ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







Credit: MMFeed
# Unicode Version ဖြင့် ဖတ်ပါ #
Myanmar Idol Season 3 မှ ငွေဇင်လှိုင်းဟာဆိုရင် ပါဝါအပြည့်နဲ့မာန်ရှိတဲ့ အသံလေးတွေကို ထုတ်သုံးပြနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်လေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရယူပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ အသံကောင်းတဲ့ အဆိုရှင်လေးတစ်ယောက်ဖြစ်သလို မိမိရဲ့အဖွဲ့သားတွေအားလုံးကိုလည်း ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးဖြစ်အောင် အမြဲလမ်းညွှန်ပြသပေးတဲ့ သူငယ်ချင်း ကောင်းလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်ချစ်နေထိုင်ခဲ့ကြတဲ့ Myanmar Idol Season 3 မှ အဖွဲ့သားတွေအားလုံးကတော့ ပျော်ရွှင်မှုတွေနဲ့ ပြိုင်ပွဲကြီးပြီးဆုံးအောင်ဖြတ်သန်းနေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

” ကဲကဲ မချောတို့အဖွဲ့ရောက်ပါပြီလို့ ရုပ်ဆိုးလေးများမြန်မြန်လာပါ !!! ဟိုအိမ်ပြန်သွားတဲ့ ဖြိုးကြီး ဇော်ကြီး စွမ်းးး မြန်မြန်ပြန်လာကြပါ ဒါဗြဲ ! ” ဆိုတဲ့စာသားလေးနဲ့ ရုပ်ဆိုးလေးတွေဖြစ်တဲ့ ဖြိုးမြတ်အောင်တို့အဖွဲ့ကို ပြန်လာဖို့ဖိတ်ခေါ်ပြီး မချောတို့အဖွဲ့ဖြစ်တဲ့ ငွေလှိုင်းတို့အဖွဲ့ရဲ့ ချစ်စရာအလှပုံရိပ်လေးတွေကို ငွေဇင်လှိုင်းရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

ချစ်စရာအပြုံးလေးတွေကိုယ်စီနဲ့ မချောတို့အဖွဲ့

တစ်ယောက်တစ်မျိုးစီချစ်ဖို့ကောင်းနေကြတဲ့ ငွေဇင်လှိုင်းတို့အဖွဲ့ရဲ့အလှပုံရိပ်

မိမိတို့ရဲ့ အဖွဲ့လေးကို မချောအဖွဲ့လို့တင်စားထားပြီး အိမ်ပြန်သွားကြတဲ့ ဖြိုးမြတ်အောင်၊ ဇော်ကြီးတို့အဖွဲ့ကို ရုပ်ဆိုးလေးတွေမြန်မြန်ပြန်လာပါဆိုလာတဲ့ ငွေဇင်လှိုင်းတို့အဖွဲ့ကတော့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ကူညီတတ်ကြပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့အဖွဲ့လေးဖြစ်တာကြောင့် Myanmar Idol Season 3 မှ အဖွဲ့သားတွေအားလုံးကို ချစ်ပရိသတ်ကြီးများက ဆက်လက်ပြီး စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Ref : Ngwezin Hline’s Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top