ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေထာင္ထဲကေန တကၠသိုလ္ဝင္ စာေမးပြဲေျဖၿပီး ဂုဏ္ထူးနဲ႔ ေအာင္ျမင္လို႔ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္ေျမာက္လာတဲ့ ေက်ာင္းသားဟာ အင္ဂ်င္နီယာ ေက်ာင္းတက္ခ်င္ေပမယ့္ အခက္အခဲရွိေနတာေၾကာင့္ အေဝးသင္ပဲ တက္ရေတာ့မယ္လို႔ ေျပာပါတယ္။

၂ဝ၁၇-၁၈ ပညာသင္ႏွစ္မွာ က်င္းပခဲ့တဲ့ တကၠသိုလ္ဝင္စာေမးပြဲကုိ အင္းစိန္ အက်ဥ္းေထာင္ စာစစ္ဌာနကေန ၃ ဘာသာဂုဏ္ထူးနဲ႔ ေအာင္ျမင္ခဲ့တဲ့ ေမာင္ဉာဏ္လင္းေမာင္ ဟာ  ၂ဝ၁၄ ခုနွစ္မွာ လုယက္မႈနဲ႔ ေထာင္ဒဏ္ ၆ ႏွစ္က်ခံခဲ့ရတာျဖစ္ၿပီး ၾသဂုတ္ ၁၈ ရက္ေန႔မွာ နိုင္ငံေတာ္သမၼတရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ အင္းစိန္အက်ဥ္းေထာင္ကေန လြတ္ေျမာက္လာခဲ့တာပါ။
ဉာဏ္လင္းေမာင္

အက်ဥ္းေထာင္ထဲမွာ ေနစဥ္ကာလမွာ အင္ဂ်င္နီယာတေယာက္ျဖစ္ဖို႔ ရည္မွန္းခ်က္ ရွိခဲ့ေပမယ့္ ျပန္လည္လြတ္ေျမာက္လာခ်ိန္မွာေတာ့ မိသားစု စားဝတ္ေနေရးေၾကာင့္ ပညာ ဆက္လက္ သင္ယူဖို႔ အခက္အခဲရွိေနပါတယ္။

ဒါေၾကာင့္ မိခင္ကို သနားညႇာတာတဲ့အတြက္ ရည္မွန္းခ်က္ကို စြန္႔လႊတ္ၿပီး အေဝးသင္ပညာေရးကိုသာ သင္ယူရင္း အလုပ္အကိုင္တခု လုပ္ကိုင္ဖုိ႔သာ ဆႏၵရွိေနပါတယ္လို႔ ေျပာပါတယ္။

ေထာင္ထဲမွာ လူေပါင္းစုံနဲ႔ ဆုံေတြ႔ခဲ့ရတာေၾကာင့္ ကုုိယ့္ကုိယ္ကုိယ္ အရင္ကထက္ ပုိရင့္က်က္လာတယ္လို႔ ခံစားရေၾကာင္းလည္း ေျပာပါတယ္။

“က်ေနာ့္ဘဝကို ေျပာင္းလဲဖုိ႔အတြက္ ဒီလို ေထာင္က်သြားတာကပဲ အဆိုးထဲက အေကာင္းျဖစ္သြားတာေပ့ါ။ ပထမတုန္းကေတာ့ အဆိုးလို႔ မွတ္ယူလို႔ရေပမယ့္ တကယ္တမ္းမွာေတာ့ ကိုယ့္ရဲ႕ႀကိဳးစားမႈေတြေၾကာင့္ပဲ အေကာင္းေတြ ျပန္ျဖစ္လာတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း ေရွ႕ဆက္ႀကိဳးစားဖို႔အတြက္ အင္အားေတြ ရွိလာတယ္။ အက်ဥ္းေထာင္ထဲမွာက လူေပါင္းစံု၊ အက်င့္ေပါင္းစံုဆိုေတာ့ အေတြ႔အႀကံဳေတြ အမ်ားႀကီး ရခဲ့တယ္။ ကိုယ့္ကိုယ္ကိုယ္ အရင္ကထက္ ပိုမိုရင့္က်က္သလို ခံစားလာရတယ္။”

ေမာင္ဉာဏ္လင္းေမာက္ဟာ အင္းစိန္အက်ဥ္းေထာင္ စာစစ္ဌာနကေန တကၠသိုလ္ဝင္ စာေမးပြဲကို ဓာတု၊ ႐ူပ၊ ေဘာဂ ၃ ဘာသာဂုဏ္ထူးနဲ႔ ေအာင္ျမင္ကာ ရမွတ္ ၄၅၈ မွတ္ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
ထောင်ထဲကနေ တက္ကသိုလ်ဝင် စာမေးပွဲဖြေပြီး ဂုဏ်ထူးနဲ့ အောင်မြင်လို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ကျောင်းသားဟာ အင်ဂျင်နီယာ ကျောင်းတက်ချင်ပေမယ့် အခက်အခဲရှိနေတာကြောင့် အဝေးသင်ပဲ တက်ရတော့မယ်လို့ ပြောပါတယ်။

၂ဝ၁၇-၁၈ ပညာသင်နှစ်မှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန် အကျဉ်းထောင် စာစစ်ဌာနကနေ ၃ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ မောင်ဉာဏ်လင်းမောင် ဟာ  ၂ဝ၁၄ ခုနှစ်မှာ လုယက်မှုနဲ့ ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရတာဖြစ်ပြီး သြဂုတ် ၁၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့တာပါ။
ဉာဏ်လင်းမောင်

အကျဉ်းထောင်ထဲမှာ နေစဉ်ကာလမှာ အင်ဂျင်နီယာတယောက်ဖြစ်ဖို့ ရည်မှန်းချက် ရှိခဲ့ပေမယ့် ပြန်လည်လွတ်မြောက်လာချိန်မှာတော့ မိသားစု စားဝတ်နေရေးကြောင့် ပညာ ဆက်လက် သင်ယူဖို့ အခက်အခဲရှိနေပါတယ်။

ဒါကြောင့် မိခင်ကို သနားညှာတာတဲ့အတွက် ရည်မှန်းချက်ကို စွန့်လွှတ်ပြီး အဝေးသင်ပညာရေးကိုသာ သင်ယူရင်း အလုပ်အကိုင်တခု လုပ်ကိုင်ဖို့သာ ဆန္ဒရှိနေပါတယ်လို့ ပြောပါတယ်။

ထောင်ထဲမှာ လူပေါင်းစုံနဲ့ ဆုံတွေ့ခဲ့ရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်ကထက် ပိုရင့်ကျက်လာတယ်လို့ ခံစားရကြောင်းလည်း ပြောပါတယ်။

“ကျနော့်ဘဝကို ပြောင်းလဲဖို့အတွက် ဒီလို ထောင်ကျသွားတာကပဲ အဆိုးထဲက အကောင်းဖြစ်သွားတာပေ့ါ။ ပထမတုန်းကတော့ အဆိုးလို့ မှတ်ယူလို့ရပေမယ့် တကယ်တမ်းမှာတော့ ကိုယ့်ရဲ့ကြိုးစားမှုတွေကြောင့်ပဲ အကောင်းတွေ ပြန်ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ရှေ့ဆက်ကြိုးစားဖို့အတွက် အင်အားတွေ ရှိလာတယ်။ အကျဉ်းထောင်ထဲမှာက လူပေါင်းစုံ၊ အကျင့်ပေါင်းစုံဆိုတော့ အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အရင်ကထက် ပိုမိုရင့်ကျက်သလို ခံစားလာရတယ်။”

မောင်ဉာဏ်လင်းမောက်ဟာ အင်းစိန်အကျဉ်းထောင် စာစစ်ဌာနကနေ တက္ကသိုလ်ဝင် စာမေးပွဲကို ဓာတု၊ ရူပ၊ ဘောဂ ၃ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ကာ ရမှတ် ၄၅၈ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  DVB

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top