ၁၂ ခုလောက်ရှိပါတယ်။ သေဆုံးသူ ၁၀ ယောက်ရှိနေပြီး California ပြည်နယ်တောင်ပိုင်းမှာ လူပေါင်း ၂ သောင်းလောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။

တချို့သူတွေကတော့ သူတို့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် ဘေးလွတ်ရာ သွားဖို့ ငြင်းဆန်နေကြပါတယ်။ Trabuco Canyon အရပ်မှာလောင်ကျွမ်းတဲ့ မီးကိုရှို့ခဲ့သူလို့ မသင်္ကာသူ Forrest Clark ကို ကြာသပတေးနေ့က မီးရှို့မှု ၃ ခုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

ခုလိုပူပြင်းတဲ့ကာလမှာ တောမီးလောင်တတ်လေ့ရှိပေမဲ့ California ပြည်နယ်မှာ ဒီနှစ်လောင်ကျွမ်းမှုကတော့ အဆိုးဆုံးဖြစ်ပါတယ်။ ပြည်နယ်မြောက်ပိုင်းက Mendocino Complex မီးကတော့ ပြည်နယ်သမိုင်းမှာ အကြီးဆုံး တောမီးလောင်ကျွမ်းမှုကြီးဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာဌာန)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top